အမျိုးသမီး အကြမ်းဖက်မှုကို ဆန့်ကျင်သည့် လွတ်လပ်သော အင်ဒိုနီးရှားအမျိုးသားရေး ကော်မတီ (KomnasPerempuan) ကို ၁၉၉၈ အဓိကရုဏ်းများအတွင်း ဖြစ်ပွားခဲ့သည့် များစွာသော မုဒိမ်းမှုများအပေါ် ပြည်နယ်၏ တာဝန်ယူမှုအတွက် နိုင်ငံရေးကဏ္ဍအသီးသီးမှ တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသမီး ခေါင်းေဆောင်များ၏ တောင်းဆိုမှုဖြင့် တည်ထောင်ခဲ့သည်။
လူနည်းစု တိုင်းရင်းသားမျိုးနွယ်များမှ တိုင်တန်းလာသော မုဒိန်းကျင့်ခြင်းခံရသူ ၁၅၂ ဦးအနက် တဦးတယောက်မှ လူထုရှေ့သို့ထွက်၍ တိုက်ခိုက်ခံရခြင်းကို အတိအလင်းပြောကြားခြင်း မရှိသောကြောင့် လူထု၏ တင်ပြချက် အမှန်တရားများအပေါ်တွင် အမျိုးသားရေး အငြင်းပွားဖွယ်ရာ စိန်ခေါ်မှုများအကြားယင်းတောင်းဆိုမှု ပါ်ထွက်လာခြင်းဖြစ်သည်။KomnasPerempuan ကို သမ္မတရုံးနှင့် အမျိုးသမီးခေါင်းဆောင်များအကြား ရှည်ကြာသော ညှိနှိုင်းဆွေးနွေးမှုများ အပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကာ ၎င်း၏ လွတ်လပ်သော ရပ်တည်ချက်၊ ကော်မရှင်နာများ ရွေးချယ်ခြင်း လုပ်ငန်းစဉ်နှင့် ကော်မရှင်အား အမည် ပေးခြင်းတို့ ပါဝင်သည်။
အမျိုးသမီးများအားအကြမ်းဖက်မှု ဆန့်ကျင်ခြင်းသည် အဓိကအကြောင်းအရာ ဖြစ်သည့် အလျောက်ကော်မရှင်လုပ်ပိုင်ခွင့်မှာ အမျိုးသမီးများ၏ လူ့အခွင့်အရေးကာကွယ်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်းတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့သည်။
တည်ထောင်စဉ်ကတည်းက KomnasPerempuan သည် လက်နက်ကိုင် ပဋိပက္ခများကြားအမျိုးသမီးများ ခံစားနေရသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုအဓိကထား ဦးစားပေး ဆောင်ရွက်ရန်ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှု ခံရသောအမျိုးသမီးကိစ္စရပ်များ၊ အင်ဒိုနီးရှား နေအိမ် များတွင် လုပ်ကိုင်နေသော အမျိုးသမီးအိမ်အကူများနှင့်တခြားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသူများ၊ တရားရုံးတွင် စစ်ဆေးဆဲဖြစ်သောအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ကိစ္စရပ်များ၊ ပဋိပက္ခ ဒေသနေ အမျိုးသမီးများ၊ အိမ်ထောင်ဦးစီး တာဝန်ယူထားသော အမျိုးသမီးများနှင့် ဆင်းရဲနွမ်းပါးသော ဒေသတွင် နေထိုင်သည့် အမျိုးသမီးများလည်း ပါဝင်သည်။
KomnasPerempuan ၏ လုပ်ပိုင်ခွင့်အောက်တွင် ပါဝင်သော အခြေခံရည်ရွယ်ချက် ၂ ချက်မှာ-
၁။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံအားလုံး ပပျောက်ရန်နှင့် အင်ဒိုနီးရှား၏အမျိုးသမီး လူ့အခွင့်အရေးများ အားကောင်းလာစေရန် ပတ်ဝန်းကျင်ကောင်းတခုဖန်တီးခြင်း။
၂။ အမျိုးသမီးများအား ဆန့်ကျင်အကြမ်းဖက်ခြင်းကို ဆန်းစစ်လေ့လာ၍ကာကွယ်ခြင်းကို ရည်ရွယ်သော တွန်းအားများ ပိုမိုကောင်းမွန်လာရန်နှင့် အမျိုးသမီးအခွင့်အရေးများကာကွယ်ရန် ဖြစ်သည်။
ကော်မရှင်၏တာဝန်မှာ-
အစိုးရ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများအားသတင်း အချက်အလက်နှင့် ထောက်ခံအကြံပေးချက်များ ပြုလုပ်ကာ အမျိုးသမီးများကို ဆန့်ကျင်အကြမ်းဖက်ခြင်း များအပေါ် ဆန်းစစ်လေ့လာ၍ ကာကွယ်ခြင်းနှင့်အမျိုးသမီးလူ့အခွင့်အရေးများ ပိုမိုမြှင့်တင် အားကောင်းပြီး ကာကွယ်ခြင်းတို့ကိုဦးတည်ရည်ရွယ်သော ဥပဒေနှင့် မူဝါဒ တခုကို အတည်ပြု ဖော်ထုတ်ရန် ပံ့ပိုး ကူညီခြင်းနှင့်ညှိနှိုင်းဆွေးနွေးခြင်း။
အင်ဒိုနီးရှား အမျိုးသမီးများကို ဆန့်ကျင်အကြမ်းဖက်မှု ပုံစံအားလုံးနှင့် အမျိုးသမီးဆန့်ကျင်အကြမ်းဖက် မှုများ လေ့လာဆန်းစစ် ကာကွယ်ရန်နှင့် ပပျောက်စေရန်အားထုတ်လုပ်ဆောင်မှုများအား လူထု အသိအမြင် မှင့်တင်ခြင်း။အမျိုးသမီးများအပေါ် ဆန့်ကျင်အကြမ်းဖက်မှု ပုံစံအားလုံးနှင့် အမျိုးသမီးများ၏လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများအား အချက်အလက်ရှာဖွေ စုဆောင်းခြင်းများပါဝင်သော လေ့လာစောင့်ကြည့်မှု လုပ်ငန်းစဉ်များ ပြုလုပ်ကာ ယင်းအချက်အလက်များအားလူထုကိုမျှဝေ၍ စောင့်ကြည့်မှုတွင် တွေ့ရှိရသော ကိစ္စရပ်များအား လိုအပ်သောတာဝန်ယူမှုများ ရှိစေရန် တွန်းအားပေးခြင်းတို့ ဖြစ်သည်။
၎င်း၏ လုပ်ပိုင်ခွင့်တာဝန်များအား အပြည့်အ၀ လုပ်ဆောင်နိုင်ရန် KomnasPerempuan သည် အစိုးရ(ဥပမာ – ရဲဌာန၊ ရှ့နေ၊ တရားရုံးများနှင့် ဆးရုံများ) နှင့် နိုင်ငံတဝှမ်းရှိ NGOs များကိုင်တွယ်သော အမျိုးသမီးဆန့်ကျင်ရေး အကြမ်းဖက်မှု ကိစ္စရပ်များအား စီစဉ် အချက်အလက်စုဆောင်းခဲ့သည်။
တနှစ်စာဖြစ်ပွားမှု အရေအတွက်ကို အကြမ်းတွက်ချက်ကာ အမျိုးသမီးဆန့်ကျင်အကြမ်းဖက်မှုများ၏ ဖြစ်စဉ်ကို စီစဉ် တိုင်းတာသည်။ ၎င်း၏ တနှစ်တာအစီရင်ခံစာကို လူထုအား ဖြန့်ဝေကာ အစိုးရ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုကြားတွင်တနှစ်ထက်တနှစ် စဉ်ဆက်မပြတ် လုပ်ငန်းစဉ်၏ တိုးပွားမှု ဆုတ်ယုတ်မှုများကို သိရှိစေသည်။ ထို့အပြင်၎င်းသည် အမျိုးသမီး ရေးရာဌာန၊ ရဲဌာန၊ ဖမ်းဆီးရေးရုံးများနှင့် နိုင်ငံတဝှမ်းရှိ တရားရုံးများမှအမျိုးသမီး ဆန့်ကျင်အကြမ်းဖက် ဖြစ်ပွားမှုများကိုလည်း စီစဉ် အချက်အလက်စုဆောင်းသည်။
အချက်အလက်များသည် အမျိုးသားရေး ပုံရိပ်တခုကို နားလည်သဘောပေါက်စေရန်နှင့်စီမံကိန်းအတွက် ကျယ်ပြန့်သော နည်းလမ်းနှင့် ထောက်ခံအကြံပေးမှုများ ပေး၍ ဆန်းစစ်ဖော်ထုတ်ပေးရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစီရင်ခံစာအား သတင်းမီဒီယာသို့ထုတ်ဝေကာ အစိုးရနှင့် လူထုအဖွဲ့အစည်းများမှ မိတ်ဖက် အဖွဲ့အစည်းများကို ဖြန့်ဝေပြီးKomnasPerempuan website တွင်လည်း တင်သည်။
ယင်းမိတ်ဖက်များတွင် ဆုံးဖြတ်ချက်ချသူများနှင့် မူဝါဒရေးရာ ဆွေးနွေးမှုများ၊ ကျား၊ မ ရေးရာရာဇဝတ်မှု တရားစီရင်ရေး စနစ် ဖွံ့ဖြိုးစေရန် ရည်ရွယ်သော သင်ရိုးဖန်တီးခြင်းနှင့်ဥပဒေကျောင်းများတွင် အမျိုးသမီး ဆန့်ကျင်အကြမ်းဖက် ဖြစ်ပွားမှုများကိုအခြေအတင်ပြောဆိုစီရင်ရေး ပြိုင်ပွဲများပြုလုပ်ခြင်းတို့ ပါဝင်သည်။
ကော်မရှင်သည် နှစ်သိမ့်ဆွေးနွေးခြင်း၊ ဥပဒေအကြံပေးနှင့် မူဝါဒညှိနိုင်းရေးတို့ ပြုလုပ်သော အမျိုးသမီး အဖွဲ့များ၏ ကြီးထွားမှု၊ ကွန်ရက်ချိတ်ဆက်မှုနှင့်စွမ်းရည်မြင့်တင်ခြင်း တို့ကိုလည်း လုပ်ဆောင်ပေးသည်။
KomnasPerempuan သည် အကြမ်းဖက်ခံရသူတဦးစီမှ တိုင်တန်းချက်များ ရရှိသောအခါတွင်နည်းစနစ် ကျသော၊ အကြမ်းဖက်မှုဟု သတ်မှတ်သော ကိစ္စရပ်များကိုသာတိုက်ရိုက်စောင့်ကြည့် လေ့လာမှု ပြုလုပ်ပေးသည်။ နိုင်ငံတော်အင်စတီကျူးရှင်းများနှင့် စုံစမ်းစစ်ဆေးမှု နှစ်ခွဖြစ်ခြင်းကို ကာကွယ်ရန်အကြမ်းဖက်ခံရသူ အသိုင်းအဝိုင်းမှ တောင်းဆိုမှသာ အချက်အလက်ရှာဖွေစုဆောင်းခြင်းကို ပြုလုပ်သည်။
တိုက်ရိုက် လေ့လာစောင့်ကြည့်ရန်အတွက် ၎င်းတို့၏ ကိုယ်စားလှယ် ကော်မရှင်နာများနှင့်သင်ကြားထားသော ဝန်ထမ်းများကို အမျိုးသမီးဆန့်ကျင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုဖွင့်ဆိုသော နေရာများသို့ စေလွှတ်သည်။
KomnasPerempuan လေ့လာထားသော စနစ်ကျသော အကြမ်းဖက် ဖြစ်ပွားမှုများမှာလူကုန်ကူးခြင်း တစိတ်တပိုင်း အဖြစ် လက်နက်ပဋိပက္ခ အခြေအနေများ အကြားကိစ္စများ၊ဆင်းရဲနွမ်းပါးမှုနှင့် ဆိုးဝါးသော လူမှု စီးပွားရေးမူဝါဒများနှင့် ပတ်သက်သောကိစ္စရပ်များ ပါဝင်သည်။
ကော်မရှင်သည် အမျိုးသမီးအခွင့်အရေး အပေါ်တွင် ချမှတ်သောဥပဒေနှင့်စည်းမျဉ်းအသစ်များအား စောင့်ကြည့်လေ့လာခြင်းလည်း ပြုလုပ်သည်။
ဥပမာအနေဖြင့် ၎င်းသည် အမျိုးသမီးအဖွဲ့များနှင့်အတူ ၂၀၀၄ စက်တင်ဘာတွင် နောက်ဆုံး အတည်ပြုလက်မှတ်ရေးထိုးသော အိမ်တွင်း အကြမ်းဖက်မှု ဥပဒေအတွက် တက်ကြွသောလှုံ့ဆော်မှုများတွင် ပါဝင်ခဲ့သည်။
KomnasPerempuanသည် အစိုးရအဖွဲ့များ၊ NGOs တက်ကြွလှုပ်ရှားသူများ၊ မီဒီယာနှင့်တခြားသော သက်ဆိုင်ရာ ပြည်သူများစုဝေးကာ လူထုတာဝန်ခံမှု ဆွေးနွေးပွဲမှတဆင့် ၎င်း၏ နှစ်စဉ် လုပ်ငန်းများကို လူထုအားချပြသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်တွင် ကော်မရှင်သည်လူ့အခွင့်အရေး ကောင်စီအတွင်း UN အထူးစူံစမ်း လ့လာသူများ၏ လေ့လာမှု ပုံစံကိုအသုံးပြုကာ စောင့်ကြည့်လေ့လာမှု နည်းပညာ တခု ဖန်တီးခဲ့သည်။
KomnasPerempuan ၏ ပထမဆုံး အထူးစုံစမ်းလေ့လာမှုမှာ ၁၀ နှစ်ကျော် လက်နက်ပဋိပက္ခများမှ ဆင်းသက်လာသော ရှုပ်ထွေးသည့် ထိခိုက်နာကျင်မှုများ အပေါ် တုံ့ပြန်မှုကို ဖော်ထုတ်ခြင်းဖြစ်သည်။
၎င်း၏ လုပ်ပိုင်ခွင့်မှာ နိုင်ငံတော် အမျိုးသမီးများ လူ့အခွင့်အရေးအင်စတီကျူးရှင်းအဖြစ်သတ်မှတ်ထား၍ အင်ဒိုနီးရှားနိုင်ငံတော် လူ့အခွင့်အရေးကော်မရှင်နှင့် တရားမရေးရာတရားရုံးများ၏ လုပ်ပိုင်ခွင့်များ နှိုင်းယှဉ်လျှင် တရားဝင် စုံစမ်းစစ်ဆေးရေး အာဏာမရှိပေ။
အဓိက အခန်းကဏ္ဍမှာ စံသတ်မှတ်ခြင်းနှင့် မူဝါဒပြောင်းလဲခြင်းတို့နှင့်သာ သက်ဆိုင်သည်။သို့သော်လည်း ၎င်းသည် ကိစ္စရပ်များနှင့် လုပ်ငန်းများကို ကျား၊ မရေးရာ ရှုထောင့်မှ နိုင်ငံအနာဂတ် အတွက် ရည်မှန်းချက် အသစ်များအား အရပ်ဖက်အဖွဲ့များ၊ အစိုးရနှင့် ဥပဒေပြုရေးကိုယ်စားလှယ်များနှင့် အတူတကွ ဖော်ဆောင်ရန် အခြေခံ တခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။