Women & Gender

စာရင်းအင်း ကဏ္ဍတွင် အမျိုးသမီးများ အလုပ်လျှောက်ထားမှု ပိုများလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စာရင်းအင်း ကဏ္ဍတွင် အမျိုးသမီးများ၏အလုပ်လျှောက်ထားမှုသည် သိသိသာ သာ ဆက်လက် များပြားနေသည်ဟု JobNet.com.mm၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr Matt De Lucaက ဧရာဝတီသို့ ပြောကြားသည်။

၎င်းအချက်အလက်များသည် JobNet.com.mm နှင့် တွဲဖက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအခြေစိုက် ပြည် တွင်း၊ ပြည်ပထိပ်တန်း ကုမ္ပဏီများ၏ အချက်အလက်များနှင့် လစဉ်ဝင် ရောက်ကြည့်ရှုသူ တသန်းနီးပါး၏ အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

လုပ်ငန်းနယ်ပယ်အမျိုးအစားပေါင်း ၃၀ ကို စစ်ထုတ်ကြည့်လိုက်သည့်အခါ ဘဏ္ဍာရေးနှင့် စာရင်းအင်း နယ် ပယ်တွင် ထိပ်တန်းရာထူးမှ စ၍ အခြေခံရာထူးအထိ အဆင့်တိုင်းတွင် အမျိုးသမီးများအား အလုပ်လျှောက် ထားမှုနှင့် ခန့်အပ်ထားမှုတွင် အများဆုံးဖြစ်နေကြောင်းသိရသည်။

အမျိုးသမီးများကို အလုပ်လျှောက်ထားမှုနှင့် ခန့်အပ်ထားမှု ဒုတိယအများဆုံးသည် လူ့စွမ်းအား အရင်းအမြစ်၊ သင်တန်းရေးရာနှင့် ဝန်ထမ်းရှာဖွေ ခန့်ထားမှုအပိုင်း၊ ပညာရေး၊ သင်ကြားမှုအပိုင်းများတွင်လည်း အလားတူ မြင့်တက်နေသည်ဟု သိရသည်။

၎င်းအချက်များသည် JobNet.com.mm ကို အသုံးပြုပြီး အလုပ်လျှောက်ထားသူ ၁.၂ သန်းနီးပါးနှင့် ကုမ္ပဏီ ပေါင်း ၇၀၀ ကို လေ့လာထားခြင်းဖြစ်ကြောင်း သိရသည်။

“ အဲဒီကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပင်ကိုအရည်အသွေး၊ စွမ်းဆောင်မှု၊ အရည်အချင်းနဲ့ သဘောသဘာဝ တွေကြောင့် အလုပ်ရှင်တွေကိုယ်တိုင်ကလည်း အမျိုးသမီးတွေကို ဦးစားပေးတောင်းဆိုတာကို တွေ့ရပါတယ်” ဟု Mr Matt De Luca က ဆိုသည်။

မြန်မာနိုင်ငံ၏ ကျွမ်းကျင်လုပ်သားအင်အားစုမှ အလုပ်လျှောက်ထားမှုနှင့်ပတ်သက်၍ ကြည့်မည်ဆိုလျှင် ကျား၊ မတန်းတူညီမျှမှုသည် တိုးတက်လာသည်ဟုလည်း JobNet.com.mmက သုံးသပ်ထားသည်။

“ ဒီလို စာရင်းကိုင်တို့ ငွေကိုင်တို့ဆိုတာ စိတ်ရှည်ပြီး အလုပ်ကို စေ့စေ့စပ်စပ်လုပ်နိုင်တဲ့ သူမျိုးတွေ လုပ်နိုင်တာ ဆိုတော့ အမျိုးသမီးတွေပဲ လုပ်ဖြစ်တာများတယ်။ ဒါက စက်ချုပ်လိုပဲပေါ့။ သူလည်း မိန်းကလေးအလုပ်ဆိုတာ မျိုးလေ”ဟု ကွမ်းသီးရောင်းသည့် ပွဲရုံတခုတွင် စာရင်းကိုင်လုပ်နေသော ဒေါ်ချိုချိုဦးက ပြောသည်။

ယင်းစစ်တမ်းသည် ၂၀၁၈ ခုနှစ်၏ နောက်ဆုံး သုံးလပတ်အတွင်းတွင် JobNet.com.mm ၌ အလုပ်လျှောက်ထားခဲ့သူများကို စာရင်းပြုစု၍ ကောက်ချက်ချထားခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ ကျား၊ မအညွှန်းကိန်းနှင့် ကွဲလွဲချက်ရှိကြောင်း၊ ၎င်းအချက်များသည် မြန်မာနိုင်ငံက အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်အပေါ် အယူအဆများအပေါ်တွင် အခြေခံသည့် ကိန်းဂဏန်းဖြစ်ကြောင်း သိရသည်။

၂၀၁၄သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ၏လူဦးရေ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

အမျိုးသားများသည် အင်ဂျင်နီယာကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် အစား အသောက်နှင့် အဖျော်ယမကာ ကဏ္ဍများတွင်သာ အဓိကအလုပ်အကိုင်များကို လျှောက်ထားနေသည်ကို တွေ့ရသည်ဟု JobNet.com.mmက ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် လူ့စွမ်းအားအရင်းအမြစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading