အမျိုးသမီး ရွှေ့ ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေးနှင့် အခွင့်လမ်းများ အပြည့်အဝ ရရှိစေရန် ဝန်ကြီး ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားမည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန် ကြီး ဦးသိန်းဆွေက ပြောကြားသည်။
မတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ အာဆီယံဒေသအတွင်းရှိ အမျိုးသမီး ရွှေ့ပြောင်း အလုပ် သမားများအတွက် အခွင့် အရေးများနှင့် အခွင့်အလမ်းများ ရရှိစေရေး (Safe and Fair) အမျိုးသားစီမံကိန်း အကြံပေး အစည်းအဝေးတွှု် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ရွှေ့ပြောင်း အမျိုး သမီး များကို မည်ကဲ့သို့ အကာအကွယ်ပေးနိုင်မည်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး “ အမျိုးသမီးများရဲ့ အခွင့် အရေး အခွင့်အလမ်းတွေ အပြည့်အဝ ရရှိဖိ့ု့ အတွက် ပူးပေါင်းဆောင်ရွက်တာ ကောင်းဖို့ လို တယ်ဆိုတာကို နိုင်ငံတော် အကြီးအကဲ တွေကလည်း အမြဲတမ်း မှာကြားတယ်။ ဒါကို ဝန်ကြီးဌာနတွေကလည်း လက်ခံတယ်။ သဘော လည်း ပေါက်ပါတယ်” ဟု ရှင်းပြသည်။
ပြည်ပ သို့ သွားရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများတွင် အမျိုးသမီးရွှေ့ပြောင်း လုပ်သားမှာ ၄၀ ရာခိုင်နှုန်းခန့် ရှိ ကြောင်း၊ အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ရရှိရန် အတွက် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်သည့် လူဦးရေ စာရင်း တိတိကျကျ ရရှိရန် ခက်ခဲမှုများ ရှိနေခြင်းတို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့် အရေးများ ဆုံးရှုံးမှုများလည်း ရှိနေကြောင်း သိရသည်။
အနာဂတ် အလင်းတန်းများ ဆုံမှတ် အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ ဒေါ်သက်သက်အောင် ကလည်း “ ဒီဘက်ခေတ်ကို ရောက်လာတဲ့ အခါမှာ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်တာ အမျိုးသားနဲ့ အမျိုးသမီးက တန်းတူ ဖြစ်နေပြီ။ တကယ့်တကယ်မှာ ရွှေ့ပြောင်း အလုပ် သမား အမျိုးသမီးတွေ အကာအကွယ်ပေးမှု အခန်းကဏ္ဍ မှာ နည်းနေသေးတယ်” ဟု သုံးသပ်သည်။
ရွှေ့ပြောင်း သွားရောက် လုပ်ကိုင်သည့် အမျိုးသမီး အများစု မှာ ပြည်ပနိုင်ငံများတွင် စက်ရုံ အလုပ်ရုံများတွင် ဖြစ်စေ၊ သူနာပြု၊ စိုက်ခင်း ကဲ့သို့ နေရာမျိုးတွင် လုပ်ကိုင်ဆောင်ရွက်နေရကြောင်း၊ ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံတော် အနေဖြင့် အမျိုးသမီးများ ပြည်ပသို့ အိမ်အကူ သွားရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားသော်လည်း စင်ကာပူနိုင်ငံ နှင့် အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် အမျိုးသမီးများ စွာ ရှိနေကြောင်း၊ အဆိုပါ အမျိုးသမီးများ အတွက် အကာအကွယ်မဲ့နေမှုများ ရှိနေကြောင်း ဒေါ်သက်သက်အောင်က ဆိုသည်။
Safe and Fair စီမံကိန်းသည် ကျား/မ အခြေပြု အလုပ်သမား ရွှေ့ပြောင်း သွားလာခြင်း စီမံခန့်ခွဲမှု ဆိုင်ရာ မူဘောင်များဖြင့်အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများ အကြမ်းဖက် ခံရမှုနှင့် လူကုန်ကူး ခံရမှု လျော့နည်းစေပြီး အရည်အသွေး ပြည့်ဝသည့် ဝန်ဆောင်မှုများ ရရှိခံစားစေရန် အမျိုးသမီးများ ရွှေ့ပြောင်း အလုပ်သမားများ၏ လူ့ အသိုက်အဝန်း အတွက် အထောက်အပံ့ပြုမှုများကို သိရှိစေရန် သတင်း အချက်အလက် မျှဝေပေးရန် ဆောင်ရွက် လျက်ရှိသည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။
ယခု စီမံကိန်းအား မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၁၀ နိုင်ငံတွင် အကောင်အထည် ဖော် ဆောင်ရွက်မည် ဖြစ်ပြီး လုပ်သား ရွှေ့ပြောင်း သွားလာမှုနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး စီမံ အုပ်ချုပ်မှု မူဘောင်များ၊ ပိုမို တိုးတက်လာစေရန် ၊ အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများ အတွက် သတင်း အချက် အလက်နှင့် ဝန်ဆောင်မှုများ ပိုမို တိုးတက် ရရှိလာစေရန် ၊ အမျိုး သမီး ရွှေ့ပြောင်း သွားလာသူများ၏ လူ့ အသိုက်အဝန်း အထောက်အပံ့ ပြုမှုများကို ပိုမိုနားလည်စေရန်အတွက် စည်းရုံးလှုံ့ဆော် သွားမည် ဟုလည်း သိရသည်။
လက်ရှိတွင် အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၂၇၃ ခုမှ တဆင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုးရီးယား သမ္မတ နိုင်ငံ၊ ဂျပန် နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံ သို့ မြန်မာ အလုပ် သမားများ သွားရောက်လုပ်ကိုင်လျက် ရှိသည်။
၁၉၉၀ ပြည့်နှစ်မှ စ၍ ပြည်ပ ၁၈ နိုင်ငံသို့ မြန်မာနိုင်ငံမှ တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ သုံးသန်း ခုနှစ်သောင်း ကျော် ရှိ ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။