• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

တောင်အာဖရိကပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

by ခင်မမမျိုး (MIGS)
25 July 2018
in Women & Gender
A A
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တောင်အာဖရိကလွှတ်တော်တွင်းက ကိုယ်စားလှယ်အမျိုးသမီးတဦး

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တောင်အာဖရိကလွှတ်တော်တွင်းက ကိုယ်စားလှယ်အမျိုးသမီးတဦး

3.6k
VIEWS
Share on FacebookShare on Twitter

နောက်ခံသမိုင်းကြောင်း

လူဖြူများသာ ကြီးစိုးသော နိုင်ငံရေးစနစ်ဖြစ်သည့် apartheid ကာလတွင် တောင်အာဖရိကသည် ဆန့်ကျင်ရေးနှင့် မတည်ငြိမ်မှုများအား အခြေခံသောဒေသ ဖြစ်ခဲ့သည်။ ကာကွယ်ရေးကဏ္ဍမှာ အစိတ်စိတ် အပိုင်းပိုင်းကွဲပြားခဲ့သည်။ တောင်အာဖရိကကာကွယ်ရေးတပ်သည် လွတ်လပ်သော ဒေသတပ်ဖွဲ့များ၊ တရားဝင်မဟုတ်သော တပ်ဖွဲ့များနှင့်အတူ နိုင်ငံရေးကိစ္စရပ်များ၊ အကျင့်ပျက်ခြစားမှုများ နှင့် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိသော လုံခြုံရေး ပတ်ဝန်းကျင်အတွင်းတွင် တည်ရှိနေခဲ့ရသည်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
909
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.6k

အမျိုးသားလုံခြုံရေးမူဝါဒ၏ ဦးစားပေးသော ကိစ္စရပ်မှာ လူမဲနှင့် အသားအရောင်ရှိမြို့နယ်များတွင် ရာဇဝတ်မှုနှင့် အခြားသော အကြမ်းဖက်မှုများ လျှစ်လျူရှုခြင်းခံထားရသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ရပ်တံ့ရန်ဖြစ်သည်။ ၁၉၇ဝ မှစ၍ အမျိုးသမီးများအား တောင်အာဖရိကကာကွယ်ရေးတပ်သို့ ဝင်ခွင့်ပေးခဲ့သည်။

အဓိကအကြောင်းရင်းမှာ အရည်အချင်း မှီသော လူဖြူအမျိုးသားများနည်းပါးခြင်း နှင့် စစ်ဆင်ရေးတာဝန်များအတွက် အမျိုးသားများ လိုအပ်ခြင်းကြောင့် ဖြစ်ပြီး၊ အမျိုးသမီးများမှာ အထောက်အကူကဏ္ဍတွင်သာ ထမ်းဆောင်နိုင်ခဲ့သည်။

လူဖြူအစိုးရ၏ လက္ခဏာရပ်တခုအနေဖြင့် အဓိကခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီးများ မပါရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ၁၉၉၄ အစောပိုင်းကာလများတွင် အမျိုးသမီး ၂.၈% သာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခြင်းကိုအသွင်ကူးပြောင်းမှုများ ပြုလုပ်လာခဲ့သည်။ ပတ်ဝန်းကျင်၏ ကြီးမားသောပြောင်းလဲမှုများတွင် လက်တွေ့ကျသော တောင်အာဖရိက အသွင် သစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် ကာကွယ်ရေးကဏ္ဍကို အခြေခံကျသောပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ပဏာမလိုအပ်ချက်မှာ ယခင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များအား ကာကွယ်ရေးအင်အားစု အသစ်ဖြစ်သော တောင်အာဖရိကအမျိုးသားကာကွယ်ရေးတပ် (SANDF) သို့ ပေါင်းစည်းရန် ဖြစ်သည်။ ဒုတိယအနေဖြင့် တောင်အာဖရိကကာကွယ်ရေးမူဝါဒတွင် အခြေခံပြောင်းလဲမှုများ ပြုလုပ်ရန်ဖြစ်ပြီး၊ ကမ္ဘာ့ရပ်ဝန်းတွင်သာမက အာဖရိကရပ်ဝန်းတွင်ပါ အရေးပါ အရာရောက်သောအခန်းကဏ္ဍမှ ပိုမိုပါဝင်လာစေရန် ဖြစ်သည်။

အရပ်ဖက် လူအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းပါဝင်သည့် ကာကွယ်ရေး ဆန်းစစ်ချက်ဖြစ်စဉ် ချဉ်းကပ်မှုများကြောင့် လူသားလုံခြုံရေးကို ရှေးရှုခဲ့ကြသည်။ တတိယအနေဖြင့် ပြန်လည်တည်ဆောက်ရေးနှင့် ပိုမိုလုံလောက်မှုရှိသော ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များချမှတ်ရန် ဖြစ်သည်။

ကာကွယ်ရေးဆိုင်ရာဆန်းစစ်မှု လုပ်ငန်းစဉ်

တောင်အာဖရိကတွင် ကာကွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု၏ အောင်မြင်မှုမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်တကွ လွှတ်တော်မှ ကာကွယ်ရေးဆိုင်ရာပူးတွဲကော်မတီ (JSCD)၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဌာနဆိုင်ရာ တို့ကြားတွင် ပေါင်းစည်း၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း၏ ရလဒ်ဖြစ်ပါသည်။ ကာကွယ်ရေးဆိုင်ရာဆန်းစစ်ချက်နှင့် ကာကွယ်ရေး White Paper ၏ ဖွံ့ဖြိုးမှုတို့ဖြင့် စည်းမျဉ်းစည်းကမ်းအရ ရေးဆွဲထားသော မူဝါဒလမ်းစဉ်မှာ ပူးပေါင်းပါဝင်မှု များစွာပါဝင်သည်။

ပဏာမအနေဖြင့် ၁၉၉၅ ဇွန်လတွင် White Paper မူကြမ်းအားရေးဆွဲခဲ့ပြီးလူထုမှ သဘာဆန္ဒများပေးရန် မျှဝေခဲ့သည်။ တင်ပြမှုပေါင်း ၉ဝကျော် လက်ခံရရှိခဲ့ပြီး JSCD နှင့် ကာကွယ်ရေးဌာနတို့မှ ပြန်လည်ဆန်းစစ်ခဲ့သည်။ White Paper ၏ အဓိက ရည်ရွယ်ချက်များမှာ ကာကွယ်ရေးဆိုင်ရာမူဝါဒများအား ဒီမိုကရက်တစ် အင်စတီကျူးရှင်းအသစ် နှင့် apartheid အလွန် လုံခြုံရေးပတ်ဝန်းကျင် နှင့် ကိုက်ညီစွာ ထားရှိရန် နှင့် လုံခြုံရေးမူဝါဒအပေါ်တွင် တမျိုးသားလုံး၏ ထောက်ခံမှုအား ကြိုးစားရယူရရန် ဖြစ်သည်။

ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုတွင် ကျားမရေးရာပါဝင်မှု ရှုထောင့်မှနေ၍ အမျိူးသမီးအင်အားစုများစွာမှ ပါဝင် ဆောင်ရွက်ခဲ့ ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ကျား၊ မရေးရာ ခွဲခြားဆက်ဆံမှုများနှင့် ကိုယ်စားပြုမှုုများ တိုးတက်လာစေရန် ၎င်းတို့ဘက်မှ ကြိုးစားသွားမည်ဟု အတိအလင်းကြေငြာသည်။ မူဝါဒ နှင့် တူညီသောအခွင့်အလမ်း အစီအစဉ်များ ဖန်တီးအကောင်အထည်ဖော်ခြင်းဖြင့် ထောက်ခံသဘောတူညီမှု

လုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။ တိုက်ခိုက်ရေးကဏ္ဍများအပါအဝင် ရာထူးနေရာအဆင့်ဆင့်တွင် အမျိုးသမီးများ တာဝန်ထမ်းဆောင်ရန် အတည်ပြု ပေးခဲ့သည်။ တပ်အင်အားစုအသစ်များအတွက် လူမျိုးရေးကွဲပြားခြင်း၊ လိင်ကွဲပြားခြင်း နှင့် ခွဲခြားဆက်ဆံမှုမရှိသော အင်စတီကျူးရှင်းယဉ်ကျေးမှုကို တည်ဆောက်ပေးသည့် မူဝါဒတခုထားရှိခဲ့သည်။

အမျိုးသမီးနှင့် ကာကွယ်ရေးဆိုင်ရာဆန်းစစ်ခြင်းလုပ်ငန်းစဉ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ခန့်အပ်သောကော်မတီတခုဖြင့် ကာကွယ်ရေးဆန်းစစ်ချက်တခုအား ၁၉၉၆ မှ ၁၉၉၈ အတွင်းတွင် လုပ်ဆောင်ခဲ့သည်။ ဤကာကွယ်ရေးဆိုင်ရာဆန်းစစ် လုပ်ငန်းအဖွဲ့(DRWG) တွင် ကာကွယ်ရေးဌာနအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအကြံပေးများ၊ JSCD ၏ ကိုယ်စားလှယ်များ၊ ပညာရပ်ဆိုင်ရာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ နှင့် ကာကွယ်ရေး နှင့် သက်ဆိုင်သော NGO များပါဝင်ခဲ့သည်။

အဆိုပါ အဖွဲ့သည် နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာလိုအပ်ချက်များကို ဖော်ထုတ်ခဲ့ပြီး၊ အသေးစိတ်လုပ်ငန်းစဉ်များဖြစ်သော ခံယူချက်၊ တပ်တည်ဆောက်ပုံ၊ ထောက်ပံ့ရေး၊ လက်နက်တပ်ဆင်ခြင်း၊ လူသားအရင်းအမြစ်နှင့် ကိရိယာပစ္စည်းများ လျာထားခြင်းများ ဆောင်ရွက်ခဲ့သည်။ လွှတ်တော်မှ နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်အားအတည်ပြုပေး ဖြစ်ပြီး၊ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီအားထားရှိခဲ့သည်။

တောင်အာဖရိကအမျိုးသမီးများမှာ လူထုအခြေပြုတက်ကြွလှုပ်ရှားသူများအဖြစ် apartheid အားဆန့်ကျင်မှုတွင် ရှေ့ဆုံးမှ ရှိခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ANC အမျိုးသမီးများမှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တက်ကြွစွာတင်ပြခဲ့သော အမျိုးသမီးအခွင့်အရေးများအတွက် တူညီသော အစီအစဉ်တခု ဖွံ့ဖြိုးလာစေရန် အဖွဲ့အစည်း ၁ဝဝ ခန့်၏ ရှေ့ဆောင် အဖြဖစ် အမျိုးသမီးများညွှန့်ပေါင်းအဖွဲ့ (WNC) ကိုဦးဆောင် ဖွဲ့စည်းခဲ့သည်။ ၁၉၉၄ ရွေးကောက်ပွဲပြီးနောက် နိုင်ငံတော်အဆင့် အစည်းအဝေးများတွင် အမျိုးသမီး ၂၈ % ပါဝင်လာပြီး ကာကွယ်ရေးအပါအဝင် လွှတ်တော်ကော်မတီများ တွင်လည်းနေရာများရရှိခဲ့သည်။ တောင်အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အား ၁၉၉၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၎င်း၏ အခြေခံအုတ်မြစ်များတွင် ကျား၊ မရေးရာတန်းတူညီမျှမှုအားတလေးတစားထားရှိခဲ့သည်။

အမျိုးသမီးများသည် ကာကွယ်ရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ကာကွယ်ရေး လေ့လာဆန်းစစ်မှုသည် အမျိုးသားရေးညှိုနှိုင်းဆွေးနွေးမှု ဖြစ်စဉ်များတွင် ပါဝင်လာခဲ့သည်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၏ အလေးအနက် တိုက်တွန်းမှုကြောင့်ဖြစ်သည်။ အောက်ခြေလူထု အမျိုးသမီးအဖွဲ့များမှာ မြေယာသိမ်းဆည်းခြင်းခံရသူများ၊ ပတ်ဝန်းကျင်ထိခိုက်မှုများ၊ အမျိုးသမီးများအား လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများစသည့် ယခင်ကလျစ်လျူရှုခြင်းခံရသော ကိစ္စရပ်များအား ပြန်လည်ဖော်ထုတ်ရာတွင် အရေးပါခဲ့သည်။

SANDF အတွင်းတွင် တည်ဆောက်ပုံတိုင်း၏ အဆင့်ဆင့်တွင် အမျိုးသမီးဝန်ထမ်းဦးရေတိုးမြင့်ခန့်ထားရန် နှင့် ရာထူးတိုးခြင်းများရှိရန်၊ ကျား၊ မ တန်းတူသင်တန်းများပေးရန်၊ ကျား၊ မ ရေးရာပညာပေးသင်တန်းများပေးရန်၊ ရာထူးအဆင့်အတန်း သတ်မှတ်ချက်များထားရှိရန်၊ ကိုယ်ဝန်ဖျက်ချခြင်းအား အရေးယူထုတ်ပယ်ရန် နှင့် မီးဖွားခွင့်ယူထားသော အမျိုးသမီးများအား ရာထူးတိုးခွင့်ပြုရန် တို့ကိုရှေးရှုကာ မူဝါဒများချမှတ် အကောင်အထည်ဖော်ခဲ့ကြသည်။

တောင်အာဖရိကကာကွယ်ရေးမူဝါဒတွင် အစိုးရမှ ကျား၊ မရေးရာအားထည့်သွင်း၍ ထောက်ခံအားပေးကြောင်း ပြယုဂ်အဖြစ် ကာကွယ်ရေး အုပ်ချုပ်ရေးရုံးများတွင် အခြားသောအဆင်မြင့် အမျိုးသမီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်း အပါအဝင် ၁၉၉၉ မှ ၂ဝဝ၄ ခုနှစ်အထိ အမျိုးသမီးအကြမ်းဖက် နှင့် စစ်ရေးဆန့်ကျင်သူ Nowzizwe Madlala-Routledge နှင့် ဒုတိယကာကွယ်ရေးဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုတို့ဖြင့် ပြသခဲ့သည်။ ၂ဝဝ၂ ကာကွယ်ရေးအက်ဥပဒေတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်းများအား ရာဇဝတ်မှုအဖြစ်သတ်မှတ်သည်။ White Paper ၏ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းရေးရာ နှင့် ဌာနများတွင် ကျား၊ မရေးရာ mainstreaming ပြုလုပ်ပြီး၊ တူညီသောအခွင့်အရေးများပေးခြင်း၊ ကာကွယ်ရေးဌာန၏ အောက်ခြေအဆင့်ဆင့်တွင် ကျား၊ မရေးရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နှင့် ကျား၊ မရေးရာ အကြမ်းဖက်မှုများအား တိုင်ကြားရန် ဆက်သွယ်ရေးလိုင်းသီးသန့်ထားရှိခြင်း နှင့် ကျား၊ မရေးရာမူဝါဒများအားနားလည် သဘောပေါက်ရန် နှင့် ပိုမိုသိရှိရန် ကျား၊ မရေးရာအစီအစဉ်များ ပြုလုပ်ခြင်းစသည့် နည်းဗျူဟာများ ဖန်တီးပေးခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးဖော်ထုတ်ရန် အရပ်ဖက် လူမှုအဖွဲ့အစည်း နှင့် တပ်ဖွဲ့များမှ အမျိုးသမီးများစုဝေးကာ “ငြိမ်းချမ်းရေးစကားဝိုင်းမှ အမျိုးသမီးများ” ကို နှစ်စဉ် ကျင်းပသည်။ ယင်းမူဝါဒများနှင့် နည်းဗျူဟာများ၏ ရလဒ်များအရ SANDF ( South African National Defence )တွင် အမျိုးသမီး ၂၃.၈ ရာခိုင်နုန်းပါဝင်လာပြီး ခေါင်းဆောင်မှုပိုင်းတွင် ၁၁.၆ % ပါဝင်လာသည်။ ၂ဝဝ၆ ခုနှစ် မတ်လတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းဦးရေ ၇၇၈၅၈ ယောက်တွင် အမျိုးသမီး ၁၇၇၈ဝ (၂၂.၈ %) ခန့်ထားခဲ့သည်။ အမျိုးသမီးများ၏ ပါဝင်မှုသည် ခေါင်းဆောင်မှု အလယ်အလတ်တွင် ၂ဝ.၈ % ရှိခဲ့ပြီး ပညာရပ်ပိုင်းဆိုင်ရာတွင် ၂၉.၅ % ရှိသည်အထိ တိုးတက်သွားခဲ့သည်။

Your Thoughts …
Tags: ပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ
ခင်မမမျိုး (MIGS)

ခင်မမမျိုး (MIGS)

Contributor

Similar Picks:

No Content Available
Next Post
ရန်ကုန်

ရန်ကုန်

မင်းသမီး Deepika Padukone

လန်ဒန်နဲ့ ဒေလီမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ Deepika Padukone ရဲ့ ဖယောင်းရုပ်တု ထားရှိမည်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate