အိမ်အကူများအတွက် အကာအကွယ်ပေးနိုင်မည့် ဥပဒေတခု သီးသန့်ရေးဆွဲ ပေါ်ပေါက်လာရေးက မြန်မာနိုင်ငံ တွင် ပြဌာန်းရန် လိုအပ်နေသည့် ဥပဒေများထဲက တခုဖြစ်နေသည်။
အိမ်အကူအလုပ်သမားများ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တချို့သော ဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသော် လည်း အကျိုးခံစားခွင့်တစုံတရာ မရသည့်အပြင် ဥပဒေအရ ကာကွယ်ပေးမှုလည်း မခံရကြောင်း အလုပ်သမား ပြဿနာများအား ဖြေရှင်းဆောင်ရွက်ပေးနေသည့် အနာဂတ်အလင်းတန်းဆုံမှတ်မှ ဒါရိုက်တာ ဒေါ်သက်သက် အောင်က ထောက်ပြသည်။
အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင်လည်း အိမ်အကူကို ထည့်ထားသော်လည်း အိမ်ရှင်နှင့် အိမ်အကူ ပြဿနာ ဖြစ်ပြီး ညှင်းပန်းနှိပ်စက်ခံရပါက အိမ်အကူများဘက်မှ အကာအကွယ်ဖြစ်မည့် အိမ်အကူအလုပ်သမားဥပဒေ သီးသန့် မရှိသည့်အတွက် ရာဇသတ်ကြီး ဥပဒေဖြင့်သာ ဖြေရှင်းရသည်။
အိမ်အကူများ၏ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုများ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်စွာ အကြမ်းဖက်ခံရသည့်ကိစ္စ များကို ရာဇသတ်ကြီးပုဒ်မဖြင့် အရေးယူပြီး အိမ်အကူများ ငွေကြေးကို ခေါင်းပုံဖြတ်ခံရပါက လူကုန်ကူးမှု ဥပဒေဖြင့် တရားစွဲသည်ဟု သိရသည်။
အိမ်အကူအလုပ်သမားများ လိုက်နာရမည့် ကျင့်ဝတ်များ အခွင့်အရေးများ၊ အိမ်အကူအလုပ်ခေါ်သည့် အိမ်ရှင် များ၏ လိုက်နာရမည့် ကျင့်ဝတ်များစသည့် နှစ်ဦးနှစ်ဘက် အခွင့်အရေးကို ကာကွယ်ပြီး တရားမျှတမှု လက် လှမ်းမီသော ယန္တရားကောင်းကောင်းဖြင့် ဥပဒေတခု ဖော်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင် ရှိနေသည့် အိမ်အကူအလုပ်သမားများ၏ အကြမ်းဖက်ခံရသည့် အခွင့်အရေး ချိုးဖောက်ခံရသည့် အခြေအနေများကို အတိုင်းအတာတခုအထိ လျော့ကျကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်လှလှရီက သုံးသပ်သည်။
အိမ်အကူများကို ဥပဒေအရ အကာအကွယ်ပေးမှုများ နည်းနေသည့်အပြင် ဥပဒေများကလည်း လက်လှမ်းမီ နိုင်သည့် ဥပဒေများဖြစ်မနေခြင်းကြောင့် အိမ်အကူများအတွက် အကာအကွယ်ရရှိရေးက ပို၍ အလှမ်း ဝေးနေသည်။
အိမ်အကူလုပ်ကိုင်သူ အများစုမှာ အသက် ၁၈ နှစ်အောက်ဝန်းကျင် မိန်းကလေးများဖြစ်လေ့ရှိကြပြီး ၎င်းတို့သည် အိမ်ထောင်စုတစုလုံးအတွက် အလုပ်အားလုံးကို တာဝန်ယူကြရလေ့ရှိသည်။ အိမ်ရှင်နှင့်အိမ်အကူ နှစ်ဦးနှစ်ဖက် အဆင်ပြေသောအိမ်များရှိသလို အိမ်ရှင်ဆိုးများကြောင့် ဘဝတခုလုံး ပျက်စီးနာကျင်ရသော အိမ်အကူများမှာ ဒုနှင့်ဒေးပင်။
သာဓက တခုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာတွင် နေထိုင်သည့် ဗိုလ်မှူးတဦး ၏ဇနီးဖြစ်သူက အိမ်အကူ မကရင်မကို ဆွဲကြိုးပျောက်သည့်ကိစ္စဖြင့် နှိပ်စက်မေးမြန်းရာမှ သေဆုံးသွားခဲ့သည်။ ကျူးလွန်သူဟု ယူဆရသူ အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးစစ်ဆေး နေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ယနေ့အထိ စစ်ဆေးဆဲအခြေအနေတွင်သာရှိသေးသည်။

၎င်းဖြစ်စဉ်တွင် ဗိုလ်မှူး၏ဇနီးက မကရင်မကို ကျောက်ပြင်ဖြင့် ထုရိုက်ခြင်း၊ ခန္ဓာကိုယ်အား ညှင်းပန်းနှိပ်စက် ပြီးနောက် ထမင်းမကျွေးဘဲ ပစ်ထားခဲ့သည့်အတွက် ဆေးရုံပို့ရန် စီစဉ်နေစဉ်အတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အိမ်အကူ မကရင်မက တွံတေးမြို့နယ်၊ အုတ်ဖိုရွာတွင် နေထိုင်သူဖြစ်ပြီး ခင်ပွန်သေဆုံးပြီးနောက် ကလေး ၄ ဦးကို ညီမဖြစ်သူထံအပ်နှံခဲ့ပြီး အင်းတိုင်တပ်ထဲတွင် အိမ်အကူအနေဖြင့် အလုပ် လုပ်နေသည်မှာ ၆လခန့် အကြာတွင် ထိုပြဿနာဖြစ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ မကရင်မ ကဲ့သို့ပင် အိမ်အကူအလုပ်သည် ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် ရရှိရန် အခွင့်အရေးနည်းပါးသူများမှာ အထောက်အထား၊အချက်အလက်များစွာပေးရန်မလိုသည့်အတွက် ဝင်ငွေရသည့် နီးစပ်ရာ အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ကြရာမှ ထိုသို့သော ပြဿနာများဖြင့် ကြုံတွေ့ရခြင်းဖြစ်သည်။
အသက်အရယ္မြိုးစုံသော အိမ်အကူမ်ားနွင့် အသက္မျပည့်သေးသော အိမ်အကူ ကေလးငယ္မ်ားသည် နွိပ္စက်ညွဉ်းပန်းခံရျခင်း၊ လိင္ပိုင်းဆိုင်ရာ စ္ကောားခံရျခင်းမ်ားကို ကြုံတြေ့လ်က်ရွိပြီး အကာအကြယ် ကင်းမဲ့လ်က်ရွိသည့် အတြက် အိမ်ရွင်အိမ်အကူ နွင့် သက္ဆိုင်သော ဥပေဒမ်ား ျပဋ္ဌာန်းပေးနိုင်ရန် တရားဥပေဒေရးရာ လှုပ်ရွားသူမ်ား၊ လူ့အခြင့်အေရး လုပ်ရွားသူမ်ားက တောင်းဆိုလ်က်ရွိသည်။

မြန်မာနိုင်ငံတွင်အိမ်ရှင်အိမ်အကူ ဥပဒေ သီးသန့် ပြဌာန်းထားခြင်းမရှိသဖြင့် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်သူများအတွက် ပိတ်ရက်ပေးခြင်း၊ အလုပ်ချိန်သတ်မှတ်ပေးခြင်း၊ လုပ်ရမည့် အလုပ်ပုံစံသတ်မှတ်ပေးခြင်း တိကျစွာ မရှိသဖြင့် အိမ်အကူလုပ်ကိုင်သူများအဖို့ အိမ်ရှင်စေခိုင်းသမ ျှ လုပ်ကြရသည်။ နှစ်ဦးသဘောတူ နားလည်မှုဖြင့်သာ ပိတ်ရက်၊ နားချိန်များ ရကြသည်။
အိမ်အကူအလုပ်သမားဥပဒေကို ကျင့်သုံးနေသည့် နိုင်ငံများတွင် အဘိုးအဘွားစောင့်ရှောက်ပေးခြင်းက အလုပ် တခု၊ ကလေးထိန်းသည့် အလုပ်က တခုဟု သီးသန့်ခွဲထားခြင်းရှိသည်။ ထို့ကြောင့် အိမ်အကူများက ၎င်းတို့ သီးသန့် ကျွမ်းကျင်ရာ အိမ်အလုပ်တခုကိုသာ လုပ်ကြရသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့ ကျင့်သုံးမှု မရှိသေးပါ။
ထို့အပြင် အလုပ်သမားဥပဒေတွင် ပါရှိသည့် အနည်းဆုံး လုပ်ခကြေးငွေ ခံစားခွင့်တွင် အိမ်အကူ၏အဓိပ္ပာယ်ဖွင့် ဆိုချက် ပါဝင်သော်လည်း ၎င်းဥပဒေတွင် အလုပ်သမား ၅ ဦးအထက်ရှိမှသာ ထိုအကျိုးခံစားခွင့်က ရရှိသဖြင့် အိမ်အကူများနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။
အိမ်အကူများကို အလုပ်သမားအဖြစ် အသိအမှတ်မပြုသေးသည့်အတွက် အိမ်ရှင်များက လစာအနေဖြင့် အဆင်ပြေသလို ပေးနေခြင်းကြောင့် အများဆုံးရသည့် ငွေကြေးသည့် တလကို တသိန်းခန့်သာရရှိပြီး အိမ်တွင် အလုပ်လုပ် ကြရသည့်အတွက် ပိတ်ရက်နှင့် အလုပ်ချိန် သတ်မှတ်ချက် မရှိကြောင်း အိမ်အကူလုပ်သက် ၁၀နှစ်ကျော်ရှိသည့် မသန်းထွေးက ရှင်းပြသည်။
သူက “တလကို တသိန်းလောက်ပဲရတယ်။ အလုပ်ချိန်တွေဘာတွေ သတ်မှတ်ထားတာမရှိပါဘူး” ဟု ပြောပြသည်။
အိမ်အကူလုပ်ကြသည့် မိန်းကလေးအများစုသည် နယ်မြို့ကျေးရွာများမှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြ ပြီး အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်အရွယ်များဖြစ်သည့်အတွက် အခြားလုပ်ငန်းများထက် အန္တရာယ်ပိုရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဦးစီးမှူး နော်သဝါးက ဆိုသည်။
အိမ်ရှင်နှင့် အိမ်အကူ ပြဿနာများ မကြာခဏ ဖြစ်နေသော်လည်း ထိုအလုပ်သည် အရင်းအနှီး မလိုသည့် အလုပ်ဖြစ်ခြင်း၊ ငွေကြေးပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်သည့် အလုပ်ဖြစ်ခြင်းကြောင့် လုပ်နေသူများ ရှိနေ သေးကြောင်း ၎င်းက ထောက်ပြသည်။
အိမ်အကူအနေဖြင့် သွားရောက်လုပ်ကိုင်မည့် အိမ်၏အခြေအနေ၊ ပတ်ဝန်းကျင်အနေအထားနှင့် ရပ်ကွက်က အစ သေချာစုံစမ်းမေးမြန်းပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို အသိပေးထားခြင်းဖြင့် ဝိုင်းဝန်းစောင့်ရှောက် နိုင်မည်ဖြစ်သည်ဟု နော်သဝါးက အကြံပြုပြောကြားသည်။
ထို့အပြင် အိမ်အကူများသည် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများကဲ့သို့ လုပ်ရသောအလုပ် မဟုတ်သည့် အတွက် အလုပ်ရှင်တဦးသာမက အလုပ်ရှင်၏မိသားစုများနှင့် တိုက်ရိုက်ထိတွေ့ရသည့်အတွက် အိမ်အကူများ အတွက် သီးသန့်ဥပဒေပြဌာန်းပေးရန် လိုအပ်နေခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဖြစ်သည့် ပြဿနာသည် အိမ်အတွင်းထဲတွင် ဖြစ်သည့်ပြဿနာဖြစ်ခြင်းကြောင့် အပြင်လူသိရန် ခက်ခဲပြီး ၎င်းတို့ကိုယ်တိုင်လည်း အပြင်မထွက်ရသည့်အတွက် အိမ်အကူပြဿနာများက ဖြေရှင်းရန် ခက်သည့်အမျိုးအစားတွင် ပါဝင်နေသည်ဟု သိရသည်။
ထို့အပြင် ပြဿနာဖြစ်ပါက အိမ်အကူများအနေဖြင့် မည်သို့ တိုင်ကြားရမည်ကို မသိရှိပါဟု မေးမြန်းခဲ့သည့် အိမ်အကူအလုပ်သမား ၅ ဦးလုံးက အလားတူ ပြောကြားကြသည်။
အိမ်အကူများအနေဖြင့် ပြဿနာဖြစ်လာပါက တိုင်ကြားရန်ခက်ခဲပြီး ဥပဒေများက လက်လှမ်းမမီသည့်အတွက် ရက်ရက်စက်စက် ရိုက်နှက် နှိပ်စက်ခံရပြီးမှ သိရှိရသည့် အဖြစ်အပျက်မျိုးလည်း ရှိသည်။
လူသိများသည့်ဖြစ်ရပ်တခုမှာ အင်းဝအပ်ချုပ်ဆိုင်ရှင်မိသားစုက ဆယ်ကျော်သက်အရွယ် အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို လူစဉ်မမီအောင် ရိုက်နှက် နှိပ်စက် ညှင်းပန်းခဲ့သဖြင့် ကျူးလွန်သူ ၃ ဦးကို တရားရုံးက အမြင့်ဆုံးထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်။
ညှင်းပန်းနှိပ်စက်ခြင်းကြောင့် အိမ်အကူမစန်းကေခိုင်၏ လက်ချောင်း ဆယ်ချောင်းကျိုးနေပြီး ညာဘက် လက် မောင်းရိုးကျိုးသည့် ဒဏ်ရာလည်း ရထားသည့်အပြင် လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေးပြားပေါ်တွင် မီးရှို့ခံထားရသော ဒဏ်ရာများက အထင်းသား ရှိနေသည်။
အိမ်အကူ နောက်တဦးဖြစ်သည့် မသဇင်တွင်လည်း ဓားဖြင့်ခုတ်ထားသော ဒဏ်ရာက ၎င်း၏နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသည်အထိ နှိပ်စက်ခံထားရကြောင်း ဒဏ်ရာများက သက်သေပြနေသည်။
ထိုဒဏ်ရာများကြောင့် ၎င်းမိန်းကလေးငယ်နှစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးသွားခဲ့ရသည်။ ထိုသို့ဖြစ်သွားရသည့် မိန်းကလေးများအတွက် ပြန်လည်ကုစားပေးရန်အတွက်က လိုအပ်နေပါသည်။
ထိုအမှုသည်လည်း ကျူးလွန်ခံရသူမိန်းကလေးများမှ တိုင်ကြားခြင်းမဟုတ်ဘဲ စုံစမ်းသိရှိရခြင်းကြောင့် ရဲစခန်းကို အမှုဖွင့်တိုင်ကြားရာမှ ထိုအမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အိမ်အကူအမှုများသည် ၎င်းတို့ရိုက်နှက်နှိပ်စက်ခံရမှုကို တိုင်ကြားရန် သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်ရန် ကြောက်ရွံ့ကြကြောင်း အိမ်အကူအလုပ်သမားများက ပြောကြသည်။ တိုင်ကြားမှုကြောင့်ထွက်ပေါ်လာသည့် အမှုမျိုး နည်းပြီး နီးစပ်ရာအသိုင်းအဝိုင်းက အသိပေးတိုင်ကြားမှသာ ရောက်လာသည့် အမှုကများကြောင်း သိရသည်။
“ငွေပေးပြီး ကျေအေးတာမျိုးတွေ ရှိတဲ့အတွက် ဘယ်နှမှုရှိတယ်ဆိုတာ ပြောဖို့ ခက်ခဲတယ်။ ဖြစ်လာတဲ့ အမှု တိုင်းသည် ရက်ရက်စက်စက်နဲ့ ညှင်းပန်း နှိပ်စက် ခံရတဲ့အမှုမျိုးမှ အပြင်ကိုရောက်လာပြီး တိုင်တန်းတာမျိုး များတယ်” ဟု Legal Clinic Myanmar အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ထောက်ပြသည်။
Legal Clinic Myanmar ကို လာရောက်အကူအညီတောင်းသည့် အကြမ်းဖက်ခံရသော အိမ်အကူအလုပ်သမား အမှုပေါင်း ၁၀ မှုကျော်ရှိပြီး ထိုအမှုများထဲတွင် အိမ်အကူအလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်သော အမှုများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၁၈ခုနစ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ နေအိမ်တလုံးမှ အိမ်ရှင်အမျိုးသားက အိမ်အကူ မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်နေစဉ် ရုန်းကန်သည့်အတွက် အထပ်မြင့် လေးလွှာမှ တွန်းချခံခဲ့ရသည့် အမှုတခု ဖြစ်ပွားခဲ့သည့် အမှုလည်း ရှိကြောင်း နော်သဝါးက ပြောဆိုသည်။
သို့ဖြစ်ရာ အဆိုပါ အိမ်အကူမှုခင်းများ ကျဆင်းရေးအတွက် လူမူဝန်ထမ်းကယ်ဆယ်ရေးဌာနအနေဖြင့် ကြိုတင်ကာကွယ် ရေးအတွက် အမျိုးသမီးအရေးဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မိဘများကို ပညာပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
နော်သဝါးက “အဲဒီအတွက်ကို ကျမတို့က ပြန်ကြည့်လိုက်တဲ့အခါကျတော့ မိဘတွေရဲ့အလုပ်အကိုင်၊ အခွင့် အလမ်း တွေလည်း စီစဉ်ပေးဖို့တော့လိုတယ်” ထောက်ပြသည်။
အိမ်အကူူလုပ်ငန်းမ်ားသည် ျမန္မာနိုင်ငံတြင်သာမက ကမ္ဘာပေါ်တြင္လည်း တန္ဖိုးနွိမ္ခ်ခံရမှု၊ အမ်ားမျမင္ကြယ်ရာတြင် လုပ္ကိုင်နေရမှုမ်ား ကြောင့် လူ့အခြင့်အေရး၊ အလုပ်သမားအခြင့်ရေးမ်ားစြာကို ခိုးဖောက္ခံနေရဆဲျဖစ်ပြီး ယင်းျဖစ်ရပ္မ်ားကို ရပ္တန့်သြားရန် ၂၀၁၁ ခုနွစ္တြင္မူ အျပည်ျပည္ဆိုင်ရာ အလုပ်သမားရေးရာ အဖြဲ့ (ILO) က အိမ်အကူလုပ်သားဆိုင်ရာ ျပဋ္ဌာန်းခ်က္ကို ျပဋ္ဌာန်းခဲ့သည်။