အမျိုးသမီးအချို့က ဦးစီးဦးဆောင်အနေနဲ့ စီးပွားရေးလုပ်ဆောင်ခဲ့ရာမှာ အခက်အခဲတွေ ရှိခဲ့ကြတယ်။ ဒါတွေကို ဘယ်လိုကျော်လွှားပြီး စီးပွားရေးမှာ အောင်မြင်တဲ့အမျိုးသမီးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရလဲ၊ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ၊ စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲ စတာနဲ့ ပတ်သက်ပြီး Monsoon Restaurant & Bar နှင့် Monument Book & Toys တို့ရဲ့ ပူးတွဲတည်ထောင်သူ တဦးလည်းဖြစ်သလို MasterChef ရုပ်သံအစီအစဉ်ရဲ့ ဒိုင်တဦးလည်းဖြစ်သူ ဒေါ်ဖြူဖြူတင်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ ဆရာမရဲ့ ပထမဆုံး အလုပ် အကြောင်း သိပါရစေ။
ဖြေ ။ ။ ကျမရဲ့ real first job ကတော့ အသက် ၃၁ မှာ Restaurant ကို စလုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကလေး လည်း ၂ ယောက် မွေးပြီးပါပြီ။ အားလုံးကလည်း ပြည့်စုံနေပြီဆိုတော့ စိတ်ထဲမှာ ပိုက်ဆံလိုမှပဲ အလုပ် လုပ်ရမယ် လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တကယ်အလုပ်လုပ်ဖြစ်သွားတော့ လူတယောက်ရဲ့တန်ဖိုးကို ဘယ်လောက်အထိ ကွာသွားသလဲ ဆိုတာ သိလာတယ်။
မေး ။ ။ ဆရာမရဲ့ အဓိက လုပ်ချင်ခဲ့တဲ့ ရည်ရွယ်ချက်က ဘယ်အလုပ်ဖြစ်မလဲ။
ဖြေ ။ ။ ကျမက အစကတော့ အလုပ်လုပ်ဖို့ စိတ်ကူးမရှိဘူး။ ငယ်ငယ်တုန်းကတော့ ကျမလည်း ကြီးလာရင် သူများတွေလို Miss universe ပြိုင်ချင်တယ်။ ကျမစိတ်အထင်က အဲဒီတုန်းက Miss universe ဆိုတာ လှရုံတင် မဟုတ်ဘူး။ တော်လည်း တော်တယ်။ smart and beautiful ဖြစ်ရမယ်။ ရှေ့ကိုလည်း ထွက်ရဲတယ်။ ပြောရဲ ဆိုရဲတယ်။ ဒီဟာကိုမှ အားကျခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျမ တနေ့မှာ အိပ်မက်နိုးတယ် ဆိုတာ လိုမျိုးပေါ့။ ကျမ unhappy ဖြစ်တဲ့ကိစ္စမျိုးမှာ ကျမက အမှန်တကယ်တော့ ကိုယ့်ဘာသာ ပိုက်ဆံရှာမယ်။
ကိုယ့်ဘာသာကိုယ် အလုပ်လုပ်မယ်။ အလုပ် မလုပ်လု့ိ တန်ဖိုးမရှိဘူးလို့ နားလည်သဘောပေါက်တဲ့အချိန်မှာ ရတဲ့အလုပ်ကို လုပ်တယ်လို့ ပြောလို့ရတယ်။ အဲဒီအချိန်မှာ ကျမရဲ့အမက စားသောက်ဆိုင်ဖွင့်ဖို့လုပ်နေတယ်။ အဲဒီမှာ သူ့ပါတနာက နိုင်ငံခြားသားဖြစ်တဲ့ အတွက် ဘာသာပြန်ပေးဖို့ သူတို့ခေါ်တဲ့အချိန်မှာ ကျမကလေး မွေးပြီးလို့ ၂ လပဲ ရှိသေးတယ်။ ကိုယ်ကို အားကိုးတကြီး ခေါ်တဲ့အချိန်မှာ ကိုယ်ပေးနိုင်သလောက် ပေးမယ် ဆိုတဲ့ စိတ်နဲ့ သွားလိုက်တာပါ။ အဲဒီအချိန်မှာ ကိုယ်က ဘာမှ မတတ်ဘူး။ စားသောက်ဆိုင် အတွေ့အကြုံ ဆိုတာကလည်း ကိုယ်က ဟင်းချက်တတ်တာပဲရှိတယ်။ ပြောချင်တာက အလုပ်လုပ်ဖို့ပဲ။
အလုပ်မလုပ်လို့ တန်ဖိုးမရှိဘူးလို့ အထင်ခံရတယ်လို့ သိလိုက်တဲ့အချိန်မှာ ကိုယ်တန်ဖိုးရှိလားပေါ့။ အစက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ နောက်ပြီး ကျမရဲ့ စိတ်ဓာတ်က ကိုယ်ယုံကြည်မှ လုပ်တဲ့အတွက် ပြဿနာ ရှိရင် ဘာကြောင့်ဖြစ်နေတာလဲ။ ဘယ်လိုလုပ်မှာလဲ။ သူများပြောတဲ့အတိုင်းမလုပ်ဘူး။ ရှေးရိုးအတိုင်း မလိုက်ဘူးဆိုတာ အောင်မြင်မှု ကို ရသွားတယ်။ ဒါပေမယ့် ကျမရဲ့အိပ်မက်ကိုလည်း ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ ကျမက လှလည်း လှချင်တယ်။ တော်လည်း တော်ချင်တဲ့အတွက်ကြောင့် Restaurant ဆိုလည်း သူများနဲ့ မတူအောင် ဟင်းချက်ခြင်းအနုပညာပေါ့။ လှလည်းလှချင်တယ်။ ပညာသား လည်း ပါချင်တယ်။ စားတဲ့ဟာကို လှအောင် ဘယ်လိုပြင်မလဲ။ သူများနဲ့မတူအောင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို လေ့လာ တီထွင်တဲ့အတွက် အောင်မြင်တယ်လို့ ထင်တယ်။
မေး ။ ။ MasterChef မှာ ဒိုင်လုပ်တဲ့အပေါ် ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာများ ရှိလား။
ဖြေ ။ ။ MasterChef မှာဆို တကယ်တမ်း ပြောရရင် ကျမကို တသက်လုံးဘာလုပ်လုပ် သည်းခံ ခွင့်လွှတ် ပြီးတော့ ထောက်ခံပေးနေတဲ့ ကျမ အဖေကတောင် သမီး အဲဒီလောက်ကြီးမပြောနဲ့၊ ဒါရိုက်တာ ပြောခိုင်းတဲ့ မပြောနဲ့လို့ ပြောတယ်။ ကိုယ်ကလည်း ပြန်ပြောနေကြဆိုတော့ ဒါရိုက်တာက ပြောခိုင်းတာ မဟုတ်ဘူး။ ကျမကိုယ်တိုင်က လုပ်တာပေါ့။ MasterChef မှာ ဒိုင်လုပ်ဖို့ ခေါ်တဲ့အချိန်မှာ သူတို့ပေးဖို့ မပြောနဲ့ ကိုယ့်စရိတ် ကိုယ်စိုက်ပြီးတောင် လုပ်ချင်တာ။ ကျမရဲ့သဘောက ဒါကိုယုံကြည်ချက်ရှိလို့ ဖြစ်တယ်။ တခါတလေကျရင် မကောင်းဘူး။ လိုသေးတယ်လို့ ပြောလို့ ဘာမှ မသိဘူး။ ဘယ်နားမှာ မှားနေတယ်လို့ ထောက်ပြလိုက်တဲ့ အချိန်မှာ တခါထဲနဲ့ ထိပ်ဆုံး ကို တက်သွားတာတွေ အများကြီးရှိတယ်။ အဲဒီအတွေ့အကြုံကို ကျမက ဝေမ ျှချင်တယ်။ အဲဒီလိုလုပ်ပေးရတာ ကို ကျမကြိုက်လု့ိပါ။
ယုံကြည်တဲ့ဟာကို လုပ်တယ်။ ဒါပေမယ့် အရေးကြီးတာက ကိုယ်ယုံကြည်ရာကိုလုပ်ရင် ဖြစ်လာမယ့်ဟာကို ခံနိုင်ရည်ရှိဖို့ လိုတယ်။ နောင်တ မရနဲ့။ မှားတယ်ဆိုရင် ပြင်လို့ရတယ်။ နှစ် ၃၀ အထိ အလုပ်မလုပ်ဘူး။ ငါအလုပ်လုပ်ဖို့ လိုပြီဆိုတဲ့ အချိန်မှာ ထလုပ်လိုက်တယ်။ ကျမက နောင်တမရဘူး။ နောက်လှည့် မကြည့်ဘူး။ အခုလည်း ကိုယ်ယုံကြည်ရာကို ဆက်လျှောက်နေတယ်။
မေး ။ ။ ၂၀၁၈ ခုနစ်ပိုင်းမှာ အမျိုးသမီးတွေဦးဆောင်တဲ့ လုပ်ငန်းရှင်တွေ ပိုများလာတယ်လို့ ဆိုနိုင်မလား။
ဖြေ ။ ။ အမျိုးသမီးတွေ များလာတယ်ဆိုတာထက် အရှေ့ကို ထွက်လာတယ်။ နဂိုကလည်း ရှိမှာပါ။ မတွေ့တာလည်း ဖြစ်မယ်။ ဒီမှာက ယဉ်ကျေးမှုအရရော အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသားက ရှေ့ကနေပြီး လိုအပ်တာ ပံ့ပိုးတယ်ဆိုတဲ့ဟာမျိုးရှိတယ်။ အခုတော့ အမျိုးသမီးတွေ ကိုယ်တိုင်ရှေ့ကိုထွက်ပြီး သူတို့လုပ်ကိုင်နေတာတွေ ကို သူတို့ကိုယ်တိုင်ချပြလာရဲတဲ့အထိ သိရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်လို့ မြင်ပါတယ်။ အဲဒါအရမ်းလည်း ကောင်းပါတယ်။ အမျိုးသမီးတွေ ရှေ့ထွက်လာတယ်ဆိုတာ မျိုးဆက်သစ်တွေ မွေးထုတ် ပေးနိုင်တဲ့ မိခင်က အရေးကြီးတယ်။ ယောကျာၤးလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒီတိုင်းပြည်ရဲ့ မျိုးဆက် သစ်က အမျိုးသမီးတွေရဲ့လက်ထဲမှာပဲ ရှိတယ်ဆိုတော့ အမျိုးသမီးတွေ၊ ရှေ့တန်းထွက်လာတာ တော်လာတာ ထက်မြက်လာတာ တိုင်းပြည်တိုးတက်ဖို့ပဲလို့ မြင်ပါတယ်။
မေး ။ ။ စီးပွားရေးမှာ အမျိုးသားနဲ့ အမျိုးသမီးဘယ်သူက ဦးဆောင်သင့်သလဲ။
ဖြေ ။ ။ နှစ်ယောက်လုံး ဦးဆောင်တာကောင်းပါတယ်။ နဂိုကတည်းကလည်း မောင်တထမ်း၊ မယ်တရွက် ဆို တော့ ထမ်းတဲ့သူက ရှေ့မှာ နေရာယူရတယ်။ အခုကတော့ ရွက်တဲ့သူ ရှေ့ရောက်လာတာလည်း ဖြစ်နိင်ပါ တယ်။ ဒါမှ မဟုတ်လည်း တလမ်းထဲ သွားမယ့်အစား အရောင်းအဝယ်မှာဆိုရင် ၂ နေရာခွဲရောင်းတယ်ထားဦး။ ပိုပြီး ထိရောက်အောင် အမျိုးသားတွေနဲ့ တန်းတူညီတူညီမျှ တာဝန်ယူတတ်တဲ့ စိတ်ဖြစ်လာတယ်။ ပြီးရင် ကိုယ်က ဒီကလေးတွေပဲ ကြည့်ရုံလောက်ပဲ မဟုတ်ဘဲနဲ့ ဒီထက်ပိုပြီးတော့ တန်ဖိုးရှိတဲ့ မိန်းမတယောက် ဖြစ်တယ်လို့ ခံယူလာကြ တာလည်း ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ ပညာတတ်လာတာကလည်း အမျိုးသမီး တွေကို ရှေ့ကိုထွက်လာအောင် လူတော သူတော ဝင်ဖြစ်အောင်လုပ် ပေးတယ်လို့ ထင်ပါတယ်။ တိုင်းပြည် တခု တိုးတက်တဲ့ လက္ခဏာလို့ ကျမ မြင်ပါတယ်။
မေး ။ ။ အမျိုးသမီးစီးပွားရေးလုပ်တာက ပိုအောင်မြင်နိုင်တယ်လု့ိ ထင်သလား။
ဖြေ ။ ။ စီးပွားရေးလုပ်တဲ့အခါမှာလည်း ကျမကတော့ women rights မဟုတ်ပဲ human rights လို့ ထင်တယ်။ လူတယောက်ရဲ့ အခွင့်အလမ်းနဲ့ လူတယောက်ရဲ့အရည်အချင်းမှာပဲ မူတည်ပါတယ်။ ဘာစီးပွားရေးမဆို သူရဲ့ခံယူမှု၊ သူရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး အမျိုးသား၊ အမျိုးသမီးရယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ် ကျွမ်းကျင်ရင် အမျိုးသမီးကလည်း ပိုကောင်းနိုင်ပါတယ်။ အမျိုးသားကလည်း ပိုကောင်းနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးက အမျိုးသားလောက် မလုပ်နိုင်ဘူးလို့တော့ အမကတော့ မခံယူထားဘူး။ အဲဒီလိုပဲ အမျိုးသားတွေ ကလည်း အမျိုးသမီးတွေကို မမီဘူးလို့လည်း ကျမ မတွေးထားဘူး။ ဒါသူရဲ့အုပ်ချုပ်ပုံ အုပ်ချုပ်နည်းနဲ့ ဆိုင်ပါ တယ်။ ကိုယ်ဘာလုပ်နေလဲလု့ိ သိရင် အတူတူပါပဲ။
မေး ။ ။ စီးပွားရေးလုပ်ငန်းမှာ အမျိုးသားဦးဆောင်တာနဲ့ အမျိုးသမီးဦးဆောင် ကွာခြားမှု ဘယ်လိုရှိလဲ။
ဖြေ ။ ။ စီးပွားရေးလုပ်တာ အမျိုးသား၊ အမျိုးသမီး ကွာခြားတယ်လို့ မထင်ပါဘူး။ စီးပွားရေးဆိုတဲ့ နေရာ မှာလည်း ဘာစီးပွားရေးလုပ်မှာလဲဆိုတာလဲ ရှိသေးတယ်။ အမျိုးသား၊ အမျိုးသမီးထက် လူတယောက်မှာ ကိုယ်ရဲ့ကျွမ်းကျင်ရာ လိမ္မာဆိုသလို ကိုယ်လုပ်တဲ့လုပ်ငန်းတွေ အပေါ်မှာလည်း မူတယ်။ စီးပွားရေးမှ မဟုတ် ဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ် ကျမကတော့ ယောကျာၤး၊ မိန်းမကွာခြားတယ် မထင်ဘူး။ ကိုယ်ဘာလုပ်ချင်တယ်။ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတဲ့ သိနိုင်တဲ့အသိဉာဏ်သာတဲ့ လူက ပိုကျွမ်းကျင်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ၂၀၁၈ ခုနစ်ပိုင်းမှာ အမျိုးသမီးတွေဦးဆောင်တဲ့ လုပ်ငန်းရှင်တွေ ပိုများလာတယ်လို့ ဆိုနိုင်မလား။
ဖြေ ။ ။ အမျိုးသမီးတွေ ရှေ့ထွက်ပြီး ဦးဆောင်လာတာတော့ နောက်ပိုင်း သတိထားမိလာတယ်။ ဒါပေမယ့် တန်းတူညီမျှစွာ အမျိုးသားတွေလည်း များလာနိုင်ပါတယ်။ အမျိုးသမီးတွေ များလာတာကတော့ သေချာတယ်။
မေး ။ ။ စီးပွားရေးမှာ အမျိုးသမီးတယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်တဲ့အခါတွေ့ရတဲ့ စိန်ခေါ်မှုရှိရင် ပြောပြပေးပါ။
ဖြေ ။ ။ ကျမကတော့ သူများနဲ့ မတူဘူး။ ကျမအလုပ်လုပ်ဖို့ မလိုဘူးလို့ ကျမရဲ့အမျိုးသားက သတ်မှတ်ထား တယ်။ အဲဒီလို မလိုပဲနဲ့ လုပ်တဲ့အခါကျတော့ အိမ်မှာ ပျော်ရွင်တာတွေ မရှိတော့ဘူး။ ဘာလို့ဆို ကိုယ်က အလုပ် သွားလုပ်တယ်ဆိုပေမယ့် အလုပ်လုပ်တာကို ကြိုဆိုတာ မခံရတဲ့အပြင် အပြစ်လိုမျိုး ခံစားရတယ်။ အဲဒီလိုမျိုး တုန့်ပြန်တာ ခံရတယ်။ ကျမကတော့ အဲဒီလို မခံစားရပါဘူး။ အဲဒီလိုမျိုးဖြစ်လေ ကျမက မမှားဘူးလို့ ထင်တယ်။ ကျမ လုပ်ချင်လို့ လုပ်သင့်လို့ ကျမခံယူချက်နဲ့ ကျမလုပ်တယ်ဆိုတာတော့ လုပ်နေတဲ့ အလုပ်မှာ လည်း ပိုပြီးတော့ တတ်နိုင်သမျှ အောင်မြင်အောင် ကြိုးစားရတယ်။ ကိုယ်က အချိန်သွားဖြုန်းတာ၊ အပြင်ထွက် ချင်လို့ မဟုတ်ဘူး။ ကျမက ပိုက်ဆံလိုလို့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ့် ယုံကြည်ချက် ရနိုင်တယ်ထင်လို့ ကျမ အလုပ်ထွက်လုပ်တာပါ။
မေး ။ ။ အမျိုးသမီးတယောက် စီးပွားရေး လုပ်တာက အိမ်ထောင်ရေးပျော်ရွင်မှုရနိုင်တယ်လို့ ဆိုနိုင် မလား။
ဖြေ ။ ။ ကျမ စပြီး အလုပ်လုပ်တဲ့အချိန်မှာတော့ အိမ်မှာလိုအပ်လို့ဖြစ်ဖြစ်၊ သူ့က ကိုယ့်အကူအညီ လိုအပ်လို့ ရင်ပဲဖြစ်ဖြစ် ထွက်လုပ်ရင်တော့ ချက်ခြင်းလက်ငင်း ပျော်ရွင်မှုရနိုင်တယ်။ ကျမကတော့ မလိုအပ်ဘူးလို့ ထင်တဲ့ ကြားထဲက ကျမက လိုအပ်တယ် ထင်ပြီး ထွက်လုပ်တဲ့အတွက် အစမှာတော့ သိပ်တော့ ပျော်ရွင်မှု မရခဲ့ဘူး။ ကိုယ်က အလုပ်ထွက်လုပ်တဲ့အခါ ကလေးတွေကို အိမ်မှာ ထားခဲ့ရတော့ စိတ်မချဖြစ်ရတယ်။ နောက် အိမ်ကို ပြန်ရောက်ရင် သူတို့က အိမ်ဝမှာ စောင့်နေကြတယ်။ ဥပမာ ကလေးက ငိုနေတယ်ဆိုရင် ကိုယ့်က အလုပ် လုပ်ပြီး ပြန်လာတယ် ဆိုပေမယ့် ကိုယ်ကလျှောက်လည်ပြီး ပြန်လာတဲ့ ပုံစံမျိုးလိုဖြစ်နေတယ်။ ယောကျာၤးက လည်း မကြည် မလင်နဲ့ မျက်နှာမကောင်းဘူး။
ဒါပေမယ့် ရေရှည်မှာ ဘာဖြစ်လာလဲဆိုရင် တန်ဖိုးတခုရှိလာတယ်။ အဲဒီလို အလုပ်လုပ်တဲ့အခါ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်နိုင်တယ်။ ပိုက်ဆံရှိရှိ၊ မရှိရှိ ကျမ သတ္တိရှိသွားပြီဖြစ်တဲ့ အတွက် ကျမမှာ တန်းတူ ပြောဆိုနိုင်ခွင့်ရှိတယ်။ အိမ်မှာဆို ကျမရဲ့သမီးတွေက အမေကို အိမ်မှာ အဝတ်လည်းပေးတဲ့ ရေချိုးပေးတဲ့သူ တယောက် ဆိုတာထက် ပိုမြင်လာတယ်။ အမေကို အားကိုးလာတယ်။ ကိုယ့်ကို အားကိုးလာတာတွေ ရှိလာတဲ့အတွက် နောက်ပိုင်းမှာတော့ မိသားစုမှာ အထူးသဖြင့် ကျမသမီးတွေနဲ့ ကျမရဲ့ ဆက်ဆံရေးက အရမ်းကို တန်ဖိုး ရှိလာတယ်။ ကျမအမျိုးသားကလည်း ကျမရဲ့ဆန္ဒကို ထည့်တွက်လို့မရဘူး ဆိုတာ လက်ခံလာတယ်။ သူက ကျမကို ထားရာနေ၊ စေရာသွားလုပ်လို့မရတဲ့အတွက် သူ့အနေနဲ့လည်း မျှမျှတတ အပေးအယူလုပ်လာရတယ်။ အဲဒီလိုမျိုး ဆိုတော့ အားလုံးပျော်ရွှင်လာရတယ်။ မိသားစုအားလုံးက လွတ်လပ် ပေါ့ပါးပြီး ပျော်စရာကောင်းလာတယ်လို့ ထင်တယ်။
မေး ။ ။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့၊ ကြိုးစားနေကြတဲ့ အမျိုးသမီးတွေနဲ့ဆွေးနွေးပွဲမျိုးလုပ်တာက စီးပွားရေးမှာ ဦးဆောင်တဲ့ အမျိုးသမီးတွေအတွက် ဘယ်လို အကျိုးရှိနိုင်ပါသလဲ။
ဖြေ ။ ။ ဒီလိုပွဲမျိုးလုပ်တာက အရမ်းအကျိုးရှိပါတယ်။ အခုခေတ်ကလေးတွေ အရမ်းလည်း ကံကောင်းပါတယ်။ ဘာလို့လည်းဆို သင်ယူလေ့လာစရာတွေက မကုန်နိုင်ဘူး။ တယောက်နဲ့ တယောက် ပြဿနာတွေလည်း မတူနိုင်ဘူး ဆိုတော့ ဘယ်လိုဖြေရှင်းသွားလဲဆိုတာ ကိုယ်မသိသေးတာတွေ ရှိသေးတယ်။ ကိုယ်ရင်ဆိုင်ရ မယ့်ဟာတွေ လည်း ရှိတဲ့အခါမှာ တယောက်နဲ့ တယောက်က သိကျွမ်းနေကြရင် အခက်အခဲတွေ ဖြေရှင်း နိုင်မယ်။ နောက်ပြီး တယောက်အခက်အခဲကို တယောက်သိဖို့ဆိုတာ အမျိုးသမီးချင်းက ပိုနားလည်နိုင်တယ်။
တခါတလေကိုယ်က ပြဿနာတခုကြုံလာရင် အဖြေရှာမရပဲဖြစ်နေတာတွေ ရှိတတ်တယ်။ အဲဒီအခါကျတော့ ဒီလိုအမျိုးသမီးတွေ တယောက်နဲ့ တယောက် social network တွေရှိတဲ့အခါကျတော့ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တွေဖြစ်ဖြစ်ပေါ့။ အဲဒီမှာ သူများတွေကတော့ အဲဒီလိုတွေဖြစ်နေတာတေ ွရှိကောင်းရှိနိုင်မယ်။ အဲဒီအခါကျတော့ တယောက်နဲ့ တယောက် အကူအညီတွေ အကြံဉာဏ်တွေ ပေးနိုင်တယ်။ အဲဒါကြောင့် မျှဝေခြင်းဆိုတာက အရမ်းကို အကျိုးရှိတယ်လို့ ကျမက မြင်ပါတယ်။