ကျား၊ မ တန်းတူညီမ ျှရေး၊ ဒေသခံတိုင်းရင်းသားတို့ရဲ့အခွင့်အရေးများ၊ ကာကွယ်ရေးနှင့် မြှင့်တင်ရေး၊ လူ့အခွင့်အရေး နှင့် တရားမ ျှတမှု စသည့် ကိစ္စများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အဖွဲ့တခု ဖြစ်သည့် ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ အထွေထွေအတွင်းရေးမှူး နော်ကညောဖော မှာ အမေရိကန် နိုင်ငံမှ ချီးမြှင့်သည့် International Women of Courage ဆု ရရှိကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
လူ့အခွင့်အရေးဆောင်ရွက်သူဖြစ်သည့် သူသည် ထိုင်းမြန်မာနယ်စပ်ရှိ မယ်ရမိုး ဒုက္ခသည်စခန်းတွင် အထက်တန်းကျောင်းကို ၁၉၉၈ ခုနှစ်တွင် စတင်တက်ရောက်ခဲ့ပြီး ဆယ်စုနှစ်များစွာကြာသောပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာနေရဆဲဖြစ်သော တိုင်းရင်းသား ရပ်ရွာအသိုင်းအဝန်းများ အတွက် ဘဝတသက်တာလုံးလုပ်ဆောင်ခဲ့သည်။ နော်ကညော်ပေါနှင့် KWO သည် မြန်မာနိုင်ငံ ပဋိပက္ခဒေသများမှ လိင်နှင့်ကျားမကွဲပြားမှုကိုအခြေခံသော အကြမ်းဖက်မှုများကို ၂၀၀၄ ခုနှစ်မှစတင်ပြီး အန္တရာယ်များကြားမှ မှတ်တမ်းတင်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်တွင် သူ၏ဦးဆောင်မှုအောက်မှ တဆင့် KWO သည် ရိုဟင်ဂျာများကို စစ်တပ်ကဦးဆောင်အကြမ်းဖက်မှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချသော အဖွဲ့အစည်းအနည်းငယ်အနက် ပထမဆုံး ရှုတ်ချသော အဖွဲ့အစည်းဖြစ်လာသည်။ ယခုအခါ သက်တမ်း ၃၃ နှစ်အတွင်းသို့ရောက်လာပြီဖြစ်သော KWO သည် ငြိမ်းချမ်းရေးနှင့် ညီညွတ်သော အရပ်သားအစိုးရပေါ်ပေါက်ရေးအတွက် ဆက်လက်လုပ်ဆောင်နေပြီး ကရင်ပြည်နယ်မှ ပဋိပက္ခဒဏ်ခံရသော ရပ်ရွာအသိုင်းအဝန်းများမှ အမျိုးသမီးများနှင့် ကလေးများ၏ ဘသ တိုးတက်ကောင်းမွန်ရေးအတွက် နေ့စဉ်ဆောင်ရွက်နေသည်ဟု သိရသည်။
နော်ကညောဖောသည် International Women of Courage ကို ၂၀၁၉ ခုနှစ်အတွက် ရရှိခဲ့ပြီး ထိုဆုကို ၂၀၁၂ ခုနှစ်က မဇင်မာအောင်ကလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် မမေစံပယ်ဖြူကလည်းကောင်း ရရှိခဲ့သည်။