• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ကျေးလက်နေအမျိုးသမီးများဘဝမြှင့်တင်ပေးရေး လွှတ်တော်တွင် တိုက်တွန်း

by မိုးမိုး
4 May 2019
in Women & Gender
A A
လိင်အကြမ်းဖက်မှုကို လူအများ သတိပြုနားလည်လာအောင် ရိုးရှင်းစွာ ပညာပေးဆောင်ရွက်မှုများနှင့် မလုံလောက်တော့ပေ  /  Reuters

လိင်အကြမ်းဖက်မှုကို လူအများ သတိပြုနားလည်လာအောင် ရိုးရှင်းစွာ ပညာပေးဆောင်ရွက်မှုများနှင့် မလုံလောက်တော့ပေ / Reuters

24.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ နေရာအများအပြားမှ အမျိုးသမီးများ၏ လူမှုဘဝကို လည်း မြှင့်တင်ရန် လိုအပ်သဖြင့် အစိုးအနေဖြင့် လုပ်ဆောင်ပေးရန် ယမန်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တိုက်တွန်းလိုက်သည်။

ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှု ဘဝကို မြှင့်တင်ပေးခြင်း မရှိပါက ကျေးလက်များ ပျောက် ကွယ် သွားနိုင်သဖြင့် ကျေးလက်နေ အမျိုးသမီးများ၏လူနေမှု ဘဝမြှင့်တင်ရန်၊ နိုင်ငံစီးပွားရေးတွင် တနိုင်တပိုင် ပါဝင်ရန်၊ ရေခြား၊ မြေခြားတွင် အလုပ်သွား လုပ်ခြင်းကို လျော့ချရန်၊ အိမ်တွင်း စီးပွား ရေး လုပ်ငန်းများ ဖော်ဆောင်ရန် အသိပေးခြင်း၊ ရင်းနှီးရန် ငွေကြေးစီမံပေးခြင်း၊ ဒေသထွက် ကုန်ကြမ်းများကို တန်ဖိုးမြှင့် ပစ္စည်းများ ဖန်တီးတတ်ရန်အားပေးခြင်း၊ ဈေးကွက် ဖော်ဆောင်ပေးခြင်း၊ ဈေးကွက်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာ ဌာနများ စုပေါင်းအင်အားဖြင့် ဖော်ဆောင်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပဲခူးတိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ တင်တင်ဝင်းက တင်သွင်းခဲ့သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
205
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
460
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
189

လက်ရှိကာလတွင် ကျေးလက်ကို စွန့်ခွာ၍ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက် အလုပ်လုပ် ကိုင်နေသဖြင့် ကျေးလက်တွင် လယ်ယာ လုပ်သားများ ရှားပါးနေချိန် ဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက်လည်း ကျေးလက်တွင် အဆင်မပြေသဖြင့် မြို့ပြသို့ လည်းကောင်း၊ တခြားတဖက် နိုင်ငံသို့ လည်းကောင်းသွားရောက် အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူး ခံရခြင်း၊ မြို့ပြတွင် ကျူးကျော်များ များပြားလာခြင်း၊ လိင် အကြမ်းဖက်မှုများ ကြုံနေရခြင်းဖြင့် အမျိုးသမီးဘဝ လုံခြုံမှု မရှိတော့ကြောင်း ဒေါက်တာတင်တင်ဝင်းက ဆိုသည်။

၎င်းက “ ယခုအတိုင်း ဆက်လက်၍ ကျေးလက်ကို ပစ်ထားမည် ဆိုလျင် ကျေးလက်များ ဆိတ်သုဉ်းသွားနိုင်ပါတယ်” ဟု ပြောသည်။

ယခု အဆိုအား အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးကော်မတီဝင်များ မိမိတို့ မဲဆန္ဒနယ် မှာ တွေ့ရှိခဲ့သော အမျိုးသမီး ကိစ္စများ ကို အခြေခံ၍ ပြောကြားခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေ သူများဖြစ်ပြီး လူဦးရေ ၅၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း၊ မြို့ ပေါ်သို့ အလုပ်သွားမလုပ်ဘဲ အိုးမကွာ ၊ အိမ်မကွာ သင့်တင့်မျှတသော ဝင်ငွေ ရရှိနိုင်ရန် နိုင်ငံ စီးပွားရေးတွင် ပို့ကုန်မြှင့် တင်ရာ၌ ပါဝင်ရန် ရည်ရွယ်ကြောင်း၊ ကျေးလက် အမျိုးသမီးများ၏ ဘဝကို ပြောင်းလဲ စေလိုသော ဆန္ဒဖြင့် တင်သွင်း ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်တွင် အလုပ် လုပ်နိုင်သည့် အမျိုးသမီးမှာ လူဦးရေ၏ ၅၀.၅ ရာခိုင်နှုန်းရှိပြီး၊ အမှန်တကယ် အလုပ်ပေးနိုင်သူ ၂၀ ရာခိုင်နှုန်း ခန့် သာ အလုပ်ပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်ခဲများမှာ ငွေကြေး အရင်းအနှီး ပံ့ပိုးမှု၊ ကျန်းမာ ရေး အသိပညာနှင့် ကျောင်းပညာ ရေးတွင် အကန့်အသတ် ဖြင့်သာ ရှိနေခြင်း ဖြစ်ကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးသူ မွန်ပြည် နည် မဲဆန္ဒနယ် မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်သို့ ထောက်ခံဆွေးနွေးခဲ့သည်။

အမျိုးသမီးများ၏ အခန်းကဏ္ဍကို လျစ်လျူ ရှုထား၍ မရကြောင်း၊ ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှု ဘဝ မြင့်တင်ရန် အတွက် ပစ္စည်း ကိရိယာများ ၊ နည်းပညာများ ၊ ငွေကြေးအရင်းအနှီး ပံ့ပိုးမှုများကို နိုင်ငံတော်မှ မူဝါဒများ ချမှတ်ပြီး လက်တွေ့ အကောင်အထည် ဆောင်ရွက်ပေးရန် လိုအပ်သဖြင့် ဒေါက်တာ တင်တင်ဝင်း အဆိုကို ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်နွယ်နွယ်အောင်က ဆိုသည်။

၎င်းအဆိုကို NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကမူ ကန့်ကွက်ခဲ့သည်။ ၎င်းက ဆွေးနွေးမှုမှာ လက်ရှိတွင် အစိုးရအနေဖြင့် အမျိုးသမီးများအတွက်အပါအဝင် တနိုင်ငံလုံး စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နေမှုကို ထင်သာမြင်သာသည့် အခြေအနေတွင် ရှိကြောင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ ဈေးကွက် တည်တံ့ အောင် ဆောင်ရွက်ပေးခြင်း စသည့်ကိစ္စရပ်များသည် ဌာနအသီးသီး၊ စီမံကိန်းအသီးသီးတို့ဖြင့် ဆောင်ရွက်မှုများ ရှိနေသည်ဟု ရှင်းပြသည်။

၎င်းက “လက်ရှိ မှာ ကျေးလက်ဒေသကို ဒီလိုပဲ ပစ်ထားမယ်ဆိုရင် အင်မတန် ဆိုးဝါးမယ်ဆိုတဲ့ အနေအထားမျိုး ကျနော်တို့ ကြားရပါ တယ်။ လက်ရှိ ကျနော်တို့ အစိုးရက ကျေးလက်ဒေသ၏ ဖွံ့ဖြိုးရေးကို ပစ်ထားတယ်ဆိုတဲ့ အမြင် ကျနော့် အနေနဲ့ မမြင်ရပါဘူး” ဟု ပြော သည်။

ထိုသို့ ကန့်ကွက်သူ ရှိသဖြင့် လွှတ်တော်မှ အဆိုကို ဆွေးနွေးသင့်၊ မသင့်ကို မတ်တပ်ရပ် ဆန္ဒပြုသည့် နည်းလမ်းဖြင့် မဲခွဲခဲ့ပြီး၊ မတ်တပ် ရပ်၍ ထောက်ခံသူ ၄၀ ဦးရှိပါကလက်ခံဆွေးနွေးမည် ဖြစ်ပြီး ၄၀ ဦးမပြည့်ပါက လက်ခံဆွေးနွေးမည် မဟုတ်ကြောင်း၊ မတ်တပ်ရပ်၍ ထောက်ခံဆွေးနွေးသူ ၁၀၀ ကျော်ရှိခဲ့သဖြင့် မကြာမီ အဆိုကို လက်ခံဆွေးနွေးမည် ဖြစ်သည်။

Your Thoughts …
Tags: ကျေးလက်နေအမျိုးသမီးများဘဝလွှတ်တော်
မိုးမိုး

မိုးမိုး

...

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

by မောင်ကဝိ
26 May 2025
2.5k

ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

by ဧရာဝတီ
6 March 2025
1.1k

အနည်းဆုံး နောက် ၄ နှစ်ကြာဦးမည့် ထရမ့်ခေတ် ထရမ့်ဝါဒအကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် အမှုဆောင် အယ်ဒီတာ ရဲနည်တို့၏ ဆွေးနွေးချက်အား နားဆင်ပါ။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

ငလျင်ကြောင့် ပျက်စီးသွားတဲ့ လွှတ်တော်ကို ဘယ်သူဆောက်ခဲ့တာလဲ (ရုပ်/သံ)

by ဧရာဝတီ
24 April 2025
276

ဗိသုကာ လက်ရာတွေနဲ့ ထည်ထည်ဝါဝါ တည်ဆောက် ထားတဲ့နေပြည်တော်က လွှတ်တော် အဆောက်အအုံ တွေဟာ အင်အားပြင်း ငလျင်ဒဏ်ကိုမခံနိုင်ခဲ့ဘဲ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Next Post
ဘီယာ တမျိုးတည်းသောက်ပြီး ဝိတ်ချခဲ့တဲ့ အမျိုးသား

ဘီယာ တမျိုးတည်းသောက်ပြီး တလအတွင်း ပေါင် ၃၀ ကျော် ချခဲ့တဲ့ အမျိုးသား

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီး စစ်တွေ ဆေးရုံသို့ ရောက်လာ / မင်းအောင်ခိုင် / ဧရာဝတီ

သေဆုံးသွားသည့် ရွာသား ၆ ဦးအား သြင်္ဂိုဟ်ရာတွင် သရဏံဂုံ တင်ခွင့်မရ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate