• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုမှာ ပိုမိုပါဝင်သင့်တယ်

by မိုးမိုး
30 January 2019
in Women & Gender
A A
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ

9.4k
VIEWS
Share on FacebookShare on Twitter

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
942
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.6k
ကြံ့ခိုင်ရေး ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍများတွင် အမျိုးသမီးများ တက်ကြွစွာဆောင်ရွက် နေသလို အမျိုးသမီးများ ပိုမို ဝင်ရောက်လာနိုင်ရန် အတွက်လည်း ရည်ရွယ်ချက် တရပ် အနေဖြင့် ပြီးခဲ့သည့် အမျိုးသမီး ညီလာခံမှ မူဝါ ဒများချမှတ်ခဲ့သည်။ သို့ဖြစ်ရာ ရှေ့ဆက် နိုင်ငံရေးမူဝါဒ၊ ပါတီသဘောထား၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များ စသည့်အခြေအနေများအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ ကို ဧရာဝတီ နေပြည်တော် သတင်းထောက် မိုးမိုးက ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး ။ ။ ပါတီနိုင်ငံရေးလုပ်လာတဲ့ ကာလအတွင်းမှာ စိန်ခေါ်မှုတွေက ဘာတွေရှိခဲ့ပါသလဲရှင့်။
ဖြေ ။ ။ အမျိုးသမီးတယောက်ဖြစ်တာကြောင့် ထူးခြားတဲ့စိန်ခေါ်မှုမရှိပါဘူး။ ပါတီနိုင်ငံရေးဆောင်ရွက်ကြတဲ့သူတွေအားလုံးမှာ ကြုံတွေ့ရတဲ့ ဆန့်ကျင်ဘက်အမြင်မတူသူတွေနဲ့ ဆန့်ကျင်ဘက်ပါတီတွေရဲ့ တိုက်ခိုက်မှုတွေကတော့ရှိပါတယ်။ ဒါကလည်း နိုင်ငံရေး သမားတွေ ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေပါပဲ။ ဒီနိုင်ငံရဲ့နိုင်ငံရေး သဘော သဘာဝအရတော့ မူကိုတိုက်ခိုက်ခြင်းထက် လူကို တိုက်ခိုက်တဲ့ အလေ့အထက ပိုများတာတွေ့ရပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို စိတ်ရှည် သည်းခံနိုင်ဖို့အတွက် စိန်ခေါ်မှုကိုတော့ ကျော်လွှားနိုင်ပါတယ်။
မေး ။ ။ အစ်မတို့ပါတီအတွင်းမှာ အမျိုးသားတွေနဲ့ အလုပ်အတူတွဲလုပ်ရတဲ့ အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျမတို့ပြည်ခိုင်ဖြိုးပါတီမှာ gender discrimination မရှိတဲ့အတွက် အမျိုးသား နဲ့ အမျိုးသမီးတွေ ပါတီလုပ်ငန်းဆောင်ရွက် ကြတဲ့အခါ တစ်သားတည်းပါပဲ။ အခက်အခဲမရှိပါဘူး။
မေး ။ ။  ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်လှုပ်ရှားမှု တွေက နည်းပါးနေသေးတာဆိုတော့ နိုင်ငံရေးကဏ္ဍမှာရော ခွဲခြားဆက် ဆံခံရတဲ့ အခြေနေတွေရှိလား။ အစ်မ အမြင်ကို ပြောပြပေးပါဦး။
ဖြေ ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေကို တာဝန်ပေး၊ နေရာပေးတာတွေအများကြီးရှိပါတယ်။USDP သည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသော အမျိုးသမီးနှင့်သက်ဆိုင်သည့် အချက်များကို အပြည့်အဝပေးထားပါတယ်။ ဥပမာ ပထမ အကြိမ် အစိုးရသက်တမ်းမှာ ပြည်ထောင်စုဝန်ကြီး တာဝန်ပေးအပ်ခဲ့တဲ့ လူကယ်ပြန် ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုဝန်ကြီး ဒေါ်စုစုလှိုင်၊ အလုပ်သမား ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ကို တာဝန်ပေးအပ်ခဲ့တာကို လက်တွေ့ ပြသနိုင်သလို လက်ရှိပါတီ တာဝန်ပေး မှုတွင် ဗဟိုအတွင်းရေးမှုးနှင့် CC များ ၊ ဗဟိုပြောရေးဆိုခွင့်ရှိသူများအပါအဝင် ဗဟိုမှအစ အဆင့်ဆင့်သော ပါတီတာဝန်များမှာ အမျိုး သမီးများကို တာဝန်ပေးခဲ့ပါတယ်။ အခြားသော နေရာပေး၊တာဝန်ပေးမှုတွေလည်း အမျိုးသမီးများရဲ့စွမ်းဆောင်ရည် အလိုက်ရှိပါတယ်။
တကယ့် မြေပြင်မှာ ပါတီလှုပ်ရှားမှု၊ တက်ကြွစွာဆောင်ရွက်နေတာဟာ အမျိုးသမီးတွေပိုများပါတယ်။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွေမှာ ထုထည်ကြီးမားတဲ့ အမျိုးသမီးထုတွေပါဝင်နိုင်ဖို့ ပါတီဝင်အမျိုးသမီးထုက တဆင့် ဝန်းရံအမျိုးသမီးအင်အားတိုးပွားရေး၊ အမျိုး သမီးပါတီဝင် တိုးပွားရေး ဆိုတာကိုရည်ရွယ်ချက်တခုအနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၁၊ ၁၂ရက်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ညီလာခံ မှာမူ ချမှတ်ခဲ့ပါတယ်။
မေး ။ ။ ဘယ်လိုမူတွေ ချမှတ်ခဲ့တာပါလဲ။
ဖြေ ။ ။ ၂၀၁၈ ခုနှစ် ညီလာခံအပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ခဲ့ပါတယ်။ ကျစ်လျစ်ခိုင်မာ ညီညွတ်သော အမျိုးသမီးအင်အားကို ထိရောက်စွာ တာဝန်ခွဲဝေ၍ စိတ်ရှည်ပြည့်ဝပြီး အင်အားတောင့်တင်းသည့် ပါတီအဖြစ် တည်ဆောက်ရေး၊ နိုင်ငံတဝှမ်းလုံးရှိ အမျိုးသမီးထုနှင့်ကျယ်ပြန့်စွာ တိုးချဲ့ပူးပေါင်းဆောင်ရွက်ရေး။ အနာဂတ် နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်ယူမည့် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ရေး။ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသမီးထုမှ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးတို့ကို ချမှတ်ခဲ့ပါတယ်။
အမျိုးသမီးညီလာခံ ၂၀၁၈ မှချမှတ်ထားသော ရည်ရွယ်ချက် ၃ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုတဲ့ အချက်တွေပါပဲ။ အမျိုးသမီးညီလာခံ ၂၀၁၈ ကျင်းပရခြင်းရည်ရွယ်ချက် ၃ ရပ်ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေက ပါတီ၏ဦးဆောင်မှု အခန်းကဏ္ဍ မြင့် မားရေး နှင့် ပါတီ၏ရည်မှန်းချက်၊ ယုံကြည်ချက်၊ သန္နိဋ္ဌာန် မူဝါဒလုပ်ငန်းစဉ်များနှင့် သဘောထားတို့ကို အမျိုးသမီး ပါတီဝင် များမှ တဆင့်မြန်မာအမျိုးသမီးထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ အမျိုးသမီးများ ဘဝလုံခြုံရေးနှင့်လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကာကွယ်မြှင့်တင်ပေးရန် နှင့် အမျိုးသမီးရေးရာ ကော်မတီ၏ ကဏ္ဍအလိုက် လှုပ်ရှားဆောင်ရွက်မှုများကို လက်တွေ့ အကောင် အထည် ဖော်ခြင်းဖြင့် အမျိုးသမီးပါတီဝင် အသစ်များစုဆောင်းခြင်း၊ ဝန်းရံအင်အားတိုးပွား လာစေရန်ဆောင်ရွက်ခြင်း၊ အမျိုးသမီးထု အင်အား ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ရန်တို့နှင့် အညီကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
မေး ။ ။ USDP ပါတီအတွင်းမှာရော ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အခါ ကျား မ အချိုးကို ဘယ်လိုမူဝါဒတွေ နဲ့ ရွေးချယ်သလဲ။
ဖြေ ။ ။ ပါတီမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ကို ကျား မ အချိုးသတ်မှတ်ထားခြင်းမရှိပါ။ ဒေသအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်ပြီး ဒေသခံပြည်သူနဲ့ ဒေသခံပါတီကလူတွေက ကျေနပ်လက်ခံတဲ့ မည်သူ့ကိုမဆို ကိုယ်စားလှယ် လောင်း အဖြစ် အရွေးခံစေမှာပါ။ ကျမလုပ်ကိုင်ခွင့်ရရှိတဲ့ အနေအထားမှာ အမျိုးသားများနဲ့ တန်းတူ လုပ်နိုင်ပါတယ်လို့ တိတိကျကျ အဖြေပေးပါတယ်။
မေး ။ ။ အမျိုးသမီးတဦးအနေနဲ့ ပါတီအလုပ်ရော မိသားစုကိုရော ဘယ်လိုအချိန်သတ်မှတ်ပြီး အောင်မြင်အောင် လုပ်ကိုင်နေလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ ။ ။ အမျိုးသမီးဆိုတာထက် အိမ်ထောင်ရှင်အမျိုးသမီးတွေ အတွက်တော့ စိန်ခေါ်မှု ကြီးပါတယ်။ အစ်မဆို အိမ်ထောင်ရှင် မိခင်တယောက်ဖြစ်ပေမယ့် ပါတီလုပ်ငန်းတွေဆောင်ရွက်ရတဲ့အခါ မိသားစုအရေးကို လျစ်လျူရှုရတာတွေရှိပါတယ်။ စီးပွားရေးတွေကို လျစ်လျူရှုရတာရှိပါတယ်။ ပါတီမှာကြီးလေးတဲ့ တာဝန်ပေးခြင်း ခံရလေ မိသားစုအတွက် စွန့်လွှတ်ရမှု များလေပါပဲ။ ပါတီရဲ့မူဝါဒအရ လည်း မိမိအရေးနဲ့ ပါတီအရေးယှဉ်လာရင် ပါတီအရေးကို ဦးစားပေးရမည်။ ပါတီအရေးနဲ့နိုင်ငံ့အရေး ယှဉ်လာရင်လည်း နိုင်ငံ့အရေးကို ဦးစားပေးရမယ်လို့ ဆိုတာကြောင့် ယှဉ်ပြီးလုပ်ရတဲ့အခါတွေမှာ ကိုယ်ရေးကိုယ်တာကိစ္စဆိုတာကတော့ အမြဲ အောက်ဆုံးမှာ ချနင်းထား ရတာပါပဲ။ ပုံမှန်လည်ပတ်ရတဲ့နေ့တွေမှာတော့ မိသားစုကို အပြည့်အဝ အချိန်ပေးရတာပေါ့။ တော်ရုံ ပါတီချစ်စိတ်နဲ့ ဆိုရင်တောင် ဒီလိုပါတီအလုပ်တေ ွလုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။  ပါတီတွင်းလုပ်ငန်းဆောင်ရွက်တဲ့အခါ အမျိုးသမီးဖြစ်ခြင်းကြောင့် အခွင့်အရေး ဆုံးရှုံးရတာမျိုး၊ အခွင့်အရေးပိုရနေတာမျိုး ဒါမျိုးတွေမရှိတဲ့အတွက် အမျိုးသားပါတီဝင် အမျိုးသမီးပါတီဝင်နှိုင်းယှဉ်ပြီး အားနည်းချက် အားသာချက်ထုတ်စရာ ကိစ္စ မရှိပါဘူး။
 မေး။ ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါ။
ဖြေ ။ ။ ဖြည့်စွက်ပြောချင်တာက မြန်မာနိုင်ငံရဲ့လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးထုဖြစ်ပါတယ်။ အဲဒီလို ထုထည်ကြီးမားတဲ့ အမျိုးသမီးထုကြီးဟာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ဒီထက်ပိုမိုပါဝင်သင့်ပါတယ်။ ဒါမှ နိုင်ငံမှာ လူ့စွမ်းအား အရင်းအမြစ် တွေမဆုံးရှုံးမှာဖြစ်ပါတယ်။ USDP အနေနဲ့လည်း အမျိုးသမီးပါတီဝင် အင်အားတိုးပွားစေဖို့နဲ့ နိုင်ငံရေးမှာပါဝင်နိုင်စေဖို့ကို လေ့ကျင့်ပျိုးထောင်ပေးမှုတွေ လက်ရှိမှာ ဆောင်ရွက်နေပါတယ်။ ကျမတို့နိုင်ငံရဲ့ ပြည်သူတွေ နိုင်ငံရေးရေချိန်မြင့်ပြီး နိုင်ငံကို ဦးဆောင်ဖွဲ့စည်းနိုင်တဲ့အစိုးရတရပ်ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ဆိုတာ လူဦးရေ ရာခိုင်နှုန်းများတဲ့ အမျိုးသမီးတွေ နိုင်ငံရေး အသိဉာဏ်ရင့်သန်စေဖို့ ပိုမိုလိုအပ်နေတာတွေ့ရပါတယ်။ လူမှုဘဝရဲ့အခြေခံလိုအပ်ချက်တွေဟာ နိုင်ငံရေးပဲမို့ အခြေခံကျတဲ့ စားဝတ်နေရေးတွေကို နေ့စဉ်ထိတွေ့ ကိုင်တွယ်ဖြေရှင်း နေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ထဲမှာရှိမနေသင့်တော့ပဲ နိုင်ငံရေးအတွက် တထောင့်တနေရာ ကိုယ်နိုင်တဲ့ဘက်က ပါဝင်လာသင့်တယ်လို့ ပြောချင်ပါတယ်။
Your Thoughts …
Tags: USDPမူဝါဒအမျိုးသမီးအခွင့်အရေး
မိုးမိုး

မိုးမိုး

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post
ဆေးစွဲသူကို ထောင်ချလိုက်ရုံနဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းကို ဦးတည်စေတဲ့ စွဲလန်းခြင်းရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်း မရှိပါ  / Reuters

အမေအိုတယောက်ရဲ့ မေတ္တာ

သဘောတူပါသလားခင်ဗျား

သဘောတူပါသလားခင်ဗျား

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate