• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

တရားမျှတမှုကိုမျှော်လင့်နေတဲ့ မယ့်လိမ်လုံအမှု

by နန်းဆိုင်နွမ်
19 September 2018
in Women & Gender
A A
အမျိုးသားများ မုဒိန်းမှုကို ရပ်တန့်နိုင် လူမှုကွန်ယက်စာမျက်နှာ

အမျိုးသားများ မုဒိန်းမှုကို ရပ်တန့်နိုင် လူမှုကွန်ယက်စာမျက်နှာ

6.6k
VIEWS
Share on FacebookShare on Twitter

“ တံခါးတွေ အလုံပိတ်ပြီး တခန်းလုံးအမှောင်ချထားတာ တွေးမိရင် ကြောက်နေတုန်းပဲ” လို့ မောင်အာကာ (အမည်လွှဲ)က တုန်ရီစွာ ပြောပါတယ်။

လွန်ခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းက မောင်အာကာတယောက် ဧရာဝတီတိုင်း၊ မြန်အောင်မြို့ကနေ ရန်ကုန်မြို့ရှိ မယ့်လိမ်လုံ (သူဌေးမကြီး) ရိုးရာစားသောက်ဆိုင်မှာ သူငယ်ချင်းတယောက်ရဲ့အကူအညီကြောင့် လစာ တလလ ျှင် ၈ သောင်းကျပ်နဲ့ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
1.4k
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10.4k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
32.2k

နယ်မှာ နေထိုင်သူတယောက်အနေနဲ့ စရိတ်ငြိမ်း ၈ သောင်းကျပ်ဟာ အလွန်များနေသလို သူဟာ မိခင်ဖြစ်သူကို လျှပ်စစ်မီတာတပ်ဆင်ပေးလိုစိတ်၊ ညီမလေးကို ကျောင်းထားပေးလိုစိတ်တွေနဲ့ ရန်ကုန်ကို တက်လာပြီး အလုပ်ဝင်တာလို့ သိရပါတယ်။

“ အခုလို ဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး။ အမေ့ကို လျှပ်စစ်မီး မီတာဆွဲပေးချင်တယ်။ ကျနော့်ညီမလေးကို ပညာတတ်ဖြစ်စေချင်တယ်။ ကျနော့်အမေကိုလည်း အကောင်းဆုံးထားပေးချင်တယ်” လို့သူက ပြောပြပါတယ်။

အလုပ်စဝင်ချိန်က မယ့်လိမ်လုံဆိုင်ပိုင်ရှင် အောင်မျိုးထွဋ် (ခ) အက်ဒီချမ်းမှ သူ့အားနှိပ်နယ်ပေးရန် ခေါ်ပါက သူ့ အခန်းထဲသို့ လာရောက်နှိပ်နယ်ပေးရမယ်လို့ ပြောဆိုခဲ့ကြောင်း မောင်အာကာက ပြန်လည်ပြောပြပါတယ်။

“ ကျနော့်ကို မတ်လ ၅ ရက်နဲ့ ၆ ရက်မှာ သူ့ကိုနှိပ်ပေးဖို့ လှမ်းခေါ်တယ်။ ကျနော်သွားခဲ့တယ်။ ဒါပေမယ့် သူက သူ့လိင်တံကို ပါးစပ်နဲ့လုပ်ခိုင်းတယ်။ ကျနော်လည်း ကြောက်လို့လုပ်ပေးလိုက်တယ်” လို့ ဖြစ်ပျက်ခဲ့တာကို ဝမ်း နည်းစွာ ပြန်ပြောပြပါတယ်။

ဒီလိုပြုလုပ်ပေးတဲ့အတွက် ၅ ထောင်ကျပ် ၂ ကြိမ်ပေးခဲ့ပြီး၊ မည်သူကိုမျှ ပြန်မပြောဖို့ အက်ဒီချမ်းက ပြောခဲ့တယ် လို့ မောင်အာကာက ပြောပါတယ်။ မတ်လ ၇ ရက်နေ့မှာတော့ မယ့်လိမ်လုံဆိုင်ရဲ့ မန်နေဂျာမဟန်နာမှတဆင့် ထပ်မံခေါ်ခဲ့ပါတယ်။

“ အဲဒီနေ့က အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ တခန်းလုံးမှောင်မည်းနေတယ်။ နောက်သူ့ကိုယ်ပေါ်မှာ တဘက် တထည်ပဲ ခြုံထားတယ်။ ကျနော့်ကို တံခါးလော့ချခိုင်းတယ်။ ပြီးတော့ သား၊ ဒီချမ်းရဲ့ဆန္ဒကို လိုက်လျောပေးပါ” လို့ တောင်းဆိုတယ်လို့ ဖြစ်ခဲ့တာကို ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး မောင်အာကာက “ အဲဒီချိန်က ကျနော်က ကြောက်တယ်။ အတွေ့အကြုံမရှိဘူးလို့ ပြောလိုက် တယ်။ သူက လက်ညှိုးလောက်ရှိတဲ့ ရှူဆေးဗူးကို နှာခေါင်းမှာ ဘယ်ရောညာရောတေ့ပြီး ပြင်းပြင်းရှူလိုက်ပါလို့ ပြောတယ်။ ကျနော်လည်း ဘာမှန်းမသိဘူး၊ ရှူလိုက်တယ်။ အသားတွေပူလာတယ်။ မူးလာတယ်။ အဲဒီမှာ သူ စိတ်ကြိုက်လုပ်တယ်။ ခံရခက်တယ်။ ဆေးကြောင့် သိနေပေမယ့် ရုန်းလို့မရဘူး။ ကျနော့်လက် ၂ ဖက်ကိုကိုင်ပြီး လုပ်တယ်။ သူကြိုက်သလိုလုပ်ခဲ့တယ်” လို့ ခံခဲ့ရတာတွေကို ပြန်ပြောပြတယ်။

အဲဒီလို အတင်းအဓမ္မပြုကျင့်နေချိန်မှာ တစုံတရာ ရုန်းကန်လို့မရအောင် ခန္ဓာကိုယ်က ရှူဆေးအရှိန်နဲ့ အားပျော့နေ သလို မိမိကိုအန္တရာယ်ပြုမှာကိုလည်း စိုးရိမ်နေတယ်လို့ မောင်အာကာက ဆိုပါတယ်။

“ အစကတော့ ငါ့ဘဝငါ့ဝဋ်ကြွေးရှိလို့ ခံရတယ်။ ဒီကနေထွက်သွားမယ်လို့ပဲ ဖြေသိမ့်ခဲ့တယ်”လို့ သူက ဆက် ပြောပါတယ်။ ဒါပေမယ့် ဒီလိုမတရားလုပ်ခံရသူ တယောက်အနေနဲ့ နှုတ်ပိတ်ပြီး ထွက်သွားမယ်ဆိုရင်လည်း အခြားလက် အောက်ငယ်သားတွေကို ဒီလိုပြုမူတာတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် အမှုဖွင့်ခဲ့ပါတယ်လို့ သူကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓမ္မတာနဲ့ဆန့်ကျင်တဲ့လိင်တူကျူးလွန်မှုများ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲတိုင်ကြားခံရတဲ့ ကို အောင်မျိုးထွဋ် ခေါ် အက်ဒီချမ်းကို ဓမ္မတာနှင့် ဆန့်ကျင်သည့် အဓမ္မမှုပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ကာ ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

လိင်တူမုဒိမ်းမှုဆိုတာ မြန်မာနိုင်ငံမှာတော့ ထူးဆန်းတဲ့ အမှုတခုဖြစ်ပြီး၊ ဒီလိုအမှုလိုမျိုးဖြစ်လာရင် တိုင်ကြားမှု လည်း သိပ်မရှိဘူးလို့သိရပါတယ်။

“ အခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ သူပြန်ပြောပြတော့ ကျမအံ့သြသွားတယ်။ သားကို ဒီလိုပြုကျင့်လိုက် တယ်ဆိုတော့ အဲဒီမှာ ကျမက ကွန်ဒုံသုံးလားမေးတော့ မသုံးဘူးဆိုတာနဲ့ ကျမအရမ်းလန့်သွားတယ်” လို့ မောင်အာကာရဲ့အဖြစ်အပျက်ကို ပထမဆုံး အသိပေးခဲ့တဲ့ မယ့်လိမ်လုံမန်နေဂျာ မဟန်နာက ပြန်ပြောပြပါတယ်။

သူလန့်သွားရတဲ့အကြောင်းကတော့ အက်ဒီချမ်းဟာ နိုင်ငံတကာ HIV/AIDS နဲ့ပတ်သက်တဲ့ NGO အဖွဲ့အစည်း များမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်ပြီ သူကိုယ်တိုင်လည်း HIV ဝေဒနာရှင်တဦးဖြစ်လို့ပါဆိုပြီး မဟန်နာက ပြောခဲ့ ပါတယ်။

“ ကျမချက်ချင်းသတိရလိုက်တာ သူ့မှာ အေအိုင်ဒီအက်စ်ရှိတယ်ဆိုတာပဲ။ သူကိုယ်တိုင်လည်း ပြောပြထားတယ်။ သူကိုယ်တိုင်လည်း ဆေးသောက်နေရတယ်” လို့ မဟန်နာက ဆိုပါတယ်။

လိင်တူပြုကျင့်ခံရသူ မောင်အာကာကို ရောဂါကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးကာ ဆေးသောက်နိုင်ဖို့အတွက် ပြုလုပ်ပေးနေရတယ်လို့ မဟန်နာက ဆက်လက်ပြောပြပါတယ်။

“ သူအိမ်ပြန်သွားရင် ရောဂါကူးသွားသလား၊ မကူးဘူးလားဆိုတာ မသိနိုင်ဘူး။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး ထိန်းနိုင်တယ်။ ဆေးစားနိုင်ပြီးတော့ ထိန်းနိုင်ပေမယ့် သူကတော့ ဒီလိုနေနိုင်မှာမဟုတ်တော့ ခဏလေးနဲ့ ဒုက္ခရောက်သွားနိုင်တယ်” လို့ မဟန်နာက ဆိုပါတယ်။

ဒီလိုအမှုမျိုး မကြုံဖူးလို့ ဘယ်မှာတိုင်ကြားရမယ်ဆိုတာကို နားမလည်တဲ့အတွက် ချက်ချင်းအမှုမဖွင့်နိုင်ခဲ့ဘူးလို့ လည်း သိရတယ်။ “ ဖြစ်ဖြစ်ချင်းဆေးစစ်ခဲ့မယ်ဆိုရင် ဆေးစစ်တာ တခုခုတော့ ကျန်ခဲ့နိုင်တယ်။ ဖြစ်ပြီး ၂ရက်ကွာမှ သွားတိုင်တာ တွေ ဆေးစစ်တာတွေလုပ်ရတယ်” လို့သူက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အားနည်းတဲ့ မောင်အာကာဘက်မှ အမှန်တရားအတိုင်းဖြစ်ဖို့ ဆက်လက်ကူညီသွားမယ်လို့ လည်း မဟန်နာက ဆက်လက်ပြောပြခဲ့တယ်။

လက်ရှိမယ့်လိမ်လုံစားသောက်ဆိုင်ပိုင်ရှင်မှ အလုပ်သမားအမျိုးသားကို လိင်တူမုဒိမ်းမှုပြုကျင့်တဲ့အမှုဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးကြားဖူးတဲ့အမှုဖြစ်ပြီး LGBT များအနေနဲ့ ပွင့်ပွင့်လင်းလင်းဖြင့် မိမိတို့ဘဝမှာ နေထိုင် စေချင်ကြောင်း၊ အလိုမတူဘဲ အတင်းအကြပ်ပြုလုပ်ခြင်းဟာ ရာဇဝတ်မှုဖြစ်ကြောင်း LGBT အရေးဆောင်ရွက်နေ သူ မရှင်းသန့်က ပြောပါတယ်။

လိင်တူချစ်သူ(LGBT)ဆိုတာ အမျိုးသမီးချင်းချစ်ခင်စုံမက်သူများ (Lesbian)၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (Gay)၊ အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးကို ချစ်ခင်စုံမက်သူများ (Bisexual) ၊ ဆန့်ကျင်ဘက် လိင်သို့ ပြောင်းလဲခွဲစိတ်ထားသူများ (Transgender)ကို ခေါ်ဆိုတာဖြစ်ပါတယ်။

အခုလို လိင်တူမုဒိမ်းမှုနဲ့ပတ်သက်ပြီး မရှင်းသန့်က “ ဂယက်ကတော့ လူဝေဖန်စရာ ဖြစ်တာပေါ့။ မိမိပြုသောကံ ပဲ့တင်သံ မိမိထံသာ ပြန်လာမှာပါ။ ဂုဏ်ရှိစွာနေသူများအဖို့ လူ့ဂုဏ်သိက္ခာရမှာပါ။ အနေမတတ်သူတွေကတော့ ဒီ ကိစ္စကြောင့်မဟုတ်လည်း တနည်းနည်းနဲ့လူအထင်သေးခံရမှာပါ” လို့ဆိုပြန်ပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်ပြီး Equality Myanmar လို့ခေါ်တဲ့ညီမျှခြင်းမြန်မာအဖွဲ့က ဒါ ရိုက်တာလည်းဖြစ်တဲ့ ဦးအောင်မျိုးမင်းက “ အမျိုးသားကိုပဲဖြစ်ဖြစ်၊ အမျိုးသမီးကိုပဲဖြစ်ဖြစ် ဆန္ဒမပါဘဲ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု၊ အကြမ်းဖက်မှု၊ အားလုံးကိုရှုတ်ချပါတယ်။ ကျူးလွန်တဲ့သူက ယောကျ်ားပဲဖြစ်ပါစေ၊ မိန်းမပဲ ဖြစ်ပါစေ၊ ဆန္ဒမပါဘဲ လုပ်ဆောင်မှုက လိင်ပိုင်းဆိုင်ရာကြီးလေးသော ပြစ်ဒဏ်ဖြစ်တယ်လို့ ကျနော်တို့ ပြောထားပါ တယ်” လို့ပြောပါတယ်။

လက်ရှိမှာ မယ့်လိမ်လုံစားသောက်ဆိုင်ပိုင်ရှင် ကျူးလွန်ခံရတယ်လို့ စွပ်စွဲခံထားရတဲ့အမှုနဲ့ပတ်သက်ပြီး သက် သေအထောက်အထားခိုင်လုံကာ စီရင်ချက်ချရင်လည်း တိကျခိုင်မာပြီး ထိုက်သင့်တဲ့ စီရင်ချက်ချမှတ်နိုင်မလား ဆိုတာ စောင့်ကြည့်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

“ ကျနော်တို့ LGBT လို့ခေါ်တဲ့ လိင်စိတ်ကွဲပြားတဲ့သူတွေကို လူတွေက နဂိုကတည်းက အထင်သေးတဲ့စိတ်တွေ ရှိပြီးသားပါ။ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ၊ အငြိမ့်ပြက်လုံးတွေကလည်း လိင်ပိုင်းဆိုင်ရာ မထိန်းနိုင်၊ မသိမ်းနိုင်ဖြစ်တဲ့ သူတွေအဖြစ် တင်ပြဖော်ပြကြတယ်။ ဒီလိုအစွဲရှိတဲ့ကိစ္စမျိုးမှာ အခုလိုမျိုးကိုယ့်ရဲ့ဆိုင်က လက်အောက်ငယ်သား တယောက်ကို အခွင့်ကောင်းယူတာ အမှန်ဖြစ်ရင် နဂိုကမှ အထင်သေးချင်တဲ့စိတ်တွေ၊ ပုံစံခွက်တွေ၊ အဆိုးမြင်တဲ့ စိတ်တွေကို အင်္ဂတေလောင်းလိုက်သလို ပိုပြီးခိုင်မာသွားစေမှာဖြစ်ပါတယ်”လို့ ဦးအောင်မျိုးမင်းက မှတ်ချက်ပြု လိုက်ပါတယ်။

လိင်တူချစ်သူများကို လူသားအဖြစ် ဂုဏ်သိက္ခာရရှိဖို့၊ အသိအမှတ်ပြုဖို့၊ လိုအပ်နေချိန်မှာ အခုလို ဂုဏ်သိက္ခာမဲ့တဲ့ အမှုကို အမှန်တကယ် ကျူးလွန်ခဲ့ပါက LGBT အရေးတောင်းဆိုလှုပ်ရှားမှုများ၊ လှုပ်ရှားနေသူများအတွက် အနည်း နဲ့အများ ထိခိုက်မှုရှိလာနိုင်ကြောင်းလည်း လူ့အခွင့်အရေးပညာပေးမှုများ လုပ်ဆောင်နေသူ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုပါတယ်။

“ လိင်တူကျူးလွန်တဲ့ မုဒိမ်းမှုတွေမှာ တိုင်ကြားမှုတွေက ရှိတော့ရှိတယ်။ အများမသိတာ နောက်တခုက တရားစီ ရင်တဲ့အဆင့်အထိ မရောက်ဘဲ ငွေကြေးအရ တရားမမှုနဲ့ ဖြေရှင်းလိုက်တဲ့ သဘောမျိုးတွေ ရှိနိုင်တယ်။ အရင်ကတည်းက ဒါမျိုးတွေရှိတယ်။ ဒါပေမယ့် အားလုံးသိတဲ့၊ အခုလို ကျော်ကြားတဲ့အမှုတော့ မရှိပါဘူး” လို့လည်း ဦး အောင်မျိုးမင်းက ပြောပါတယ်။

ဆက်လက်ပြီး ဦးအောင်မျိုးမင်းက “ ဘယ်သူက ဘယ်သူ့ကိုပဲကျူးလွန် ကျူးလွန် လိင်ပိုင်းဆိုင်ရာ စော်ကားမှုက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်တယ်။ ဘယ်သူမှ လက်ခံလို့ မရဘူး။ အဲဒါကြောင့် ဥပဒေအရ ၃၇၆ အရ အရေး မယူနိုင်သေးရင်တောင် ၃၇၇ နဲ့ အရေးယူမှု ပေါ်လာတာပါ” လို့ ဆိုပြန်ပါတယ်။

အက်ဒီချမ်းဟာ ART ဆေးသောက်နေရလို့ဆိုပြီး အာမခံလျှောက်ထားခဲ့ပေမယ့် တောင်ဥက္ကလာပမြို့နယ် တရားရုံးက မေလ ၂ ရက်နေ့မှာ သူ့အမှုဟာ ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်လို့ အာမခံပေးလို့ မရ တဲ့အမှုဖြစ်တဲ့အတွက် သူ့ရဲ့လျှောက်ထားမှုကို ပယ်ချခဲ့ပါတယ်။

“ ကျူးလွန်သူကလည်း ဒါမျိုးမပြုလုပ်သင့်ဘူးဆိုတဲ့အသိရှိဖို့ လိုအပ်သလို ခံရတဲ့သူကလည်း ဒါမျိုးဖြစ်လာရင် တရားဥပဒေအတိုင်း ရင်ဆိုင်ပြီး ထိခိုက်နစ်နာမှု ဆက်မဖြစ်အောင်၊ နောက်တိတ်တိတ်ဆိတ်ဆိတ်နေခြင်းကြောင့် နောက်ထပ်ဖြစ်လာမယ့်ပုံစံကို အားပေးအားမြှောက်လုပ်သလိုမဖြစ်အောင် သတိပြုကြပါ။ တရားဥပဒေအရ ပြန်ပြီး တော့ ဖြေရှင်းကြပါ” လို့ ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။

လိင်တူမုဒိမ်းမှုနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူ အသက် ၂၂ နှစ်အရွယ် မယ့်လိမ်လုံစားသောက်ဆိုင် အလုပ်သမား ကို “ ယောကျ်ားတန်မဲ့ ငြိမ်ခံနေရလား၊ ပိုင်ရှင်ဆီက ငွေကြေးလိုချင်လို့လား” ဆိုတဲ့ ပြစ်တင်ရှုတ်ချမှုများလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်ရပါတယ်။

“ ကိုယ်ဖြစ်တာကိုယ်ပဲသိတယ်။ ပတ်ဝန်းကျင်ကတော့ ကဲ့ရဲ့မှာသိတယ်။ ပြောကြမှာပဲ။ ကျနော်ခံရတာ ကျနော်ပဲသိ တယ်။ စစချင်းဖြစ်တော့ ရဲစခန်းကအစ အမှုကို လက်မခံပေးဘူး” လို့လည်း မောင်အာကာက ထပ်လောင်းဆိုပါ တယ်။

ကျူးလွန်ခံခဲ့ရသူ မောင်အာကာဟာ ငွေကြေးမပြည့်စုံမှုကြောင့် အမှုရင်ဆိုင်တဲ့နေရာမှာ အခက်အခဲမျိုးစုံရှိနေပြီး၊ အမှုမှန်မပေါ်ပေါက်မှာကိုလည်း စိုးရိမ်နေရတယ်လို့လည်း ရင်ဖွင့်ပါတယ်။

မယ့်လိမ်လုံစားသောက်ဆိုင်ပိုင်ရှင်ဘက်မှ ငွေကြေးလာရောက်ပေးခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ အမှုကျေ အေးပေးသွားမှာမဟုတ်ဘဲ တရားဥပဒေအရသာ ဆက်လက်ရင်ဆိုင်သွားမယ်လို့ မောင်အာကာက ဆိုပါတယ်။

“ အခုဆိုရင် ကျနော်စိတ်ကို ကျနော်ပြန်ကုစားနေရတယ်။ တရားထိုင်တယ်။ ကွန်ပျူတာတွေ လေ့လာတယ်။ ကိုယ့် ကိုယ်ကို အားပေးမှုတွေ ပြန်လုပ်နေရတယ်” လို့ ညှိုးငယ်စွာပြောပြနေသူကတော့ မောင်အာကာပဲဖြစ်ပါတယ်။

လာမယ့်လမှာ AIDS ကူးစက်ခံရမှု အခြေအနေရှိ၊ မရှိ ဆေးစစ်မှုကို ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါမကူးစက်နိုင်အောင် ဆေးများသောက်သုံးနေရတယ်လို့ သိရပါတယ်။

“ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်ဆက်ပြီး ရင်ဆိုင်မယ်။ ကျနော့်မှာ ငွေကြေးမပြည့်စုံပေမယ့်လည်း ဆက်ရင်ဆိုင်မယ်။ ဥပဒေအတိုင်း ဆက်သွားမယ်။ကျနော်ကတော့ ကျေအေးပေးမှာမဟုတ်ဘူး။ ကျနော်ကလဲ့စားချေတာတော့မဟုတ်ဘူး။ ကျနော်ခံစားသလိုတော့ ပြန်ခံစားစေချင်တယ်” လို့ မျှော်လင့်ချက်တစုံတရာနဲ့ သူကပြောပြပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့် ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင့်သော ကာမစပ်ယှက်မှုကို ပြုလျှင် ထိုသူကိုတသက် တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။

ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂမှ စီစဉ်လုပ်ဆောင်သည့် www.hiburma.net , HI ( Honest Infomation ) မှာ ကူးယူဖော်ပြပါသည်။

Your Thoughts …
Tags: မယ့်လိမ့်လုံမုဒိမ်းမှုလိင်တူ
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

မိန်းမ နှင့် ဒေါသ

မိန်းမ နှင့် ဒေါသ

by ခင်ဆွေဦး
28 July 2024
2k

အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
256

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော် / ဧရာဝတီ

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

by ထွန်းထွန်း
9 April 2020
33.2k

အမှု အခြေအနေများ၊ အိမ်ဖော်မိန်းကလေး၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းပြောပြသည့် ဖြစ်စဉ်များအား ဆေးရုံသို့ ရောက်ရှိနေသည့် ကာယကံရှင်မိန်းကလေး၏ မိဘ ၂ ဦးနှင့် ဆွေမျိုးနီးစပ်သူတို့အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားသည်။

MSF မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် / သဇင်လှိုင် / ဧရာဝတီ

အသည်းအရောင် အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ

by သဇင်လှိုင်
9 August 2019
14.4k

အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေးကို အားတက်သရောဆောင်ရွက်နေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် ကို ဧရာဝတီ သတင်းထောက်သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

Next Post
အမေ့ခံဘဝမှ လွတ်မြောက်တော့မည့် အနွယ်တော် အုတ်ဂူများ

အမေ့ခံဘဝမှ လွတ်မြောက်တော့မည့် အနွယ်တော် အုတ်ဂူများ

ဝ နယ်မြေ ပန်ရှန်းတွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေးတခုတွင် တွေ့ရသော နော်စီဖိုးရာစိန်

တပ်မတော်ခေါင်းဆောင်များကို ICC သို့လွှဲပြောင်းရေး KNU Concerned Group ထောက်ခံ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate