မစင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မစင် Covering Burma and Southeast Asia Thu, 13 Feb 2025 06:20:57 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မစင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မစင် 32 32 ဘေလ်ဂိတ် ဟောပြောပွဲကို မစင်တွေ ယူလာပြရခြင်း နောက်ကွယ် https://burma.irrawaddy.com/article/2018/11/13/174616.html Tue, 13 Nov 2018 01:30:46 +0000 https://burma.irrawaddy.com/lytbox/?p=174616 စကားပြောစင်မြင့်ပေါ်သို့ မစင်များထည့်လာသည့် ခွက်ကို ဘေလ်ဂိတ်က ယူလာခဲ့သည်ဘေဂျင်းမှ စင်မြင့်တခုပေါ်တွင် ဘေလ်ဂိတ်က ညိုဝါဝါအရည်များ ပါဝင်သည့် ဘီကာခွက်တခုကို ထုတ်ယူ၍ စကားပြောစင် အနီးတွင် ထားရှိလိုက်သည်။ ]]> စကားပြောစင်မြင့်ပေါ်သို့ မစင်များထည့်လာသည့် ခွက်ကို ဘေလ်ဂိတ်က ယူလာခဲ့သည်

ဘေဂျင်းမှ စင်မြင့်တခုပေါ်တွင် ဘေလ်ဂိတ်က ညိုဝါဝါအရည်များ ပါဝင်သည့် ဘီကာခွက်တခုကို ထုတ်ယူ၍ စကားပြောစင် အနီးတွင် ထားရှိလိုက်သည်။

“ဒါက လူသား အညစ်အကျေးတွေ ထည့်စရာတခုပါ”ဟု သူက ပြောသည်။ သူ့နောက်က မှန်ပြင်တခုတွင် မစင်၌ အများဆုံး တွေ့ရလေ့ရှိသော ဗိုင်းရပ်စ်များ မြူးတူးလှုပ်ရှားနေကြသည့် ရောင်စုံ အန်နီမေးရှင်းတခုကိုလည်း ပြသထားသည်။

ဘေလ်ဂိတ်က တရုတ်နိုင်ငံတွင် ၃ ရက်ကြာပြုလုပ်သည့် “ပြန်လည်တီထွင်ဆန်းသစ်ထားသည့် အိမ်သာ ကုန်စည်ပြပွဲ (Reinvented Toilet Expo)” တွင် စကားပြောနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲတွင် ကွဲပြားသည့် အိမ်သာအမျိုးမျိုး နှင့် လူတို့၏ မစင်များတွင် ဖြစ်နေသည်များကို ပြောင်းလဲရန် ဘေလ်နှင့် မယ်လင်ဒါ ဖောင်ဒေးရှင်း ill and Melinda Gates Foundation ၏ ၂၀၁၁ ခုနှစ်က အိမ်သာ ပြန်လည်တီထွင်ရေး စိန်ခေါ်မှု (Reinvent the Toilet Challenge) မှ ပေါ်ပေါက်လာသည့် အညစ်အကျေး စနစ်တကျ စွန့်ပစ်မှု သဘောတရားများကို ပြသထားသည်။

ကမ္ဘာ့ နေရာ အများအပြားတွင် စွန့်ပစ် အညစ်အကျေးများကို သန့်စင်ခြင်းမရှိဘဲ ထားလေ့ရှိခြင်းကြောင့် သောက်ရေ အရင်းအမြစ်များကို ညစ်ညမ်းစေခြင်း၊ ကလေးငယ်များ သေဆုံးစေသည့် ရောဂါများ ပို ပြန့်ပွားစေခြင်း၊ အာဟာရ မပြည့်ဝခြင်း များဖြစ်ပေါ်ကာ ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည်။

ရေရှားပါးပြီး ဆင်းရဲမွဲတေနေသော ဒေသများအတွင်း နေထိုင်သူတိုင်း လက်လှမ်းမီနိုင်မည့် အိမ်သာများ တည်ဆောက်ရေးသည် တော်လှန်ရေးတခုဟု ဆိုရမည်။ ယင်းကို ဖော်ဆောင်ရေးက လွယ်ကူသော ကိစ္စတခု မဟုတ်ပါ။

လွန်ခဲ့သော ၁၇၅ နှစ်ခန့်က ကမ္ဘာပေါ်မှ ထင်ရှားသော မြို့တော်များသည် လူသားများ အိမ်သာ သုံးပုံသုံးနည်းကို ပြင်ဆင်ပြောင်းလဲရန် ကြီးမားစွာ စတင် အားထုတ်လာကြသည်။ ၁၉ ရာစု ဒုတိယပိုင်းတွင် လန်ဒန်မြို့က ကျယ်ပြန့်သည့် မြေ အောက်ရေဆိုးထုတ် ကွန်ရက်တခုကို တည်ဆောက်ရန် မြူနီစပယ်လုပ်ငန်း ရုံးတရုံးကို ထူထောင်ခဲ့ကြသည်။ အဆိုပါကွန်ရက်က သိမ်းစ် Thames မြစ်တွင် အဆုံးသတ်၍ လူသားတို့၏ စွန့်ပစ်ပစ္စည်းများအတွက် မြစ်ကို အမှိုက်ပုံ အဖြစ် အသုံးပြုခဲ့သည်။ သို့သော်လည်း စွန့်ပစ်အညစ်အကျေး စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ကာလဝမ်းရောဂါကပ် ပြန်လည်ပေါ်ပေါက်ခဲ့ရသည်။ တချိန်တည်းလောက်မှာပင် ဘာရွန် ဟောက်စ်မန်း Baron Haussman က ပါရီမြို့၏ မိလ္လာနှင့်ရေဆိုးထုတ် စနစ်ကို ခေတ်မီစေရန်အဆင့်မြှင့်တင်ခဲ့သည်။

သို့သော်လည်း လူဦးရေ အလွန်အမင်း များပြားနေသည့် အခြား မြို့တော်များသည် အဆိုပါ လုပ်ရပ်များကို ပုံတူကူးရန် အားထုတ်နိုင်ခဲ့ခြင်း မရှိကြပါ။ အိန္ဒိယနိုင်ငံမှ လူဦးရေအများဆုံး မြို့ ၂ မြို့ထဲမှ တခုဖြစ်သည့် မွန်ဘိုင်းတွင် ရေဆိုး ၂၅ ရာခိုင်နှုန်းခန့်က ပြန်လည်သန့်စင်နိုင်ခြင်း မရှိဘဲ မွန်ဘိုင်းမြို့ ရှိချောင်းများနှင့် ပင်လယ်တွင်းသို့ စီးနေသည်။ ပြီးခဲ့သည့် အိမ်သာကုန်စည်ပြပွဲ ပြုလုပ်ခဲ့ရာ နေရာဖြစ်သည့် ဒေလီတွင် ရေဆိုး ၅၀ ရာခိုင်နှုန်းကျော်ကို သန့်စင်နိုင်ခြင်း မရှိပါ။

တရုတ်နိုင်ငံတွင် သမ္မတက ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့ရှိသည့် နေရာများနှင့် ကျေးလက် ဒေသများတွင် အိမ်သာများကို အဆင့်မြှင့်တင်ရန် ၂၀၁၅ ခုနှစ်က တော်လှန်ရေးတရပ် ဆင်နွှဲခဲ့သည်။ တရုတ်နိုင်ငံတွင် လူဦးရေ ၄၀ ရာခိုင်နှုန်းက ဘေးကင်းလုံခြုံသည့် ရေဆိုးထုတ်စနစ်ကို အသုံးမပြုနိုင်သေးပါ။ ထိုအချိန်တွင် တောင်အာဖရိကနိုင်ငံမှ မနိုင်ဝန်ထမ်းနေရသည့် ရေဆိုးထုတ်စနစ်က ပျက်စီးလာနေသည်။ ရေဆိုးသန့်စင်စက်ရုံများတွင် စီမံခန့်ခွဲမှု လွဲမှား ခြင်းက အဓိက အကြောင်းတခု ဖြစ်သည်။

အဆိုပါ စိန်ခေါ်မှုများကို သတိပြုမိသည့် ဂိတ် ဖောင်ဒေးရှင်းက ကွဲပြားခြားနားသော ချဉ်းကပ်မှုတခုကို လုပ်ဆောင်ရန် ၂၀၁၁ ခုနှစ်တွင် သိပ္ပံပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ခဲ့သည်။ အိမ်သာများကို တည်ဆောက်ရာတွင် ဈေးနှုန်းသက်သာ၍ အသုံးပြုရ လွယ်ကူစေရေး၊ ရောဂါဖြစ်စေသည့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်များ ကို အမြဲတမ်း ဖယ်ရှားပေးနိုင်စေရေး၊ ကျယ်ပြန့်သော ရေဆိုးစွန့်စနစ်တခုနှင့် ဆက်သွယ်မှု မရှိဘဲ အလုပ်ဖြစ်ရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး တီထွင်ရန်အတွက် ဖြစ်သည်။

ဘေလ်ဂိတ်၏ အဆိုအရ နည်းပညာက ဈေးကွက်သို့ ရောက်ရန် အသင့်ရှိနေပြီ ဖြစ်သည်။ ယခု မျိုးဆက် အိမ်သာများ အတွက် လိုအပ်သည်မှာ ၎င်းတို့ကို လူကြိုက်များအောင် လုပ်ပေးမည့် သူတယောက် ဖြစ်သည်။ ၎င်းတို့နှင့် အဓိက ဆက် နွယ်နေသူ ဖြစ်သော သောမတ်စ် ခရပ်ပါ Thomas Crapper ဖြစ်သည်။

ရေဆွဲအိမ်သာ ကျယ်ပြန့်လာပုံ သမိုင်းအကျဉ်း

စွန့်ပစ်ရေဆိုးမှ သန့်စင်ထုတ်ယူပြီး သောက်ရေကို ဘေလ်ဂိတ် ကိုယ်တိုင် စမ်းသပ် သောက်သုံးပြခဲ့သည်

၁၆ ရာစုနှောင်းပိုင်းတွင် ပထမ အဲလိဇဘက်ဘုရင်မ၏ ခေါင်းကိုင်သား တဦးဖြစ်သည့် ဂျွန်ဟဲရင်းတန် John Harington မှသည် ၁၇၇၅ ခု နှစ်တွင် ရေဆွဲအိမ်သာ တီထွင်မှု မူပိုင်ခွင့်တခု ရရှိခဲ့သူ အလက်ဇန်းဒါး ကန်းမင်း Alexander Cummings နှင့် ၁၃ ရာစုနှစ်က တီထွင်သူ တဦးဖြစ် ပြီး အစောပိုင်းက အလိုအလျောက်စနစ်ကို စိတ်ဝင်စားနေခဲ့သူ အစ္စမေးလ် အယ်လ်ဂျဇာရီ Ismail al-Jazari အထိ ကာလ အမျိုးမျိုးတွင် ရေဆွဲအိမ်သာ တီထွင်ခြင်းအတွက် အသိအမှတ်ပြုရမည့်သူ အသီးသီးရှိခဲ့ပါသည်။ ဝိတိုရိယခေတ်က ပိုက်ပြင်ပိုက်ဆက်သမား တယောက်ဖြစ်သော သောမတ်စ် ခရပ်ပါ Thomas Crapper ကမူ အဆိုပါ သဘောတရားကို ဈေးကွက်ဝင်အောင်ပြုလုပ်ခဲ့သူ ဖြစ်သည်။

သောမတ်စ် ခရပ်ပါကို ရေဆွဲ အိမ်သာတီထွင်သူအဖြစ် မှားယွင်းစွာ သတ်မှတ်ခြင်းခံရတတ်သော်လည်း သူ၏ အမည်က ထိုသန့်ရှင်းရေး စနစ်ကို ဈေးကွက်တွင် ကြီးမားကျယ်ပြန့်လာအောင် ပထမဆုံး ပြုလုပ်ခဲ့သူအဖြစ် အမှန်တကယ်ပင် အရေးကြီးပါသည်။ ဆယ်ကျော်သက်ဘဝတွင် အလုပ်သင် ပိုက်ပြင်ပိုက်ဆက်သမား တဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သော သောမတ်စ် ခရပ်ပါက နောက်ဆယ်စုနှစ် တခုကြာသည့်အခါ ကိုယ်ပိုင် ပိုက်လုပ်ငန်းတခုကို ထူထောင်နိုင်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် လန်ဒန်မြို့ ချဲလ်ဆီး Chelsea ရပ်ကွက်တွင် ရေချိုးခန်းသုံးပစ္စည်း အရောင်းပြခန်းတခုကို ဖွင့်လှစ်ခဲ့သည်။ အရောင်းပြခန်း က ကွဲပြားခြားနားသည့် အိမ်သာ အမျိုးမျိုးကို စမ်းသပ်ရန် အခွင့်အရေးဖြစ်စေခဲ့သည်။ ပြည်သူများက ၎င်းတို့၏ နေအိမ်များတွင် အမှန်တကယ် သုံးစွဲရေး ပိုမိုလက်ခံလာရန် ပြုလုပ်ပေးခဲ့သည်။ (ရေဆွဲအိမ်သာများသည် သုံးစွဲမှု အဆင်ပြေစေရေး တိုးတက်မှုတခု ဖြစ်သော်လည်း သုံးစွဲမှုကြောင့် ရေဆိုးထုတ်စနစ် တိုးတက်မလာသေးမီ အချိန် အထိ သိမ်းစ်မြစ်ကို ပိုမိုညစ်ညမ်းစေခဲ့သည်။)

ရေမသုံးဘဲ စွန့်ပစ်ခြင်း

သိပ္ပံပညာရှင်တို့က တီထွင်ဖန်တီးခဲ့သော ရေဆိုးထုတ် စွန့်ပစ်ရန် မလိုသော အိမ်သာ

ကျောင်းများနှင့် ကမ္ဘာလှည့်ခရီးသည်များ သွားလာကြသည့် နေရာများကဲ့သို့သော အများစု အသုံးပြုကြသည့် နေရာများတွင် ရှိပြီးဖြစ်သည့် နည်းစနစ်များကဲ့သို့ပင် ပိုက်ဆက်သွယ်မှု နည်းပညာအသစ်က ကုန်ကျရကျိုးနပ်လိမ့်မည်ဟု ဂိတ်ဖောင်ဒေးရှင်းက ယုံကြည်ထားသည်။

လာမည့် ဆယ်စုနှစ်အတွင်းတွင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံ တန်သည့် ဈေးကွက်တခု ဖြစ်လာမည့် အလားအလာလည်း ရှိနေသည်။ “ဒါက လက်ရှိ တယောက်သုံး အိမ်သာတွေအတွက် ယှဉ်ပြိုင်မှု မဟုတ်ပါဘူး” ဟု သန့်ရှင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့် ဖောင်ဒေးရှင်း၏ global growth ဌာန အကြီးအကဲ ရော်ဂျာဗူးရ်ဟီး Rodger Voorhies ကပြောသည်။ “ရေရှည်မှာဆိုရင် ဒါက ဈေးနှုန်းပိုချိုသာလာပြီး ပိုထိရောက်မှု ရှိလာပါလိမ့်မယ်။”

ဂိတ်ဖောင်ဒေးရှင်း အတွက်မူ တရုတ်နိုင်ငံသည် အဆိုပါ အိမ်သာသစ်များအတွက် ဈေးကွက်တခု ဖြစ်သလို ၎င်းတို့ကို ဈေးနှုန်း ချိုသာစွာ ထုတ်လုပ်ရန် ကူညီပေးနိုင်မည့် နေရာတခုလည်း ဖြစ်သည်။

ကုန်စည်ပြပွဲတွင် ဇီဝ နှင့် ဓာတုဗေဒ လုပ်ငန်းစဉ်များပါဝင်သည့် အိမ်သာများမှသည် အရည်များကို စစ်ထုတ်ပေးသည့် ဖိုင်ဘာမျှင်များအထိ အစုံအလင် ပြသထားသည်။

အင်္ဂလန်နိုင်ငံ Cranfield တက္ကသိုလ်က လူ၁၀ ဦးရှိသော အိမ်ထောင်စုတခု သုံးစွဲရန် ဒီဇိုင်းထုတ်ပေးထားသော အိမ်သာ နမူနာ ပုံစံတခုလည်း အပါအဝင်ဖြစ်သည်။ သူတို့၏ အိမ်သာက ပုံမှန် အိမ်သာတလုံး ကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း အောက်ခြေခုံတွင် ကိုယ်တိုင် သန့်စင်နိုင်သည့် စနစ်တခုပါဝင်ပြီး ရေ သို့မဟုတ် လျှပ် စစ်ဓာတ်အား သုံးစွဲထားခြင်း မရှိပါ။ အစိုင်အခဲများကို ထုတ်ယူ၍ အခြောက်ခံကာ အောက်ခံခုံအတွင်းတွင် မီးလောင်ကျွမ်းစေပြီး ပြာများကို ထုတ်ပေးသည်။ ထိုပြာများကို အခါအားလျှော်စွာ ထုတ်ယူစွန့်ပစ်ရန်သာ လိုသည်။

ဆွစ်ဇာလန် ကုမ္ပဏီ Helbling မှ နမူနာပုံစံ အလားတူပင် အလုပ်လုပ်သည့် အသွင်ရှိသည်။ အရည်နှင့် အစိုင်အခဲများကို သီးခြားစီခွဲထုတ်၍ အစိုင်အခဲများကို သန့်စင်ရန် ပြင်းထန်သော အပူချိန်ကို အသုံးပြုသည်။

ဝါရှင်တန် အခြေစိုက် Sedron Technologies က တီထွင်သည့် နည်းပညာဖြစ်သော Janicki Omni-Processor ကို ဆီနီဂေါ နိုင်ငံ Dakar မှ စွန့်ပစ်ရေဆိုး သန့်စင်ရေး စက်ရုံတခုတွင် ဆီနီဂေါနိုင်ငံမှ National Office of Sanitation နှင့် ပူး ပေါင်း၍ စမ်းသပ်နေသည်။ စက်များက စိုစွတ်သော အစိုင်အခဲများကို ခြောက်သွေ့စေ၍ ၎င်းတို့ထဲမှ အချို့ကို ပြာအဖြစ် ထုတ်ပေးသည်။ ထွက်လာသည့် ရေခိုးရေငွေ့များက စစ်ထုတ်သည့်ကိရိယာတခုကို ဖြတ်သန်း၍ သောက်သုံးနိုင်သော ရေ အဖြစ် (ဘေလ်ဂိတ် ကိုယ်တိုင် စမ်းသပ် သောက်သုံးပြခဲ့ပြီးဖြစ်သည်) ဆက်လက်ထုတ်ပေးသည်။ သောက်သုံးနိုင်သော ရေ အဖြစ် မထုတ်လုပ်နိုင်သော ရေမှုန်ရေခိုးများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အသုံးပြုသည်။

၂၀၁၉ ခုနှစ်တွင် ဆီနီဂေါသို့ တင်ပို့ရန် ရှိနေသည့် စီးပွားဖြစ်လုပ်ကိုင်မည့် ပထမဆုံးစက်က အနည်းဆုံး လူ၁၀၀၀၀၀ ထံမှ စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်နိုင်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ သန်းမှ ၄ သန်းအတွင်း ကုန်ကျမည်ဟု ခန့်မှန်းရ သည်။ နောက်ဆုံးတွင် Dakar မှ စွန့်ပစ် အညစ်အကျေးအားလုံးကို Omni-Processors သုံးစွဲသည့် စက်ရုံများ၊ လုပ်ငန်း များက သန့်စင်ပေးနိုင်လိမ့်မည်ဟု Sedron Technologies က မျှော်လင့်ထားသည်။

ထွန်းကားလာသည့် စီးပွားရေးများတွင် မိုဘိုင်းဖုန်းများကြောင့် ပြည်သူများက ကြိုးဖုန်းများကို ထားရစ်နိုင်ခဲ့ကြသလို တနေ့တွင် အဆိုပါ အိမ်သာများက ထပ်တူဖြစ်လာလိမ့်မည် ဟု ရော်ဂျာဗူးရ်ဟီး က ယုံကြည်နေသည်။ နိုဝင်ဘာလ ၆ ရက်နေ့က သူ၏ မှတ်ချက်တွင် ဘေလ်ဂိတ်က Microsoft ကို ပူးတွဲတည်ထောင်သူ အနေဖြင့် တကိုယ်ရေသုံးကွန်ပျူတာ စနစ်ကို အလုံးစုံပြောင်းလဲနိုင်ခဲ့သည့် သူ၏ သမိုင်းကို ပြန်လည်ရည်ညွှန်းရင်း ကမ္ဘာ့ သန့်ရှင်းရေးနှင့် မိလ္လာပြ ဿနာများ ဖြေရှင်းခြင်းကို အဓိကကျသည့် Windows အသစ်တခုနှင့် နှိုင်းယှဉ်ပြောဆိုသွားခဲ့သည်။ ထို့နောက် အလွန်ပင်လွယ်ကူ သည့် software တခုကပင် လုပ်နိုင်သည်အထိ ဖြစ်သွားလိမ့်မည် ဟုထပ်ပြောသည်။

စက္ကူ သုံးမလား ရေ သုံးမလား

ပြည်သူများ အိမ်သာသို့ ဘေးကင်းစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် မည်သို့ တက်နိုင်ကြမည် ဆိုသည့်ကိစ္စက အခြေခံ အဆောက်အဦးနှင့် နည်းပညာ ဒီဇိုင်းဆိုင်ရာ ပြဿနာတခုသာ ဖြစ်ပါသည်။ အဖြေများက ရှုပ်ထွေးသော လူမှုရေးဆိုင်ရာ ပြဿနာများ နှင့် အတူ စိတ်ပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာများနှင့် ညီညွှတ်ရန်လည်း လိုပါသည်။ ထိုသို့မဟုတ်ခဲ့လျှင် အိမ်သာများကို ပြန်လည်တီထွင်ဆန်းသစ်ရန် အားထုတ်မှုများကို ဒေသအလိုက် ပုံသဏ္ဍန်သတ်မှတ်မှုများ၊ ပုဂ္ဂိုလ်အလိုက် သဘောကျနှစ်ချိုက်မှုများက ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

အဆိုပါ နှစ်ချိုက်မှုများက သင်၏ အိမ်က သစ်တောများဝိုင်းနေသည် သို့မဟုတ် ခြောက်သွေ့သော ကန္တာရအတွင်းတွင် ရှိ နေသည်၊ အိမ်သာတွင် အိမ်သာသုံးစက္ကူ သုံးစွဲသင့်သည်ဟု သင်က ထင်သည် သို့မဟုတ် ရေသုံးစွဲသင့်သည်ဟု ထင်သည်၊ သင်က မနက်တိုင်း ပုံမှန် အိမ်သာတက်တတ်သည့် အလေ့အထကို ကျင့်သုံးသည် သို့မဟုတ် သတ်သတ်မှတ်မှတ် မရှိဘဲ အဆင်ပြေသလို သွားတတ်သည် ဆိုသည့်အချက်များနှင့် အမျိုးသမီးများနှင့် အမျိုးသမီးတို့၏ ဓမ္မတာကိစ္စများနှင့် ပတ်သက်သောအယူအဆပေါ်တွင် လိုက်၍ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှု လိုအပ်ချက် ကွဲပြားခြင်း၊ ဘာသာရေးက သတ်မှတ်သည့် အယူအဆများနှင့် မည်သည့်အရာက ညစ်ညမ်းသည်၊ မည်သည့်အရာက သန့်ရှင်းသည် ဆိုသော အယူအဆများ စသဖြင့် အခြားသော အချက်များ အပေါ်တွင် မူတည်နေပါသည်။

အိမ်သာ အသုံးပြုမှုပြောင်းလဲခြင်း၏ နောက်ထပ် အဓိက အပိုင်းတခုက အိမ်သာအသစ် ကောင်းကောင်းတခုကို တပ်ဆင်ပြီးသည့် နောက်တွင် ပေါ်လာမည့်ကိစ္စဖြစ်သည်။ မည်သူက ထိန်းသိမ်းစောင့်ရှောက်မည်နည်း။ လူများက အသုံးပြုရေး သေချာအောင် မည်သူက လုပ်မည်နည်း။

အသုံးပြုသူ၏ အလေ့အထနှင့် သဘောထားများက အဆိုပါ အိမ်သာများ လူကြိုက်များရေးအတွက် လုပ်ကြရမည့် စီးပွားရေးလုပ်ငန်းများ၏ အပိုင်းဖြစ်သည်ဟု ဂိတ်ဖောင်ဒေးရှင်းက ပြောသည်။ တနည်းဆိုရသော် ယခုအခါ သိပ္ပံပညာရှင်တို့က သူတို့၏ အလုပ်ကို ပြီးစီးအောင် လုပ်ပေးပြီး ဖြစ်သည်။ ခေတ်သစ် သောမတ်စ်ခရပ်ပါများ ခြေလှမ်းစရတော့မည့် အချိန်ဖြစ်ပါသည်။

(Why Bill Gates brought a beaker of poop to a gathering in China ကို ဆီလျော်အောင် ဘာသာပြန်သည်။)

]]>
မြန်မာမဝင်ရ https://burma.irrawaddy.com/opinion/2016/01/14/104820.html https://burma.irrawaddy.com/opinion/2016/01/14/104820.html#comments Thu, 14 Jan 2016 09:33:08 +0000 https://burma.irrawaddy.com/lytbox/?p=104820 မစင်, အိမ်သာ, နိုင်ငံခြားသား,အမျိုးသားပြတိုက်ကို ကြည့်ရင်း ဇာတိမာန်များ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။ အကြောင်းမှာ အိမ်သာကို အဝင်ဝတွင် နိုင်ငံခြားသား သီးသန့်ဟု စာရေးထားသည်။ သဘောက မြန်မာမဝင်ရ။]]> မစင်, အိမ်သာ, နိုင်ငံခြားသား,

အနီရောင် ပတ်စပို့ကိုမြင်တိုင်း နှိမ်ချဆက်ဆံတတ်တဲ့ နိုင်ငံတကာကလေဆိပ်က လူဝင်မှုကြီးကြပ်ရေးအရာရှိများကြောင့် မြန်မာတယောက်ဖြစ်ရသည်ကို သိမ်ငယ်နေပါသလား။
မစိုးရိမ်ပါနှင့်။ ရင်ကိုကော့ခေါင်းကို မော့ပြီး မြန်မာတို့တွင် ကြီးကျယ်ခမ်းနားခဲ့သည့် အတိတ်သမိုင်းရှိခဲ့သည်ဟု တွေးလိုက်ပါ။ မယုံလျှင် ပြည်လမ်းမပေါ်ရှိ အမျိုးသားပြတိုက်ကို အရင် သွားကြည့်လိုက်ပါ။ တချိန်က အရှေ့တောင်အာရှနယ်မြေတဝက်နီးပါး စိုးမိုးခဲ့ပြီး အာရှတိုက်၏ အခမ်းနားဆုံးနေရာများအနက် တခုဖြစ်ခဲ့သော သမိုင်းအထောက်အထားများ တွေ့ရလိမ့်မည်။

အမျိုးသားပြတိုက်ထဲဝင်ပြိး ပစ္စုပ္ပန်ကိုမေ့ထားကာ အတိတ်အကြောင်းသာ တွေးကာ မြန်မာတယောက် ဖြစ်ရသည်မှာ ကြီးကျယ်ခမ်းနားလှပေတကားဟု တွေးရင်း သန့်စင်ခန်းဖက် ရောက်လာစဉ် တွေ့လိုက်ရသည်က တွေးနေသော ဂုဏ်သိက္ခာများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။ အကြောင်းမှာ အိမ်သာကို အဝင်ဝတွင် နိုင်ငံခြားသား သီးသန့်ဟု စာရေးထားသည်။ သဘောက မြန်မာမဝင်ရ။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ် တောင်ပေါ်မြို့ ပြင်ဦးလွင်သို့ ကျနော်အလည်ရောက်ခဲ့တုန်းကလည်း အလားတူ ကြုံခဲ့သည်။ ထိုနေ့က ဇန်နဝါရီ ၅ ရက်ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်က ဗြိတိသျှနယ်ချဲ့ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပပြီးနောက်တနေ့လည်းဖြစ်သည် ပြင်ဦးလွင်မြို့ဘူတာ အစွန်ဘက် တနေရာတွင် မြန်မာမဝင်ရန် ကန့်သတ်ထားသည့် သန့်စင်ခန်းတခု တွေ့ပြန်သည်။ သန့်စင်ခန်း အဝင်ဝတွင် “နိုင်ငံခြားသားများ နားနေခန်း”ဟု အင်္ဂလိပ်လို ရေးထားသည်။

ဘဝတလျောက် နိုင်ငံ၏ နယ်နမိတ်အပြင်ကို တကြိမ်မှ မထွက်ဖူးသော မိဘနှစ်ပါးက မွေးဖွားလာပြီး မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော ကျနော်သည် ယင်းသန့်စင်ခန်း အဝင်ဝတွင် ရေးထားသော ကန့်သတ်ချက်ကို ချိုးဖောက်ပြီး အထဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ဝင်ဝင်ချင်း အခန်းတွင် ဖိုင်ဘာခုံများ အစီအရီချထားပြီး ထိုအခန်းကို ကျော်သွားပါက ရေအိမ်ကို မြင်ရသည်။ မြန်မာအခေါ် ဘိုထိုင်အိမ်သာတလုံးကို တပ်ထားပြီး ရေအပြည့်ဖြည့်ထားသည့် ပလက်စတစ်ရေတိုင်ကီတခုလည်း ရှိသည်။ မှန်တင်ခုံပေါ်တွင်တော့ ဆပ်ပြာအချို့နှင့် ရေအိမ်သုံးစက္ကူများ ချထားသည်။ ခဏတာတောအတွင်း မေးခွန်းများစွာ ခေါင်းထဲရောက်လာသည်။ မြန်မာများသည်လည်း နိုင်ငံခြားသားများလိုပင် ဒွါရ ၉ ပေါက်ပါသည် မဟုတ်လော။ အစားအစာကို စားသောက်ပြီး ဝမ်းတွင်းတွင် အာဟာရ ချက်လုပ်ကာ မလိုသည်ကို အပြင်သို့ စွန့်ကြသည် မဟုတ်လော။

နိုင်ငံခြားသား သီးသန့်သန့်စင်ခန်း၏ ဆန့်ကျင်ဘက် အရပ်ဖြစ်သည့် ဘူတာ၏ အခြားတဘက်စွန်းတွင် မြန်မာတို့အတွက် သီးသန့်အိမ်သာ တခုရှိသည်။ဝါးလုံးတန်းများ ကာထားသည့် ၂ ခန်းတွဲ အိမ်သာလေးမှာ မြန်မာတို့အတွက် သီးသန့်ဖြစ်သည်။ ထိုနေရာကို သဘောမကျသူများ ရထားသံလမ်းဘေး ခြုံထူသည့်နေရာများကို အသုံးပြုနိုင်သည်။

၁၉ ရာစုနှောင်းပိုင်းက ဗြိတိသျှတို့၏ ရှေ့တန်းစခန်းမှသည် နွေရှောင်အပန်းဖြေမြို့ဖြစ်သည့် မေမြို့ကို သူ့ကျွန်မခံလိုသူ မြန်မာများက မြန်မာဆန်သည့် ပြင်ဦးလွင်ဟု အစားထိုး ခေါ်ဝေါ်ခဲ့ကြသည်။ ကိုလိုနီခေတ် အုတ်တိုက် အနီရောင်အဆောက်အအုံများထက် ပိုမိုခမ်းနားသည့် မြန်မာ့စစ်သူရဲကောင်းများ၏ ပုံတူရုပ်ထုများ တည်ဆောက်ကြသည်။
မြို့၏ ဧရိယာ အများအပြားကိုလည်း ခြံခတ်ကာ စစ်တက္ကသိုလ်အပါအဝင် အစိုးရသင်တန်းကျောင်းများ တည်ထောင်ခဲ့သည်။ တိုင်းပြည်၏ အတော်ဆုံး စစ်ဗိုလ်များအပါအဝင် အရာရှိများ နှစ်စဉ် ထောင်နှင့်ချီပြီး မွေးထုတ်ပေးသောမြို့တစ်မြို့အဖြစ် အသွင်ပြောင်းခဲ့သည်။ သို့သော် မည်သူပင်ဖြစ်စေ ဘူတာအိမ်သာတွင် ခွဲခြားခံရမည်ဖြစ်သည်။

ကလောမြို့တွင်လည်း အလားတူပင်။  ကလောဘူတာ၏ လက်မှတ်ရုံ မျက်နှာခြင်းဆိုင်တွင်  “နိုင်ငံခြားသားများအတွက် အိမ်သာ”ဟု ဆိုင်းဘုတ်ချိတ်ထားသည်။ အဝင်ဝကိုလည်း သော့ခတ်ထိန်းသိမ်းထားသည်။ မြန်မာများအတွက် သီးသန့်လုပ်ပေးထားသည့်အိမ်သာကို အလွယ်တကူ ရှာမတွေ့။ ဘူတာကို လှည့်ပတ်ကြည့်ရာ ရေနံဝအာင် သုတ်ထားသည့်အိမ်သာတခုကို ချုံနွယ်ပိတ်ပေါင်းများကြားတွင် ရေတွ့ရသည်။ ထိုအိမ်သာ၏ မျက်နှာခြင်းဆိုင်ရှိ သွပ်ကာထားသည့်အဆောက်အအုံထက်တွင်တော့ “သေးမပေါက်ရ “ဟု မြန်မာလို ရေးထားသည်။ တိုးရစ်ဂိုက်တယောက်နှင့် ကြုံတုန်း ဆွေးနွေးဖြစ်သည်။ “ဖိနပ်ချုပ်တဲ့ နိုင်ငံခြားသားတော့ ဝင်ခွင့်ရမယ်။ မြန်မာဆိုရင် သမ္မတ ဖြစ်နေလည်း ဝင်မရဘူး ထင်တယ်”လို့ ကျနော်က ပြောတော့ သူက “ဒါ့ကြောင့် သမ္မတ ခရီးသွားရင် ကိုယ်ပိုင်အိမ်သာ တကူးတက သယ်သွားတာဖြစ်မယ်”လို့ ပြောပြီး ရယ်မောခဲ့ကြသည်။

မြန်မာနှင့် အိမ်သာ အရေးက ရပ်ကျော်ရွာကျော်တင်မက ကမ္ဘာကြီး၏ ဟိုးတဘက်ခြမ်း အမေရိကန်ပြည်ထောင်စုထိ ရောက်သည်။ နိုင်ငံရေးခိုလှုံခွင့်ရသူ မြန်မာများ အခြေစိုက်ရာ ဖို့ဝိန်းတွင်လည်း မြန်မာမဝင်ရဟု ၂၀၁၀ တုန်းက အိမ်သာတခုရှေ့တွင် စာကပ်ဖူးသည်။ အကြောင်းပြချက်က ကွမ်းတစ်ပျစ်ပျစ် ထွေးသောကြောင့်ဟူ၏။ နောက်ပိုင်းတွင် အဆိုပါလုပ်ရပ်အတွက် ကာယကံရှင်က ပြန်တောင်းပန်ခဲ့ရသည်။ သူတို့ဆီတွင် လူမျိုးရေးခွဲခြားမှုကို လက်မခံနိုင်စရာ အပြုအမူအဖြစ် လက်ခံရှုမြင်ကြသည်။စည်းကမ်းမရှိမှုကိုမူ အခြားနည်းလမ်းတခုဖြင့် ဖြေရှင်းခဲ့သည်။

အတိတ်တုန်းက နာဇီတို့က ဂျူးများကို၊ လူဖြူတို့က လူမည်းများကို၊ ဂျပန်တို့က အာရှသားများကို မတူမတန်သည့် လူမျိုးအဖြစ် ခွဲခြားနှိမ့်ချဆက်ဆံခဲ့သည်ကို သင်ခန်းစာယူ၍ ဘာသာရေး လူမျိုးရေး အသားအရောင် ခွဲခြားမှုကို ယနေ့ကာလ ကမ္ဘာ့နိုင်ငံများက လက်မခံတော့ပေ။ ယနေ့တွင်တော့ မြန်မာ့မြေပေါ်တွင် မြန်မာများကပင် မြန်မာကို ခွဲခြားဆက်ဆံနေကြပေပြီ။ မစင်စွန့်ရန်ကိုပင် ခွဲခြားနေကြသည်။

မာတင်လူသာကင်း၏ နာမည်ကျော်မိန့်ခွန်းထဲကလို ကျနော့တွင်လည်း အိပ်မက်တခုရှိသည်။ လာမည့် လွှတ်တော်ပြန်စချိန်တွင် အမတ်များကို လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ဖို့ဖိအားပေးမည်။ ဥပဒေသစ်ထဲတွင် ၂ နိုင်ငံသားအဖြစ် ခံယူခွင့်ကို ပြဌာန်းစေမည်။ ဟိုတယ်နှင့် ကား ရထား လက်မှတ်ဝယ်ရန် မြန်မာနိုင်ငံသား အထောက်အထားကို ပြပြီး အိမ်သာတက်ရန် နိုင်ငံခြားသား အထောက်အထားကို ပြနိုင်ရန် ဖြစ်လေတော့သတည်း။

(ထွန်းခိုင်သည် ရန်ကုန်အခြေစိုက် အလွတ်သတင်းထောက်တဦး ဖြစ်သည်)

]]>
https://burma.irrawaddy.com/opinion/2016/01/14/104820.html/feed 1