Women & Gender

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

Want create site? Find Free WordPress Themes and plugins.

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင် သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းလိုက်သည်။ ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြုပြဌာန်းလိုက်ပြီဖြစ်သည့်အတွက် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။အဆိုပါပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်။

မေစံပယ်ဖြူ (Gender Equality Network၊ ဒါရိုက်တာ)

ဒီဥပဒေကို ပြင်ဆင်တဲ့အခါမှာလည်း ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို ကျမတို့ အမျိုးသမီးအဖွဲ့ အစည်းတွေက လွှတ်တော်နှစ်ရပ်လုံးကို အကြုံပြုချက်တွေပို့တယ်။ ဒါပေမယ့် တခုမှ ထည့်သွင်းစဉ်းစား ထားတာ မတွေ့ရဘူး။ အဲဒီ ၃၇၆ မှာပါတဲ့ အသက် ၁၂ နှစ်အောက် မိမိမယားကို ကျူးလွန်ရင် ပြစ်ဒဏ်က တခု။ နောက် ၁၂ နှစ် အထက် ဖြစ်တဲ့ မိမိမယားကို ကျုးလွန်ရင် ပြစ်ဒဏ်က တခုဖြစ်နေတယ်။ ဒါမဖြစ်သင့်ဘူးလို့ ကျမတို့က ထင်တယ်။ အဲဒါကြီးက မဖြစ်သင့်တဲ့ ပုဒ်မလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ်အချက် အနေနဲ့ ပုဒ်မ ၃၇၆ ကို ပြင်မယ်ဆိုပေမယ့် မုဒိမ်းမှု အဓိပ္ပါယ်ဖွင့်ဆိုချက်က မပြောင်းဘူး။ နဂိုရာဇသတ်ကြီး အဓိပ္ပါယ်ဖွင့်ဆိုချက်က လိင်တံနဲ့ ထိုးသွင်းပြီးမှ အမျိုးသမီးအင်္ဂါကို အမျိုးသားအင်္ဂါဆက်ဆံမှ မုဒိမ်းမှု မြောက်တာဆိုတော့ အဲဒီလို လိင်တံနဲ့ ထိုးသွင်းဆက်ဆံတာကိုပဲ မုဒိမ်းမှုလို့ သတ်မှတ်ထားတာကိုက တကယ်တော့ ပြည့်စုံလုံလောက်မှု မရှိဘူး။ မုဒိမ်းမှုမှာက အမျိုးအစားတွေက အမျိုးမျိုးရှိတယ်။ လိင်တံ တခုထဲနဲ့ပဲ လုပ်တာ မဟုတ်ဘူး။ သေနတ်ပြောင်းဝတို့၊ ဓါးတို့၊ တုတ်တို့၊ ပုလင်းတို့၊ ချိုင်းထောက်တို့ အစရှိတာတွေနဲ့ အမျိုးသမီးလိင်အင်္ဂါကိုရော စအိုကိုရော ပြုမူကျင့်ကြံတဲ့အမှုတွေ အများကြီးရှိတယ်။ အဲဒီတော့ လိင်တံနဲ့ဆက်ဆံတာကိုပဲ မုဒိမ်းမှုလို့ ယူဆမယ်ဆိုရင် တခြားနည်းလမ်းနဲ့ အမျိုးသမီးလိင်အင်္ဂါကို မဟုတ်ပဲနဲ့ စအိုကိုလုပ်တာတို့ဘာတို့ကို ထည့်သွင်း မစဉ်းစားသလိုဖြစ်တယ်။ အဲဒီတော့ မုဒိမ်းမှုမှာလည်း သာမာန်မုဒိမ်းမှုနဲ့ ပြင်းထန်ဆိုးဝါးရက်စက်တဲ့ မုဒိမ်းမှုဆိုပြီး ခွဲခြားလိုက်သင့်တယ်။ သာမာန်မုဒိမ်းမှုကတော့ လူတယောက်ထဲက လူတယောက်ထဲကို ကျင့်တာဆိုပြီး ပြစ်ဒဏ်တခုသတ်မှတ်လိုက်သင့်တယ်။ ပြင်းထန်ဆိုးဝါးရက်စက်တဲ့ မုဒိမ်းမှု ဆိုတာ ခုလို အသက်မပြည့်သေးတဲ့ အသက် ၁၈နှစ်အောက် ကလေးတွေကို မုဒိမ်းပြုကျင့်တာ၊ မသန်စွမ်းတေ ွကို ပြုကျင့်တာ၊ အုပ်စုဖွဲ့ပြီးတော့ ရည်ရွယ်ချက်နဲ့ မုဒိမ်းပြုကျင့်တာ ပြီးတဲ့အခါမှာ အမျိုးသမီးရဲ့လိင်အင်္ဂါကို စုတ်ပြဲပျက်စီးအောင် ဓါးတို့၊ သေနတ် တို့ တခြားအရာဝတ္ထုတွေနဲ့ ဖျက်စီးတာ။ မုဒိမ်းကျင့်တာတင် မကဘူး။ အမျိုးသမီးတွေရဲ့ မျိုးပွား အင်္ဂါကို ပျက်စီးအောင်လုပ်တာ။ ဒါမှ မဟုတ်ရင် မုဒိမ်းကျင့်ပြီး သတ်လိုက်တာ။ ပြီးတော့ ပဋိပက္ခ ဖြစ်တဲ့ နေရာတွေ စစ်ဖြစ်တဲ့နေရာတွေမှာ လက်နက်နဲ့အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ စစ်ဘေးခံနေရတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်တဲ့ အမှုတွေ။ တကယ်တော့ မုဒိမ်းမှုမှာမှ ခွဲခြားသတ်မှတ်သင့်တဲ့ မုဒိမ်းမှုတွေ အများကြီးရှိတယ်။ ဒီမှာကျတော့ မုဒိမ်းမှုအဓိပ္ပါယ်ဖွင့်ဆိုချက်က မပြည့်စုံဘူး။ သာမာန်နဲ့ ပြင်းထန်တဲ့မုဒိမ်းမှုလို့ ခွဲခြားထားတာ မရှိပဲနဲ့ အသက် ၁၂နှစ် အောက် ကိုယ့်မိန်းမဖြစ်တယ်ဆိုမှ ထောင်ဒဏ် နှစ် ၂၀။ အကယ်၍ အသက် ၁၂ အထက် ကိုယ့်မိန်းမဖြစ်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်။ အဲဒီတော့ မုဒိမ်းမှုသည် မုဒိမ်းမှုဖြစ်တဲ့အတွက် ပြစ်မှုဖြစ်တယ်။ အဲဒီပြစ်မှုမှာ ကိုယ်ယောကျာ်းက ကျူးလွန်တယ်ဆိုရင် အရှေ့တောင်အာရှမှာ ဥပမာထိုင်းတို့ ဖလစ်ပိုင်တို့မှာ ဆိုရင် ကိုယ်ယောကျာ်းကပဲ ကျင့်ကျင့်၊ တစိမ်းကပဲ ကျင့်ကျင့်၊ ပြစ်ဒဏ်က အတူတူပဲ။ ဘာလို့ဆို မုဒိမ်းမှုကို မုဒိမ်းမှုလို့ပဲ ယူဆရမှာဖြစ်တယ်။ ကိုယ့်ဆွေမျိုးသားချင်းဆိုပြီး ပြစ်ဒဏ်ကို လျော့ပေါ့မပေးသင့်ဘူး။ ဘာလု့ိလည်းဆိုတော့ ပြစ်မှုသည် တသတ်မတ်ထဲ ပြစ်ဒဏ်ဖြစ်သင့်တယ်။ တူညီတဲ့ ပြစ်မှုအတွက်ကို ပြစ်ဒဏ်က တသတ်မတ်ထဲပဲ ဖြစ်သင့်တယ်။ အသက်မပြည့်သေးတဲ့ကလေးကို မုဒိမ်းကျင့်တာကို ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်သင့်တယ်ဆိုတာ ကျမတို့က ထောက်ခံတယ်။ အဲဒါကို လက်ခံတယ်။ အဲဒါကို ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ခုနကလို သက်ငယ်မုဒိမ်းတခုထဲကိုပဲ အာရုံစိုက်တာ မဟုတ်ပဲနဲ့ ပြင်းထန်ဆိုးဝါးတဲ့ မုဒိမ်းမှုအမျိုးအစားတွေ ကိုလည်း သက်ငယ်မုဒိမ်းလိုပဲ ပြစ်ဒဏ်ကိုတိုးမြှင့်ချမှတ်ဖို့လိုတယ်လို့ ပြောချင်တာပါ။

ဥပဒေတွေ မတူညီနေတာကလည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာကတော့ ကလေးသူငယ်ဆိုတာ ၁၈ နှစ် လို့ သတ်မှတ်ထားပြီးတော့ ပဋ္ဌိဉာဉ် ပြုနိုင်တဲ့ ဥပဒေမှာတော့ ၁၆ နှစ်လို့ သတ်မှတ်ထားပြန်တယ်။ ရာဇသတ်ကြီးမှာတော့ အသက် ၁၂ နှစ်ဆိုတော့ တကယ်တမ်း အမှုဖြစ်လာရင် ဘယ်အသက်ကို အတည် ယူမှာလဲဆိုတာ ကျမတို့က စိုးရိမ်ပူပန်မှုရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၈ နှစ်အောက် ကလေး သူငယ်ပါပဲ။ ကလေးသူငယ်ကို ကျူးလွန်တဲ့ပြစ်မှုတွေဟာ ပြင်းထန်ပြစ်ဒဏ်တော့ပေးသင့်တယ်လို့ မြင်ပါတယ်။

ကိုယ့်မယားကို လုပ်ရင်မှာ အသက် ၁၂ အောက်လို့ သတ်မှတ်တာက အရမ်းကို ရုပ်ဆိုးလွန်းတယ်။ ပြီးရင် အသက် ၁၂ အောက်သည် မိမိမယားဟုတ်ဟုတ်၊ မဟုတ်ဟုတ် အသက် ၁၂ အောက်က ကလေးပဲ။ အခုဆိုရင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရလည်း အသက် ၁၈ အောက်ကို ကလေးလိုပဲ သတ်မှတ်ထား တယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် အသက်နဲ့ ဆုံးဖြတ်တာမဟုတ်ပဲနဲ့ ကလေးသူငယ်လို့သာ သတ်မှတ်ရမှာ ဖြစ်တယ်။ အဲဒီတော့ကလေးသူငယ်ရဲ့အသက်အရွယ်ကလည်း နိုင်ငံတကာ ဥပဒေနဲ့အညီ ဆုံးဖြတ်ထားတာပဲ ဖြစ်သင့်တယ်။ ၁၂ နှစ်ဖြစ်လိုက် ၁၄ နှစ်ဖြစ်လိုက်၊ ၁၆ နှစ်ဖြစ်လိုက်၊ ၁၈ နှစ်ဖြစ်လိုက်နဲ့ ဥပဒေတွေ တခုနဲ့ တခုရှေ့နောက်မညီညွတ်နေတာတွေ အဲဒါတွေက မဖြစ်သင့်ဘူး။ အဲဒါတွေကို အတူတူပဲဖြစ်အောင် ပြင်ဆင် သင့်တယ်လို့ ကျမတို့က တကယ်တော့ အကြံပြုချင်ပါတယ်။

ပျဉ်းမနားမြို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်

မြန်မာနိုင်ငံမှာက မြန်မာ့ ထုံးတမ်း ဓလေ့ ဥပဒေက ရောနေကြတယ်။ တခုကို စဉ်းစားတဲ့ အခါမှာ နောက်တခုကို ဆက်ပြီးတော့ စဉ်းစားရတယ်။ မိန်းကလေးတယောက် အိမ်ထောင်ပြု နိုင်တဲ့ အရွယ်၊ ယောက်ကျာၤးလေးတယောက် အိမ်ထောင် ပြုနိုင် တဲ့ အရွယ် ဆိုတာကို အသက် တိတိ ကျကျ သတ်မှတ်မထားဘူး။

သို့သော် ၁၂ နှစ် အောက်ကတော့ အိမ်ထောင်ပြုလို့ ( လုံးဝ ) မရတဲ့ သဘောပါ။ ဘာလို့လဲ ဆိုတော့ ၁၂ အောက် ဆိုရင် အရင်က ရာဇသတ်ကြီးက သဘောတူသည် ဖြစ်စေ၊ သဘော မတူသည် ဖြစ်စေ၊ ဘယ်သူ့ ရဲ့ ခွင့်ပြုချက် ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ၊ မုဒိမ်း အမှု မြောက်ပါတယ်။

မြန်မာ့ ဓလေ့ ထုံးထမ်း ဥပဒေမှာက မိန်းကလေး တယောက်ဟာ မိဘရဲ့ သဘောတူညီချက် မပါပဲ အိမ်ထောင်တခါမှ မပြု ဘူးသေးတဲ့ သူဆိုရင် အသက် ၂၀ ကျော်မှ မိဘရဲ့ ခွင့်ပြုချက် မယူပဲ သူ့ သဘောနဲ့ သူ လက်ထပ်လို့ ရတယ်။ မဟုတ်ရင် မိဘ သဘောတူညီချက် လိုတယ်။ အဲဒီတော့ ဘယ် အရွယ်က စပြီး လက်ထပ်နိုင်သလဲဆိုတာလည်း အတိအကျ မရှိပြန်ဘူး။

တခါတခါမှာ ကျတော့ အသက် ၁၄ နှစ်လောက် မိဘက သဘောတူလို့ ပေးစားတာ ရှိတယ်။ ဘယ်လိုပဲ သဘောတူတူ ရာဇသတ်ကြီး ပြန်ကြည့်တဲ့ အခါမှာ မုဒိမ်းမှု မြောက်သွားတာပေါ့။ အဲဒီလိုဟာမျိုး ဆိုရင် ပထမ ပြဌာန်းထားတဲ့ ၂ နှစ်ဆိုတဲ့ ပြဌာန်းချက်ထဲ ပါသွားတာ ဖြစ်ပါတယ်။

ဒါတွေကို ပြင်သင့်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း အမျိုးသမီး အခွင့်အရေး ကို စိတ်ဝင်စားတဲ့ သူပါ။ စီဒေါ တို့ ဘာတို့ကို ကျနော် လိုက်ဖြန့် ဖြူးပေးနေတာပါ။ ဒါမှ မြန်မာနိုင်ငံမှာက တလျှောက်လုံး မြန်မာ့ ဓလေ့ ထုံး ထမ်း ဥပဒေ ဆိုတာ ရှိတော့ အဲဒီနဲ့ နွယ်ပြီးတော့ ရှိထားတဲ့ အခွင့် အရေးတွေ သို့မဟုတ်လည်း ပြဌာန်းချက်တွေ၊ ကင်းလွတ်ခွင့်တွေ ရှိတယ်၊ အဲဒါတွေကိုပါ ထည့်စဉ်းစားရတာပေါ့။

ကလေးတယောက်ကို ဘယ်အရွယ်ရောက်မှ မိဘက အိမ်ထောင် ချပေးရမယ်။ အဲဒါမျိုးတွေ ပြဌာန်းသင့်တယ်။ သီးခြား ဥပဒေ အနေ နဲ့ပြဌာန်း ထားတာ မရှိတဲ့ သီးခြား ပြဌာန်းနိုင်မှ အကုန်လုံးကို လွှမ်းခြုံနိုင်မှာ ဖြစ်ပါတယ်။

ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်ရွှေရွှေ စိန်လတ်

ကလေးသူငယ် ဥပဒေက အတည်မပြုသေးဘူးလေ။ ကလေး သူငယ် ဥပဒေက အထူး ဥပဒေဆိုတော့ ဒါတွေကို လွမ်းမိုးမယ်လို့ ထင် တယ်။ အသက်မပြည့်ဘဲ လက်ထပ်ထားတာ ရှိတယ်။ ဒါတွေကို သိပ်လက်မခံချင်ဘူးလေ။ ဥပဒေတခုဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီအောင် လုပ်ရမယ်။ ကလေး သူငယ် ဥပဒေဟာ အထူး ဥပဒေ ဖြစ်တဲ့ အတွက် အားလုံး လွှမ်းမိုးမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ကလေး သူငယ် ဥပဒေဟာ အမျိုးသား လွှတ်တော်မှာပဲအတည် ပြုသေးတာ ။ ပြည်သူ့ လွှတ်တော်မှာ အတည်မပြု သေးဘူးလေ။ ပြည်သူ့လွှတ်တော်မှာ အတည်မပြုရန် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံး ဖြတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေ ထွက်ဖို့ လိုတယ်။

တခြားနိုင်ငံတွေ တော်တော်များများမှာလည်း ကလေးတွေရဲ့အကောင်းဆုံး အကျိုး စီးပွားကို ကာကွယ်တာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားထဲမှာလည်း သဘောထား ကွဲလွဲတာတွေ အများ ကြီး ရှိတယ်။

ဒါဟာ လက်မထပ်သင့်တဲ့ အရွယ်ဖြစ်တယ်ဆိုတာကို အသိပညာပေးရမှာ ဖြစ်တယ်။ နောက်ဆို သူတို့ အလေ့အကျင့် ဖြစ်သွားလိမ့်မယ်။ ဥပဒေတခုဟာ ချက်ချင်း အသက်ဝင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အလေ့အကျင့် ဖြစ်သွားရင် နောက်ပိုင်းမှာ မွေးကာစ ကလေး သေဆုံးနှုန်း တို့က အလိုအလျောက် လျော့ကျသွားမှာ။ အခုက အဲဒါတွေက ဒေသတိုင်း လိုလိုမှာ ဖြစ်နေကြတာ။

အရွယ်ရောက်မှ အိမ်ထောင်ပြုတဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေ က အများကြီး ရှိတယ်။ အခု ပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီး ဥပဒေကို အတည်ပြုုလိုက်တာက ကလေး သူငယ်ဥပဒေထက် ကြိုပြီးဆွေးနွေးတာ ဖြစ်တဲ့ အတွက် အရင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းအားဖြင့် အများကြီးကောင်းတယ်။ ဥပဒေကို လက်တလုံးကြား ရှောင်ဖယ်နေတာ ရှိတယ်။ အခု ကိုယ့်ရဲ့ မဲဆန္ဒ္နနယ်ထဲမှာ သက်ငယ်မုဒိမ်း ၁၁ မှုလောက်ရှိတယ်။ အဲဒီမှာ နှစ်က အရမ်းရှည်နေတယ်။ အကြာကြီးဆွဲထားတာပေါ့နော်။

ဒီလိုမျိုးဆိုရင် မြန်မြန်ဆန်ဆန်လည်း ပြစ်ဒဏ် ချမှတ်မယ်။ ပြစ်ဒဏ်သေးရင်တော့ လူတွေက အလွယ်တကူ ကျူးလွန်ကြမှာပဲ ။ အဲဒါလည်း ဥပဒေ စိုးမိုးမှလေ။ လာဘ်ပေးလာဘ်ယူ မရှိဘူး။ မှန်မှန် ကန်ကန် လုပ်မယ်ဆိုရင်တော့ တော်တော့ကို ဒီလို အမှုတွေ လျော့ကျသွားမယ်လို့ မြင်ပါတယ်။

လွေးပိုးငယ် (မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်၊ အတွင်းရေးမှူး)

အဓိကက အသက် ၁၂ နှစ်အောက်ကို ကလေးလို့ သတ်မှတ်တာက တော်တော်ဆိုးနေပြီ။ ကျမတို့ နိုင်ငံက ဘာပဲဖြစ်ဖြစ် သက်ငယ်မုဒိမ်းမှုတွေက နေ့စဉ်နဲ့အမျှ ကြားနေတဲ့ဟာတွေက မကြားဝံ့မနာသာတွေ ကြားနေရတဲ့ ကိစ္စတွေ ကာကွယ်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီလိုဥပဒေကို မပြုပြင်ပဲနဲ့ ဒီလိုအတည်ပြုလိုက်တယ်ဆိုရင်ပဲ မုဒိမ်းကျင့်လိုင်စင်ပေးလိုက်သလို ဖြစ်နေတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ သက်ငယ်မုဒိမ်းတွေက ဖြစ်လာမှ ကာကွယ်မယ်ဆိုတာက မရဘူး။ကြိုတင်ကာကွယ်မှုက ရှိကိုရှိရမယ်။ ကြိုတင်ကာကွယ်ဖို့ ဆိုတာ ဥပဒေကအရမ်းကို အရေးကြီးတယ်။ ဥပဒေက အရေးကြီးတဲ့အပြင် ဥပဒေကို လိုက်ပြီး အကောင် အထည်ဖော်တဲ့ ဝန်ထမ်းတွေက ဒါကို အကောင်အထည်ဖော်ဖို့ အရမ်းကို အရေးကြီးတယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံမှာ သက်ငယ်မုဒိမ်းတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတဲ့ဟာကို အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူမလဲဆိုတာကို ပြန်ပြီး မေးခွန်းထုတ်ချင်တယ်။ အခုဖြစ်နေတာက ဘုန်းကြီးကအစ အဖေကအစ ကိုယ့်သားသမီးကို ပြန်မုဒိမ်း ကျင့်တဲ့ကိစ္စကို ဘယ်ဥပဒေနဲ့ တရားစွဲမလဲ။ အဲဒါမျိုးတွေက ဒီလိုအသက် ၁၂အောက်လု့ိ သတ်မှတ်လိုက်ခြင်း သည် တော်တော်လေးကို နိုင်ငံတကာစံချိန်စံညွန်းနဲ့လည်း မညီသလို နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့လည်း လုံးဝမကိုက်ဘူးထင်တယ်။ အသက် ၁၈ နှစ်အထိဆိုတာက ပညာကို ကြိုးစားရမယ့် အချိန်ဖြစ်တယ်။ သူများနိုင်ငံမှာဆိုရင် အဲဒီအချိန်မှာဆိုရင် တက္ကသိုလ်တွေ တကယ်ကို ကိုယ့်ဘဝ တသက်တာအတွက် ဘာလုပ်လို့ရလဲဆိုတဲ့ ပညာတွေကို အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်ဖြစ်တယ်။ ကျမတို့နိုင်ငံမှာက အသက် ၁၂ နှစ် အောက်ကိုပဲ ကလေးသတ်မှတ်ပြီးတော့မှ ၁၂ နှစ်အထက်ကို ကလေးမဟုတ်ဘူးလို့ သတ်မှတ်လိုက်ရင် ပညာရေးတွေကလည်း ထိခိုက်လာနိုင်တယ်။

နောက်တခုက ကျန်းမာရေး။ အမျိုးသမီးတွေက မျိုးဆက်ပွားကျန်းမာရေးက သဘာဝအလျောက်ရှိထားပြီးသား။ ဒီလိုမျိုးဆက်ပွားတဲ့အခါမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မျိုးဆက်ပွားမယ်ဆိုရင် မဖြစ်သင့်တဲ့ ရောဂါတွေ အများကြီးရှိတယ်။ ကလေးတွေလည်း ခြေစုံလက်စုံမဟုတ်တာ ဉာဏ်ရည်မမီတာစတာတွေ ဖြစ်နိုင်တယ်။ ကလေးက ကလေးကို ပြန်ထိန်းတာမျိုးက မဖြစ်သင့်ဘူး။
ကလေးက ကလေးကို ပြန်ထိန်းတာက ဆိုးကျိုးတွေ အများကြီးရှိတယ်။ နောက်ပြီး အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချတာတွေရှိလာတယ်။ ဒါတွေက ရောဂါကို တိုးပွားစေတယ်ဆိုတာ ပိုတွေ့ရတယ်။ ဒါတွေကို အစိုးရက ဘယ်လိုတာဝန်ယူမလဲ။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဥပဒေတခုခုကို ပြုပြီဆိုရင် တကယ့်လက်တွေ့အခြေအနေမှာ ဖြစ်ပျက်နေတဲ့ဟာနဲ့ လက်တွေ့အခြေအနေကို အမျိုးသမီးတွေအတွက် ကာကွယ်မြှင့်တင်တဲ့ဥပဒေဖြစ်ရမယ်လို့ ကျမက မြင်ပါတယ်။ ဒါက သက်ငယ်ကလေးငယ်တွေကို မုဒိမ်းကျင့်ဖို့ လူကုန်ကူးမှုဖြစ်ဖို့နဲ့ ပြည့်တန်ဆာတွေမှာ အလုပ်လုပ်နိုင်ဖို့ လိုင်စင်ပေးလိုက်တာနဲ့အတူတူပဲ။

အဲဒီလိုမျိုးတွေက ကျမတို့နိုင်ငံတော်အတွက် ဘာအကျိုးမှ မရှိဘူး။ အဲဒီဥပဒေက အတည်ပြုလိုက်ခြင်းဖြင့် ဘာအကျိုးရှိလဲလို့ ပြန်စဉ်းစားစေချင်တယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးတဲ့ ဥပဒေဆိုတာ ရှားပါတယ်။ အခုလည်း ကလေးသူငယ် အခွင့်အရေးမှာ လက်မှတ်ထိုးထားတယ်ဆိုပေမယ့် တကယ့် child right မှာပါတဲ့ ပုဒ်မတွေကို နိုင်ငံအတွင်းမှာ ကျင့်သုံးနေတာတွေ မရှိသေးဘူး။ ဒါကြောင့် ဒီဥပဒေတွေအသက်ဝင်အောင် လုပ်ဖို့လိုအပ်တယ်လို့ ပြောချင် တယ်။

ဆလိုင်းအိုက်ဇက်ခင် (အေးချမ်းမြန်မာအင်စတီကျူ့၊ မူဝါဒရေးရာအကြံပေး)

ကျနော်မြင်တာက ဥပဒေကတော့ ဘက်ပေါင်းစုံစဉ်းစားပြီးတော့ လူမှုအသိုင်းအဝိုင်းထဲမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကိစ္စတွေကို လွှမ်းခြုံကာကွယ်ပေးနိုင်တဲ့ ဥပဒေမျိုးဖြစ်ဖို့လိုတယ်။ တကယ်လို့ ဥပဒေက ဟာကွက် ရှိနေတယ်ဆိုရင်တော့ ဒါသည် ကာယကံရှင်တွေကို ထိခိုက်နစ်နာမှု များစေမှာပဲ။ အဲဒီတော့ ဥပဒေပြဌာန်းလင့် ကစား လုံလောက်တဲ့ အကာအကွယ်မရတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဥပဒေတော့ဖြစ်တယ်။ ဒါပေမယ့် လုံလောက်တဲ့ အကာအကွယ် မရတာမျိုးပေါ့။

နောက်တခုက ဥပဒေတွေများလွန်းပြီး အချင်းချင်းပြန်ပြီး ဝိရောဓိပြန်ဖြစ်တာမျိုးဆိုရင် နောက်ဆုံး ထုတ်ပြန်တဲ့ ဥပဒေနဲ့ ဆုံးဖြတ်ရတာမျိုးရှိတယ်။ ကလေးသူငယ်အခွင့်အရေး အမျိုးသမီးအခွင့်အရေး ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်း အနေနဲ့ကတော့ စိတ်မသက်မသာဖြစ်တဲ့ အနေအထားမျိုးလည်း ရှိနိုင်တယ်။ သို့သော်လည်းပဲ တကယ့်ဒါကို ကျင့်သုံးတဲ့အခါမှာ တစုံတရာကို လိုအပ်ချက်တွေ၊ ဟာကွက်တွေပေါ်လာတယ်ဆိုရင်လည်း ပြန်ပြီးတော့ ပြင်ဆင်ဖြည့်စွက်ရမယ်။

ဦးအောင်မျိုးမင်း (Equality Myanmar၊ ဒါရိုက်တာ)

အသက် ၁၂ နှစ်အောက်ကို မိုင်နာဆိုတဲ့ဟာကို သတ်မှတ်တာဖြစ်တယ်။ ကလေးတော့ မဟုတ်ဘူး။ မိုင်နာ ဆိုတာက အရမ်းငယ်တဲ့ဟာ။ ဒါပေမယ့် ကလေးလို့ သတ်မှတ်တာက ၁၆နှစ်အောက်ကို သတ်မှတ်တာ။ ဒါပေမယ့် ဥပဒေပညာရှင်တွေ ပြောတာကတော့ တကယ်လို့ ကျနော်တို့ ရည်မှန်းထားတဲ့ တောင်းဆိုထားတဲ့ ၁၄ နှစ်လောက်ဆိုတာရှိတယ်။ ၁၄နှစ်နဲ့ ၁၆နှစ်ကြားဆိုရင် တချို့က မလိုလားအပ်တဲ့ဥပဒေတွေ သက်ရောက် မှုတွေ နိုင်တယ်။ အထူးသဖြင့် အဲဒီအရွယ် ကလေးဆိုရင် လွန်လွန်ကျူးကျူးဖြစ်တတ်တဲ့ကိစ္စမျိုးတွေ ရှိတယ်။ အဲဒါမျိုးရှိလာလို့ရှိရင် သူတို့အနေနဲ့ ဒီဥပဒေကို အသုံးချပြီးတော့ သားသမီးကို ဒါမှမဟုတ်ရင် တခြားသူကို အပြစ်ပေးလို့ရှိရင် ထိခိုက်နစ်နာမှုတွေဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်စလုံးက ငယ်ရွယ်တဲ့ ကလေးတွေဖြစ်တယ်။ ဒါကြောင့် အကာအကွယ်ပေးဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကလေးကို ပြန်ထောက်ပါ တယ်။ ကျနော်တို့ကတော့ အသက် ၁၆နှစ်မဟုတ်ရင်တောင်မှ ၁၄ နှစ်တော့ ပြောင်းစေချင်တယ်။ ဒါမျိုးကို ပြောင်းခြင်းအားဖြင့် ဥပဒေအရ ရှိတယ်ဆိုတာ ကျနော်တို့ သိလာလိမ့်မယ်။နောက် ဒါမျိုး မလုပ်ရဘူးဆိုတဲ့ အသိပညာပေးမှုက နောက်ကနေ ထပ်ပါမယ်ဆိုရင်တော့ ပိုမိုကာကွယ်ရာရောက်ပါတယ်။

အသက် ၁၄ နှစ်အောက်ကို မုဒိမ်းကျင့်ရင် အဆိုးရွာဆုံးအရာလို့ ပြောချင်တယ်။ ဥပဒေ ပညာရှင်တွေက ကလေးအချင်းချင်းလည်း ဖြစ်နိုင်တဲ့အတွက် ဒီလိုမျိုးဥပဒေကိုအလွဲသုံးစားလုပ်ပြီး တဖက် ကလေးကို ထိခိုက်နိုင်တယ်။

ပြီးပြည့်စုံလောက်တဲ့အဆင့်အထိတော့ ကာကွယ်မှုမရတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်း က ရှိပြီးသား ဥပဒေကို ပြန်ပြီး ပြောင်းထားတဲ့သဘောမျိုးဖြစ်တယ်။ ဒီဟာပြောင်းတဲ့အခါမှာလည်း ဒီလောက်ပဲ ရတယ်။ ဒါပေမယ့် တဖက်မှာလည်း ကျနော်တို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဆိုတာ သီးသန့် ရေးဆွဲနေတာရှိတယ်။ တကယ်လို့ ဒီဥပဒေပေါ်လာရင်တော့ ပြည်နယ်ကုတ်မှာပါတဲ့ အချက်တွေကို လွှမ်းမိုး နိုင်တဲ့သဘောရှိတယ်။ အဲဒါကြောင့်တဖက်မှာ ဒီထက်ပိုပြီးတော့ ကလေးသူငယ်အခွင့်အရေးကို ပိုအကာ အကွယ်ပေးတဲ့ ကလေးသူငယ်ဆိုင်ရာစာချုပ် ဥပဒေတခုပေါ်လာအောင် တဖက်ကလည်း ကြိုးပမ်းနေပါတယ်။

ကျနော် လက်ရှိရေးဆွဲနေတဲ့ ကလေးသူငယ်ဆိုင်ရာဥပဒေမှာ အသက် ၁၈နှစ်ပြည့်မှ လက်ထပ်ထိမ်းမြားခွင့် ရှိရမယ်လို့ ကျနော်တို့က တင်ပြထားတာရှိတယ်။ အမျိုးသားလွှတ်တော်ကလည်း ဒါကို ပြန်ထည့်ထားတယ်။ ဘာကြောင့် ကျနော်တို့တောင်းဆိုလဲဆိုရင် ကလေးသူငယ်တိုင်းမှာ သူရဲ့စိတ်ပိုင်းဆိုင်ရာအရ ဒီလိုမျိုး နှစ်ဘက် ထိမ်းမြားတယ်ဆိုတာရှိပေမယ့် ဒီလိုမျိုး အမျိုးသမီးများရဲ့မျိုးပွားမှုအပိုင်းမှာ သူတို့ကအဆင်သင့် မဖြစ်သေးဘူး။ အဲဒီအပိုင်းတွေကျတော့ တဦးချင်းရဲ့ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေတာသေချာပါတယ်။

နောက်တခုက ဒီလိုမျိုးတာဝန်တွေ ထမ်းဆောင်ကြရမှာ ဥပမာကလေးတွေ ယူလိုက်လို့ ကလေးမွေးဖွားတဲ့ ရင်သွေးပေါ်မှာလည်း သက်ရောက်မှုတွေ ရှိတယ်။ နောက် လုံလောက်တဲ့ မိသားစုပတ်ဝန်းကျင်တဲ့ ပံ့ပိုးမှု မရှိလို့ ရှိရင် ဒါက မိသားစုပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်လို့ အသက်၁၈နှစ်ကို တရားဝင်လက်ထပ်ထိမ်းမြားခွင့် တောင်းထားတာဖြစ်ပါတယ်။

ကျနော်တို့က ဥပဒေတခုကို ဥပဒေဖြစ်မှ မဟုတ်ပဲနဲ့ ဒီဟာကို တားဆီးဖို့အတွက်လိုအပ်တဲ့အပိုင်းတွေ ရှိပါ တယ်။ အဲဒီတော့ ဒါမျိုးကိစ္စကို တားမယ်ဆိုရင်တော့ ဥပဒေနဲ့တော့ မရဘူး။ ဘက်ပေါင်းစုံကနေ လိုအပ်သလို ပညာပေးမှုတွေ အသိပညာပေးမှုတွေ ကာကွယ်ပေးမှုတွေ ဒီအတိုင်းသွားရမှာ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မကိုအဓိက ပြင်ဆင်တဲ့ဟာဖြစ်တဲ့အတွက် ဥပမာပြောမယ်ဆိုရင် ရာဇသတ်ကြီး ပုဒ်မမှာ ပြောထားတဲ့အတိုင်းပဲ အဓိကပြင်ဆင်တဲ့ဟာတွေ့ရတယ်။ အထူးသဖြင့် မုဒိမ်းမှုလို့ ပြောမယ်ဆိုရင် မိန်းကလေး အပေါ်ကျူးလွန်တဲ့အမှုကိုသာ ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတယ်။ နောက်တခါ အမျိုးသားတွေအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ မုဒိမ်းမှုတွေဖြစ်နိုင်တယ်။ ဖြစ်လည်း ဖြစ်နေကြတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ဒါကို ထည့်မစဉ်းစားဘူး။ ဘာကြောင့်လဲဆိုတော့ ရာဇသတ်ကြီးပုဒ်မကိုယ်တိုင်က ဒီအကြောင်းတွေကို ထည့်ပြီး မစဉ်းစားထားတာရှိနေတယ်။ အဓိပ္ပါယ်သတ်မှတ်ချက်က အရမ်းကျဉ်းမြောင်းတာတွေ ရှိနေတဲ့အတွက် အမျိုး သားငယ်လေးအပေါ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားရာ မုဒိမ်းမှုကို ဒီဥပဒေပြင်ဆင်မှုကတော့ ဘာမှ သွားပြီးတော့ ကာကွယ်မှုမပေးနိုင်တာတွေ့နေရပါတယ်။

ဒေါ်လှလှရီ ( Legal Clinic Myanmar., Director & Advocate)

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ကို သမ္မတက လက်မှတ်ထိုးပြီး ပြန်ပြင်လိုက်တာက အသက် ၁၂ နှစ်အောက် မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကို ထိရောက်ဟန့်တားပြစ်ဒဏ်ချမှတ်ချင်လို့ အသက် ၁၂ နှစ်အောက်တွေကို ပြစ်မှု ကျူးလွန် တယ်ဆိုရင် ထောင်ဒဏ် နှစ် ၂၀ဖြစ်စေ၊ တသက်ဖြစ်စေချမှတ်ရမယ်ဆိုပြီးပြင်လိုက်တာ။ ပြင်လိုက်တော့ ဒီပြစ်ဒဏ်တိုးမြှင့်ခြင်းသည်လည်း ဒါက ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ မုဒိမ်းကျင့်တဲ့ မုဒိမ်းမှု တွေကို လျော့ကျစေမယ့် နည်းလမ်းတခုဖြစ်တယ်။ ဒါပေမယ့် အဲဒီဟာတခုထဲနဲ့တော့ မလုံလောက်သေးဘူး။ ဒီလိုကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး မုဒိမ်းမကျင့်အောင် အစီအမံတွေလုပ်ပေးသင့်တယ်။ ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ လုပ်ပေးဖို့လိုတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ တိုင်ကြားတဲ့ အစီအစဉ်တွေ တရားမျှတမှု လက်လှမ်းမီရရှိအောင် တိုင်ကြားတဲ့ဟာတွေအကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်။ တတိယ အချက်က အကြမ်းဖက်ခံရတဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆေးပညာနဲ့ စိတ်ပိုင်းဆိုင်ရာပိုင်း လူမူရေးပြဿနာတွေကို အစိုးရက ကူညီထောက်ပံ့ပေးဖို့လိုသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး ပြစ်ဒဏ်ကို တိုးမြှင့်ဖို့ ပြင်လိုက်တာကတော့ ကြိုဆိုတယ်။ ဒါပေမယ့် ဒါက ပြီးပြည့်စုံတဲ့ကာကွယ်မှုကိုတော့ မရသေးဘူး။

အခုဟာက ၃၇၆ရဲ့ပြစ်ဒဏ်ကိုပဲ ပြင်လိုက်တာ။ အဲဒီတော့ အသက် ၁၂ အထက်ဆိုလို့ရှိရင် ထောင်ဒဏ် ၁၀နှစ် ဖြစ်စေ၊ အနှစ် ၂၀ဖြစ်စေဆိုပြီး ချမှတ်မယ်ဆိုတာက အသက် ၁၂နှစ်အထက် ၁၆နှစ်အောက်ဆိုလို့ရှိရင် ထောင်ဒဏ် နှစ် ၂၀သို့မဟုတ် ထောင်ဒဏ် ၁၀နှစ် ချမှတ်ရမယ်လို့ ပြောထားပြီးသား။ ဒီဥပဒေက ၃၇၆တခု ထဲကို ကြည့်လို့မရဘူး။ ၃၇၅နဲ့ ချိတ်ပြီးကြည့်ရမှာ။ အဲဒီတော့ ၃၇၆ ပုဒ်မ ၁ မှာက ပြောထားပြီးသား။ အသက် ၁၆ နှစ်အောက်ဆိုရင် ထောင်ဒဏ် ၁၀နှစ်ဖြစ်စေ၊ နှစ် ၂၀ဖြစ်စေ ပြောထားပြီးသားဆိုတော့ အသက် ၁၂အောက်ဆိုလို့ရှိရင် ပိုပြီးတော့ စပါယ်ရှယ် ပရိုဒက်ရှင်း လုပ်ပေးဖို့လိုလို့ သီးသန့် အထူးဟိုက်လိုက်လုပ် လိုက်တာ။ အသက် ၁၂အောက်ဆိုလို့ရှိရင်တော့ ထောင်ဒဏ်တသက်နဲ့ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ဆိုပြီး သတ်မှတ်လိုက်တာဖြစ်တယ်။

ဒီဥပဒေက အသက် ၁၂အောက်တွေကို ပိုပြီးကာကွယ်ပေးရမယ့်အတွက်နဲ့ ပြစ်ဒဏ်ကတော့ ထိရောက်ဟန့် တား ပြစ်ဒဏ်တိုးမြှင့်ပြီးတော့ ပြဌာန်းလိုက်တာကို ကြိုဆိုတယ်။ ဒါပေမယ့် ဒီဥပဒေသည် ပြစ်ဒဏ်တိုးမြှင့် ပြဌာန်းရုံနဲ့ ဒီကိစ္စတွေကို အပြည့်အဝကာကွယ်ပေးနိုင်မှာ မဟုတ်သေးဘူး။ ကလေးသူငယ်တွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဟာရယ် နောက်ဖြစ်လာပြီဆိုရင် တရားမျှတမှု လက်လှမ်း မီအောင် လုပ်ဆောင်ပေးတဲ့အစီအစဉ်တွေရယ်နောက် အကြမ်းဖက်ခံရတဲ့ကလေးနဲ့အမျိုးသမီးတွေရယ် နောက်ဆက်တွဲကျန်းမာရေးပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမူရေးပြဿနာတွေ။ လူမူရေးနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေဖြစ်လာတယ်ဆိုရင် နိုင်ငံကလည်း အဲဒီအပိုင်းတွေကို focusထားပြီး လုပ်ပေးဖို့ လိုတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ကို သမ္မတက လက်မှတ်ထိုးပြီး ပြန်ပြင်လိုက်တာက အသက် ၁၂ နှစ်အောက် မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကို ထိရောက်ဟန့်တားပြစ်ဒဏ်ချမှတ်ချင်လို့ အသက် ၁၂ နှစ်အောက်တွေကို ပြစ်မှု ကျူးလွန် တယ်ဆိုရင် ထောင်ဒဏ် နှစ် ၂၀ဖြစ်စေ၊ တသက်ဖြစ်စေချမှတ်ရမယ်ဆိုပြီးပြင်လိုက်တာ။ ပြင်လိုက်တော့ ဒီပြစ်ဒဏ်တိုးမြှင့်ခြင်းသည်လည်း ဒါက ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီးတော့ မုဒိမ်းကျင့်တဲ့ မုဒိမ်းမှု တွေကို လျော့ကျစေမယ့် နည်းလမ်းတခုဖြစ်တယ်။ ဒါပေမယ့် အဲဒီဟာတခုထဲနဲ့တော့ မလုံလောက်သေးဘူး။ ဒီလိုကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး မုဒိမ်းမကျင့်အောင် အစီအမံတွေလုပ်ပေးသင့်တယ်။ ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ လုပ်ပေးဖို့လိုတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ တိုင်ကြားတဲ့ အစီအစဉ်တွေ တရားမျှတမှု လက်လှမ်းမီရရှိအောင် တိုင်ကြားတဲ့ဟာတွေအကုန်လုံးကို အဆင်ပြေအောင် လုပ်ပေးဖို့ လိုတယ်။ တတိယ အချက်က အကြမ်းဖက်ခံရတဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆေးပညာနဲ့ စိတ်ပိုင်းဆိုင်ရာပိုင်း လူမူရေးပြဿနာတွေကို အစိုးရက ကူညီထောက်ပံ့ပေးဖို့လိုသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး ပြစ်ဒဏ်ကို တိုးမြှင့်ဖို့ ပြင်လိုက်တာကတော့ ကြိုဆိုတယ်။ ဒါပေမယ့် ဒါက ပြီးပြည့်စုံတဲ့ကာကွယ်မှုကိုတော့ မရသေးဘူး။

အခုဟာက ၃၇၆ရဲ့ပြစ်ဒဏ်ကိုပဲ ပြင်လိုက်တာ။ အဲဒီတော့ အသက် ၁၂ အထက်ဆိုလို့ရှိရင် ထောင်ဒဏ် ၁၀နှစ် ဖြစ်စေ၊ အနှစ် ၂၀ဖြစ်စေဆိုပြီး ချမှတ်မယ်ဆိုတာက အသက် ၁၂နှစ်အထက် ၁၆နှစ်အောက်ဆိုလို့ရှိရင် ထောင်ဒဏ် နှစ် ၂၀သို့မဟုတ် ထောင်ဒဏ် ၁၀နှစ် ချမှတ်ရမယ်လို့ ပြောထားပြီးသား။ ဒီဥပဒေက ၃၇၆တခု ထဲကို ကြည့်လို့မရဘူး။ ၃၇၅နဲ့ ချိတ်ပြီးကြည့်ရမှာ။ အဲဒီတော့ ၃၇၆ ပုဒ်မ ၁ မှာက ပြောထားပြီးသား။ အသက် ၁၆ နှစ်အောက်ဆိုရင် ထောင်ဒဏ် ၁၀နှစ်ဖြစ်စေ၊ နှစ် ၂၀ဖြစ်စေ ပြောထားပြီးသားဆိုတော့ အသက် ၁၂အောက်ဆိုလို့ရှိရင် ပိုပြီးတော့ စပါယ်ရှယ် ပရိုဒက်ရှင်း လုပ်ပေးဖို့လိုလို့ သီးသန့် အထူးဟိုက်လိုက်လုပ် လိုက်တာ။ အသက် ၁၂အောက်ဆိုလို့ရှိရင်တော့ ထောင်ဒဏ်တသက်နဲ့ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ဆိုပြီး သတ်မှတ်လိုက်တာဖြစ်တယ်။

ဒီဥပဒေက အသက် ၁၂အောက်တွေကို ပိုပြီးကာကွယ်ပေးရမယ့်အတွက်နဲ့ ပြစ်ဒဏ်ကတော့ ထိရောက်ဟန့် တား ပြစ်ဒဏ်တိုးမြှင့်ပြီးတော့ ပြဌာန်းလိုက်တာကို ကြိုဆိုတယ်။ ဒါပေမယ့် ဒီဥပဒေသည် ပြစ်ဒဏ်တိုးမြှင့် ပြဌာန်းရုံနဲ့ ဒီကိစ္စတွေကို အပြည့်အဝကာကွယ်ပေးနိုင်မှာ မဟုတ်သေးဘူး။ ကလေးသူငယ်တွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဟာရယ် နောက်ဖြစ်လာပြီဆိုရင် တရားမျှတမှု လက်လှမ်း မီအောင် လုပ်ဆောင်ပေးတဲ့အစီအစဉ်တွေရယ်နောက် အကြမ်းဖက်ခံရတဲ့ကလေးနဲ့အမျိုးသမီးတွေရယ် နောက်ဆက်တွဲကျန်းမာရေးပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမူရေးပြဿနာတွေ။ လူမူရေးနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေဖြစ်လာတယ်ဆိုရင် နိုင်ငံကလည်း အဲဒီအပိုင်းတွေကို focusထားပြီး လုပ်ပေးဖို့ လိုတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading