• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

အမျိုးသမီးအားလုံးကို ကိုယ်စားပြုပေးတဲ့ ခေါင်းဆောင် ဖြစ်ရမယ်

by ငြိမ်းငြိမ်း
6 June 2019
in Women & Gender
A A
၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု (IWOC) ဆုရှင် နော်ကညော်ဖော / ငြိမ်းငြိမ်း / ဧရာဝတီ

၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု (IWOC) ဆုရှင် နော်ကညော်ဖော / ငြိမ်းငြိမ်း / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

ရိက္ခာအကူအညီ ဖြတ်တောက်ခံရထားတဲ့ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများရှိ မြန်မာ ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ ပြန်လည်ထောက်ပံ့ပေးရေးနှင့် လူနည်းစုတိုင်းရင်းသူအမျိုးသမီးများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသော တပ်မတော်၏ ခေါင်းဆောင်များအား ပစ်မှတ်ထား အရေးယူမှုများပြုလုပ်ရေး စဉ်းစားရန် ၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆု (IWOC) ဆုရှင် နော်ကညော်ဖောက တိုက်တွန်းပါတယ်။ အသက် ၃၃ နှစ် အရွယ် နော်ကညော်ဖောက ကရင်အမျိးသမီးအစည်းအရုံး (KWO) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပါတယ်။ KWO အဖွဲ့က ထိုင်းမြန်မာနယ်စပ်တလေ ျှာက်ရှိ ဌာနေတိုင်းရင်းသားများ အခွင့်အရေးနှင့် ကျားမတန်းတူ ညီမ ျှရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆောင်ရွက်ပါတယ်။ အသက် ၁၁ နှစ် အရွယ်မှ စတင်ပြီး ဒုက္ခသည်ဖြစ်ခဲ့ရတဲ့ နော်ကညော်ဖောဟာ KWO ၏ လှုပ်ရှားမှုများတွင် ဆယ်ကျော်သက် အရွယ် ကတည်းက ပါဝင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာ အဖွဲ့ဝင် ၆၀၀၀၀ ကျော်ရှိတဲ့ KWO ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ သူနှင့်လုပ်ဖော်ကိုင်ဖက်တွေက ၂၀၀၄ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ ပဋိပက္ခဒေသများမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နှင့် လိင်ကွဲပြားမှုကြောင့် အကြမ်းဖက်ခံရမှုများကို မှတ်တမ်းတင်ခဲ့ကြပြီး အရပ်သားများအပေါ် တပ်မတော်၏ အကြမ်းဖက်မှုများကိုလည်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုပါတယ်။

သူ၏ ရဲဝံ့ပွင့်လင်းစွာ ပြောဆိုမှုနှင့် လှုံ့ဆော်မှုကြောင့် တသက်တာ ငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် သတ်မှတ်ခြင်း ခံရပြီး၊ အမေရိကန် ပြည်ထောင်စုက မတ်လက ချီးမြှင့်တဲ့ ၁၃ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များ IWOC ဆုကို ကမ္ဘာတဝှမ်းမှ အခြားအမျိုးသမီး ၉ ဦးနှင့်အတူ ရရှိခဲ့ပါတယ်။ IWOC ဆုက ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း တို့အတွက် ဆော်သြစည်းရုံးရာတွင် ခေါင်းဆောင်နိုင်စွမ်းရှိခြင်း၊ သူမတူသော သတ္တိရှိခြင်းအတွက် ကမ္ဘာတဝှမ်းမှ အမျိုးသမီးများကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ ဆုတံဆိပ်ဖြစ်ပါတယ်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
1.6k
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
10.6k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
32.4k

နော်ကညော်ဖောက မြန်မာပြည်မှ ထိုဆုရရှိသော တတိယမြောက်ဆုရှင်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပထမဆုံးအကြိမ် ယင်းဆု ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ကျားမတန်းတူရေး လှုပ်ရှားသူ ဒေါ်မေစံပါယ်ဖြူရရှိခဲ့ပါတယ်။ ထိုင်းနှင့်မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးများက ကရင်အမျိုးသမီး နော်ကညော်ဖောအတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးတွင် မေလ ၃၀ ရက်နေ့က ဂုဏ်ပြုဧည့်ခံပွဲတခု ကျင်းပခဲ့ပါတယ်။

“ချင်းမိုင် ကောင်စစ်ဝန်ချုပ်ရုံးသည် နော်ကညောဖောနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ လုပ်ဆောင်ချက်များ အတွက် လွန်စွာ ဂုဏ်ယူပါတယ်။ အထူးသဖြင့် ဖြစ်ပွားဆဲ ပဋိပက္ခ ကာလများအတွင်း ထိခိုက်ခံရသော လူအုပ်စုများ အထူးသဖြင့် အမျိုးသမီးများ အခွင့်အရေးအတွက် ပြောဆိုတာကြောင့် ဖြစ်တယ်။ အကြမ်းဖက်မှု ပုံစံအားလုံးကို ထုတ်ဖော်ဆန့်ကျင်သော သူ၏သတ္တိကို ကျမတို့လေးစားတယ်။ လူမျိုး၊ လိင် မခွဲခြားဘဲ ဤဒေသအတွင်းမှ ပြည်သူအားလုံးအတွက် ငြိမ်းချမ်းကြွယ်ဝတဲ့ အနာဂတ် တည်ဆောက်ရေး အတွက် KWO နှင့် ပူးပေါင်းဆောင်ရွက်ရတာကို ကျမတို့ ဂုဏ်ယူပါတယ်” ဟု အမေရိကန် ကောင်စစ်ဝန်ချုပ် ဂျနီဖာ ဟားဟိုက်က ဂုဏ်ပြုစကားပြောခဲ့ပါတယ်။

“နော်ကညောဖော အနေနဲ့ ဒီ ဆုရခြင်းဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ နိုင်ငံရေးမတည်ငြိမ်လို့ ဒုက္ခရောက်နေကြတဲ့ ရွှေ့ပြောင်းတွေအားလုံးအတွက်လည်း အင်အားရစရာ ခွန်အားရစရာ ဖြစ်တယ်။” ဟု မယ်တော်ဆေးခန်း တည်ထောင်သူလည်းဖြစ်၊ မြန်မာနိုင်ငံ၏ မာသာထရီဆာဟု မကြာခဏတင်စားခေါ်ခံရသူ ဒေါက်တာ စင်သီယာမောင်က ဆိုပါတယ်။

“သူ့ရဲ့ငယ်စဉ်ဘဝကတည်းက စစ်ပြေးတယောက်အနေနဲ့ နေရတာတို့ ဒုက္ခသည်စခန်းမှာနေရတာတို့ စစ်ကြောင့်ဖြစ်တဲ့ အနိဌာရုံတွေမှာ အမြဲကြီးပြင်းခဲ့ရတယ်။ သို့သော်လည်း အမျိုးသမီးရဲ့ အင်အားထုတွေကို စုစည်းနိုင်ပြီးတော့ ဦးဆောင်မှု ကောင်းကောင်းလည်း ပြနိုင်တယ်။ ဒီ မတရားမှုတွေ မလုံခြုံမှုတွေအားလုံးက ကိုယ့်ရဲ့ နိုင်ငံသားတွေ တိုးတက်မှုအတွက် လူသားတွေရဲ့မလုံခြုံမှုကို ခြိမ်းခြောက်နေတာ ဖြစ်တဲ့အတွက် ကြောင့် ဒီလိုမျိုး ဆုပေးခြင်းက ကျမတို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒီ လူ့အခွင့်အရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ဆက်ပီးတော့ လိုအပ်နေသေးတယ်ဆိုတာလည်း မီးမောင်းထိုးပြတာ ဖြစ်တယ်။” ဟု ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

ထိုဆု လက်ခံရရှိခြင်းကို လွန်စွာ ဂုဏ်ယူမိပြီး၊ IWOC ဆုနှင့် ထိုဆုရှင်များ၏အတွေ့အကြုံများမှလည်း သူအလုပ်များ ဆက်လက်လုပ်ကိုင်နိုင်ရန် စိတ်ဓာတ်ခွန်အားရခဲ့ရသည်ဟု ဂုဏ်ပြုပွဲအခမ်းအနားမှာ နော်ကညော်ဖောက ဆိုပါတယ်။
နော်ကညော်ဖောရဲ့ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့နှင့် ပတ်သက်သည့် အမြင်သဘောထားများကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းဌာန Associate Editor ငြိမ်းငြိမ်း နှင့် တွေ့ဆုံစဉ် မေးမြန်းခဲ့သည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး။ ကရင်အမျိုးသမီးခေါင်းဆောင်တဦး အဖြစ် ကွန်မြူနီတီမှာ ဦးဆောင်လာတာ၂၀၁၇ ခုနှစ်ကတည်းက ပေ့ါနော်။ အခု ဒီ IWOC ဆု လို ဂုဏ်ပြုခံရတယ်။ အသိအမှတ်ပြုခံရတယ်ဆိုတာ ဘာကြောင့် လို့ထင်လဲ။

ဖြေ။ ကျမတို့ဆောင်ရွက်နေတဲ့ အလုပ်တွေဟာသာမန် နေ့စဉ်လုပ်ငန်းပဲလို့ ကျမတို့ ထင်ပါတယ်။ ဒါပေမယ့် ဒါကို အသိအမှတ်ပြုခံရလို့ ဝမ်းသာပါတယ်။ ခုလို အသိမှတ်ပြုခံရတဲ့အထဲ မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ တိုင်းရင်းသူအမျိုးသမီးတွေ ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် မြန်မာတပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကျမတို့ တစိုက်မတ်မတ် ထုတ်ဖော်ပြောဆိုတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာအမျိုးသမီး တွေကို မြန်မာတပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့အခါ ကျမတို့က သူတို့နဲ့အတူ တသားတည်း ရပ်တည်ကြောင်း ပြသတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့တပ်မတော်က ကျမတို့ ကရင်အမျိုးသမီးတွေအပေါ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်။ ကချင်၊ ရှမ်း၊ တအာင်းန် စတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေကိုလည်း လူ့အခွင့်အရေးချိုးဖောက်နေတာပဲလေ။ အခုနောက်ဆုံး ရိုဟင်ဂျာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပေါ့၊

အဲဒီအမျိုးသမီးတွေအားလုံးကို ထောက်ခံတယ် တသားတည်း ရှိနေတယ်ဆိုတာ ကျမတို့ပြသတယ်။ ကျမတို့ က လူကိုယ်တိုင်သွားပြီး ကူညီထောက်ပံ့ပေးတာမျိုးမလုပ်နိုင်ဘူး။ ကျမတို့မှာ ရင်းမြစ်တွေ မလုံလောက်ဘူး။ အဲဒီတော့မသွားနိုင်ဘူး။ ဒါပေမယ့် ဒီမြန်မာ့တပ်မတော်ကပဲ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဆက်လက်ချိုးဖောက်နေတာတွေကို လက်မခံဘူး ဆိုတာကို ကျမတို့ပြသချင်တယ်။ သူတို့မှာတာဝန်ရှိ ကြောင်း ပြသဖို့လိုတယ်။ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ပြသဖို့လိုတယ်။ ဒီလို ဆောင်ရွက်ချက်တွေကြောင့် ရယ်၊ ကျမတို့ ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ ကလေးတွေကို ပညာပေးတာ၊ အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးတာရယ် သူတို့အခွင့်အရေးအတွက် တောင်းဆိုပေးတာတွေရယ်ကြောင့် ကျမတို့ အသိအမှတ်ပြုခံရတာပါ။

မေး။ ကရင်အမျိုးသမီးအစည်းအရုံး ခေါင်းဆောင်တဦးအနေနဲ့ ကြုံရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ၊

ဖြေ။ ကျမတို့အဖွဲ့ဝင်တွေကို ပိုမိုတက်တက်ကြွကြွ ဖြစ်စေချင်တယ်။ ကျမတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကတော့ KWO ခေါင်းဆောင်မှုပိုင်းနဲ့ အဖွဲ့ဝင်တွေကို စွမ်းရည်မြှင့်သင်တန်းတွေ ဆက်လက်ပေးနိုင်ဖို့ပါ။ ကျမတို့ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲကနေရွေးချယ်တာမို့ ဒီရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တာ တွေ လိုအပ်တယ်။ ဒုက္ခသည် စခန်းတွေမှာ ၂ နှစ်တကြိမ် ရွေးကောက်ပွဲ ကျင်းပတယ်။ ကရင်ဒေသမှာ (ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ဒေသတွေမှာ) ခရိုင်တွေမှာ ၃ နှစ်တကြိမ် ရွေးကောက်ပွဲတွေ ရှိတယ်။ ဒုက္ခသည်စခန်းတွေကို ရိက္ခာတွေ၊ ဝန်ဆောင်မှုတွေ ဖြတ်တောက်လိုက်တဲ့အတွက် KWO ခေါင်းဆောင်တွေ အနေနဲ့ အချိန်ပြည့်အလုပ်လုပ်ဖို့ ခက်သွားတယ်။ ဒါပေမယ့် သူတို့မှာ လုပ်ချင်တဲ့ စိတ်ကတော့ ရှိတယ်။

ကျမတို့က သူတို့ကို အကူအညီ နည်းနည်းပဲပေးနိုင်တယ်။ ကျမတို့ ဒုက္ခသည်တွေဆီမှာ မျှော်လင့်ချက် ရှိနေဖို့က အရေးကြီးတယ်။ မျှော်လင့်ချက်ရှိနေသေးတယ်လို့ လူတွေခံစားနေရရင် အခြေအနေ တိုးတက် အောင် သူတို့လုပ်နိုင်ကြတယ်။ အမျိုးသမီးတွေက သူတို့အလုပ်ကို ဆက်လုပ်နိုင်လိမ့်မယ်။ ကိုယ့်ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မယ်။ ဒါကြောင့် ကျမတို့က သင်တန်းတွေပေးတယ်၊ အသိပညာပေးရေးတွေလုပ်ပြီး နိုင်ငံတကာအသိုင်းအဝန်း၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ပြန်လည်အခြေချတဲ့ ကရင်လူမှုအသိုင်းအဝန်းနဲ့ ထိုင်းလူမှုအသိုင်းအဝန်းက အကူအညီတွေကို ဆက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့တွေ မျှော်လင့်ချက် မဆုံးရှုံး ရအောင် ဒုက္ခသည်တွေအတွက် သင်တန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ကျမတို့ ဆက်ပေးနေဖို့ လိုတယ်။ ဒါမှသာ သူတို့ဘဝရပ်တည်ရေးအတွက် သူူတို့ကိုယ်တိုင် စွမ်းဆောင်နိုင်လိမ့်မယ်။ တနေ့မှာ နေရပ်ပြန်ပြီး အပြောင်းအလဲတွေကို သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ဖြစ်ပါတယ်။

မေး။ ဒါဆိုရင် KWO ဟာ ဒုက္ခသည်စခန်းတွေက ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်အောင် ကူညီပေးနေတာပေါ့။

ဖြေ။ ဟုတ်ပါတယ်။ ကျမတို့က အမျိုးသမီးငယ်တွေအတွက် ခေါင်းဆောင်မှုသင်တန်းနဲ့ အဖွဲ့အစည်းအတွက် စွမ်းရည်မြှင့်တင်ရေးတွေ လုပ်တယ်။ ပညာရေးမှာလည်း ကလေးငယ်ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးပါတယ်။ ဒုက္ခသည်စခန်းတွေနဲ့ ကရင်ပြည်နယ်တဝှမ်းက ကျမတို့ရဲ့ဝန်ဆောင်မှုတွေဟာ တပြေးညီ စံနှုန်းတခုတည်းပါပဲ။ အမျိုးသမီးတွေနေရပ်ပြန်ဖို့ရွေးချယ်တဲ့အခါ သူတို့ဟာ အခြေအနေသစ် တခုကို ပြန်သွားရတာမျိုးမဟုတ်ဘဲ သူတို့ရင်းနှီး ကျွမ်းဝင်ပြီး အခြေအနေကို ပြန်သွားရတာမျိုးဖြစ်ပါတယ်။ KWO ခေါင်းဆောင်တွေပြန်ရင်လည်း သူတို့ အလုပ်တွေ ဆက်လုပ်နိုင်ကြတယ်၊

မေး။ သူတို့ပြန်ဖို့အတွက် ဘယ်လောက်ထိအဆင်သင့်ဖြစ်နေကြပီလဲ။

ဖြေ။ လူတွေ နေရပ်ပြန်ဖို့က အဆင်သင့်ဖြစ်နေပေမယ့် အဲဒီ ပြန်အခြေချမယ့်နေရာရဲ့ အခြေအနေတွေ ကသာ အဆင်သင့်မဖြစ်တာလို့ ကျမထင်တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက်တောင်မှ သူတို့ဘဝအသက်မွေးဝမ်းကြောင်းရေးက အရမ်းကိုခက်ခဲတယ်။ လူတွေဆာလောင်တဲ့အခါ သင်တန်းမှာ အာရုံစူးစိုက်ဖို့ အရမ်းကိုခက်ခဲကြတယ်။ စနစ်တကျခေါင်းဆောင်မှုပေးနိုင်သူဖြစ်ဖို့ ခက်လာတယ်။ သူတို့က လုံခြုံရေး အခြေအနေအပေါ်မှာလည်း စိုးရိမ်နေကြတယ်။ အစိုးရစစ်စခန်းတွေရော၊ မြေမြှုပ်မိုင်းတွေရော ရှိနေသေးတယ်။ အခြေအနေမပေးသေးဘူး။ လူတွေကပြန်ဖို့အဆင်သင့်ဖြစ်နေပြီး အခြေအနေက အဆင်သင့်မဖြစ်သေးတာလို့ပဲ ကျမထင်တယ်၊

မေး။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လွန်ခဲ့တဲ့ ၃ နှစ်က လက်မှတ်ရေးထိုးခဲ့တယ်။ ဒါပေမယ့် NCA လုပ်ငန်းစဉ်က ရပ်တန့်ပြီး လမ်းဆုံးနေတယ်လို့ နော်ကညော်ဖောက ပြောတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဒေသတွင်းမှာ အပြောင်းအလဲတွေမြင်လား။ အရင်အတိုင်းပဲလား။

ဖြေ။ နိုင်ငံရေးအရပြောရရင် အပစ်အခတ် ရပ်စဲရေး စတင်ကတည်းက မြန်မာအစိုးရက နယ်မြေထိန်းချုပ် စိုးမိုးရေးကို ပိုမို အားထုတ် တိုးချဲ့နေတဲ့အတွက် ကျမတို့ရှုံးနေတယ်။ သူတို့က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေ ခေါ်လာတယ်။ အဲဒီထဲက တချို့ NGO တွေက အစိုးရရဲ့မူဝါဒကို အထောက်အကူပြုတဲ့လုပ်ငန်း တွေကို အကောင်အထည်ဖော်ကြတယ်။ ဒါက ကျမတို့ပေးနေခဲ့တဲ့ ဝန်ဆောင်မှုတွေနဲ့ ကရင်လူမှုပုံစုံံနဲ့ မကိုက်ညီတာတွေ ဖြစ်လာတယ်။ ကျမတို့ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကျမတို့ ရံပုံငွေ ပိုလိုတယ်။ ရင်းမြစ်တွေပိုလိုတယ်။ ဒါပေမယ့် ကျမတို့ရဲ့လုပ်ငန်းတွေကို အသိအမှတ်မပြုဘဲ ဝန်ဆောင်မှုလုပ်ငန်းသစ် တွေက ကျမတို့ရဲ့လုပ်ငန်းတွေကို အစားထိုးဖယ်ရှားဖို့ရောက်လာကြတယ်။ ဒါကြောင့် ကျမတို့ရဲ့ အကျိုးကို ထိခိုက်တယ်။

ကျမတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုသာ အသိအမှတ်ပြုရင် ပြည်သူတွေ ကိုယ့်ဘာသာကိုယ်စီမံဖို့ ဒုက္ခသည်စခန်းတွေမှာသာမက ကရင်ပြည်နယ်ထဲမှာပါ စွမ်းရည်မြှင့်တင်ထားပေးပြီးသားပဲ။ ကျမဆိုလိုတာက သူတို့ဘာသာ ဝန်ဆောင်မှုလုပ်ငန်းတွေကို စီမံနိုင်တယ်၊ ဦးဆောင်နိုင်တယ်။ ကိုယ့်ပြသနာကိုယ်ဖြေရှင်းနိုင်တယ်၊ ကိုယ့်လူမှုအသိုင်းအဝန်းကို ကိုယ်စီမံ နိုင်တယ်။ ဒီလိုအသိအမှတ်ပြုမှုကို ကျမတို့လိုအပ်တယ်။ အသိအမှတ်ပြုမှုသာရှိရင် ပြည်သူတွေအနေနဲ့ နေရပ်ကိုပဲပြန်ပြန် ဘယ်နေရာမှာပဲနေနေ ပြသနာရှိမှာမဟုတ်ဘူး။ ကျမတို့အနေနဲ့ သူတို့ ဘ၀ သူတို့ စီမံဖို့ သူတို့နည်းသူတို့ဟန်နဲ့ နေထိုင်ဖို့ အားပေးဖို့သာလိုပါတယ်။

မေး။ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU ရဲ့သဘောထားကိုရော ဘယ်လိုထင်လဲ။

ဖြေ။ ပထမဆုံးအချက်က NCA လက်မှတ်ထိုးပြီး ၃ နှစ်ကြာတော့ ဒီလမ်းအတိုင်းဆက်လျှောက်လို့မရဘူး ဆိုတာကို KNU က အခုတော့သဘောပေါက်လာပြီ။ လူတိုင်းလူတိုင်းမပါဝင်ဘဲ ရှေ့ဆက်လို့မရဘူး ဆိုတာ သူတို့သဘောပေါက်လာပြီလို့ ကျမဆိုလိုတာ။ ဒါကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး အနေနဲ့ ခိုင်မာအားကောင်းတဲ့ အသံတခုတည်းဖြစ်ဖို့ စုစည်းကြဖို့လိုတယ်ဆိုတာကို သူတို့သဘောပေါက်လာတာ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး မစုစည်းရင် မြန်မာအစိုးရနဲ့ အထူးသဖြင့် တပ်မတော်နဲ့ အပေးအယူလုပ်နိုင်တဲ့ ညှိနှိုင်းနိုင်တဲ့အင်အား ရှိမှာမဟုတ်ဘူး။ မြန်မာစစ်တပ်တို့ရဲ့စိတ်ဓာတ်က မပြောင်းလဲသေးဘူးလေ။

KNU အနေနဲ့က မြန်မာစစ်တပ်က အမြတ်ထုတ်နေတာကို မြင်ပေမယ့် ရပ်တန့်အောင်လုပ်ဖို့ အရမ်းကို ခက်ခဲနေတယ်။ NCA အောက်မှာ သူတို့လုပ်နိုင်တာက ပြသနာတွေကို ယူလာပြီးဆွေနွေးတာပဲ။ တရားဝင်ဆွေးနွေးပွဲကျင်းပဖို့၊ တွေ့ဆုံဆွေးနွေးရေးဆက်ဖို့တောင် သူတို့အရမ်းကို ကြိုးစားနေရတာ။ သူတို့ရှေ့ဆက်တိုးတက်အောင် မလုပ်နိုင်ဘူးလို့ ကျမထင်တယ်။ ဒါကြောင့် NCA ပြင်ပက နည်းလမ်းကို သူတို့စဉ်းစားနေကြတာ။ NCA ကအလုပ်မဖြစ်တော့ဘူးဆိုတာကို ဘယ်သူမှ ဝန်မခံချင်ကြဘူး။ ဒါပေမယ့် သူတို့အားလုံး လုပ်နေတာတွေက NCA ပြင်ပကဟာတွေချည်းပဲ။ NCA ကိုလိုက်နာတာက NCA ကို ထိန်းထားချင်လို့။ အခု KNU က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး အုပ်စုတခုတည်း ပေါင်းစုပြီး အတူတကွ ရှေ့ဆက်ချင်တာ။ လူမှုအခြေပြုအဖွဲ့အစည်းတွေက ဒါကို အစကတည်းက ထောက်ခံခဲ့တယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေက KNU အနေနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ အတူ လက်တွဲလုပ်ကိုင်စေချင်တယ်။ ဘယ်အုပ်စုကိုမှလဲ ခွဲမထွက်စေချင်ဘူး။

မေး။ လက်ရှိ KNU ခေါင်းဆောင်မှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဖို့ စခဲ့တဲ့ ခေါင်းဆောင်တွေ ပဲ။ သူတို့တွေ ပြောင်းလဲဖို့လိုတယ်လို့ကော ထင်သလား။
.
ဖြေ။ ဒါက NCA ကိုကျော်ကြည့်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်ကြည့်ဖို့လိုတယ်လို့ထင်တယ်။ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ NCA က ၂၀၀၈ ဖွဲစည်းပုံအတွင်းကနေပဲ လုပ်နေတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို မကျော်နိုင်ရင် NCA အတိုင်းလုပ်ရမယ်လို့ ခေါင်းဆောင်တွေက ယုံကြည်နေတုန်းဆိုရင် ရေရှည်တည်တံံ့တဲ့ အဖြေရမယ်လို့ ကျမ မထင်ဘူး။ NCA နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတွေကိုကျော်ကြည့်နိုင်တဲ့၊ အဲဒီလမ်းကြောင်းပြင်ပကို ထွက်နိုင်တဲ့၊ ပြောင်းလဲဖို့ကြိုးစားနိုင်တဲ့ ပြောင်းလဲအောင်တခုခုလုပ်နိုင်တဲ့ ခေါင်းဆောင်တွေကို ကျမတို့ လိုအပ်တယ်။

မေး။ အခြားသူတွေကို ဦးဆောင်အားပေးနေတဲ့ အမျိုးသမီးခေါင်းဆောင်တဦးအနေနဲ့ သူတို့ကို ဘာသတင်းစကားပေးချင်လဲ။

ဖြေ။ ပြောချင်တဲ့ သတင်းစကားကတော့ ခေါင်းဆောင်တယောက်ဖြစ်လာတဲ့အခါ ရာထူးနေရာရှိလာတဲ့အခါ သူတို့ဟာ အမျိုးသမီးတွေရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို မမေ့ဖို့ လိုတယ်။ အခြားသူတွေကို အသုံးချ လှည့်စားတာတွေ မလုပ်ဖို့ လိုတယ်။ အမျိုးသမီးရေးအတွက် ဆက်ပြီး ပြောဆိုရမယ်။ ကျမစိုးရိမ်တာကတော့ အမျိုးသမီးတွေကို နေရာတွေပေးလိုက်တဲ့အခါ ဖိအားတွေအများကြီးရင်ဆိုင်ရပြီး၊ တခါတလေ သူတို့က အခြားအမျိုးသမီးတွေအတွက် ကိုယ်စား မပြောပေးနိုင်တော့တာပဲ။ ဒါကြောင့် ကျမပေးချင်တဲ့သတင်းစကား ကတော့ အမျိုးသမီးရေးအတွက် ဆက်လက်ရပ်တည် ပြောဆိုကြပါ။ KNU အတွင်းဖြစ်စေ၊ အစိုးရအတွင်းက ဖြစ်စေ၊ ပြင်ပကဖြစ်စေ ကျမတို့ဟာ အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေနဲ့ ခံစားချက်အသံတွေကို စဉ်းစားဖို့ လိုတယ်။ သူတို့ကို ကိုယ်စားပြုဖို့ လိုတယ်။

မေး။ ကျားမတန်းတူမှုနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ချရာမှာ အမျိုးသမီးတွေပါဝင်ရေးကို ကျမတို့ အမြဲလိုလို ပြောဆိုကြတယ်။ KNU မှာကော အမျိုးသမီးတန်းတူရေး အခန်းကဏ္ဍကို ဘယ်လိုမြင်တယ် ထင်ပါလဲ။

ဖြေ။ ခေါင်းဆောင်အချို့ကတော့ အခြားခေါင်းဆောင်တွေထက် ပွင့်ပွင့်လင်းလင်းရှိတယ်။ ပိုပြီး ခေတ်မှီတယ်။ အချို့ခေါင်းဆောင်တွေက အမျိုးသမီးတွေကို အားပေးတယ်။ KNU ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးအချို့ ပါဝင်တာကိုလည်း ကျမတို့မြင်ရတယ်။ ဒါကလည်း အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ကိုလည်း ကျမတို့ အမြဲတောင်းဆိုနေလို့ပဲ ဖြစ်တယ်။

မေး။ KNU မှာ အမျိုးသမီးတွေ ဦးဆောင်မှု ရလာတဲ့အပေါ်ရော ကျေနပ်မှု ရှိနေပြီလား။

ဖြေ။ မကျေနပ်သေးပါဘူး။ သူတို့တွေက အမျိုးသမီးတွေ ပါဝင်ဖို့ဖိတ်လိုက်ရင် နောက်ဆုံးအချိန်ကျမှ ကပ်ဖိတ်တာပဲ။ ဖိတ်ကြားတာသက်သက်ပဲလေ။ လှိုက်လှိုက်လှဲလှဲခေါ်တာမဟုတ်ဘူး။ ဒါကြောင့် ကျမတို့ အမှန်တကယ်လိုတာက လူတွေရဲ့အမြင်ကို ပြောင်းလဲပစ်ဖို့၊ အမျိုးသမီးတွေရဲ့ပါဝင်မှု အကျိုးပြုမှုတန်ဖိုးကို တကယ် မြင်ဖို့ပဲ။ အမျိုးသမီးတွေပါဝင်ဖို့ ဖိတ်ခေါ်ရင် ရင်ထဲက တကယ်စိတ်လိုလက်ရ ဖိတ်တာမျိုး ဖြစ်သင့်တယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် မေလ ၃၁ ရက်နေ့က ဖော်ပြခဲ့သည့် ‘Women in Leadership Positions Must Speak for All Women’ ကို ဆီလျော်အောင်ဘာသာပြန်သည်။

You may also like these stories:

“အမျိုးသမီးများသည် ဘုန်းရှိသည်”ကမ်ပိန်းအပေါ် အမြင်များ

လူမှုအသိုင်းအဝိုင်းတခုတရားမျှတမှုရှိဖို့လိုတယ်

Your Thoughts …
Tags: WOCဒုက္ခသည်စခန်းနော်ကညောဖော
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂

မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂

by ဗညားအောင်
23 August 2024
3.8k

မည်သို့ဖြစ်စေ RASA, RSO, ARA အဖွဲ့များသည် လက်တွေ့တွင် စစ်ရာဇဝတ်ကောင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုများကို ကျူးလွန်နေကြသည်။

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

by ဗညားအောင်
21 May 2024
3.4k

ရခိုင်အခြေအနေသည် ၂၀၁၂ ခုနှစ်နှင့် များစွာ ကွာခြားသွားပြီ ဖြစ်သည်။

၅ နှစ်ကြာပြီးမှ ကိုင်တွယ်သော ICC က မြန်မာစစ်ခေါင်းဆောင် အမှု

၅ နှစ်ကြာပြီးမှ ကိုင်တွယ်သော ICC က မြန်မာစစ်ခေါင်းဆောင် အမှု

by Alan Reid
18 December 2024
2.9k

ရိုဟင်ဂျာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအပြင် မြန်မာမှ လက်ရှိအခြေအနေသည် အလွန်စိုးရိမ်စရာ ဖြစ်သည်။

ရိုဟင်ဂျာ ၆ သောင်း ထပ်မံဝင်ရောက်ဟု ဘင်္ဂလားဒေ့ရှ် ဆို

ရိုဟင်ဂျာ ၆ သောင်း ထပ်မံဝင်ရောက်ဟု ဘင်္ဂလားဒေ့ရှ် ဆို

by ဧရာဝတီ
24 December 2024
2.5k

မြန်မာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများ ပြင်းထန်နေချိန် လွန်ခဲ့သော နှစ်လအတွင်း ရိုဟင်ဂျာ ၆ သောင်း ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။

ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ

ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ

by ဧရာဝတီ
29 November 2024
2.2k

"စစ်ကောင်စီတပ်တွေနဲ့ အတူနေရတုန်းက ငါတို့ဟာ ငါတို့အမေ၊ ညီမ၊ အမတွေကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့လူတွေနဲ့ အတူရပ်တည်နေတာပါလားလို့ ခံစားရတယ်

Next Post
မင်းသား Robert Downey Jr. ရဲ့ဇာတ်ကောင် Tony Stark (Iron Man) 

Iron Man ကို ပြန်အသက်သွင်းပေးရန် Marvel ပရိသတ်များ တောင်းဆို

အဆိုတော် ဆိုဖီယာ  / ယုဖြူဟန် / ဧရာဝတီ

“အချစ်ကိုရှာတဲ့ မိန်းမထဲမှာ မပါဘူး”လို့ ပြောတဲ့ အဆိုတော် ဆိုဖီယာ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate