ကုမ္ပဏီ၊ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကုမ္ပဏီ၊ Covering Burma and Southeast Asia Mon, 17 Jul 2023 01:39:36 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကုမ္ပဏီ၊ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ကုမ္ပဏီ၊ 32 32 တပ်မတော် ဆေးရွက်ကြီးလုပ်ငန်းမှ ပြန်ရုပ်မည်ဟု စင်ကာပူစီးပွားရေးသမားပြော https://burma.irrawaddy.com/news/2021/02/09/237833.html Tue, 09 Feb 2021 11:55:08 +0000 https://burma.irrawaddy.com/lytbox/?p=237833 ယနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများ / ဧရာဝတီမြန်မာ့တပ်မတော်နှင့် စီးပွားရေး ဆက်ဆံမှုများကို မရပ်တန့်ပါက ဘုတ်အဖွဲ့မှ ဖယ်ရှားပစ်ရန် Razer ကို Justice for Myanmar က တိုက်တွန်းခဲ့ကြောင်း၊ လက်မှတ်ရေးထိုးသူ ၈၅၁ ဦး ရှိခဲ့သည် အဆိုပါ တိုက်တွန်း တောင်းဆိုမှုနှင့် ပတ် သက်၍ Lim Kaling ၏ ကြေညာချက်တွင် ရည်ညွှန်းခဲ့ခြင်း မရှိသော်လည်း အောင်မြင်တခု ဖြစ်ကြောင်း Justice for Myanmar က ပြောသည်။ ]]> ယနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများ / ဧရာဝတီ

စစ်အာဏာသိမ်းမှုကြောင့် တပ်မတော်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီတွင် ၎င်းရင်းနှီး မြုပ်နှံ ထားမှုကို ပြန်လည်နုတ်ထွက်မည်ဟု ဟောင်ကောင် အခြေစိုက် ဂိမ်း ကုမ္ပဏီ Razer ၏ ဒါရိုက်တာ စင်ကာပူမှ ထင်ရှားသည့် စီးပွားရေးသမား  Lim Kalingက ပြောသည်။

ပြီးခဲ့သည့် အပတ်က တိုင်းပြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို စစ်အာဏာသိမ်းယူ ခြင်းဖြင့် တပ်မတော်က ဖယ်ရှားခဲ့ပြီးနောက် ထိုသို့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ တဖြည်းဖြည်း နုတ်ထွက်လာခြင်းဖြစ် သည်။

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Razer ဂိမ်း ကုမ္ပဏီအုပ်စု၏ တွဲဖက် တည်ထောင်သူနှင့် ဒါရိုက်တာ Lim Kaling က ၎င်းသည် မြန်မာကုမ္ပဏီ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော RMH Singapore Pte Ltd မှတဆင့် Virginia Tobacco ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ထားကြောင်း ယနေ့ပြောခဲ့ခြင်းဖြစ်သည်.

Virginia Tobacco ၏ ကျန်သော အစုရှယ်ယာများကို မြန်မာ့တပ်မတော်ပိုင် ကုမ္ပဏီ ၂ ခု အနက် တခုဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က ပိုင်ဆိုင်ကြောင်း ကုလသမဂ္ဂ၏ ၂၀၁၉ အစီရင်ခံစာ တစောင်အရ သိရသည်။

“မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ကျနော့်ကို အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်စေခဲ့ပါ တယ်” ဟု Lim Kaling က အွန်လိုင်းပေါ်မှတဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောဆိုထားသည်။

Lim Kaling က ၃ ပုံ ၁ ပုံသာ ကျန်တော့သည့် ၎င်း၏ RMH မှ မြန်မာ ရင်းနှီးမြှုပ်နှံမှုကို “ တာဝန်သိသိ စွန့်လွှတ်ရန် နည်း လမ်းများ ရှာဖွေနေသည်” ဟု ပြောကြားခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါ။

ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာ သိမ်းယူခဲ့ချိန်မှစ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုသည့် နိုင်ငံခြားကုမ္ပဏီများမှာ စစ်ဆေးစိစစ်မှုများနှင့် ပိုမိုကြုံတွေ့လာရကာ ပြီးခဲ့သည့် အပတ်ကလည်း ဂျပန် အဖျော်ယမကာ ကုမ္ပဏီကြီးတခု ဖြစ်သော Kirin Holdings က MEHL နှင့် ဘီယာ ဖက်စပ်ထုတ်လုပ်မှုကို ဖျက်သိမ်းခဲ့သည်။

MEHL ၏ ဒါဇင်နှင့်ချီသော လက်အောက်ခံ အများအပြားက ပတ္တမြား၊ ကျောက်စိမ်း တူးဖော်ခြင်းမှသည် ခရီးသွားလုပ်ငန်း နှင့် ဘဏ်လုပ်ငန်းများအထိ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နေပြီး လုပ်ငန်းစုကြီးကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် အပါအဝင် အကြီးတန်း စစ်ခေါင်းဆောင်များက လွှမ်းမိုးထားသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော် ပြထားသည်။

လတ်တလော နှစ်များအတွင်း စင်ကာပူသည် မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်ခဲ့  ကြောင်း နှစ်နိုင်ငံ အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

You may also like these stories:

အာဏာသိမ်းကောင်စီအနေဖြင့် လူထုကို အကြမ်းမဖက်ရန် CRPH တောင်းဆို

တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ

]]>