• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မလေးရှား နိုင်ငံရေး အရှုပ်အရှင်းနဲ့ တကျော့ပြန် သက်ကြားအို မဟာသီယာ

by Radzi Razak
7 August 2017
in ဆောင်းပါး
A A
မဟာသီယာက အကယ်၍ အတိုက်အခံဘက်မှ အနိုင်ရရှိခဲ့လျှင် ဝန်ကြီးချုပ်ရာထူးကို လက်ခံယူရန် ဆန္ဒရှိကြောင်း ပြောသည် / Reuters

မဟာသီယာက အကယ်၍ အတိုက်အခံဘက်မှ အနိုင်ရရှိခဲ့လျှင် ဝန်ကြီးချုပ်ရာထူးကို လက်ခံယူရန် ဆန္ဒရှိကြောင်း ပြောသည် / Reuters

15.9k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲရာသီသစ်တခုသို့ နီးကပ်လာသည့် အချိန်တွင် အရှုပ်အထွေး ပြဿနာများ ရှိနေသော လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အစိုးရကို အနိုင်ရရှိရေးတွင် အသက ်၉၂ နှစ် အရွယ် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အတိုက်အခံများ အတွက် အကောင်းဆုံး လောင်းကြေးတခု ဖြစ်ကြောင်း ရှုမြင်မှုများ တိုးလာနေသည်။

ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း တိုင်းပြည်က ရွေးကောက်ပွဲ လှုပ်ရှားမှု ကာလအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လတ်တလော ရက်သတ္တပတ်များအတွင်း အာဏာရပါတီမှာရော အတိုက်အခံ မဟာမိတ်များတွင်ပါ မဲဆွယ်မှုများ ပြင်းထန်လာခဲ့သည်။ ဆန္ဒခံယူပွဲများကို စက်တင်ဘာလအထိပင် ခပ်စောစော ပြုလုပ်နိုင်ကြောင်း အစိုးရအတွင်းမှ သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းများ ဖော်ပြခဲ့ကြသည်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.5k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
245
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
1k

မလေးရှားနိုင်ငံ၏ နိုင်ငံရေးတွင် ဆယ်စုနှစ် ၆ ခုမျှ ပါဝင်ပတ်သက်ခဲ့ပြီး တိုင်းပြည်ကို ၂၂ နှစ်ကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့ သည့် မဟာသီယာက Pakatan Harapan (Pact of Hope) ဟု သိကြသည့် အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့တခု၏ ဦးဆောင် သင်္ကေတအဖြစ် ပေါ်ထွက်လာသည်။ Pakatan Harapan က ပိုမို၍ တာဝန်ယူမှုရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ လွတ်လပ်မျှတသော အုပ်ချုပ်မှုအတွက် လိုအပ်ချက်များကို ထောက်ပြစည်းရုံးသွားမည် ဖြစ်သည်။

လေ့လာသုံးသပ်သူ အချို့က ဝန်ကြီးချုပ် နာဂျစ်၏ United Malays National Organization (UMNO) ပါတီ နှင့် ၎င်း၏ Barisan National (BN) မဟာမိတ်အဖွဲ့က လက်ရှိ အစိုးရဖြစ်နေခြင်းကို အသုံးချ၍ နောက်ထပ်ရွေးကောက်ပွဲ တခု အနိုင် ရရှိရေးအတွက် လုပ်ဆောင်သွားလိမ့်မည်ဟု ယုံကြည်ကြသော်လည်း ပါတီ၏ ဆယ်စုနှစ် ၆ ခုကြာ အာဏာစွဲကိုင်ထားနိုင် မှုကို တိုးချဲ့ရေး လွန်ခဲ့သော ၂ နှစ်က စတင်ပေါ်ပေါက်ခဲ့သည့် အဆင့်မြင့်ပုဂ္ဂိုလ်များ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များကြောင့် ၎င်းတို့တွင် ရှင်းလင်းမြင်သာသော အားနည်းချက်များ ရှိနေသည်။

အကယ်၍ နိုင်ငံရေးမဲဆွယ်တရားပွဲများတွင် အရှုပ်တော်ပုံများထဲမှ ဝန်ကြီးချုပ်နာဂျစ်ကို ဒုက္ခပေးနိုင်သူ ရှိမည်ဆိုလျှင် UMNO ၏ အလုပ်လုပ်ပုံများနှင့် ကျဆုံးမှုများကို အတွင်းကျကျ သိထားသည့် မဟာသီယာပင် ဖြစ်ပါလိမ့်မည်။ သူက ၁၉၈၀ နှစ်များအတွင်းတွင် ပါတီကို ဗျူဟာမြောက်စွာဖြင့် ၂ ပိုင်းခွဲခဲ့ပြီး နောက်ပိုင်း ပြန်လည်ပေါ်ထွက်လာချိန်တွင်လည်း ဖွံ့ဖြိုးတိုးတက်ရေးကို မောင်းနှင်သော ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအဖြစ် ခိုင်ခိုင်မာမာ ဦးဆောင်နိုင်ခဲ့သည်။

မဟာသီယာက နာဂျစ် ဦးဆောင်တည်ထောင်ထားသော အစိုးရ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေ (1Malaysia Development Berhad -1MDB) မှ အမေရိကန် ဒေါ်လာ ဘီလီယံနှင့် ချီသော အရှုပ်တော်ပုံနှင့် ပတ်သက်သည့် နိုင်ငံရေး ပြဿနာများကို ညှာတာမှု ကင်းစွာဖြင့် တိုက်ခိုက်သည်။ နာဂျစ်က အဆိုပါ ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော် ခိုးယူခဲ့သည်ဆိုသော ပြည်တွင်းမှ စွပ်စွဲမှုများကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ထိုပြဿနာက အမေရိကန် တရားရေးဌာန (US Department of Justice) အပါအဝင် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

နာဂျစ်က မရိုးသားမှုများ မရှိခဲ့ကြောင်း ငြင်းဆန်ခဲ့ပြီး အမေရိကန် တရားရေးဌာန၏ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းများသည် သူ၏ ရွေးကောက်ခံ အစိုးရကို အာဏာမှ ဖယ်ရှားလိုသော နိုင်ငံရေး အတိုက်အခံများ၏ နိုင်ငံရေးအရ လုပ်ကြံတိုက်ခိုက်မှု ဖြစ်သည်ဟုပင် ဖြေရှင်းသည်။ သို့သော် ထိုပြဿနာသည် အတိုက်အခံတို့၏ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် နာဂျစ်နှင့် UMNO ပါတီတို့အပေါ် ယုံကြည်အားထားနိုင်မှုနှင့် တရားဝင်မှုတို့ကို ပုတ်ခတ်တိုက်ခိုက်ရာတွင် အဓိက အချက်တခု ဖြစ်လာနေသည်။

ပျောက်ဆုံးနေသော ရန်ပုံငွေများနှင့် ပတ်သက်၍ ဖော်ထုတ်ခြင်းက နိုင်ငံပိုင် ရန်ပုံငွေများဖြင့် မဲဆွယ်ရန် UMNO က အသုံးချနိုင်မည့် အခြေအနေကို ထိခိုက်စေမည်ဟု လေ့လာသုံးသပ်သူ အချို့က ပြောကြသည်။ ယခင်က ပါတီ၏ ငွေကြေးသုံးစွဲနိုင်မှုသည် ဗျူဟာမြောက် အားသာချက် ဖြစ်ခဲ့သည်။

ကဖျက်ယဖျက်

ဆရာဝန် တယောက် ဖြစ်ခဲ့သည့် မဟာသီယာက တိုင်းပြည်၏ ကမောက်ကမ နိုင်ငံရေးတွင် ကဖျက်ယဖျက် နေရာမှ ကာလရှည်ကြာစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၄၆ ခုနှစ် UMNO ဖွဲ့စည်းခဲ့ပြီး များမကြာမီမှာပင် ပါတီဝင်ခဲ့သည်။ တိုင်းပြည်၏ ပထမဆုံးဝန်ကြီးချုပ်နှင့် UMNO ၏ ထိုစဉ်က ဥက္ကဌ ဖြစ်သော အဘ်ဒူလ် ရာမန် ပူထရာနှင့် ထိပ်တိုက်ရင်ဆိုင်သည့် လူငယ်တယောက်အနေဖြင့် သူ့ကိုယ်သူ နာမည်ရအောင် ပြုလုပ်နိုင်ခဲ့သည်။

အကျင့်ပျက်ခြစားမှုဖြင့် အကြီးအကျယ် ဝေဖန်ခံနေတဲ့ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ် (ဓာတ်ပုံ – Reuters)

ကိုလိုနီခေတ်လွန်ကာလတွင် ပထမဆုံးပြုလုပ်သည့် မလေးရှားနိုင်ငံ၏ ၁၉၅၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဟာသီယာသည် UMNO ၏ Kedah ပြည်နယ် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သော်လည်း အဘ်ဒူလ် ရာမန်၏ မူဝါဒများကို သဘောမတူသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။

အဘ်ဒူလ် ရာမန်က နောက်ပိုင်းတွင် မဟာသီယာကို ပါတီမှ ထုတ်ပစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မလေးလူမျိုးများနှင့် တရုတ်လူမျိုးများကြား အသေအပျောက်များသည့် လူမျိုးရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် မဟာသီယာက အိတ်ဖွင့်ပေးစာတစောင် ပေးပို့ ခဲ့သောကြောင့် ဖြစ်သည်။ ထိုလူမျိုးရေး ပဋိပက္ခကြောင့် မလေးရှားနိုင်ငံတွင် လူနည်းစုဖြစ်သည့် တရုတ်လူမျိုးများ (လူဦးရေ၏ ၂၅ ရာခိုင်နှုန်း) နှင့် အိန္ဒိယ နွယ်ဖွားများ( လူဦးရေ၏ ၇ ရာခိုင်နှုန်း) တို့ထက် လူများစုဖြစ်သည့် မလေးလူမျိုးများ (လူဦးရေ၏ ၆၀ ရာခိုင်နှုန်း) အပေါ် ပို မျက်နှာသာပေးသော မူဝါဒများ ယခုအချိန်အထိ ပြန့်နှံ့စေခဲ့သည်။

နောင် တနှစ် မကြာမီမှာပင် အဘ်ဒူလ် ရာမန်ကို ဆက်ခံသည့် အဘ်ဒူလ် ရာဇတ် ဟူစိန်က မဟာသီယာကို ပါတီသို့ ပြန်လာရန် ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ခဲ့သည်။ လူငယ်ဆရာဝန်လေးကို ၁၉၇၃ ခုနှစ်တွင် အထက်လွှတ်တော် အမတ်အဖြစ် ခန့်အပ်ခြင်း ခံရအောင်လည်း ဦးဆောင်လမ်းပြခဲ့သည်။ နောက်များမကြာမီပင် မဟာသီယာ ပညာရေး ဝန်ကြီး ဖြစ်လာသည်။ သူက နိုင်ငံရေး ကျေးဇူးကြွေးကို ပြန်ဆပ်သည့်အနေဖြင့် အဘ်ဒူလ် ရာဇတ်၏ သားဖြစ်သူ နာဂျစ်ရာဇတ်ကို ပြုစုပျိုးထောင်ခြင်းဖြင့် ကူညီပေးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နာဂျစ်ရာဇတ်ကို ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ်ခြင်း အားဖြင့် အစိုးရအဖွဲ့အတွင်းသို့ ခေါ်ယူခဲ့သည်။

၂၀၀၉ ခုနှစ်တွင် နာဂျစ်ရာဇတ်က ဝန်ကြီးချုပ် ဖြစ်လာရေးကြိုးပမ်းသည့်အခါ မဟာသီယာက လူသိရှင်ကြားပင် ထောက်ခံခဲ့သည်။ သူ့ကို ဆက်ခံသူ အဘ်ဒူလာ ဘာဒါဝီက စီးပွားရေး ဖွံဖြိုးတိုးတက်ရေး စီမံကိန်းအချို့ နှင့် မဟာသီယာ၏ အမွေအနှစ်များကို မျှော်လင့်ထားသလောက် ဆက်လက် မထိန်းသိမ်းနိုင်ခြင်းများကြောင့် ဖြစ်သည်။

နာဂျစ်ကို ဝန်ကြီးချုပ် ရာထူးအတွက် ထောက်ခံပေးခြင်းဖြင့် မှားယွင်းသော ဆုံးဖြတ်မှု ပြုလုပ်ခဲ့မိကြောင်း မဟာသီယာက ပြောခဲ့သည်။ အတိုက်အခံ ဝေဖန်ရေး ပုံစံမျိုးဖြင့် ပြောဆိုမှုများလည်း ပိုများလာခဲ့ သည်။ လမ်းပေါ်မှ ဆန္ဒပြပွဲများတွင်ပင် ပါဝင်လာခဲ့ပြီး ပြည်သူ့အာဏာ (people power) လှုပ်ရှားမှုမှ တဆင့် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သေးသည်။

ကြောင်သူတော် သင်ခန်းစာများ

မဟာသီယာက ဘဝနိဂုံးပိုင်းကို ရောက်မှ သူတော်ကောင်းယောင်ဆောင်၍ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် နိုင်ငံရေး လွတ်လပ်မှုတို့အတွက် တောင်းဆိုလာခြင်းဟု ဝေဖန်သူများက ပြောသည်။ သူသည် သက်ဦးဆံပိုင် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့ပြီး အကျင့်ပျက်ခြစားမှု၊ ခရိုနီဝါဒနှင့် ပွင့်လင်းမြင်သာမှု မရှိသော အုပ်ချုပ်ရေးတို့ ယခုအခါ ပံျ့နှံနေသည်ဟု မြင်ကြသည့် UMNO အတွက် စင်ထိုးပေးခဲ့ကြောင်း သူတို့က ထောက်ပြခဲ့ကြသည်။

နာဂျစ်၏ အရှုပ်အထွေး အများစုမှာ မဟာသီယာ လုပ်ခဲ့ခြင်း ဖြစ်သည်ဟု Chicago တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ Dan Slater က ရေးသားခဲ့သည်။ “မဟာသီယာလိုပဲ နာဂျစ်က စီးပွားရေးအပေါ်မှာ အာဏာရှင်လို ထိန်းချုပ်ခဲ့ပြီးတော့ အထိန်းအကွပ်မဲ့ ချေးယူမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် 1MDB ပါ။”

မဟာသီယာနှင့် အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်တို့ ထောင်အတွင်းတွင် တွေ့ဆုံကြသည်က ဆိုရှယ်မီဒီယာတွင် စိတ်လှုပ်ရှားစရာ တခု ဖြစ်ခဲ့သည် (ဓာတ်ပုံ – Reuters)

မဟာသီယာအနေဖြင့် နိုင်ငံပိုင် ရန်ပုံငွေများ အလွဲသုံးစားပြုလုပ်ခြင်းအတွက် မည်သည့်အခါတွင်မှ တရားဝင် စွပ်စွဲခြင်း မခံခဲ့ရသော်လည်း အစိုးရ အသုံးစရိတ်ဖြင့် သူ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများက မေးခွန်းထုတ်ချင်စရာ ဖြစ်ပြီး သူ၏ စီးပွားဖက်များ တိုက်ရိုက်အကျိုးရှိလေ့ရှိပြီး ၁၉၉၇-၉၈ အာရှ စီးပွားရေး အကျပ်အတည်းကာလအတွင်း မလေးရှားနိုင်ငံကို ထိခိုက်ခဲ့သော ခရိုနီဝါဒအား သူ ဖန်တီးခဲ့ကြောင်း စွပ်စွဲမှုများကို မြှင့်တက်စေခဲ့သည်။

သူက နိုင်ငံရေး အတိုက်အခံများအား ချေမှုန်းရေး UMNO ကို ခိုင်မာသော အဆင့်အတန်းတခု ရအောင်လည်း တည် ထောင်ခဲ့သည်။ ယခင်က ဒုတိယ ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ယခုအခါ အတိုက်အခံ ပုံရိပ်တခု ဖြစ်နေသည့် အန်ဝါအီဘရာဟင်ကို ပါတီမှ ထုတ်ပယ်ပြီး အကျင့်ပျက်ခြစားမှုနှင့် သဘာဝအတိုင်း မဟုတ်သည့် လိင်ဆက်ဆံမှု စွပ်စွဲချက်များဖြင့် ထောင်ချခဲ့သည်။ သဘာဝမဟုတ်သည့် လိင်ဆက်ဆံခြင်းမှာ မွတ်ဆလင် လူများစုဖြစ်သည့် မလေးရှားနိုင်ငံတွင် ရာဇဝတ်မှု မြောက်သည့်အပြစ် ဖြစ်သည်။

နာဂျစ်၏ လက်ထက်တွင်လည်း အန်ဝါအီဘရာဟင်ကို လိင်ကိစ္စနှင့် ပတ်သက်သော စွဲချက်များဖြင့် ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ် ထောင်ချခဲ့သည်။ ယခုအခါ ထောင်တွင်းတွင် ရှိနေပြီး နိုင်ငံရေးကြောင့် အရေးယူခြင်း ဖြစ်သည်ဟု အများ က ယူဆထားကြသည်။ နိုင်ငံရေးအရ စည်းလုံးမှုကို ပြသသည့် အနေဖြင့် မဟာသီယာနှင့် အန်ဝါအီဘရာဟင်တို့ ထောင်အတွင်းတွင် တွေ့ဆုံကြသည်က ဆိုရှယ်မီဒီယာတွင် စိတ်ထိခိုက်စရာ တခု ဖြစ်ခဲ့သည်။

အကန့်အသတ်နဲ့ ရွေးစရာများ

အန်ဝါအီဘရာဟင်၏ People’s Justice Party (PKR) က အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့ဟောင်း Pakatan Rakyat ၏ ဦးဆောင်ပါတီ ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲများတွင် လူကြိုက်များမှု ရရှိခဲ့သော်လည်း UMNO က မလျှော်သော နည်းဖြင့် မဲအသာရရန် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့သည့် အတွက် အနိုင်မရရှိခဲ့ပါ။ သူတို့က ယခုအခါ Bersatu ပါတီ ၏ ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော မဟာသီယာကို ဦးဆောင်မှုလွှဲပေးရန် တွန့်ဆုတ်နေခဲ့ကြသည်။

PKR မှ အရေးပါသူ အချို့က အတိုက်အခံအနေဖြင့် မဲဆန္ဒရှင်တို့၏ ကရုဏာကို ရရှိနိုင်သော အကျဉ်းချခံထားရသည့် အန်ဝါအီဘရာဟင်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထား၍ ရွေးကောက်ပွဲ ဝင်သင့်သည်ဟု ယုံကြည်ထားကြသည်။ ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတခုတွင် အကယ်၍ အတိုက်အခံက အာဏာရရှိလာပါက သူ့ကို ထောင်တွင်းမှ ပြန်ထွက်လာနိုင်မည်ဆိုသော မျှော်လင့်ချက်နှင့် ဖြစ်သည်။

သို့သော်လည်း အခြားသူများက မဟာသီယာကို အတိုက်အခံ ၄ ပါတီ ညွှန့်ပေါင်းအဖွဲ့၏ ရှေ့ဆောင်ပုဂ္ဂိုလ်အဖြစ် ထားရှိရန် စိတ်ကူး ရလာခဲ့ကြသည်။ အန်ဝါအီဘရာဟင်ကလည်း သူ၏ PKR ပါတီကို ထိုလမ်းကြောင်းအတိုင်း ထိန်းကျောင်းခဲ့သည်။ ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုတွင် သူ့အနေဖြင့် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရန် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း နှင့် ပါတီအနေဖြင့် နာဂျစ်၏နေရာတွင် မည်သူ့ကို အစားထိုးရမည် ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားမနေကြဘဲ လူထုကိုသာ အပြီးပြတ် ဆုံးဖြတ်ချက် ချခွင့်ပေးရန် တောင်းဆို နားချခဲ့သည်။

အန်ဝါအီဘရာဟင်က Pakatan Harapan အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့အနေဖြင့် အမျိုးသားအဆင့် မူဝါဒများ၊ မတရားမှု များနှင့် လက်ရှိ နိုင်ငံရေး နှင့် ဥပဒေစနစ်၏ အလွဲသုံးစားမှုများကို အဓိက အလေးပေးရန်၊ နိုင်ငံ၏ ၁၄ ကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေမည့် နည်းဗျူဟာများ ဖန်တီးရေး အာရုံစူးစိုက်ထားရန် တောင်းဆိုခဲ့သည်။

“Pakatan Harapan အတွင်းမှာ အာဏာနဲ့ ရာထူးအတွက် အားပြိုင်မှုလိုမျိုး ဘက်ပြဿနာတွေ ဒါမှမဟုတ် စကားလုံး တိုက်ပွဲတွေ ခွင့်မပြုနိုင်ပါဘူး” ဟု Anwar Ibrahim က အကျဉ်းထောင် အတွင်းမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောသည်။ ပိုမို၍ အမျှော်အမြင် ရှိစွာဖြင့် အန်ဝါအီဘရာဟင်က PKR ၏ ဥက္ကဌဖြစ်သော သူ၏ ဇနီး ဝန် အဇီဇာ အစ္စမေးလ်ကို မဟာမိတ်ညွှန့်ပေါင်း အဖွဲ့ ဥက္ကဌ အဖြစ်ဆောင်ရွက်ရန်နှင့် မဟာသီယာကို အဖွဲ့၏ အကြီးတန်း အကြံပေးအဖြစ် ထားရှိရန် သိသိသာသာ တွန်းအားပေးခဲ့သည်။

ထိုအချိန်တွင် မဟာသီယာက အကယ်၍ အတိုက်အခံဘက်မှ အနိုင်ရရှိခဲ့လျှင် ဝန်ကြီးချုပ်ရာထူးကို လက်ခံယူရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ လွတ်မြောက်လာသော အန်ဝါအီဘရာဟင် သို့မဟုတ် သူ၏ သားဖြစ်သူ မူခရစ်ဇ် မဟာသီယာ အပါအဝင် သူ၏ အနီးကပ် မဟာမိတ်များထဲမှ တဦးဦးက ခေါင်းဆောင်မှုကို ဆက်ခံရေး လမ်းခင်းပေးမည့် ခြေလှမ်းတခုအဖြစ် သူက ယူဆထားသည်။

မူခရစ်ဇ် မဟာသီယာကို နာဂျစ်က Kedah ပြည်နယ်၏ UMNO အကြီးအကဲ ရာထူးမှ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပယ်ခဲ့သည်။ 1MDB နှင့် ပတ်သက်သည့် နာဂျစ်၏ အခန်းကဏ္ဍ နှင့် အစိုးရ၏ စီးပွားရေး စီမံခန့်ခွဲမှု တခု လုံးကို မူခရစ်ဇ်က ဝေဖန်ပြစ်တင်ခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။

“တကယ်လို့ အတိုက်အခံ အနိုင်ရလို့ ဝန်ကြီးချုပ် ဖြစ်သင့်တဲ့ ကိုယ်စားလှယ်လောင်း တကယ်ကို မရှိဘူးဆိုရင် ခနပဲ ဖြစ်ဖြစ် ဒီအလုပ်ကို ရယူဖို့ ကျနော် ကြိုးစားကောင်းကြိုးစားမိပါလိမ့်မယ်။ ဒါပေမယ့် အားလုံးက သဘောတူတဲ့ အခြေအနေမျိုး ဖြစ်မှပါ” ဟု မဟာသီယာက ဇွန်လအစောပိုင်းက တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာ ကွန်ဖရင့် တခုတွင် ပြောကြားခဲ့သည်။

Pakatan Harapan ညွှန့်ပေါင်းအဖွဲ့၏ အခြားသော အဖွဲ့ ဝင်များ ဖြစ်သည့် Democratic Action ပါတီ နှင့် Amanah ခေါ် National Trust Islamic Party (Malaysia) တို့က မဟာသီယာကို ပွင့်ပွင့်လင်းလင်း သဘောတူခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် သားဖြစ်သူကို အာဏာရရှိအောင် ပို့ဆောင်ပေးခြင်းမှ တဆင့် သူ၏ အမွေအနှစ် ကို တဖန် ပြန်ဖြစ်လာစေမည့် မဟာသီယာ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ အဆိုပါ ပါတီများ၏ ရပ်တည်ချက်က ရှင်းလင်းမှု မရှိပါ။

မဟာသီယာက မဟာမိတ်ညွှန့်ပေါင်း အဖွဲ့နှင့် အတူ အောက်ခြေအဆင့်မှ ပြည်သူများ၏ အာရုံစိုက်မှုကို ဆက်လက်ရရှိနေသော်လည်း နာဂျစ်၏ UMNO ပါတီက ရှေးရိုးစွဲဆန်သည့် ကျေးလက်ဒေသမှ မလေး မွတ်ဆလင်များ၏ ဆန္ဒမဲကို ရရှိရန် လူမျိုးရေးကို နိုင်ငံရေးတွင် အသုံးပြုလာသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လတ်တလောတွင် နာဂျစ်က ၂၀၁၃ ခုနှစ်ရွေးကောက်ပွဲတွင် အရေးပါသည့် ကျေးလက်မဲများ ရရှိခဲ့သော Islamist Malaysian Islamic ပါတီ PAS ကို စည်းရုံးခဲ့သည်။

မဟာသီယာ၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှုကို ကျေးလက် မွတ်ဆလင်မဲဆန္ဒနယ် အများစုက သဘောကျခဲ့ကြသည်ဟု လေ့လာဆန်းစစ်သူများက မှတ်ချက်ပြုကြသည်။ သူ၏ လူမျိုးရေးခွဲခြားမှု မရှိသည့် မူဝါဒများ နှင့် စီးပွားရေး တိုးတက်ခဲ့ခြင်းမှ အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ထိုကဲ့သို့ အမှတ်တရ ကိစ္စများကို ဆန္ဒမဲအဖြစ် မဟာသီယာ ပြောင်းလဲနိုင်မည်လား ဆိုသည်ကတော့ စောင့်ကြည့်ရဦးမည့် မေးခွန်းတခု ဖြစ်သည်။ သို့သော်လည်း UMNO အတွက်မှာမူ ယခုအခါတွင် တည်ငြိမ်မှု မရှိတော့သည့် အခြေခံ အုတ်မြစ်ကို ချမှတ်တည်ဆောက်ခဲ့သော နိုင်ငံရေးသမားအိုနှင့် ယှဉ်ပြိုင်ရာ၌ နောက်ဆုံးတွင် အာဏာစွန့်ရနိုင်သည့် အလားအလာက များနေပါသည်။

(Asia Times ပါ Radzi Razak ၏ Back to the future in Malaysia? ကို ဆီလျော်အောင် ဘာသာပြန်သည်)

Your Thoughts …
Tags: မလေးရှားမဟာသီယာ
Radzi Razak

Radzi Razak

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
3.9k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

by Igor Blazevic
17 April 2025
3.7k

စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပြည်သူများကို စိတ်ဝင်စားမှု မရှိသောကြောင့် မစ္စတာ အန်နဝါ အောင်မြင်မည် မဟုတ်ပေ။

Next Post
တကယ့်ဖြစ်ရပ်မှန်

တကယ့်ဖြစ်ရပ်မှန်

ပညာရေးတက္ကသိုလ်၊ ကောလိပ်ကျောင်းသားကျောင်းသူများ ဆန္ဒပြတောင်းဆိုစဉ်  / ဒီလှိုင်းဝင်း /  ဧရာဝတီ

မန္တလေးတွင် ပညာရေးတက္ကသိုလ်၊ ကောလိပ်ကျောင်းသားကျောင်းသူများ ဆန္ဒပြ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

18 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate