Nick Karean, Author at ဧရာဝတီ https://burma.irrawaddy.com/author/nick Covering Burma and Southeast Asia Sat, 26 Jul 2025 09:12:46 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Nick Karean, Author at ဧရာဝတီ https://burma.irrawaddy.com/author/nick 32 32 အသက် ၁၀၀ ပြည့် မဟာသီယာ မိုဟာမက်၏ အသက်ရှည် ထက်မြက်ခြင်း လျှို့ဝှက်ချက် https://burma.irrawaddy.com/article/2025/07/26/403854.html Sat, 26 Jul 2025 09:10:49 +0000 https://burma.irrawaddy.com/?p=403854 နိုင်ငံကို ၂၂ နှစ် ဆက်တိုက်အုပ်ချုပ်ပြီး အသက် ၉၂ နှစ်တွင် နောက်ထပ် သက်တမ်းတခု အုပ်ချုပ်သည့် ဒေါက်တာ မဟာသီယာသည် တင်းကျပ်သောနေ့စဉ် ပုံမှန်အလေ့အထများ ရှိသည်။]]>

မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာ မဟာသီယာ မိုဟာမက်သည် ကမ္ဘာတွင် လူအနည်းငယ်သာ အောင်မြင်နိုင်သောအရာကို လုပ်ဆောင်ခဲ့သည်။ သူ့အသက် နှစ် ၁၀၀ ပြည့်သည်။ ဒေါက်တာ မဟာသီယာသည် တရားဝင် အသက် ၁၀၀ ကျော်သူ ဖြစ်လာသည်။

ဒေါက်တာ မဟာသီယာ၏ ထူးခြားသော ဉာဏ်ပညာထက်မြက်မှုသည် မပျက်စီးသေးကြောင်း Channel News Asia ၏ မလေးရှားသတင်းထောက် မယ်လစ်ဆာ ဂို့ရှ်နှင့် တွေ့ဆုံမေးမြန်းမှုတွင် တွေ့ရသည်။ မယ်လစ်ဆာ ဂို့ရှ်သည် ဒေါက်တာ မဟာသီယာ အသက် ၁၀၀ ပြည့်တွင် သွားရောက်ဂုဏ်ပြုပြီး သူ့ကို မေးမြန်းသည်။

“မွေးနေ့ဆုတောင်းတခုက ဘာဖြစ်မလဲ” ဟု သူက မေးသည်။

“ကျနော့် မွေးနေ့ဆုတောင်းက ကျနော် အသက် ၁၀၀ ပြည့်ဖို့ပဲ။ ဘာကြောင့်လဲဆိုတော့ ရက်အနည်းငယ်အတွင်း အရာရာဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီအသက်ရောက်တဲ့အထိ အဲဒီအကြောင်း မစဉ်းစားဘူး” ဟု ဒေါက်တာ မဟာသီယာက အပြုံးဖြင့် ပြောသည်။

ယခုအခါ ဒေါက်တာ မဟာသီယာသည် အသက် ၁၀၀ ပြည့်သော်လည်း ရှင်းလင်းပြတ်သားစွာ နားလည်နိုင်ကာ သက်လုံကောင်းပြီး ဟာသဉာဏ်လည်း ရှိနေသည်။

“အသက် ၁၀၀ နေရတာ နည်းနည်း တုန်လှုပ်စရာကောင်းတယ်”

နှစ်ပေါင်း ၈၀ ကျော် နိုင်ငံရေးလုပ်ခဲ့သူတဦးအတွက်ပင် အသက်ရာကျော်နေရခြင်းသည် အနည်းငယ် ကြောက်စရာကောင်းသည်။

“လူသိပ်များများ ဒီလို အသက်မရှည်ဘူး” ဟု ဒေါက်တာ မဟာသီယာက ပြောသည်။ “လူတွေက ကျနော့်ဆီက အများကြီး မျှော်လင့်ကြပေမဲ့ ကျနော် လုပ်ပေးနိုင်၊ မပေးနိုင်က တခြားကိစ္စပဲ။ အသက် ၁၀၀ ကျော်ပြီးနောက် အလုပ်လုပ်နိုင်ဦးမယ်လို့ ကျနော်မျှော်လင့်တယ်” ဟု သူ့စိုးရိမ်ပူပန်မှုများကို ထုတ်ပြောသည်။

ဒေါက်တာ မဟာသီယာသည် အသက် ဂဏန်း ၃ လုံးရှိလာသော်လည်း သူသည် နားနားနေနေဖြင့် ပြုစုစောင့်ရှောက်မှု မလိုအပ်သေးပေ။ ရွေးချယ်မှုအရဖြစ်စေ၊ အလေ့အထအရဖြစ်စေ သူစာရေးနေဆဲ၊ စကားပြောနေဆဲ၊ စိတ်ထက်မြက်နေဆဲ ဖြစ်သည်။

ဒေါက်တာ မဟာသီယာသည် အသက် ဂဏန်း ၃ လုံးရှိလာသော်လည်း သူသည် နားနားနေနေဖြင့် ပြုစုစောင့်ရှောက်မှု မလိုအပ်သေးပေ။ ရွေးချယ်မှုအရဖြစ်စေ၊ အလေ့အထအရဖြစ်စေ သူစာရေးနေဆဲ၊ စကားပြောနေဆဲ၊ စိတ်ထက်မြက်နေဆဲ ဖြစ်သည်။

မနက်စာ အတူစားနေသော ဒေါက်တာ မဟာသီယာမိုဟာမက်နှင့် ဇနီး ဒေါက်တာ ဆီထီဟက်စမား/AFP

ထက်မြက်သောစိတ်၊ ရိုးရှင်းသော အစားအစာ

ထို့ကြောင့် ရာစုနှစ်တခု နေထိုင်ပြီး စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) စာရင်းများကို ကိုးကား ပြောဆိုနိုင်သေးခြင်း၏ လျှို့ဝှက်ချက်သည် အဘယ်နည်း။

“အဲဒါက ကျနော်လုပ်တာ မဟုတ်ဘူး။ သူဟာသူဖြစ်လာတာ။ သေလောက်တဲ့ရောဂါ ကျနော် မခံစားရတာ ကျနော် ကံကောင်းတာပဲ” ဟု ၎င်းက ပြောသည်။

နှလုံး နှစ်ကြိမ် ခွဲစိတ်ဖူးသည်မှာ မှန်သည်။ သို့သော် ဒေါက်တာ မဟာသီယာက သူ၏ ရောဂါကင်းသောဘဝသည် အစားအသောက် ဂရုစိုက်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်းနှင့် အဓိက အကျဆုံးမှာ ဦးနှောက်ကို အနားမပေးခြင်းကြောင့် ဖြစ်သည်ဟု ပြောသည်။

“ဦးနှောက်က ကြွက်သားလိုပဲ။ အသုံးမပြုရင် ကျဆင်းတယ်” ဟု ဒေါက်တာ မဟာသီယာက ပြောသည်။

သူသည် ကာလကြာမြင့်စွာ အသုံးပြုနေသော စာရေးသည့် ဘုတ်ပြားပေါ်တွင် စက္ကူဖြင့် စာရေးတတ်သည်။ ထိုနောက် လက်ဖြင့်ရေးထားသည့် အတွေးများကို လူမှုကွန်ရက်ပို့စ်များအဖြစ် ပြောင်းလဲခြင်း သို့မဟုတ် WhatsApp မှတဆင့် ပေးပို့သည်။ ထိုကိစ္စသည် အဆင့်မြင့်နည်းပညာ မဟုတ်သော်လည်း အလုပ်ဖြစ်နေဆဲ ဖြစ်သည်။

“ရေးသင့်တာ တခုခုရှိရင် ရေးလိုက်တယ်။ ဘယ်အချိန် ဘယ်နေရာလဲဆိုတာ ဂရုမစိုက်ဘူး” ဟု ၎င်းကပြောသည်။

နံနက်ခင်း ကိုကိုး၊ နေ့လယ် ၁ နာရီနောက်ပိုင်း ကဖင်း မသုံးစွဲ၊ ၇ နာရီကြာအိပ်

နိုင်ငံကို ၂၂ နှစ် ဆက်တိုက်အုပ်ချုပ်ပြီး အသက် ၉၂ နှစ်တွင် နောက်ထပ် သက်တမ်းတခု အုပ်ချုပ်သည့် ဒေါက်တာ မဟာသီယာသည် တင်းကျပ်သောနေ့စဉ် ပုံမှန်အလေ့အထများ ရှိသည်။

အိပ်ရာထပြီး နံနက်စာ စားသည်။ ရုံးသွားသည်။ အစည်းအဝေးများ ကျင်းပသည်။ မိန့်ခွန်းများပြောပြီး အခြေအနေပေးသောအခါ ညအထိ စာရေးသည်။ ထိုသို့စာရေးသည်မှာ မင်္ဂလာဆောင် သို့မဟုတ် နိုင်ငံတော်အခမ်းအနား မတက်ရောက်သောအချိန်တွင် ဖြစ်သည်။

အိပ်စက်ရာတွင် ၇ နာရီပတ်ဝန်းကျင်ခန့် အိပ်သည်။ ခန္ဓာကိုယ်အလေးချိန်အနေဖြင့် ၆၂ ကီလိုဂရမ်ခန့် (၁၃၆ ပေါင်ခန့်) တွင် ထိန်းသိမ်းထားသည်။ သို့သော် လက်ရှိအချိန်တွင် မည်သည့်အတွက် သူ့စံနှုန်းအထက် ၆၂.၈ ကီလိုဂရမ်ဖြစ်နေသည်ကို မသိကြောင်းပြောသည်။ ထို့ကြောင့် သူ၏ဆရာဝန်များက အလေးချိန် လျော့ကျစေရန် ဆေးအချို့ပေးနေကြောင်း ပြောသည်။

အိပ်စက်ရာတွင် ၇ နာရီပတ်ဝန်းကျင်ခန့် အိပ်သည်။ ခန္ဓာကိုယ်အလေးချိန်အနေဖြင့် ၆၂ ကီလိုဂရမ်ခန့် (၁၃၆ ပေါင်ခန့်) တွင် ထိန်းသိမ်းထားသည်။ သို့သော် လက်ရှိအချိန်တွင် မည်သည့်အတွက် သူ့စံနှုန်းအထက် ၆၂.၈ ကီလိုဂရမ်ဖြစ်နေသည်ကို မသိကြောင်းပြောသည်။ ထို့ကြောင့် သူ၏ဆရာဝန်များက အလေးချိန် လျော့ကျစေရန် ဆေးအချို့ပေးနေကြောင်း ပြောသည်။

ထိုအလေးချိန်အပို ဝ.၈ ကီလိုဂရမ်သည် ခန္ဓာကိုယ်အတွင်း ရေခိုခြင်းကြောင့် ဖြစ်နိုင်သည်ဆိုသည့် အချက်ကို မယ်လစ်ဆာနှင့် သူ သဘောတူသည်။

သူအမြဲတမ်းသောက်သည့်အရာမှာ ကိုကိုးဖြစ်သည်။ “ကိုကိုး အပျော့ မနက်ခင်းမှာ သောက်တယ်။ ဒါပေမဲ့ နေ့လယ် ၁ နာရီနောက်ပိုင်းမှာ ဘာကော်ဖီ၊ ကဖင်းပါတာမှ မသောက်ဘူး။ အိပ်ရေးပျက်စေတယ်” ဟု ၎င်းက ပြောသည်။

ထိုအချက်ကို ညအိပ်မပျော်သူများ မှတ်သားသင့်သည်။

အသက်ရာကျော်သူနှင့် သင့်လျော်သည့် လေ့ကျင့်ခန်း

ဒေါက်တာ မဟာသီယာသည် YouTube သို့မဟုတ် TikTok သြဇာလွှမ်းမိုးသူများကဲ့သို့ အားကစားရုံ မသွားဘဲ သူ့အိမ်ဝရမ်တာတွင် ငါးခေါက်၊ ခြောက်ခေါက် လမ်းလျှောက်ခြင်း သို့မဟုတ် အနည်းငယ်ပြေးခြင်း သို့မဟုတ် နှစ်ယောက်နင်း စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါး လုပ်သည်။

“အဲဒီလောက်ဆို ကျနော့်အတွက် လုံလောက်တဲ့ လေ့ကျင့်ခန်းပဲ” ဟု ပြောသည်။ သူ၏ တခါက အကြိုက်ဆုံးဝါသနာဖြစ်သော မြင်းစီးခြင်းနှင့်ပတ်သက်ပြီး “မြင်းမှာ သူ့စိတ်နဲ့သူရှိတယ်။ စက်ဘီးလို မဟုတ်ဘူး။ ကျနော် ပြုတ်ကျဖူးတယ်။ သုံးခါ။ ကံကောင်းချင်တော့ အပြင်းအထန် မထိခိုက်ဘူး” ဟု ဒေါက်တာ မဟာသီယာက ပြောသည်။

သို့သော် သူသည် ဘဏ္ဍာရေးအကျပ်အတည်းများ၊ ပြိုင်ဘက်နိုင်ငံရေးသမားများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးများကို မျက်တောင်မခတ်ဘဲ ကိုင်တွယ်ခဲ့သည့်သူတဦးကဲ့သို့ပင် ရှိနေသေးသည်။

ပူထရာဂျာယာရှိ ပန်းခြံတွင် ပုံမှန် အတူ လေ့ကျင့်ခန်းလုပ်ကြသော ဒေါက်တာ မဟာသီယာမိုဟာမက်နှင့် ဇနီး ဒေါက်တာ ဆီထီဟက်စမား/ New York Times

စာအုပ်များ၊ နိုင်ငံရေးနှင့် မျှဝေခြင်း

ဒေါက်တာ မဟာသီယာသည် စာအုပ်ပေါင်း ၂၀ ကျော် ရေးသားခဲ့သော်လည်း သူ၏အဓိက အတွေးအခေါ် အများအပြားသည် ပထမ စာအုပ်နှစ်အုပ်တွင် ပါဝင်ပြီးဖြစ်ကြောင်း ပြောသည်။ ထိုသို့ ဆိုသော်လည်း သူ့ကလောင်နှင့် စာရေးသည့်ဘုတ်ပြားသည် ဆက်လက် အလုပ်လုပ်နေဆဲဖြစ်သည်။

“ကျနော့်မှာ ဝန်ကြီးချုပ်တယောက်အဖြစ်နဲ့ နိုင်ငံရေးမှာ ဒီလောက်ရှည်ကြာတဲ့ အတွေ့အကြုံရှိတယ်။ ကျနော် နိုင်ငံရေးနဲ့ပတ်သက်နေတာ နှစ်ပေါင်း ၈၀ ကျော်ကြာပြီ။ ဒါကြောင့် ကျနော် တစုံတခု လေ့လာသိရှိပြီး တန်ဖိုးရှိတယ်လို့ ထင်ရင် အခြားလူတွေကို မျှဝေပေးချင်တယ်” ဟု ၎င်းကပြောသည်။

မည်သို့ဆိုစေ ဆယ်စုနှစ် ရှစ်ခုကြာ နိုင်ငံရေးအတွေ့အကြုံ၊ စီးပွားရေးအသွင်ကူးပြောင်းမှု အကြိမ်ကြိမ်နှင့် တဆက်တည်းမဟုတ်သော ရာထူသက်တမ်း နှစ်ကြိမ်ရှိသည့် သက်ရှိကမ္ဘာ့ခေါင်းဆောင် များများမရှိပေ။

မည်သို့ဆိုစေ ဆယ်စုနှစ် ရှစ်ခုကြာ နိုင်ငံရေးအတွေ့အကြုံ၊ စီးပွားရေးအသွင်ကူးပြောင်းမှု အကြိမ်ကြိမ်နှင့် တဆက်တည်းမဟုတ်သော ရာထူသက်တမ်း နှစ်ကြိမ်ရှိသည့် သက်ရှိကမ္ဘာ့ခေါင်းဆောင် များများမရှိပေ။

ငှက်ပျောသီးက လွဲ အခြား မည်သည့် အစားအသောက်မှ ကန့်သတ်မထား

သူကြိုက်နှစ်သက်သော်လည်း ဆက်လက် မစားနိုင်သောအရာအကြောင်း မေးသောအခါ ဒေါက်တာ မဟာသီယာက ပြုံးပြီး အစားအသောက်နှင့် ပတ်သက်သည့်အနည်းငယ် စိတ်ထိခိုက်မှုကို ပြောသည်။

“ငှက်ပျောသီး မစားသင့်ဘူးလို့ ကျနော့်ကို မှာထားတယ်။ ကျနော့် ဖော့စဖိတ်နဲ့ အဲဒီလိုဓာတ်တွေ တိုးစေလို့။ ဒါကြောင့် အခြားအသီးပဲ စားတယ်” ဟု ၎င်းကပြောသည်

အခြား မည်သည့်အရာမဆိုနီးပါးကို သူစားသော်လည်း အနည်းငယ်သာ စားသည်။

ပူထရာဂျာယာတွင် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေသော ဒေါက်တာ မဟာသီယာ (အင်္ကျီအပြာ)/ New York Times

ရာစုနှစ်တခု၏ အသိပညာ

ဂျပန်တွင် လူအများအပြား အသက်ရှည်ကြောင်း၊ အထူးသဖြင့် အလွန်ခါးသော ဖျော်ရည်တမျိုးသောက်သည့် ကျူရှူးနှင့် အိုကီနာဝါတွင် အသက်ရှည်ကြောင်း ဒေါက်တာ မဟာသီယာက ပြောသည်။

သူပြောသည့် ထိုဖျော်ရည်သည် အိုကီနာဝါ ဟင်းများတွင် အဓိက အသုံးပြုသည့် ဂိုယာ (ခေါ်) ကြက်ဟင်းခါးသီးမှ ပြုလုပ်သည့် ဖျော်ရည်ဟု ယူဆရသည်။

ဂိုယာသည် အိုကီနာဝါဒေသထွက် အလွန်အာဟာရဓာတ်များသည့် အသီးဖြစ်ပြီး ထူးခြားသော ခါးသက်မှုနှင့် များပြားသော ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ကျော်ကြားသည်။ သွေးအတွင်း သကြားဓာတ် လျှော့ချပေးခြင်းနှင့် ခန္ဓာကိုယ် သဘာဝအဆိပ်အတောက် ချေဖျက်သည့်စနစ်ကို အထောက်အကူပြုသည်ဟု ဆိုသည်။ အကြော်အလှော်များမှသည် စွပ်ပြုတ်နှင့် လက်ဖက်ရည်အထိ ဂိုယာကို အမျိုးမျိုးတွင် အသုံးပြုနိုင်ပြီး အိုကီနာဝါသည် ကမ္ဘာတွင် အသက်အရှည်ဆုံး လူအချို့ရှိခြင်း၏ အကြောင်းရင်းများအနက် တခုဖြစ်နိုင်သည်။

မလေးရှားမှ အကျော်ကြားဆုံး အသက်ရာကျော်သူ ဒေါက်တာ မဟာသီယာအတွက် စိတ်လှုပ်ရှားစရာ အသက်ရှည်ဆေးများသည် သိပ်အရေးမကြီးဘဲ တစိုက်မတ်မတ် လုပ်ကိုင်ခြင်း၊ စူးစမ်းလိုမှုနှင့် ကိုကိုးသည် ပိုမိုအရေးပါသည်။

သို့သော် မလေးရှားမှ အကျော်ကြားဆုံး အသက်ရာကျော်သူ ဒေါက်တာ မဟာသီယာအတွက် စိတ်လှုပ်ရှားစရာ အသက်ရှည်ဆေးများသည် သိပ်အရေးမကြီးဘဲ တစိုက်မတ်မတ် လုပ်ကိုင်ခြင်း၊ စူးစမ်းလိုမှုနှင့် ကိုကိုးသည် ပိုမိုအရေးပါသည်။

ဒေါက်တာ မဟာသီယာသည် နိုင်ငံရေးခေါင်းဆောင်အဖြစ်သာမက အသက်အရွယ်ဆိုသည်မှာ စိတ်၏ ခံယူမှုသာဖြစ်ပြီး ကိန်းဂဏန်း အတိုင်းအတာမဟုတ်ဟု သတိပေးလိုက်သည့် သက်ရှိသတိပေးချက်အဖြစ် အသက် ၁၀၀ ကျော်ခဲ့သည်။

အသက်ရှည်ရေး လျှို့ဝှက်ချက် ရှာသူများအတွက် ဒေါက်တာ မဟာသီယာ၏ ပုံသေနည်းအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

-ပညာရှိရှိ စားသောက်ပါ။ (များများမစားရ)

-ကိုယ်အလေးချိန် တည်ငြိမ်အောင်ထိန်းပါ။ (တဦးစီ၏ ခန္ဓာကိုယ် အလေးချိန်အညွှန်းကိန်းအရ)

-လုံလုံလောက်လောက် အိပ်ပါ။ (တဦးစီ၏ စိတ်နှင့်ခန္ဓာ လိုအပ်ချက်အရ)

-အနည်းငယ်လှုပ်ရှားပါ။ (လေ့ကျင့်ခန်း၊ တနေ့ နာရီဝက်လမ်းလျှောက်ခြင်းပင် လေ့ကျင့်ခန်းဖြစ်သည်။)

-နေ့လယ်စာ စားပြီနောက်ပိုင်းတွင် ကဖင်းရှောင်ပါ။ (လုံလောက်စွာ အိပ်နိုင်ရန်ဖြစ်သည်။)

-စူးစမ်းလေ့လာပါ။ (တစုံတခု လေ့လာသင်ယူပါ။ ထို့ကြောင့် သင့်ဦးနှောက် လေ့ကျင့်ခန်း လုံလုံလောက်လောက် လုပ်ရသည်။)

-အရာရာကို ချရေးပါ။ (စာရိုက်ခြင်းထက် ပိုမို ဂန္တဝင်ဆန်လိုပါက စာရွက်၊ ကလောင်ဖြင့် ရေးသားပါ။)

ပျော်ရွှင်ဖွယ် အသက် ၁၀၀ ပြည့် မွေးနေ့ပါ မဟာသီယာ။ သင်ဟာ လူအများအပြားထက် ပိုမို အသက်ရှည်တယ်၊ ပိုမို စဉ်းစားတွေးခေါ်တယ်။ ပိုမို ကောင်းမွန်စွာ ရေးသားတယ်။ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ပျော်ရွှင်သော မွေးနေ့များစွာ ပိုင်ဆိုင်နိုင်ပါစေ။

(The Independent ပါ Nick Karean ၏ Mahathir Mohamad turns 100 years old! — The former Malaysian PM shares his health secrets to long life and sharp mind ကို ဘာသာပြန်သည်။)

You may also like these stories:

မလေးရှား အတိုက်အခံများကို ညီညွတ်စေရန် မဟာသီယာ လုံး ပန်း

မလေးရှား နိုင်ငံရေး အရှုပ်အရှင်းနဲ့ တကျော့ပြန် သက်ကြားအို မဟာသီယာ

အသက်ကြီးပေမယ့် တိုက်ပွဲတပွဲ ထပ်နွှဲဦးမယ့် မဟာသီယာ

မဟာသီယာ အစိုးရသစ် ရက် ၁၀၀

တိုင်းပြည်ကြွေးမြီမှာ GDP၏ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ် မဟာသီယာပြော

]]>