• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

by မိုးမိုး
28 March 2019
in Women & Gender
A A
အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ်  / ဧရာဝတီ

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက လက်မှတ်ထိုး၍ အတည်ပြု ပြဌာန်းလိုက်သည်။

မတ်လ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် နိုင်ငံတော် သမ္မတက“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကျွနု်ပ် လက်မှတ် ရေးထိုးသည်”ဟု ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအား အတည်ပြု ပြဌာန်း ချက် ကို ဖော်ပြထားသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
183
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
45

“သမ္မတ လက်မှတ်ထိုးတော့ ဒီဥပဒေက အတည်ဖြစ်သွားပြီပေါ့။ သက်ငယ်ဆိုတဲ့ ၁၂ အောက် ကလေးကို မုဒိမ်းကျင့်ခဲ့ရင် ထောင် အနှစ် ၂၀ ( သို့မဟုတ် ) ထောင်တသက် လွတ်ရက်မရှိ ဆိုတဲ့ ပြင်ဆင်တဲ့ အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါ ဥပဒေကြမ်းကို စ တင် တင်သွင်းခဲ့သူ ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။

ယခင်ပြဌာန်းထားသည့် ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် မုဒိန်းမှု ကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ မုဒိန်းကျင့်ခံရသော မိန်းမသည် မိမိ မယား ဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုတ်လျှင် မုဒိန်းကျင့်သောသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းချက်တွင် ပါရှိသည်။

သမ္မတ လက်မှတ် ရေးထိုး ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်သည့် အတွက် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်း ကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တသက် ပြစ်ဒဏ်ကျခံရတော့မည် ဖြစ်သည်။

ယခင် ပြဌာန်းထားသည့် မုဒိမ်းမှု ပုဒ်မ ၃၇၆ တွင် ချမှတ်ထားသည့် ပြစ်ဒဏ်မှာ ကလေးသူငယ်များ နှင့် မသန်စွမ်းသူများ ကို မုဒိမ်းမှု ကျူးလွန်ပါက လုံလောက်သည့် ပြစ်ဒဏ် မဟုတ်သည့် အတွက် ပြစ်ဒဏ်များ တိုးမြှင့် ပြင်ဆင်၍ အမျိုးသား လွှတ်တော်သို့ စတင် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်သိန်းက ဆိုသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ပုဒ်မခွဲ (၃) အဖြစ် ဖြည့်စွက်ထားပြီး အဆိုပါ ပုဒ်မ ခွဲတွင် ‘ မည်သူမဆို မသန်စွမ်းသူ မိန်းမကို ဖြစ်စေ၊ အသက် ၁၂ အောက် မိန်းကလေးကို ဖြစ်စေ၊ မုဒိမ်းမှု ကျူးလွန်လျှင် ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တသက် ဖြစ်စေ ချမှတ် ခြင်း ခံရမည်’ ဟု ဖြည့်စွက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

၁၀ ကြိမ်မြောက် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အဆိုပါ ပြင်ဆင်သည့် ဥပဒေကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းမှ စတင် တင်သွင်းခဲ့ပြီးနောက် ဆွေးနွေးခဲ့ရာ သဘောထား ကွဲလွဲမှုများ ရှိသဖြင့် ပြည်သူ့ လွှတ်တော် သို့ ပြန်လည် တင်ပြခဲ့ပြီး၊ ပြည်သူ့ လွှတ်တော်တွင်လည်း ဆွေးနွေးရာတွင် သဘောထား ကွဲလွဲမှု များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ထိုမှ တဆင့် ပြည်ထောင်စု လွှတ်တော်တွင် အဆိုပါ ဆွေးနွေးမှုများကို အတည်ပြုခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်မှ နောက်ဆုံး နိုင်ငံတော် သမ္မတ ထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုလ မတ်လ ၂၆ရက်နေ့တွင် နိုင်ငံတော် သမ္မတ မှ ရာဇသတ်ကြီးကို ပြင်ဆင် သည့် ဥပဒေအား အတည်ပြု ပြဌာန်းကြောင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“အဲဒီပြင်ဆင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် လွှတ်တော်မှာ တင်ခဲ့တာ ဆိုတော့ အနည်းဆုံးတော့ ၄ လနီးပါးလောက် စောင့်ခဲ့ ရပါတယ်။ အခု သမ္မတ လက်မှတ်ထိုးပြီ ဆိုတော့ အတည်ဖြစ်ပြီပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ ပြည်သူများ မျှော်လင့်နေသည့် ပုဒ်မ ကို သမ္မတ လက်မှတ်ထိုးပြီး အတည်ပြုလိုက်ခြင်း ဖြင့် သက်ငယ် မုဒိမ်း အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ တင်သွင်းသည့် ပြစ်ဒဏ်အတိုင်း အတည်ပြုလိုက်သည့် အတွက် အမျိုးသမီးများ အနိုင်ကျင့် စော်ကားခံနေရသည့် ကိစ္စရပ်များအတွက်ပါ အထောက်အကူ ဖြစ်နိုင်ကြောင်း အမျိုးသမီးများဘက်မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် အရှိုအမျိုးသမီးများ အဖွဲ့အစည်း တည်ထောင်သူလည်း ဖြစ်သလို ဒါရိုက်တာ လည်းဖြစ်သည့် မိုင်သန့်စီဦး က ဧရာဝတီသို့ ပြောသည်။

၎င်းက “ အခုပုဒ်မက အများကြီး အရှိန်အဝါ ဖြစ်စေတယ်လေ။ နောက်ပိုင်း သက်ငယ်မုဒိမ်းမှာ ဒီဥပဒေကို အစပြုပြီး ကျင့်သုံးပြီ ဆိုရင် အခြား အမျိုးသမီးတွေ အတွက်ရော ပိုပြီး အရှိန်အဝါ၊ အဟန့်အတား တခု ဖြစ်စေမယ်။ အမျိုးသမီးတွေ အတွက် အကာအကွယ် ဖြစ် စေမှာပါ” ဟု ပြောသည်။

ယင်းဥပဒေကို အမျိုးသမီးများနှင့် ကလေးသူငယ်များ အရေး လှုပ်ရှားသူ အများစုမှာ ကြိုဆိုထောက်ခံကြပြီး၊နိုင်ငံ အနှံ့အပြားတွင် လည်း သက်ငယ်မုဒိမ်းများနှင့် လူသတ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် အတွက် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ရာ နှစ်အလိုက် မုဒိမ်းမှု ဖြစ်ပွားမှု အရေအတွက် များပြားလာရာ သက်ငယ် မုဒိမ်းမှု ဖြစ်ပွားမှုမှာ မြင့် မားလာကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းက ကျင်းပသည့် ပြည်သူ့ လွှတ်တော် တွင် ပြောကြားဖူးသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွင် ကျူးလွန်ခံရသူများအနက် ၂ နှစ်မှ ၅ နှစ် အကြား ကလေး သူ ငယ် များပင် ပါရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ်များတွင် အများဆုံး ကျူးလွန်ခံရကြောင်းနှင့် ကျူးလွန်သူ အများစုမှာ အသက် ၁၉ နှစ်မှ အသက် ၅၀ နှစ်ကြား အများဆုံး ဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များပင်လျှင် ကျူးလွန်မှု ရှိ ကြောင်း သိရှိရသည်။

ကျူးလွန်သူများအနက် ပထွေးများနှင့် ဆွေမျိုးတော်စပ်သူများမှ အခွင့်အရေး ရယူမှု ရှိသကဲ့သို့ ဖခင်ရင်းများပင် ကျူးလွန်ကြောင်း တွေ့ ရှိရပြီး သူစိမ်း အမျိုးသားများက ကျူးလွန်မှု အများဆုံးဖြစ်ကြောင်း၊ ထို့ပြင် နေ့အချိန်တွင် ကျေးရွာများ၌ အများဆုံး ဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်ခံရသည့် အကြောင်းရင်းများတွင် ကလေးသူငယ်များ အပေါ် အဓမ္မ ပြုကျင့်မှုများ အများဆုံး ဖြစ်ပွားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း သက်ငယ် မုဒိမ်းမှုများအား စုံစမ်း စစ်ဆေးပြီး တရားရုံးများသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ၉၆.၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ၉၇.၉၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ၆၇.၁၇ ရာခိုင်နှုန်း တရားစွဲ တင်နိုင်ခဲ့ကြောင်း၊ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများအား ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၀ နှစ်အထက် ၁၈ ဦး အမိန့်ချမှတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၅ ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သေဒဏ်တဦး ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

Your Thoughts …
Tags: ထောင်ဒဏ်သက်ငယ်မုဒိမ်းမှုသမ္မတဥပဒေကြမ်း
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.4k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

မဟာသမ္မတမင်းနှင့် သမိုင်းထဲက အဆက်အစပ်များ

by AKM
24 July 2023
5.6k

အစောဆုံးတွေ့ရတဲ့ ကျောက်စာတွေထဲက တခုဖြစ်တဲ့ ရွှေစည်းခုံကျောက်စာမှာဆိုရင် ကျန်စစ်သားမင်းက နေနတ်မျိုးရိုးက ဆင်းသက်လာပြီး ဘုရားဗျာဒိတ်ခံယူတဲ့ မင်းတပါးအဖြစ် သုံးနှုန်းခဲ့ပါတယ်။

သတ်မှတ်ချက် မလိုက်နာက ထောင်ချမည်ဆို၍ ရွှေဆိုင်ငယ်များ ပိတ်သိမ်းနိုင်

သတ်မှတ်ချက် မလိုက်နာက ထောင်ချမည်ဆို၍ ရွှေဆိုင်ငယ်များ ပိတ်သိမ်းနိုင်

by ဧရာဝတီ
27 October 2024
3.7k

ရွှေလုပ်ငန်းရှင်များအနေဖြင့် ယခုကြေညာလိုက်သည့် အမိန့်အရ ရွှေရောင်းဝယ်သည့် လုပ်ငန်းလိုင်စင် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်ရပါကလည်း ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချရမည်ဖြစ်ကာ မလိုက်နာလျှင် ထောင်ဒဏ်ချမှတ် အရေးယူခံရနိုင်သည်။

ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ

ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ

by ဧရာဝတီ
3 August 2024
3.4k

ယခုအပတ်အတွင်း ပို့ကုန်ကုမ္ပဏီ ၁၀၇ ခု၏ လိုင်စင်များကို စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရုတ်သိမ်းလိုက်ကြောင်း အမှုဆောင်များက ပြောသည်။

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

by စောမေရီ
26 July 2024
2.4k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ကိုယ်သူ သမ္မတ အဖြစ် လွှဲပြောင်း ယူလိုက်တဲ့ လုပ်ရပ်အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ခံပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

Next Post
---

Huawei P30 နဲ့ Huawei P30 Pro အကြောင်း သိထားသင့်သမျှ

မင်းသမီး အန်ဂျလီနာဂျိုလီ

Marvel စူပါဟီးရိုးရုပ်ရှင်မှာ သရုပ်ဆောင်ရန် အန်ဂျလီနာဂျိုလီ ဆွေးနွေးနေ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate