၂၀၁၉ ခုနှစ်အတွက် WOF မှ ချီးမြှင့်သည့် Women of the Future Awards ကိုမြန်မာနိုင်ငံမှ ဒေါက်တာ သိဂီၤဝင်း၊ မအေးသီရိကျော်နှင့် မသဉ္ဇာရွှန်းလဲ့ရည်အပါအဝင် အရှေ့တောင်အာရှ ဒေသရှိကဏ္ဍအသီးသီးမှ အမျိုးသမီး ၁၁ ဦးက ရရှိခဲ့သည်။
Global Assistant တည်ထောင်သူ ဒေါက်တာ သိင်္ဂီဝင်းက စီးပွားရေး စွမ်းဆောင်ရှင်ဆု၊ UN ရုံးမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးတန်း ညှိနှိုင်းရေးမှူးနှင့် စာရေးဆရာ မအေးသီရိကျော်က Community Spirit and Public Service ဆုကိုလည်း ကောင်း၊ Under 30 Dialogue Tv Show ( Myanmar) မှ အစီအစဉ်မှူး ဖြစ်သူ မ သဉ္ဇာရွှန်းလဲ့ရည်က မီဒီယာနှင့်ဆက်ဆံရေး ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။
ဆုရရှိသူ မအေးသီရိကျော်က ” နောက်နှစ် nomination တွေမှာ ရဲရဲ လျှောက်ထားကြဖို့ အမျိုးသမီးတွေကို တိုက်တွန်းချင်ပါတယ်။ တကယ်တော့ တခြားအမျိုးသမီးတဦးဦးကိုဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဝင်ရောက်အရွေးခံဖို့ လျှောက်လွှာတင်လို့ရပါတယ်။ ” ဟု ပြောသည်။
WOF ဆုများကို နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် အောင်မြင်မှု ရရှိနေသည့် အမျိုးသမီးများကို ရွေးချယ်ဆုချီးမြှင့်နေခြင်း ဖြစ်ပြီး ဆုရရှိသူများသည် အမျိုးသမီးအရေးနှင့် ပတ်သက်သောအခွင့်အလမ်းကောင်းများကို ရရှိမည်ဖြစ်သည်။ ထိုဆုများ၏ ဆန်ကာတင် စာရင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ က ကြေညာခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီး ၇ ဦးက ဆန်ကာတင် စာရင်း ဝင်ခဲ့သည်။