• English
Wednesday, December 6, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Women & Gender

          ဒီဆုကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားပြိုင်တာ

          by လဲ့လဲ့
          1 November 2018
          in Women & Gender
          Reading Time: 2 mins read
          A A
          Egypt International Series 2018 ပြိုင်ပွဲ၊ အမျိုးသမီး တဦးချင်း ချန်ပီယံဆုရှင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ  / လဲ့လဲ့ / ဧရာဝတီ

          Egypt International Series 2018 ပြိုင်ပွဲ၊ အမျိုးသမီး တဦးချင်း ချန်ပီယံဆုရှင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ / လဲ့လဲ့ / ဧရာဝတီ

          12.5k
          VIEWS
          Share on FacebookShare on Twitter

          RelatedPosts

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          1 December 2023
          7.5k
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          28 November 2023
          18.9k
          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          22 November 2023
          2.9k
          မြန်မာ့ လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် နိုင်ငံတကာ ပြိုင်ပွဲပေါင်း ၈ ခု ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက်တွင် အမျိုးသမီး တဦးချင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင် ပြိုင်ဘက်များ ဖြစ်သည့် ဂျော်ဒန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ဂေရီနှင့် မလေးရှားတို့ကို ဖြတ်ကျော် အနိုင်ရခဲ့ပြီးနောက် တဦးချင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ဖခင်ဖြစ်သူ ကြက်တောင်နည်းပြ၏ လမ်းညွှန်မှုဖြင့် အသက် ၇ နှစ်အရွယ်က တည်းက စတင် ကစားလာခဲ့သူဖြစ်ပြီး ဦးဆုံး ဝင်ပြိုင်ခဲ့သည့် ပွဲတွင်ပင် ဆုတံဆိပ် ရခဲ့ဖူးသူလည်း ဖြစ်သည်။
          ငယ်စဉ် ဘ၀ ကြက်တောင် စတင်ကစားဖြစ်ပုံမှ စ၍ ယနေ့အချိန်အထိ ကြက်တောင် အားကစားပေါ်တွင် မည်သို့ အာရုံထားလုပ်ဆောင်နေသည်နှင့် ပတ်သက်၍ မသက်ထားသူဇာအား ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
          မေး ။  ။ ပြိုင်ပွဲတွေကို ညီမဘယ်အရွယ်မှာ စတင်ဝင်ပြိုင်ဖြစ်တာလဲ။ ပြိုင်ပွဲအတွေ့အကြုံလေး ပြောပြပေးပါဦး။
          ဖြေ ။  ။ ညီမက အသက် ၇ နှစ် အရွယ်ကတည်းက ကြက်တောင်ကိုစပြီး ကစားဖြစ်ခဲ့တယ်။ ပြိုင်ပွဲစပြီး ဝင်ပြိုင်ကတည်းက တတိယဆု ရခဲ့တယ်။ တတိယ ဆုရတော့ ညီမလည်း ဒါနဲ့ပတ်သက်လို့ ပိုးဝင်သွားပြီး ကြက်တောင်ကို ဆက်ကစားချင်တဲ့ စိတ်ဖြစ်သွားတယ်။
          မေး ။  ။ ပထမဆုံးဝင်ပြိုင်ဖြစ်တဲ့ အတွေ့အကြုံလေး ပြောပြပေးပါဦး။
          ဖြေ ။  ။ ညီမအဖေက ကြက်တောင်နည်းပြဖြစ်တဲ့ အတွက်ကြောင့်မို့ အဖေ ကွင်းသွားတာနဲ့ ညီမက လိုက်သွားလေ့ ရှိတယ်။ လူကြီးတွေက ညီမကို အလှည့်ပေးတယ်။ အဲဒီအချိန်က ညီမက အရမ်းမရိုက်တတ်သေးတဲ့အချိန်မှာ အဖေရဲ့ တပည့်တယောက်က Double (နှစ်ယောက်) တွဲမယ့်သူ မရှိဘူးလို့ ညီမကို ပြောတယ်။ အဲဒီမှာ သွားရိုက်ရင်းနဲ့ တတိယဆု ရခဲ့တယ်။ အဲဒါက ယိုဒယား (ထိုင်း) မှာ ပြိုင်ခဲ့တာ။ ကလပ်ပေါင်းစုံပြိုင်ပွဲ။ ပွဲကတော့ Woman Double (အမျိုးသမီး နှစ်ယောက်တွဲ) ပါ။ ဖိတ်ခေါ်ပြိုင်ပွဲတော့ မဟုတ်ဘူး။
          မေး ။  ။ ကြက်တောင်နဲ့ပတ်သက်ပြီး လေ့ကျင့်ခန်းကိုကော ဘယ်လိုပုံစံနဲ့ လုပ်သလဲ။
          ဖြေ ။  ။ ညီမကတော့ အဲဒီတုန်းကတော့ Training (လေ့ကျင့်ခြင်း) ကို ညီမအဖေနဲ့ပဲ လေ့ကျင့်ဖြစ်တယ်။ ပုံမှန် မလေ့ကျင့်ဖြစ်ပါဘူး။ ဒါပေမယ့် Training အကောင်းဆုံးဖြစ်အောင်တော့ ညီမ လုပ်တယ်၊ ကျောင်းလည်း တဖက်နဲ့ဆိုတော့။ အခုက မြန်မာ လက်ရွေးစဉ်ဖြစ်လာတော့ တပတ်ကို ၆ ရက် Training ဆင်းတယ်။ မနက် တကြိမ်၊ ညနေတကြိမ် လုပ်တယ်။
          မေး ။  ။ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ စိုးရိမ်ပူပန်မှု၊ ဖိအားတွေ ရှိခဲ့သလား။
          ဖြေ ။  ။ အခက်အခဲ တစုံတရာတော့ မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ညီမအဖေကလည်း ကြက်တောင်လက် ရွေးစင်ဖြစ်ခဲ့တယ်။ နောက် ညီမကိုယ်တိုင်ကလည်း နိုင်ငံတကာ အတွေ့အကြုံတွေရှိခဲ့တယ်ဆိုတော့ နိုင်ငံခြားမှာ ပြိုင်ပွဲဝင်ပြိုင်ဖို့ ဖိအား မရှိခဲ့ဘူး။ ကြောက်တာလည်း မရှိပါဘူး။ ညီမတို့ မိသားစုက ထိုင်းမှာလည်း အကြာကြီးနေခဲ့တော့ အခက်အခဲ သိပ်မရှိဘူး။
          ချန်ပီယံဆု လက်ခံရယူနေသည့် မြန်မာ့ လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ (အလယ်) (ဓာတ်ပုံ – သက်ထားသူဇာ)
          မေး ။  ။ ညီမ အီဂျစ်ပြိုင်ပွဲကိုကော ဘယ်လို ယှဉ်ပြိုင်ကစားခဲ့ရလဲ။ ပြိုင်ပွဲအခြေအနေ ပြောပြပေးပါဦး။
          ဖြေ ။  ။ ဂျော်ဒန်နိုင်ငံက ကစားသမားနဲ့ ချက်နိုင်ငံက ကစားသမားတွေကို အမှတ်အသာနဲ့ နိုင်ခဲ့တယ်။ နောက်ပြီး ညီမက ကွာတားအဆင့်မှာ ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်နဲ့နိုင်ခဲ့ပြီး ကြက်တောင်လောကမှာ နေရာတခု အခိုင်အမာရထားတဲ့  အာဆီယံဒေသတွင်း ပြိုင်ဘက် မလေးရှားကစားသမားကို ဆီးမီးမှာ နှစ်ပွဲပြတ်နဲ့ နိုင်ပြီး ဖိုင်နယ်တက်နိုင်ခဲ့တယ်။
          မေး ။  ။ အခုလို ပထမဆု ရရှိအောင် ညီမ ဘယ်လို ကြိုးစားအားထုတ်ခဲ့ရသလဲ။
          ဖြေ ။ ။ ညီမက နိုင်ငံတကာပွဲ ၈ ပွဲ ပြိုင်ခဲ့ဖူးတယ်။ ယိုးဒယား (ထိုင်း) မှာအပြင် တရုတ်တို့၊ နောက် တခြားဖိတ်ခေါ်ပြိုင်ပွဲတွေမှာလည်း သွားပြိုင်ဖူးပါတယ်။ အဲဒီမှာ ဆုတွေလည်း ရခဲ့တယ်။ တခြားသူတွေရဲ့ အတွေ့အကြုံတွေလည ်းယူတယ်။ Training (လေ့ကျင့်မှု) တွေလည်း တွဲလုပ်ဖူးတယ်။ အဲဒီလို ညီမသွားပြိုင်တဲ့အခါ ဒီဆုကို ရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားပြိုင်တာကြောင့် အခုလို ပထမဆုရခဲ့ခြင်း ဖြစ်တယ်။
          မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ကြက်တောင်လောက အခြေအနေပေါ်မှာ ညီမဘယ်လိုမြင်သလဲ။
          ဖြေ ။  ။ ညီမတို့ရဲ့ မြန်မာနိုင်ငံရဲ့ ကြက်တောင်လောကက အဓိကကတော့ လေ့ကျင့်ရေးအပိုင်း၊ အခြေခံလေ့ကျင့်ရေး အပိုင်းတွေမှာ အဓိက လိုနေပါတယ်။ တခြားနိုင်ငံတွေမှာ ဒီထိုင်းတို့၊ မလေးရှားတို့ အင်ဒိုနီးရှားတို့ဆိုလို့ရှိရင် ကြက်တောင်အားကစားနည်းက အရမ်းတိုးတက်နေပြီ။ မြန်မာနိုင်ငံမှာက ကွင်းကလည်း နည်းတယ်။ အဲဒီတော့ ကစားသမားတွေကလည်း ရိုက်ဖို့ ကွင်းမရှိတဲ့အတွက်ကြောင့် လေ့ကျင့်ခန်းလုပ်ဖို့လည်း အဆင်မပြေဘူး။ လူတွေက ကြက်တောင်ကို စိတ်ဝင်စားပေမယ့် ပံ့ပိုးမှုတွေ နည်းတယ်။ လေ့ကျင့်ကွင်းတွေ၊ ပြိုင်ပွဲလွှတ်တာတွေ နည်းတယ်။ အဲဒါတွေ အဓိကထားပြီး ပြုပြင်ပေးမယ်ဆိုရင် မြန်မာ့ကြက်တောင်လောက အောင်မြင်မယ်လို့ ထင်ပါတယ်။
          မေး ။  ။ ကြက်တောင် အဖွဲ့ချုပ်မှာကော အမျိုးသမီး အရေအတွက် ဘယ်လောက်လောက် ရှိသလဲ။
          ဖြေ ။  ။ ဒီကို (အီဂျစ်ပြိုင်ပွဲ) သွားပြိုင်တာကတော့ ညီမ တယောက်တည်းပါ။ ဒါပေမယ့် ဆီးဂိမ်းတို့၊ နိုင်ငံက လွှတ်တဲ့ပွဲတွေမှာ ဆိုရင် ဒီမှာ လက်ရွေးစင်ဟောင်းတွေလည်း ရှိတယ်။ လက်ရွေးစင်တွေ အပါအဝင် အငယ်တန်းတို့၊ အကြီးတန်းတို့ ပါရင် ၂၅ ဦးရှိတယ်။ အမျိုးသမီးကတော့ ၁၀ ဦးလောက်ပဲရှိတာ။ အရင် ပြီးခဲ့တဲ့နှစ် မလေးရှားပွဲမှာဆိုရင် လက်ရွေးစင် မိန်းကလေး ၇ဦး၊ ယောကျာၤလေး ၇ ဦး လေ့ကျင့်ပေးတယ်။
          ချန်ပီယံဆု တံဆိပ်နှင့်အတူ တွေ့ရသည့် မြန်မာ့ လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ) (ဓာတ်ပုံ – သက်ထားသူဇာ)
          မေး ။ ။ နိုင်ငံခြားသား လေ့ကျင့်ရေးဆရာရဲ့ သင်ကြားမှုက ဘယ်လိုရှိသလဲ။
          ဖြေ ။ ။ သူက အင်ဒိုနီးရှားနည်းပြ ဖြစ်တဲ့အတွက်ကြောင့်မို့ နည်းစနစ်ပိုင်းကတော့ ပိုကောင်းတယ်။ မြန်မာနည်းပြတွေလည်း ဒီနည်းစနစ်အတိုင်း သင်ယူမယ်ဆိုရင်တော့ နောင်အနာဂတ်အတွက် ညီမတို့ ကြက်တောင်သမားတွေအတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားနည်းပြက အလုပ် အရမ်းခိုင်းပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ရတယ်။ ပင်ပန်းတဲ့နေ့တွေလည်းရှိတယ်။ ဒါပေမယ့် ကစားသမားတွေလည်း ကြိုးစားပြီး လုပ်နေကြပါတယ်။
          မေး ။ ။ သင်ကြားမှုအပိုင်းမှာ စိတ်ကြိုက်မတွေ့တာမျိုးရော ညီမဆီမှာ ရှိသလား။
          ဖြေ ။ ။ တခါတလေ လေ့ကျင့်ရတာ နေ့တိုင်းဖြစ်တဲ့အတွက်ကြောင့် ပျင်းတဲ့ရက်တွေတော့ ရှိတယ်။ ညီမ ကောင်းကောင်းမလုပ်ရင် နည်းပြတွေက ဆူတယ်။  ကစားဖော်တွေကလည်း ဆူတယ်။ ဆူတာကလည်း သူတို့က ညီမကို ဖြစ်စေချင်လို့ပါ။ ဒါပေမယ့် ညီမ အကောင်းဆုံး လုပ်ပါတယ်။ ဒီအတွက်  သည်းခံသင်ကြားပေးတဲ့ နည်းပြတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။
          မေး ။ ။ လေ့ကျင့်ခန်း လုပ်ရတဲ့ အချိန်တွေကိုကော ဘယ်လို သတ်မှတ်ထားသလဲ။
          ဖြေ ။ ။ တနေ့ကို မနက်တကြိမ်၊ ညနေတကြိမ် ကစားရတယ်။ မနက်ဆို ၉နာရီခွဲကနေ ၁၂နာရီအထိကစားရပြီး ညနေကျရင် ၅ နာရီကနေ ၇ နာရီအထိ ကစားရတယ်။ အဲဒါက တနလာၤကနေ သောကြာနေ့အထိဖြစ်တယ်။ စနေနေ့ကတော့ မနက်ပိုင်းတချိန်ပဲ ကစားရတယ်။
          မေး ။ ။ ကျောင်းတဖက်နဲ့ လေ့ကျင့်ရေးဆင်းနေရအခက်အခဲရှိလား။
          ဖြေ ။ ။ ညီမက မနက်ပိုင်း လေ့ကျင့်ရေးဆင်းတယ်။ နေ့လယ်ပိုင်း ကျောင်းတက်တယ်။ ပြီးရင် ညနေပိုင်း လေ့ကျင့်ရေး ပြန်ဆင်းတယ်။ အဲဒီလိုပဲ လုပ်တယ်။ ပင်တော့ ပင်ပန်းတယ်။ ဒါပေမယ့် အကောင်းဆုံးတော့ လုပ်နေပါတယ်။
          မေး ။  ။ ကြက်တောင်အဖွဲ့ချုပ်က ညီမတို့လို အားကစားသမားတွေအပေါ် ဘယ်လိုပံ့ပိုးမှုတွေ လုပ်ပေးတာရှိလဲ။
          ဖြေ ။  ။ အဖွဲ့ချုပ်မှာ နည်းပြ ၃ဦးရှိပါတယ်။ မြန်မာနည်းပြ ၂ ယောက်နဲ့ အင်ဒိုနီးရှားနည်းပြ၁ယောက် ရှိပါတယ်။ သူတို့နဲ့ပဲ လေ့ကျင့်ခန်းအတူလုပ်ပါတယ်။ ညီမတို့  လေ့ကျင့်ရေးအတွက်ကတော့ အဖွဲ့ချုပ်က လုပ်ပေးထားတာ။ အဖွဲ့ချုပ်က ကြက်တောင်တွေကို ပံ့ပိုးပေးတယ်။ ဒီအဖွဲ့ချုပ်မှာက နယ်ကလာတဲ့သူတွေ လည်းရှိတယ်။ သူတို့ နေထိုင်စားသောက်ဖို့ကို အဖွဲ့ချုပ်က စီစဉ်ပေးထားတယ်။ အစားအသောက်ကိုလည်း အဖွဲ့ချုပ်က တာဝန်ယူထားပါတယ်။ တခါက ညီမ အီဂျစ်မသွားခင်တုန်းက အား/ကာသိပ္ပံကနေ ကျန်းမာရေးဝန်ကြီးဌာနကအစားအသောက်တွေ ဘယ်လိုစားရမယ်ဆိုတာ လာပြီး ရှင်းပြပါတယ်။
          မေး ။  ။ အခု အီဂျစ်ပြိုင်ပွဲဝင်ဖို့အတွက် ကုန်ကျစရိတ်ကိုကော အဖွဲ့ချုပ်က ထောက်ပံ့ခဲ့တာလဲ။
          ဖြေ ။  ။ ညီမ ဒီအီဂျစ်ပြိုင်ပွဲမှာ ဒေါ်လာ ၁၂၀၀ ရပါတယ်။ ဒါပေမယ့် ညီမသွားရတဲ့ ခရီးစရိတ်၊ နေထိုင်စရိတ်တွေ ရှိတာကြောင့် လေယာဉ်စရိတ်လောက်ပဲ ပြန်ရခဲ့တယ်။ အီဂျစ်ပွဲကတော့ ညီမပိုက်ဆံနဲ့သွားရတာပါ။ ဒါပေမယ့် တချို့ တခြားပြိုင်ပွဲတွေကိုလည်းအဖွဲ့ချုပ်က ထုတ်ပေးသလို နိုင်ငံတော်ကလည်း ပေးပါတယ်။ နိုင်ငံတော်က ပေးတယ်ဆိုတာ နိုင်ငံတော်က လုပ်တဲ့ပွဲတွေအတွက်ပဲ ပေးတာပါ။
          မြန်မာနိုင်ငံတော် အလံနှင့် ဂုဏ်ယူဝင့်ကြွားနေသည့် မြန်မာ့ လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ ) (ဓာတ်ပုံ – သက်ထားသူဇာ)
          မေး ။  ။ ညီမ အခုပြိုင်ခဲ့တဲ့ အီဂျစ်ပွဲက အဖွဲ့ချုပ်စရိတ်နဲ့ သွားတာမဟုတ်တော့ ရရှိလာတဲ့ဆုကြေးငွေအပေါ် အဖွဲ့ချုပ်က စီမံခန့်ခွဲတာ ရှိသလား။
          ဖြေ ။  ။ အဖွဲ့ချုပ်က ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲတာမလုပ်ပါဘူး။ ဆုရလာရင်တော့ ဂုဏ်ပြုတာ ရှိပါတယ်။ ညီမမှာ ကလောလောဆယ် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီက ညီမ အခုဝတ်ထားတဲ့ အားကစားဝတ်စုံ(ယောနက်)က ဖြစ်တယ်။ ပစ္စည်းထောက်ပံ့ပေးတဲ့ ကုမ္မဏီရှိတယ်။ နောက်ပြီးတော့ (AOP) ဆိုတဲ့ အိုလံပစ် Project (စီမံကိန်း) ကနေ တနှစ်စာ ဒေါ်လာ ၃ထောင်ေ ထာက်ပံ့ပေးထားတာ ရှိတယ်။ အဲဒါက အဖွဲ့ချုပ်ကတဆင့် လာတာဖြစ်တဲ့အတွက် ညီမပြိုင်ပွဲတွေ သွားမယ်ဆိုရင် အဖွဲ့ချုပ်ကစ ာရင်းသွင်းပေးတာမျိုးတွေရှိတယ်။ တချို့ပြိုင်ပွဲတွေကို (AOP) ပိုက်ဆံနဲ့ သွားတယ်။ တချို့ကျတော့ အဖွဲ့ချုပ်က ပေးတယ်။ တချို့ပွဲတွေတော့ ညီမ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားတယ်။
          မေး ။  ။ ညီမ (AOP)မှာအဖွဲ့ဝင်ဖြစ်ခဲ့တာဘယ်လောက်ကြာပြီလဲ။
          ဖြေ ။  ။ ညီမ (AOP) မှာအဖွဲ့ဝင်ဖြစ်တာက ပြီးခဲ့တဲ့နှစ် နီပေါပြိုင်ပွဲမှာ တတိယဆုရရှိတုန်းက အဖွဲ့ဝင်အနေနဲ့ ခေါ်တာပါ။ သူတို့က စာချုပ်နဲ့တော့ မဟုတ်ဘူး။ သူတို့က Project ဖြစ်တဲ့အတွက်ကြောင့်မို့ ညီမကို (AOP)ရဲ့ အဖွဲ့ဝင်ဖြစ်ကြောင်း အီးမေးလ် ပို့လာတယ်။ အဲဒါကို အဖွဲ့ချုပ်ကလက်ခံလား၊ လက်မခံဘူးလားဆိုတာ ပြန်ပို့ရတယ်။ အဖွဲ့ချုပ်က လက်ခံတယ်ဆိုမှ ညီမက အဖွဲ့ဝင်ဖြစ်ခဲ့တာပါ။
          မေး ။  ။ ကြက်တောင် အားကစားနဲ့ ပတ်သက်လို့ ညီမ ဘာတွေ ဆက်လုပ်သွားဖို့ ရှိသေးလဲ။
          ဖြေ ။ ။ ညီမက နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆက်ရိုက်သွားဖို့ ရှိပါတယ်။ ပြီးရင် ညီမ အဓိကသော့ချက်က ဂျပန်မှာ ကျင်းပမယ့် ၂၀၂၀အိုလံပစ်မှာ ကွာလီဖိုင်း Round လောက် ရိုက်လို့ရအောင် ညီမ ပြိုင်ပွဲတွေကို သွားမယ်။ သွားပြီး အမှတ်ယူပြီးတော့ မြန်မာပြည် အိုလံပစ်ရအောင် ကြိုးစားပြီး ရိုက်ပါမယ်။
          Your Thoughts …
          Tags: သက်ထားသူဇာအီဂျစ်ကြက်တောင်ပြိုင်ပွဲ ချန်ပီယံ
          လဲ့လဲ့

          လဲ့လဲ့

          ဧရာဝတီ

          Similar Picks:

          မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ(Victor Badminton)

          ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်

          by လဲ့လဲ့
          28 November 2019
          28.5k

          မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အနေဖြင့် ဆီးဂိမ်းတွင် သက်ထားသူဇာအပါအဝင် ၆ဦးဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အင်အားကြီးနိုင်ငံမှ ကြက်တောင်အားကစားသမားများ ပါဝင်ကစားကြမည်ဖြစ်သည့်အတွက် အခက်အခဲရှိသော်လည်း အမျိုးသမီးတဦးချင်းပွဲ၌ အမြင့်ဆုံး တတိယဆုရရှိရန် မျှော်မှန်းထားသည်ဟု ဧရာဝတီသို့ ပြောကြားသည်။

          Egypt International Series 2018 ပြိုင်ပွဲမှာ အမျိုးသမီး တဦးချင်းဖိုင်နယ်ပွဲစဉ် ချန်ပီယံပထမဆုရှင် သက်ထားသူဇာ / ဧရာဝတီ

          မြန်မာပြည်အိုလံပစ်ရအောင် ကြိုးစားမယ့် ကြက်တောင်ချန်ပီယံ သက်ထားသူဇာ

          by လဲ့လဲ့
          21 November 2018
          8.2k

          ကြက်တောင်လောကမှာ နေရာတခု အခိုင်အမာရထားတဲ့ အာဆီယံဒေသအတွင်းပြိုင်ဘက် မလေးရှားကစားသမားကို ဆီးမီးမှာ နှစ်ပွဲပြတ်နဲ့ နိုင်ပြီး ဖိုင်နယ်တက်နိုင်ခဲ့ပြီး ရွှေတံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

          မြန်မာ ကြက်တောင်အားကစားမယ် သက်ထားသူဇာ  / THET HTAR Thuzar

          ကြက်တောင်မယ် သက်ထားသူဇာ ၆ ခုမြောက်ရွှေတံဆိပ် ထပ်မံရရှိ

          by လဲ့လဲ့
          7 July 2019
          49.7k

          သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၌ ASIA OLYMPIC PROJECT TRAININGကို ၂လကြာ သွားရောက်လေ့ကျင့်ပြီး နိုင်ငံတကာ ပြိုင်ပွဲပေါင်း ၇ ပွဲ ဆက်လက်ယှဉ်ပြိုင်သွားမည်

          ဘီနင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရခဲ့သည့် ကြက်တောင် ကစားသမား သက်ထားသူဇာ / MBP

          ကြက်တောင်အားကစားမယ် သက်ထားသူဇာ ရွှေတံဆိပ် ထပ်မံဆွတ်ခူးပြန်

          by လဲ့လဲ့
          2 July 2019
          7.8k

          သက်ထားသူဇာသည် အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၄ ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပမည့် Cote d'ivoire International 2019ကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုမှတဆင့် ဒိန်းမတ် နိုင်ငံသို့ ၂လကြာ သွားရောက်လေ့ကျင့်မည်ဖြစ်သည်ဟု သိရသည်။

          မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ  /  ထက်ဝေ / ဧရာဝတီ

          ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ထားသူဇာ ယှဉ်ပြိုင်မည့် ပေါ်တူဂီနှင့် ပိုလန် ပွဲများ ပျက်

          by လဲ့လဲ့
          5 March 2020
          3.4k

          မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပေါ်တူဂီနှင့် ပိုလန် တို့တွင် ပြုလုပ်ရန် ပြင်ဆင်ထားသော ကြက်တောင်ပြိုင်ပွဲများမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်မှုကြောင့် ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားသည်။

          မြန်မာ ကြက်တောင်မယ် သက်ထားသူဇာ

          သက်ထားသူဇာ ဝင်ပြိုင်မည့် အိုလံပစ်ပြိုင်ပွဲ COVID-19 ကြောင့် တနှစ်နောက်ဆုတ်

          by လဲ့လဲ့
          5 April 2020
          33.1k

          ကမ္ဘာတဝှမ်း ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုကျို အိုလံပစ် ပြိုင်ပွဲ တနှစ်နောက်ဆုတ်လိုက်ကြောင်း သတင်းရရှိသည်။

          Next Post
          The Untouchables (1987) ရုပ်ရှင်

          ချီကာဂိုမြို့မှ ဥပဒေဘက်တော်သားများ "The Untouchables (1987)"

          ထိုင်းရဲမှူးချုပ် ဆရီဗာရာ / Bangkok Post

          ကြည့်သူ သန်းချီရှိတဲ့ ဝေဖန်ရေး ရက်ပ်သီချင်း ထိုင်းဝန်ကြီးချုပ် သဘောမကျ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 days ago
          12.6k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          6 days ago
          10.8k

          Most Read

          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved