• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ထိမ်းမြားခွင့်ကိစ္စ ကလေးသူငယ်ဥပဒေကြမ်းမှပယ်ဖျက်ရန် တပ်ကိုယ်စားလှယ်ကန့်ကွက်

by မိုးမိုး
1 February 2019
in Women & Gender
A A
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော်

16k
VIEWS
Share on FacebookShare on Twitter

ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းတွင် အသက် ၁၈ နှစ် ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်မြောက်သည် ဆိုသည့် အချက်ကို ပယ်ဖျက်သင့်သည်ဟု ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် တဦးက ကန့်ကွက်ခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး ကျော်စိုးဦး က “ လက်ထပ်ထိမ်းမြားခြင်း ကိစ္စသည် အရွယ်ရောက်ပြီးသူများရဲ့ ကိစ္စဖြစ်တာနဲ့ အညီ လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲ ဥပဒေများကိုလည်း ပြဌာန်းထားပြီး ဖြစ်တာကြောင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်း၏ အခန်း ( ၇) လက်ထပ် ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၃ ကို ပယ်ဖျက်လို ကြောင်းလေးလေး နက်နက် ဆွေးနွေးလိုပါတယ်” ဟု လွှတ်တော်အတွင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

RelatedPosts

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
1
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
614
စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

13 June 2025
7

ယခုဆွေးနွေးသည့် ဥပဒေကြမ်းသည် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ဖြစ်သည့် အတွက် ကလေးသူငယ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ ကျန်းမာရေး အစရှိသည့် ကလေးသူငယ် အခွင့်အရေးများနှင့်သက်ဆိုင်ရာ ကိစ္စရပ်များကိုသာ ရေး ဆွဲပြဌာန်းသင့်ကြောင်းလည်း ဗိုလ်မှူး ကျော်စိုးဦးက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း “ ကလေးကို ကလေးလို့ပဲ မြင်စေချင်တာ။ လက်ထပ်နိုင်သည့် အသက် သည် ၁၈ နှစ် ဖြစ်ရမယ်ဆိုရင် လုံလောက်ပါတယ်။ ဒါကို ပြည့်သူ့လွှတ်တော်က ၁၈ ပြည့်ရမည်ဆိုတာကို ဖြုတ်ချလိုက်တာ။ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ၁၈ နှစ်ကို ပြန်ထည့်ပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်” ဟုပြောသည်။

၎င်းက ဆက်လက်၍ “ဘာလို့ထည့်ချင်လည်း ဆိုတော့ မျိုးဆက်က ပိုကောင်းလာတဲ့ မျိုးဆက်မဟုတ်ဘူး။ ဘာမှ မပြည့်ဝသေးတဲ့ ကလေးကနေပြီးတော့ သူ့ထက်ငယ်တဲ့ ကလေးကို ထပ်မွေးတယ်။ တော်တော်ကြီးတဲ့ ပြဿနာလို့ မြင်တယ်။ ဘာပဲ ဖြစ်ဖြစ် ကလေး တိုင်းက ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေး ရှိရမယ်။ ဒီလို ပုဒ်မသာ တရားဝင် ထည့်ထားလိုက်မယ်ဆိုရင် အဟန့် အတား တခုဖြစ်လို့ လိုအပ်တယ်လို့ မြင်တာပါ” ဟုပြောသည်။

မူလဥပဒေကြမ်းအပိုဒ် ၂၃ တွင် ‘အမျိုးသားနှင့်အမျိုးသမီး တို့၏ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏သက်ဆိုင်ရာတည် ဆဲဥပဒေနှင့် ဓလေ့ထုံး တမ်းဥပဒေများတွင် သတ်မှတ် ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်းစာချုပ် ချုပ်ဆို၍ ထိမ်းမြား လက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြား လက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပါရှိသည်။

ယင်းအပေါ် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ က ‘အမျိုးသားနှင့် အမျိုးသမီးတို့ ၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက် သည် တည်ဆဲဥပဒေများ နှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် အသက်နှင့်စပ်လျဉ်းသည့်ပြဋ္ဌာန်း ချက်နှင့်အညီ ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ ဟု ပြောင်းလဲပြင်ဆင်ထားသည်။

ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်က အသက် ၁၈ နှစ်ဆိုသည့်အသုံးအနှုန်းကို ပယ်ဖျက်လိုက်သည့် အတွက် အရွယ်မရောက် သေးသော အမျိုးသမီးများ၏ အခွင့်အရေးကို နစ်နာဆုံးရှုံးစေနိုင်သည်ဆိုကာ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အပေါ် ဝေဖန်မှု များမြင့်တက်ခဲ့သည်။

မူလဥပဒေကြမ်းတွင် ပါရှိသည့် ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်ဆို သည့်အချက် ကို ပယ်ဖျက်ခဲ့ခြင်း သည် တည်ဆဲဥပဒေ၊ ဓလေ့ထုံး တမ်းဥပဒေများနှင့်မညီညွတ်ခြင်းကြောင့် ပယ်ဖျက်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြန်လည်ရှင်းလင်းထားသည်။

ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် က “ ဘယ်သူပဲ ဖြစ်ဖြစ် ၁၈ နှစ်ပြည့်မှ လက်ထပ်ရမယ်ဆိုတာ ပြည်သူအကုန်လုံးကို အသိပညာ ပေးချင်တယ်။ ဒါက အထူး ဥပဒေ ဖြစ်တဲ့ အတွက်ကြောင့် ကလေး သူအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလို ထည့်ကို ထည့်ရမယ်။ မထည့်ရင် ကလေး သူငယ် အထူး အခွင့် ရေး ကာကွယ်တဲ့ ဥပဒေ ဘယ်ဖြစ်တော့မလဲ” ဟု ဧရာဝတီသို့ပြောသည်။

တိုင်းရင်းသား ဒေသများတွင် အသက်မပြည့်ဘဲ လက်ထပ်နေကြသည့် ဖြစ်ရပ်အများဆုံး ဖြစ်နေသဖြင့် တိုင်းရင်းသား အရေး စဉ်း စားမည် ဆိုပါက ယင်းအချက်မှာ အရေးကြီး သည့် အချက်တချက် ဖြစ်ကြောင်း၊ တချို့ တိုင်းရင်းသားများတွင် မမွေးဖွားခင်တည်းက မည်သူနှင့် လက်ထပ်ပေးမည်ကို သတ်မှတ်ပြီးသားဖြစ်သဖြင့် တိုင်းရင်းသား အမျိုးသမီးများမှာ မြေပြန့်မှ သူများ၏ ရရှိနေသည့် အခွင့် အရေးကို လိုချင်မှု များရှိနေကြောင်း ဒေါ်ရွှေရွှေစိန်လတ်က သူက ကွင်းဆင်းလေ့လာမှုများ ကို ပြောသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့သည်။ ခေတ်မမီတော့သည့် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြစ်သည်။ ထိုဥပဒေကြမ်းသည် မြန်မာနိုင်ငံက ၁၉၉၁ တွင် လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီချက် (CRC) နှင့်အညီ ကလေးသူငယ်များ၏ အသက်အရွယ်ကို ၁၈ နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး ကလေးသူငယ်အခွင့်အရေးနှင့် စောင့်ရှောက်မှုများအတွက် ပိုမိုကောင်းမွန်သော အကာအကွယ်များပေးရန် ရေးဆွဲခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့ လာသည့် အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီ အစီရင်ခံစာဖတ်ကြားခဲ့ပြီး၊ ယင်း ဥပဒေကြမ်းကို ကိုယ်စားလှယ် ၂၇ ယောက် ဆွေးနွေးမည် ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ် ၁၇ ယောက် ဆွေးနွေး မည် ဖြစ်သည်ဟု သိရသည်။

ဆွေးနွေးမည့် ကိုယ်စားလှယ် ၂၇ ဦးရှိသည့် အနက် ၂၀ ကျော်ဆွေးနွေးခဲ့ရာတွင် ယင်းဥပဒေတွင်ကလေးသူငယ်ဆိုင်ရာ အခွင့် အရေးများ၊ ရပိုင်ခွင့်များ၊ ပြစ်မှု ၊ ပြစ်ဒဏ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ၊ ပုဒ်မ ၂၃ နှင့် ပတ်သတ် သည့် အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမှု ပြီးပါက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထား ကွဲလွဲသဖြင့် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

Your Thoughts …
Tags: ကန့်ကွက်ကလေးသူငယ်ဥပဒေကြမ်းထိမ်းမြားခွင့်ပယ်ဖျက်
မိုးမိုး

မိုးမိုး

...

Similar Picks:

သက်ငယ်မုဒိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော် / ဧရာဝတီ

ထိမ်းမြားခွင့်အသက် ၁၈ နှစ် ပယ်ဖျက်သင့်ရဲ့လား

by မေစစ်ပိုင်
13 February 2019
4.5k

လက်ထပ် ထိမ်းမြားခွင့် ပြုရာမှာ အသက်ကို ၁၈ နှစ်ပြည့် ဆိုတာ ထည့်သွင်းရေး၊ ပယ်ဖျက်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်မှာ သဘောထား ကွဲလွဲမှုတွေရှိသလို လူ့အခွင့်အရေးလှုပ်ရှားသူတွေကလည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း စစ်သားများ သယ်ဆောင်လာသော ရေယာဉ်တစီး ရခိုင်ပြည်နယ် ဘူးသီးတောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်စဉ် / AFP

လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်

by ဧရာဝတီ
27 April 2023
6.6k

အထူးဖွံ့ဖြိုးရေးအစီအစဉ်ကို စစ်ရေးနှင့် မသက်ဆိုင်သော ကိစ္စများတွင်သာ အသုံးပြုရမည်ဖြစ်သောကြောင့် နောက်နောင် ထိုသို့မဖြစ်ပွားစေရန် ဂျပန်က မြန်မာကိုတောင်းဆိုလိုက်သည်

စစ်ခေါင်းဆောင်များ။ ဝဲမှယာ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးနေဝင်း

ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်

by နိုင်ခေတ်
29 July 2021
34.2k

တနည်းအားဖြင့်ဆိုရပါက မြန်မာနိုင်ငံတွင် စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးဆိုသည့် အတွေးအခေါ်သည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော်

၁၈ နှစ်ပြည့် ထိမ်းမြားခွင့် ကလေးသူငယ်ဥပဒေလွှတ်တော်အတည်ပြု

by မိုးမိုး
8 June 2019
9.7k

ဆင်းရဲမွဲတေမှု၊ ပညာရေးချို့တဲ့မှုနှင့် ဆယ်ကျော်သက်အရွယ် ကျန်းမာရေး ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း များကြောင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားမှုများ လည်း ပိုမိုများပြားလာနိုင်

ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးရှေ့ တွင် ဆန္ဒထုတ်ဖော်နေကြသော ထိုင်းရောက် မြန်မာနိုင်ငံသားများ/CJ

စစ်ခေါင်းဆောင်မွေးနေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြခွင့် မရ

by ဧရာဝတီ
3 July 2023
12.4k

ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ် ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းက...

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ  / ကျော်ခ  / ဧရာဝတီ

စစ်ကောင်စီနှင့် အပစ်ရပ်သည့် TNLA ကို တအန်း အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

by ဧရာဝတီ
5 March 2021
33.7k

ကျနော်တို့က အာဏာရှင်စနစ်ကို မလိုလားဘူး။ မလိုလားတာကို သူတို့ကိုလည်း လူထုသဘောထား နဲ့တူညီတဲ့ ရပ်တည်ချက်ကို ဖြစ်စေချင်ပါတယ်

Next Post
တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အဆောက်အဦမှ ပြန်ထွက်ခွာစဉ် / Reuters

ဖွဲ့ စည်းပုံ ပြင်ရေး ကော်မတီဖွဲ့ ရေး အဆို တပ်မတော် ဝင်ဆွေးနွေးရန် မသေချာ

ယနေ့မနက် အင်စိန်ထောင်မှ လွတ်မြောက်လာသည့် ဦးမိုးရန်နိုင်  / အောင်ကျော်ထက် / ဧရာဝတီ

ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ပြင်ဖို့လိုကြောင်း ဦးမိုးရန်နိုင်ပြော

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate