Women & Gender

စက်ရုံ အလုပ်ရုံများတွင် အမျိုးသမီးများ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းဟု ဆို

Want create site? Find Free WordPress Themes and plugins.

စက်ရုံ အလုပ်ရုံများရှိ အမျိုးသမီး အလုပ်သမားများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စက်ရုံများက လုပ်ဆောင်ပေးမှု အား နည်း နေသေးကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသည့် Association for labour and Development အဖွဲ့မှ ဒါရိုက်တာ ဒေါ်မာမာဦးက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၁၇ ရက်က ရန်ကုန်မြို့ Orchit Hotel တွင်ပြုလုပ်သည့် “ကျား၊မ ရေးရာနှင့် လုပ်ငန်းခွင် အသိပညာပေး အစီ အစဉ်” သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဒေါ်မာမာဦးက “အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ဝန်ပျက်ကျတာမျိုး၊ အမျိုးသမီးကိစ္စ ဖြစ်တာမျိုးတို့ ဆိုရင် အမျိုးသမီး ကော်မတီကနေ ဆုံးဖြတ်ပြီးတော့ လုပ်ပေးရတာမျိုး၊ ဆေးရုံ ပို့ပေးရတာမျိုးပါ။ အခု မိန်းကလေးတွေ အဲဒီလိုကိစ္စ ဖြစ်ရင် တောင်မှ ယောကျ်ားတွေကိုပဲ တာဝန်ပေးထားတယ်။ ဒါမျိုးဆိုရင် မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြော သည်။

တလတကြိမ် အမျိုးသမီးများ ကျန်းမာရေး ကိစ္စဖြစ်ပေါ်သည့် အခါမျိုး၌ အစိုးရ၏ အလုပ်ရုံများ အက်ဥပဒေ အရ အဆိုပါ အမျိုးသမီးကို မူလနေရာထက် ပိုမို သက်သောင့် သက်သာ ရှိသည့် နေရာ၊ လုံခြုံနွေးထွေးသည့် နေရာများတွင် အလုပ် လုပ် ခိုင်းသင့် ဆိုသည့် အချက် ပါဝင်သော်လည်း ယင်း ဥပဒေကို ယနေ့အချိန်ထိ မည်သည့် စက်ရုံကမှ လိုက်နာခြင်း မရှိကြသေး သည်ကိုလည်း တွေ့နေရကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် အတွင်းမှ လုပ်ငန်းရှင် တဦးက “ကျနော်တို့ စက်ရုံမှာတော့ ကျန်းမာရေးနဲ့ ပတ်သက် တဲ့ စောင့်ရှောက်မှု ထားပေးပါတယ်။ စက်ရုံတွေမှာ ဝန်ထမ်းအင်အား ၁ ထောင်ရှိတာနဲ့ အဲဒီလို ထားပေးရမယ် ဆိုတာ လည်း ဥပဒေမှာ ပါပြီးသားပါ။ ဝန်ထမ်းတွေကိုလည်း ၃ လတခါ ဆေးစစ်ပေးတာတွေ လုပ်ပေးရတယ်။ ကြိုတင်ကာကွယ်မှု တွေ မရှိလို့ မရဘူး။ အရေးပေါ်ကားတွေ ထားရှိတာလည်း ရှိတယ်။ စက်ရုံကို လာစစ်လို့လည်း ရပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

လှိုင်သာယာ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မအေးမျိုးက “စက်ရုံမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင် ထားတာမျိုးတွေ ရှိတယ်လို့တော့ သိတယ်။ ဒါပေမယ့် တအားဖြစ်တာမျိုးကို လုပ်ပေးတာတော့ မတွေ့ဘူး။ ညီမ တို့ကတော့ ကိုယ်ဖြစ်ရင် ကိုယ်ဘာသာပဲ ဆေးဝယ်သောက်တာပဲ။ သွားပြလည်း ထူးမှာမှ မဟုတ်တာ” ဟု ဧရာ ဝတီသို့ ပြောသည်။

အလုပ်ရှင်များ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အတွက် တိုက်တွန်းရမည်မှာ အလုပ်သမား အရေး ဆောင်ရွက် နေသူများနှင့် အမျိုးသမီး အရေး ဆောင်ရွက်နေသူများ ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် ရှေ့ဆက် လုပ်ငန်းစဉ်များ တွင် ထည့်ထားကြောင်း လည်း ဒေါ်မာမာဦးက ပြောသည်။

၎င်းက ဆက်လက်၍ စက်ရုံဆိုသည့် သဘောမှာ ကျန်းမာရေး စောင့်ရှောက်သည့် အခန်း၊ ဆေးဝါး ပြည့်စုံမှု ရှိရမည်ဖြစ် ကာ ဆေးဝါး ကျွမ်းကျင် အကူ သူနာပြု ထားရမည်ဟု ဆိုထားသော်လည်း အလုပ်ရှင်များက ထားခြင်း မရှိကြောင်း ပြောဆို သည်။

“သီးသန့် အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်တဲ့ အဖွဲ့ဆိုတာထက် အလုပ်သမား သမဂ္ဂတွေ ၂၀၁၁ ဥပဒေ အရ သမဂ္ဂ တွေ ဖွဲ့စည်းပိုင်ခွင့် ရှိလာတယ်။ အဲဒီတော့ အဓိကက အမျိုးသမီး ခေါင်းဆောင်တွေက နေပြီး ဦးဆောင် လုပ်ဖို့ကတော့ ကျမ တို့ ဆက်ပြီး တိုက်တွန်းဖို့ လိုအပ်တယ် ဟု ဒေါ်မာမာဦး က ဆက်ပြောသည်။

၂၀၁၃ ခုနှစ်က စက်ရုံတခု၌ အလုပ်လုပ်နေသည့် အမျိုးသမီး တဦးမှာ ကိုယ်ဝန်ရှိခြင်းကြောင့် အလုပ်မှ ထုတ်ပစ်လိုက် သည့် အတွက် အလုပ်သမားများ ဆန္ဒပြသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်း သိရသည်။

ထို့ပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးမွေးဖွားပြီး အမျိုးသမီးများ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရန် အတွက် အခက် အခဲများ စွာရှိနေကြပြီး အလုပ်ရှင်များက လူမှုဖူလုံရေး ဥပဒေ အရ ခွင့်ရက်များကို ခံစားပိုင်ခွင့် ပေးလိုက်သော်လည်း မီးဖွားပြီးနောက် ကလေး လက်လွှတ်ရသည့် အချိန် စက်ရုံတွင် ပြန်လည်လုပ်ကိုင်သည့် အခါမူလ ရာထူးမျိုး မဟုတ်ဘဲ အောက်ခြေအဆင့်က ပြန်လည် လုပ်ကိုင်ရသည့် ဖြစ်စဉ်များ ရှိနေသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများ အလုပ်လက်မဲ့ ဖြစ်သွားကာ အလုပ်လက်မဲ့ဦးရေ တိုးလာသည်ကို တွေ့ရကြောင်း ဒေါ်မာမာဦးက ပြောဆိုသည်။

Association for labour and Development ကို ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်း ပြည်ပ အလုပ်သမား အရေးကို ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် အလုပ် သမား အရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေသည့် အဖွဲ့တဖွဲ့ ဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading