• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Women & Gender

          နယ်လု တိုက်ပွဲတွေကြောင့် ပြည်သူတွေ နစ်နာနေဆဲလား

          by နန်းဆိုင်နွမ်
          25 June 2019
          in Women & Gender
          Reading Time: 1 min read
          A A
          သေနတ်ထိမှန်သေဆုံးခဲ့သူမနန်းမွှေးအောင် / နန်းဆိုင်နွမ် / HI

          သေနတ်ထိမှန်သေဆုံးခဲ့သူမနန်းမွှေးအောင် / နန်းဆိုင်နွမ် / HI

          9.8k
          VIEWS
          Share on FacebookShare on Twitter

          တောင်ကုန်းများ ဝန်းရံထားသည့် ရွာငယ်သည် သာယာ ပျော်ရွှင်ဖွယ် နေရာတခုဟု ထင်မြင်ရသော်လည်း ထိုနေရာ တွင် အုတ်ဖြင့် အခိုင်အမာဆောက်လုပ်ထားသည့် အိမ်များက ကျည်ဆံထိမှန်ထားသည့် ပွန်းပဲ့ရာများနှင့် ပြည့်နှက်နေသည်။

          အိမ်တိုင်း လိုလိုသည် တံခါးများပိတ်ထားပြီး တရွာလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည့် ထိုနေရာသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ပန်လုံကျေးရွာ ဖြစ်သည်။

          RelatedPosts

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

          1 December 2023
          5.8k
          နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

          နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

          21 November 2023
          2.5k
          ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ

          ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ

          9 October 2023
          884

          ပန်လုံကျေးရွာသည် သီပေါနှင့် နမ္မတူ ကားလမ်းပေါ်တွင် တည်ရှိသည့် မြို့မကျ၊  တောမကျ ကျေးရွာ တရွာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ  တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်နေရာလည်းဖြစ်သည်။

          ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုနေရာ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး အသက် ၁၈နှစ်အရွယ် နန်းမွှေးအောင်တယောက် ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ရသည်။

          နန်းမွှေးအောင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်နေသူဖြစ်ပြီး ထိုအချိန်က သူ့အဘိုးဖြစ်သူ၏ ဈာပနရှိသဖြင့် ရွာသို့ ခေတ္တပြန်လာခဲ့ခြင်းဖြစ်သည်။

          “သမီးက သူ့အဘိုးရဲ့ နောက်ဆုံးခရီးကို လာနှုတ်ဆက်ချင်တယ်ဆိုပြီး ပြန်လာတာ။ ရက်လည်ပြီးရင် ဘန်ကောက်ကိုပြန်သွားရမှာ” ဟု မိခင်ဖြစ်သူ ဒေါ်ခမ်းလီက မြေပဲများကို အခွံချွတ်ရင်းက ပြန်ပြောပြသည်။

          ထိခိုက်ဒဏ်ရာရခဲ့သည့် ပါ့မြ/နန်းဆိုင်နွမ်/HI

          ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြ သည့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မ တော်(TNLA) တို့  ထိုရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေ့ဖြစ်သည်။

          နန်းမွှေးအောင်တို့၏ အိမ်အနောက်ဖက်တွင် တောင်ကုန်းကြီးတခုရှိပြီး၊ ထို တောင်ကုန်းကို ထိန်းချုပ်ထားနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး ကျည်ဆံ ထိမှန်ခဲ့ရ ပြီး ထိုသူများထဲမှ တဦး အပါအဝင်ဖြစ်သည့် နန်းမွှေးအောင် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

          ထိုနေ့က ၎င်းတို့အိမ်ရှေ့တွင် လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေပြီး သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်နေကြသဖြင့်  အိမ်နောက်ဖေးသို့ ထွက်သွားပါက လွတ်မြောက်နိုင်မည်ဟု ယူဆပြီး မိခင်ဖြစ်သူ ဒေါ်ခမ်းလီနှင့်သမီး နန်းမွှေးအောင်တို့က လက်တွဲလျက် ဖခင်ဖြစ်သူက  နန်းမွှေးအောင်၏ ခြေထောက်မသန်သည့် ညီမငယ်ကို ကျောပိုးကာ အိမ် နောက် ဖေးအပေါက်မှ တဆင့် မိသားစုလိုက်ထွက်ပြေးခဲ့ကြသည်။

          ဘေးပတ်ဝန်းကျင်မှ ရွာသားများကလည်း နေအိမ်များမှ ရှောင်ပြေးနေကြသဖြင့် မိခင်ဒေါ်ခမ်းလီနှင့် သမီး နန်းမွှေးအောင်တို့သည်  သေနတ်ကျည်ဆံများ အကြား တဦးကိုတဦး လက်တွဲကာ ပြေးထွက်ခဲ့ကြစဉ် ကျည်ဆံထိမှန်ပြီး နန်းမွှေးအောင်က လဲကျသွားခဲ့ခြင်းဖြစ်သည်။

          “သမီးကို မူးမေ့လဲတယ် ထင်ပြီး ပွေ့ချီဖို့ အတင်းနှိုးသေးတယ် မွှေးအောင်ရဲ့ အဖေက ကျမခြေထောက်မှာ သွေးမြင် တော့ ကျမကို ကျည်ထိတယ် ထင်နေတာ။ ကျမ ဘာမှမဖြစ်ဘူး ဆိုတော့မှ သမီးကို ကြည့်လိုက်တယ်။ သမီးရဲ့ ခေါင်းတည့်တည့်မှာ ကျည်ပေါက်ထွက်သွားတယ်လေ” ဟု မိခင်ဖြစ်သူ နန်းခမ်းလီက ဆိုသည်။

          ကျည်ထိပြီးနောက် နန်းမွှေးအောင် တယောက် အသက်ပြင်းပြင်း ၃ ကြိမ်ရှူကာ အသက်ထွက် သွားသဖြင့် ထိုနေရာတွင်သာ ထားခဲ့ရသည်။

          “ကျည်ဆံတွေကလည်း ဆက်တိုက်၊ သမီးကိုလည်း ကျမ မသယ်နိုင်ဘူး။ အဲဒီနေရာမှာ ကျမထားခဲ့ရတယ်” ဟု မိခင်ဖြစ်သူက စိတ်ထိခိုက်သည့် အသံဖြင့် ပြန်ပြောပြသည်။

          ဒေသခံများကို စစ်ရှောင်ရန် လာရောက် ခေါ်ဆောင်သည့် ကားပေါ်သို့ မည်သို့ ရောက်သွားသည်ကို မသိတော့ ဘဲ သမီးဖြစ်သူကို ပွေ့ချီပြီး မခေါ်လာနိုင်သည့် အတွက် ယနေ့တိုင် ဝမ်းနည်း စိတ်မကောင်း ဖြစ်နေမိသည် ဟု မိခင် နန်းခမ်းလီက ပြောသည်။

          “ကျမတော်တော်လန့်ပြီး ဘာလုပ်ရမှန်းမသိဘူး။ ကားပေါ်တက်တော့ သမီးကလည်း မပါလာတော့ ငူငူငိုင်ငိုင်ဖြစ်။ ကျမကို အဲဒီအချိန်မှာ တယောက်ယောက် လာတိုက်မိရင် တခါတည်း လဲကျသွားနိုင်တယ်။ ကျမစိတ်ထဲမှာ ဟာတာတာ နဲ့” ဟု လွန်ခဲ့သည့် ၂ နှစ်ကျော်က သမီးဖြစ်သူ ကျည်ထိမှန်ခဲ့ရချိန်က ခံစားမှုများကို ပြောပြသည်။

          လိမ္မာပြီး မိသားစုကို တဖက်တလမ်းမှ ဝင်ငွေကူညီရှာဖွေပေးသူ၊ ငယ်ရွယ်လွန်းပြီး အချိန်မတန်မီ ကြွေသွားသူ နန်းမွှေးအောင်ကို ဆုံးရှုံးလိုက်ရခြင်းသည် သူတို့မိသားစုအတွက် မမျှော်လင့်ထားသည့်အဖြစ်ဆိုးကြီးဖြစ်သည်။

          “ကျမတို့မှာ သမီးမရှိတဲ့ နောက်ပိုင်း ရောဂါတွေလည်း တမျိုးပြီး တမျိုးပါပဲ။ သွေးတိုးလည်း ရှိလာတယ်။ ဆေးတွေ သောက်နေရတယ်။ မသောက်ရင် ကျမနှလုံးက အောင့်အောင့်လာတယ်” ဟု နန်းမွှေးအောင်၏ မိခင် နန်းခမ်းလီ က ပြောပြသည်။

          နန်းခမ်းလီတယောက် ယနေ့တိုင် ဆူညံသံ၊  သေနတ်သံများ ကြားရပါက နှလုံးထဲမှ အောင့်တက်လာပြီး သမီး၏ဓာတ်ပုံကို မြင်လျှင်လည်း နှလုံးအောင့်ကာ အသက်ရှူကြပ်လာသဖြင့် နေအိမ်တွင် သမီးဓာတ်ပုံများကို လုံးဝ မချိတ်ထားတော့ပါဟုဆိုသည်။

          “အိမ်မှာသမီးပုံတွေကို ပလပ်စတစ်နဲ့ ထည့်သိမ်းထားတယ်။ မြင်ရင်စိတ်မထိန်းနိုင်ဘူး” ဟု မှန်ဘောင်ထဲတွင် ထည့်ထားသည့် နန်းမွှေးအောင်၏ ဓာတ်ပုံကို ပလတ်စတစ်အိတ်ထဲမှ ထုတ်ပြရင်း ပြောပြသည်။

          ထိုနည်းတူ ထိုတိုက်ပွဲအတွင်း ခြေထောက်ကို ကျည်ထိမှန်ခဲ့သည့် အသက် ၅၆ နှစ်အရွယ် ပါ့ဆေးတယောက်လည်း ၂ နှစ်ကြာခဲ့ပြီဖြစ်သည့် လက်ရှိအချိန်အထိ ကောင်းမွန်စွာ လမ်းပြန်မလျှောက်နိုင်သေးပါ။

          ပါ့ဆေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၆ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးရန် အတွက် အိမ်အပေါ်ထပ်တွင် စောင်သွားယူချိန်တွင် လက်နက်ကြီးအပိုင်းအစက ရုတ်တရက်ကျလာပြီး ပါ့ဆေး၏ ခြေထောက်ကို ထိမှန်ခဲ့သည်။

          “ အိမ်ပေါ်ရောက်တော့ သေတ္တာဖွင့်လိုက်တဲ့အချိန်မှာပဲ လက်နက်ကြီးက အိမ်ပေါ်ကျလာတယ်။ ကျမကို ရှပ်ပြီး ထိသွားတာ။ ခြေထောက်ကို ထိသွားတယ်” ဟု သူ၏ခြေထောက်ကိုပြပြီး အဖြစ်အပျက်ကို ပြန်ပြောပြသည်။

          တိုက်ပွဲပြင်းထန်မှုကြောင့် အိမ်နီးချင်းများက နီးစပ်ရာသို့ ပြေးလွှားရှောင်ရှားနေကြပြီး ရွာထဲတွင် သက်ကြီးရွယ်အိုများဖြစ်သည့် ပါ့ဆေးတို့ လင်မယားနှစ်ယောက်သာ ကျန်ခဲ့သည်။

          “အိမ်နီးနားချင်းတွေကတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ပြေးကြပြီ။ ခြေထောက်က ခြေ ၂ ချောင်းထိသွားတယ်။ လင်မယား ၂ ယောက်ထဲ ဘာဆေးမှလည်း မရှိဘူး။  ဟင်းခတ်အချိုမှုန့်ပဲ ထည့်ရတယ်။ စက္ကူလိပ်နဲ့ အုပ်တယ်” ဟု ပါ့ဆေးက မျက်ရည်များဝဲကာ ပြောပြနေသည်။

          သူ၏ခြေထောက် ကျည်ထိမှန်ဒဏ်ရာကို ဆေးကုသရန် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လာရောက် ကူညီထောက်ပံ့မှု မရှိသကဲ့သို့ လာရောက်တောင်းပန်ခြင်းလည်း တစုံတရာမျှ မရှိကြောင်း ပါ့ဆေးက ရင်ဖွင့်ပြသည်။

          “ နောက်ဆုံးတော့  ပြည်သူတွေက ငွေလည်းကုန်၊ ဒဏ်ရာတွေလည်းရ” ဟု သူ၏ခြေထောက်ကိုကိုင်ကာ ဝမ်းနည်းစွာဖြင့် ပြောသည်။

          ပါ့ဆေး၏ ခြေချောင်းတချောင်းကို ဖြတ်လိုက်ရပြီး ဒဏ်ရာကြောင့် လက်ရှိတွင် လမ်းဝေးဝေးလျှောက်ရန် ခက်ခဲနေဆဲဖြစ်ကာ ရာသီဥတု အေးလျှင်လည်း အလွန်ကိုက်ခဲသည်ဟု ဆိုပါသည်။

          သီပေါနှင့် နမ္မတူလမ်းမပေါ်ရှိ ပန်လုံကျေးရွာတွင် အချိန်မရွေး လက်နက်ကိုင်တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာနိုင်သဖြင့် ဒေသခံများသည် ကျောက်မဲ၊ လားရှိုးနှင့် နောင်ချိုဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး၊ တချို့ ငွေကြေးမဆင်မပြေသူများမှာ ပန်လုံကျေးရွာရှိ မိမိနေအိမ်အနီးတွင် ဗုံးခိုကျင်းများတူးကာ နေထိုင်ကြရသည်။

          “ တိုက်ပွဲက အမျိုးသမီးတွေသာမက ပြည်သူတွေအားလုံး အရှုံးပါပဲ။ သေတဲ့သူသေရပြီ။ ကျည်ထိတဲ့သူကထိ။ ဒါတွေ ဘယ်သူက လာကူညီလို့လဲ။ ကိုယ့်ဖာသာကိုယ်ပဲ ဖြေရှင်းရတယ်လေ။ အလုပ်လည်းရှုံးတယ်” ဟု ပါ့ဆေးက တုန်ရီနေသည့်အသံဖြင့်  ပြောသည်။

          သီပေါနှင့် နမ္မတူကားလမ်းတလျောက်ပေါ်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် အမျိုးသမီးများသည် လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်နေရသဖြင့် နေ့စဉ် စိုးရိမ်စိတ်များဖြင့် နေထိုင်နေရသည်ဟု ဒေသအတွင်းနေထိုင်သည့် အမျိုးသမီးများက ပြောသည်။

          တချို့အမျိုးသမီးများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးရချိန်တွင် ထိခိုက်ဒဏ်ရာများရခဲ့ကြသည်။

          “ တိုက်ပွဲဖြစ်တော့ထွက်ပြေးတယ်။ အရေးထဲ ထော်လာဂျီမှောက်လို့ ကျမတို့ အမျိုးသမီး ၄ ယောက် ဒဏ်ရာတွေရ တယ်။ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ကျမဆိုရင် မျက်နှာတွေ ယောင်ပြီး လက်ကျိုးတယ်” ဟု အသက် ၆၀ အရွယ်ရှိသည့် မိုင်းမုကျေးရွာမှ ပါ့မြက ပြောသည်။

          ယခုအချိန်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း မည်သည့်အချိန်ပြန်ဖြစ်မည်ကို မသိရှိသဖြင့် အလုပ်မလုပ်နိုင်ကြောင်းလည်း ပါ့မြက ပြောပြသည်။

          “ အခုဘာမှမစိုက်ရဲဘူး။ ကျွဲ၊ နွား၊ ကြက်တွေလည်း မမွေးရဲဘူး။ တိုက်ပွဲဖြစ်ရင် လူက ကိုယ်လွတ်ရုန်းလို့ ရပေမယ့် တိရိစ္ဆာန်တွေက ခေါ်သွားရခက်တယ်လေ” ဟု ပါ့မြကဆိုသည်။

          တိုင်းရင်းသားအချင်းချင်း နယ်မြေလုသည့် တိုက်ပွဲများသည် အဓိပ္ပါယ်မရှိကြောင်း၊ ပြည်သူလူထုသာ အထိနာပြီး သေဆုံးနေရကြောင်း တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် နေထိုင်သည့် အမျိုးသမီးများက ဝေဖန်ပြောဆိုကြသည်။

          နန်းမွှေးအောင်တို့မိသားစု၏ နေအိမ်နောက်ဖေးတောင်ကုန်းတခုကို ပိုင်ဆိုင်ရေး စစ်ရေးဖြင့် အပြင်းအထန် တိုက်ခိုက် ရယူရန် ကြိုးစားရင်း နန်းမွှေးအောင်တယောက် အသက်ဆုံးရှုံးခဲ့ရသော်လည်း ထိုတောင်ကုန်းကို မည်သည့် အတွက် ပိုင်ဆိုင်လိုကြသည်ကို နန်းမွေးအောင်၏မိသားစုက သိနားလည်ခွင့်မရှိခဲ့ပါ။

          “ ဘယ်အဖွဲ့မဆို ကျမတို့အိမ်နောက်ဘက်က ကုန်းကို လိုချင်ကြတယ်။ အဲဒီတောင်ကုန်းကို လုလို့ ကျမရဲ့သမီး အသက်လည်း ပေးဆပ်လိုက်ရပြီ။ ကျမလည်း ဘာမှ နားမလည်တော့ဘူး” ဟု နန်းခမ်းလီက ဆိုသည်။

          ပန်လုံကျေးရွာ၏ ပတ်ပတ်လည်ရှိ စိမ်းစိုနေသည့်တောင်ကုန်းများပေါ်တွင်  လက်နက်ကိုင်တပ်ဖွဲ့များ အပြိုင်အဆိုင် တပ်စွဲထားသဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် ဒေသခံများက နေ့စဉ်ဆုတောင်းနေကြရသည်။

          ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ စီစဉ်လုပ်ဆောင်သည့် HI (Honest Information) မှ ကူးယူဖော်ပြပါသည်။

          You may also like these stories:

          လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ

          ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ နမ့်လန်နှင့် သီပေါ အကြားတွင် တိုက်ပွဲဖြစ်

          RCSS ၏ ကျူးကျော်မှုများ အမြန်ဆုံးဆုတ်ခွာရန် SSPP သတိပေး

          RCSS တောင်းသည့် ပိုက်ဆံ မပေးနိုင်၍ နမ္မတူဒေသခံများ ဒုက္ခရောက်နေ

          Your Thoughts …
          Tags: ပန်လုံလက်နက်ကိုင်
          နန်းဆိုင်နွမ်

          နန်းဆိုင်နွမ်

          Honest Information(HI)

          Similar Picks:

          ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ် လွိုင်တန်းလျန်တွင် ၂၀၁၆ ဖေဖော်ဝါရီအတွင်း ကျင်းပသော ရှမ်းပြည်နယ်နေ့ / ဧရာဝတီ

          စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁

          by ကိုဦး
          25 April 2022
          19.4k

          ရှမ်းပြည်နယ်ဟု သိခဲ့ကြသော ပြည်နယ်အတွင်း ရှမ်းလူမျိုးအပြင် လူမျိုးများစွာရှိသည်။

          MNDAA ကိုးကန့်တပ်ဖွဲ့ဝင်များ  / Global Times

          စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် ၄

          by ကိုဦး
          28 April 2022
          14.2k

          မြောက်ပိုင်းအဖွဲ့များနှင့် တွဲဖက်မိနေသည့် PDF အင်အားနှင့် လက်နက်တပ်ဆင် နိုင်မှုမှာလည်း ပဟေဠိတပုဒ် ဖြစ်နေ၏။

          မတ်လ ၂၃ ရက် မုံရွာတွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်

          အကြမ်းမဖက်နှင့် အကြမ်းဖက်နည်းလမ်းများအပေါ် ကျိုးကြောင်းဆင်ခြင်ခြင်း

          by အီဂေါဗလာဇီဗစ်
          23 March 2021
          30.9k

          အကြမ်းမဖက်နည်းလမ်းသည် ရလဒ် မြန်မြန်မပေါ်၊ ထို့ကြောင့် အကြမ်းဖက်လမ်းသုံးရမည်ဟု ချက်ချင်း ကောက်ချက်ချခြင်းသည် မှားယွင်းပါသည်။

          ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း / ဧရာဝတီ

          နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ

          by ဧရာဝတီ
          22 January 2022
          7.4k

          စစ်အာဏာသိမ်းမှုအပေါ် လက်မခံကြောင်း နိုင်ငံတဝှမ်းက ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြချိန်မှာ လိင်စိတ်ခံယူမှုကွဲပြားတဲ့ (LGBTIQ) အင်အားစုတွေကလည်း ပါဝင်ခဲ့ကြပါတယ်။

          BGF ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွင်တွေ့ရသည့် တရုတ်နိုင်ငံသားတချို့  /  ထက်ဝေ  / ဧရာဝတီ

          လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေအရေး

          by ထွန်းထွန်း
          2 November 2020
          25.3k

          အထူးသဖြင့် မူဆယ်နယ်စပ်က ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ရွှေကုက္ကိုလ်စီမံကိန်းကို သွားကြ တာ ရှိသလို တချို့ကတော့ မြန်မာနိုင်ငံအတွင်းပိုင်း မြို့ကြီးတွေမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ၊ လုပ်ငန်းတွေ ကို သွားရောက်ကြတာလည်း ရှိပါတယ်။

          မောင်တော နယ်စပ်တွင် လှုပ်ရှားနေသည့် ARSA အဖွဲ့များ

          မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ

          by ဧရာဝတီ
          17 September 2021
          70k

          ရှုပ်ထွေးလှသည့် မောင်တောနယ်စပ် ပြဿနာမီး မငြိမ်းနိုင်သေးသည့်အချိန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ များ မှိုလိုပေါက်ပြီး တကျော့ပြန် ခေါင်းထောင်လာပြန်သည်။

          Next Post
          ပြန်ပေးဆွဲခံခဲ့ရသော ရန်ကုန်မှ စစ်တွေသွား ဒါကိုတာလေယာဉ်

          မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး

          အကုသိုလ်ဖြစ်

          အကုသိုလ်ဖြစ်

          No Result
          View All Result

          Recommended

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          19 hours ago
          12.3k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.1k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved