• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု မြန်မာ့လုပ်ငန်းရှင် ၁၀ ဦးရရှိ

by မြတ်ပြည့်ဖြိုး
26 June 2019
in Women & Gender
A A
၂၀၁၉ အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုကို မြန်မာလုပ်ငန်းရှင် ၁၀ ဦးရရှိခဲ့သည် / MWEA / Facebook

၂၀၁၉ အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုကို မြန်မာလုပ်ငန်းရှင် ၁၀ ဦးရရှိခဲ့သည် / MWEA / Facebook

14.8k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ် အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုအား ရန်ကုန်နှင့် မန္တလေးမြို့မှ အမျိုးသမီးလုပ်ငန်းရှင် ၁၀ ဦးက ရရှိခဲ့ပြီး ယခုနှစ်မှာ အများဆုံးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်ရှိ SP bakery မှ CEO ဒေါ်သင်းသင်းကျော်၊ A1 Group of companies မှ Executive Director ဒေါ်ရည်ဝိုင်းဦး၊ မန္တလေးမြို့ရှိ New Technical Group Computing ကုမ္ပဏီမှ ဒေါ်သီရိခေတ်၊ Unique Generation Group (ဦးဂျမ်းလုံချည်ဖြန့်ဖြူးရောင်းချရေး) မှ ဒေါ်ခင်ဝင်းဆွေ၊ New Starlight Group of Companies မှ ဒေါ်မေရင်၊ Shwe Myanmar Garment ကုမ္ပဏီမှ ဒေါ်နွယ်နီသိန်းနှင့် အောင်ခန့်ထည်ကုမ္ပဏီမှ ဒေါ်အေးအေးအောင်တို့အပါအဝင် ၁၀ ဦး ရရှိခဲ့ကြောင်း သိရသည်။

RelatedPosts

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

3 May 2025
786
အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

25 March 2025
9.8k
စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

22 March 2025
31.3k

ယင်းဆုကို ရရှိခဲ့သူ ဒေါ်သီရိခေတ်က “အကျိုးကျေးဇူးအနေနဲ့ကတော့ ကိုယ့်နိုင်ငံထဲသာမက အာဆီယံနိုင်ငံတွေအထိ စီးပွားရေးတွေ ချိတ်ဆက်လုပ်လို့ရမယ်။ NGO အဖွဲ့တွေနဲ့လည်း တွေ့ခွင့်ရခဲ့တော့ ကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးရေး လာလုပ်ချင်တာမျိုးကို ချိတ်ဆက်လို့ရနိုင်မယ်။” ဟု ဧရာဝတီကို ပြောသည်။

ဇွန်လတတိယပတ်က ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သော Asean Women Entrepreneur Award 2019 (AWEN) ဆုချီးမြှင့်ရေးအခမ်းအနားတွင် မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ အမျိုးသမီး ၈၇ ဦး ရရှိခဲ့ရာ ရန်ကုန်နှင့် မန္တလေးမြို့မှ အမျိုးသမီးလုပ်ငန်းရှင် ၁၀ ဦးလည်း ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဆုရွေးချယ်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းက စွန့်ဦးတီထွင်လည်း ဖြစ်ရမယ်။ ကိုယ့်ဒေသ၊ လူမှုဝန်းကျင်ကိုလည်း အကျိုးပြုရမှာဖြစ်သလို လုပ်ငန်းအတွင်းမှာ အမျိုးသမီးဝန်ထမ်းတွေ ဘယ်လောက်အလုပ်ပေးထားတယ်ဆိုတာတွေနဲ့ အဓိကတိုင်းတာတယ်လို့ သိရပါတယ်” ဟု ဆက်လက်ရှင်းပြသည်။

အဆိုပါဆုအား နှစ်စဉ်ချီးမြှင့်ခြင်းဖြစ်ရာ ဆု လျှောက်ထားရာတွင် မိမိနိုင်ငံအတွင်းရှိ အားကောင်းသော အမျိုးသမီး အဖွဲ့အစည်းများတွင် အသင်းဝင်ထားသူ၊ ၅ နှစ်သက်တမ်းရှိသောကုမ္ပဏီတည်ထောင်ထားသူ၊ ၃ နှစ်အထက် တရားဝင်အခွန်ဆောင်ထားပြီး ဘဏ္ဍာရေးရှင်းတမ်းများအား ထုတ်ပြန်နိုင်သော မည်သည့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်မဆို လျှောက်ထားနိုင်သည်။

AWEN အား၂၀၀၇ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှ နှစ်စဉ်နှစ်တိုင်း အာဆီယံဒေသတွင်း နိုင်ငံများရှိ ထူးချွန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ဆုချီးမြှင့်ခဲ့ရာ ယခုနှစ်သည် အဖွဲ့၏ ဥက္ကဌတာဝန်ယူထားသူမှာ ထိုင်းနိုင်ငံမှဖြစ်သည့်အတွက် ထိုင်းတွင်ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါဆုအား ၂၀၁၇ ခုနှစ်က စတင်လျှောက်ထားခဲ့ပြီး ၂၀၁၇ ခုနှစ်က နှစ်ဦး၊ ၂၀၁၈ ခုနှစ်က တဦးနှင့် ယခုနှစ်တွင် မန္တလေးမြို့မှ ငါးဦး၊ ရန်ကုန်မှ ငါးဦး စုစုပေါင်း ၁၀ ဦးရရှိခဲ့သည်။

You may also like these stories:

မိခင်တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်နေတာ ဘာကြောင့်လဲ

စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍမြင့်တက်လာပြီလား

ကိုယ်ယုံကြည်ရာကို ဆက်လျှောက်နေတယ်

Your Thoughts …
Tags: လုပ်ငန်းရှင်အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

အသက် ၄၄နှစ်အရွယ်ရောက်နေသည့် ဦးဇော်ဝင်းရှိန်သည် မြန်မာခရိုနီများထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

by ဧရာဝတီ
5 October 2022
18.8k

ဦးဇော်ဝင်းရှိန်လို့ ဆိုလိုက်သည်နှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကြား "ရှစ်လုံးကြီး၏လူ" ဟု မှတ်ချက်ပြု ပြောဆိုလေ့ ရှိသည်။

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

by ဧရာဝတီ
23 November 2023
2.5k

လုပ်ငန်းရှင် ၁၁ ဦးကို စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက် ဆက်နွယ်မှုရှိသည် ဟုဆိုကာ နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ချိန်ထိ ပြန်မလွှတ်ပေးသေးက

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
2 December 2023
2.2k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲကာလ နှစ်ပတ်အတွင်း မြို့နယ်အသီးသီးရှိ ရခိုင်အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဆုံးရှုံးနယ်မြေများသို့ လောင်စာဆီမရောက်ရေး စစ်ကောင်စီ ပိတ်ဆို့

ကချင်နှင့် ရှမ်းမြောက်သို့ စက်သုံးဆီရောင်း၍ လုပ်ငန်းရှင်တချို့ ဖမ်းခံရ

by ဧရာဝတီ
4 January 2025
785

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းရှိ ဒေသအချို့ကို စက်သုံးဆီ တရားမဝင် သိုလှောင်ဖြန့်ဖြူးရောင်းချနေသည်ဟုဆိုကာ လုပ်ငန်းရှင်များ အပါအဝင် ရောင်းဝယ်သူ ၁၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ...

ကန့်ဘလူခရိုင်အတွင်းလှုပ်ရှားနေသည့် မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ  / CJ

ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်

by ဧရာဝတီ
8 July 2022
12.9k

NLD အမာခံတွေထဲက တိမ်းရှောင်နေကြတဲ့ မိသားစုတွေကတော့ အသက်တော့ အသေမခံနိုင်ဘူး။ သူတို့ လုပ်ချင်တာ လုပ် ဆိုပြီးတော့ အဟောသိကံ နေနေကြရတယ်။ ဘယ်လို အကြောင်းပြချက်နဲ့မှ ပြန်ဝင်လို့ မဖြစ်ဘူးလေ။ ပြန်ဝင်တာနဲ့ အဖမ်းခံရနိုင်သလို အသက်အန္တရာယ်လည်း ရှိနိုင်တယ်။...

၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံမြောက်ပိုင်း ကျောက်ဂူအတွင်း ပိတ်မိနေသော တောဝက်ဘောလုံးအသင်းဝင် ကလေးများအား ကယ်ဆယ်အပြီး ဆေးရုံတင် ကုသမှုပေးခဲ့စဉ် / REUTERS

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းလူမူဖူလုံရေး အကျိုးခံစားရနိုင်သည်

by ထူးချစ်
29 November 2019
6.5k

အလုပ်သမားများအနေနှင့် မှတ်ပုံတင်ပြီး လစဉ်ကြေး ၃ လပေးသွင်းပြီးပါက လူမှုဖူလုံရေး အာမခံကတ်ပြား ရရှိမည်

Next Post
နေပြည်တော် ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရသူ ဦးရဲမင်းဦး  / ဧရာဝတီ

ဦးရဲမင်းဦးကို နေပြည်တော် စည်ပင် ဒုမြို့တော်ဝန်ခန့်အပ်

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် လူမင်း  / ဧရာဝတီ

ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိုးရိမ်နေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ လူမင်း ပြော

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate