• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းမှ တရုတ်သို့ ပြည်နှင်ဒဏ်ပေးခြင်းက ပွင့်လင်းမြင်သာမှု မရှိ

by Dominic Faulder
27 April 2024
in Crime, ဆောင်းပါး
A A
ထိုင်းမှ တရုတ်သို့ ပြည်နှင်ဒဏ်ပေးခြင်းက ပွင့်လင်းမြင်သာမှု မရှိ

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် ပါဝင်သည်ဟု သံသယရှိသူများအား တရုတ်က ပြန်ဖမ်းခေါ်လာစဉ်

4.3k
VIEWS
Share on FacebookShare on Twitter

ဆယ်စုနှစ် တခုကျော်အတွင်း ထိုင်းမှ တရုတ်သို့ လူအများဆုံး ပြည်နှင်ဒဏ်ပေးခြင်းသည် ထိုင်းနိုင်ငံကို တရုတ်၏ အရှိန်မြင့်လာသည့် ဆိုက်ဘာရာဇဝတ်မှု နှိမ်နင်းရေးအတွင်း ပါဝင်သွားစေကြောင်း၊ အရှေ့တောင်အာရှမှ များပြားလှသော ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးလုပ်ငန်းများကို ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာမှ ဝေးရာသို့ ရွှေ့ပြောင်းစေမည့် လက္ခဏာဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ကိန်းဂဏန်း အယူသည်းသည့် ဒေသမှ နှစ်ထပ်ရက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှစ၍ သုံးရက်အတွင်း တရုတ်နိုင်ငံသား ၁,၀၀၀ နီးပါးကို မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး မဝေးကွာသောနေရာမှ အဖြူရောင် ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားကြီးများဖြင့် သောင်းရင်းမြစ်ကို ဖြတ်သန်းပို့ဆောင်သည်။ Myanmar Now က ထိုသို့ ပို့ဆောင်ခံရသည့် တရုတ် နိုင်ငံသားအရေးအတွက်သည် ၉၉၇ ဦး ဖြစ်သည်ဟု ဖော်ပြသည်။

၎င်းတို့ကို ပို့ဆောင်ပေးသည့်နေရာမှာ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်ပြီး ထိုလေဆိပ်တွင် တရုတ်တောင်ပိုင်း လေကြောင်းလိုင်းမှ စင်းလုံးငှား ခရီးစဉ်များဖြင့် မြန်မာမြောက်ပိုင်း နယ်စပ်အနီး ယူနန်ပြည်နယ်မှ ကျင်ဟုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံးနေ့ ပြည်နှင်ဒဏ်ပေးခံရသူများကို ပို့ဆောင်သည်။

ကျင်ဟုန်တွင် အာဏာပိုင်များသည် အနိမ့်ဆုံးအနေဖြင့် ပြည်နှင်ဒဏ်ပေးခံရသူများကို နယ်စပ်တလျှောက်မှ ကြီးမားလှသော နိုင်ငံတကာငွေကြေး လိမ်လည်မှုလုပ်ငန်းတွင် ပါဝင်ရန် မြန်မာသို့ တရားမဝင် ဝင်ရောက်ခြင်းအတွက် စစ်မေးမှု ပြုလုပ်မည် ဖြစ်သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တာဝန်ခံသည့် ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန်၏ အဆိုအရ ထိုလုပ်ငန်းစဉ် တခုလုံးတွင် လေယာဉ်ခရီးစဉ် ၁၅ ခု ပါဝင်ကြောင်း သိရသည်။ ပထမဆုံးနေ့တွင် လေယာဉ် သုံး စင်းသည် တနာရီစီခြားကာ ထိုင်းနိုင်ငံမှ ထွက်ခွာပြီး လာအိုကိုဖြတ်၍ ပြည်နှင်ဒဏ်ပေးခံရသူ စုစုပေါင်း ၁၄၉ ဦးကိုသာ သယ်ဆောင်သွားနိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ လူကုန်ကူးခံရသည့် အရေအတွက် အတိအကျ မဖော်ပြသော ထိုင်းနိုင်ငံသားများကို ယူနန်ပြည်နယ် ကူမင်းမှတဆင့် လေကြောင်းဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုချက်ကြောင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုဖြစ်ရပ်မတိုင်မီ တညတွင် ရဲဗိုလ်ချုပ် ဆူရာချာတီက ကြေညာချက်တစောင် ထုတ်ပြန်သည်။

အောက်တိုဘာလမှ စတင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အကူအညီဖြင့် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသား ရာဇဝတ်ဂိုဏ်းများက စီမံသည့် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲပြီး မင်းအောင်လှိုင်၏ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်များ အောင်မြင်စွာ တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့် ဒေသတွင် ပိုမို မတည်မငြိမ် ဖြစ်စေသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အတွင်း နိုင်ငံခြားသား ၅၂,၈၂၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၎င်းတို့၏ ၉၆ ရာခိုင်နှုန်းသည် တရုတ်များဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြသည်။ အများစုကို နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းဖြစ်သည်။

ထိုလုပ်ငန်းတွင် ကြီးမားသော အပြောင်းအလဲဖြစ်နေပြီး မတည်ငြိမ်သော မြန်မာမှ ရွှေ့ပြောင်းကာ လာအိုနှင့် ကမ္ဘောဒီးယားသို့ ပြန်သွားနေသည်ဟု လေ့လာသူများက ယူဆသည်။ ထိုနှစ်နိုင်ငံလုံးတွင် တရုတ် မြေအောက် ရာဇဝတ်လောကသည် ကောင်းစွာ အခြေတည်ထားပြီး ၎င်းတို့ကိုလည်း ပိုမိုကြိုဆိုကြသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အတွင်း နိုင်ငံခြားသား ၅၂,၈၂၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၎င်းတို့၏ ၉၆ ရာခိုင်နှုန်းသည် တရုတ်များဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြသည်။

“မြန်မာနိုင်ငံမြောက်ပိုင်းမှာ လုပ်ကိုင်နေတဲ့ ငွေကြေးလိမ်လည်တဲ့ အုပ်စုတွေဟာ အခြားနေရာတွေနဲ့ ကမ္ဘောဒီးယားမှာ အရမ်းဘေးကင်းလုံခြုံ၊ အကာအကွယ်ရပြီး တည်ငြိမ်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ရှိလို့ အဲဒီနေရာတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေတယ်” ဟု International Justice Mission မှ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ ဂျက်ကော့ဆင်းမ်က Nikkei Asia သို့ ပြောသည်။

“ဆီဟာနော့ဗီးကလာတဲ့ မြေပြင်သတင်းတွေအရ အဲဒီမြို့ဟာ ပြန်လည်တိုးတက် စည်ကား ကြွယ်ဝချမ်းသာနေပြီလို့ သိရတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံမှ ပထမဆုံး ပြည်နှင်ဒဏ်ပေးခြင်းကို ဒေသအာဏာပိုင်များက ညှိနှိုင်းလုပ်ဆောင်ခဲ့ပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း ရှင်းလင်တင်ပြခဲ့ကြောင်း ရဲဗိုလ်ချုပ် ဆူရာချာတီက ပြောသည်။ ထိုစစ်ဆင်ရေးကို လူအခွင့်အရေး မူများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းလုံခြုံရေး မထိခိုက်ကြောင်း ၎င်းကပြောသည်။ လုပ်ဆောင်မှုအဆင့်တိုင်းကို မှတ်တမ်းတင်ထားရန် ဒေသအရာရှိများကို ညွှန်ကြားထားပြီး တရုတ်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို လေယာဉ်များပေါ်မှ ဆင်းသက်ခွင့် မပေးခဲ့ကြောင်းလည်း ပြောသည်။

အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်ခြင်းအတွက် ရဲဗိုလ်ချုပ် ဆူရာချာတီသည် ထိုနောက်ပိုင်းမှ စတင်ပြီး ရာထူးမှ ဆိုင်းငံ့ထားပြီး လာမည့်လများတွင်လည်း ဘေးဖယ်ထားခံရဖွယ်ရှိသည်။ အသက် ၅၃ နှစ်ရှိ ဆူရာချာတီသည် ထိုင်းနိုင်ငံ၏ ဆိုက်ဘာရာဇဝတ်မှုနှင့် လူကုန်ကူမှု တိုက်ဖျက်ရေး စိတ်မပါလက်မပါ တိုက်ပွဲတွင် အဆင့်အမြင့်ဆုံး ရဲအရာရှိဖြစ်ပြီး ရဲတပ်ဖွဲ့အတွင်းတွင်လည်း ရန်သူများစွာရှိသူ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် သူသည် မသမာမှုများကို သူကိုယ်တိုင် ရှင်းလင်းနေသည့် လူဝင်မှုကြီးကြပ်ရေးဌာနမှ မည်သည့် အကြောင်းကြောင့်ဟု မဖော်ပြဘဲ ရုတ်တရက် ဖယ်ရှားခံရသည်။

လေကြောင်း ခရီးစဉ်အားလုံးသည် ကျင်ဟုန်သို့ သွားသည်ဟု ယူဆပါက လေယာဉ်ပေါ်တွင် လုံခြုံရေး အများအပြား မပါလျှင် ထိုသို့ ပြည်နှယ်ဒဏ်ပေးရန် လေကြောင်း ခရီးစဉ် အနည်းငယ်သာ လိုမည်ဖြစ်သည်။ တရုတ်တောင်ပိုင်း လေကြောင်း၏ ကြီးမားလှသော လေယာဉ်အုပ်စုများကို အလယ်အလတ်အရွယ် A320s နှင့် B737s များဖြင့် ဖွဲ့စည်းထားသည်။ ထိုလေယာဉ်များသည် တရုတ်လုံခြုံရေး တပ်များအနေဖြင့် အကျဉ်းသား ၇၀ ခန့်ကို လေယာဉ်အတွင်းတွင် စောင့်ကြည့်၍ရသည်။

လျှို့ဝှက်မှု ပိုမိုနည်းသည့် ကမ္ဘောဒီးယားနှင့် မြန်မာမှ အိတ်မဲဖြင့် ပြည်နှင်ဒဏ်ပေးသည်ဟု ခေါ်သည့် နည်းလမ်းတွင် ပြည်နှင်ဒဏ် ပေးခံရသူများကို ခေါင်းစွပ်များစွပ်ထားပြီး နောက်ပြန်လက်ထိပ်ခတ်ကာ နှစ်ဘက်လုံးမှ လုံခြုံရေးများက လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။

ထိုင်းမှ ဝါရင့်လေ့လာသူတဦး၏ အဆိုအရ ပြည်နှင်ဒဏ် ပေးခံရသူအချို့သည် မဲဆောက်လေဆိပ်တွင် စောင့်ဆိုင်းရချိန် နာရီဝက်ပင် မပြည့်ကြောင်း သိရသည်။ ထိုသို့တင်းကျပ်စွာ စီစဉ်လုပ်ကိုင်မှုသည် ၂၀၁၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း ထိုင်းနိုင်ငံတွင် အကြီးမားဆုံး လူသိရှင်ကြား ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်မှ တူရကီအနွယ်ဝင် မွတ်ဆလင် အများစုပါသည့် ဝီဂါ ၁၀၉ ဦးကို ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ၏ စစ်အစိုးရက ပြန်လည် ပို့ဆောင်ခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် မှုန်လူမျိုး ၄,၆၈၉ ဦးကို ဝန်ကြီးချုပ် အဘီဆစ် ဝီဂျာဂျီဝ အစိုးရခေတ်တွင် လာအိုသို့ ကုန်းလမ်းမှ ပြည်နှင်ဒဏ်ပေးသည်။ ဗီယက်နမ်က ကမ္ဘောဒီးယားကို ကျူးကျော်ပြီး ပိုပေါ့၏ ခမာနီအစိုးရကို ဖြတ်ချပြီးနောက် ၁၉၇၉ ခုနှစ်၊ ဇွန်လတွင် ဗိုလ်ချုပ်ကြီး ကရီယန်ဆက် ချိုမနန်၏ ကြီးကြပ်မှုဖြင့် ကမ္ဘောဒီးယား နိုင်ငံသား သောင်းနှင့်ချီ၍ ပြန်မောင်းထုတ်သည်။

ထိုင်းမှ ဝါရင့်လေ့လာသူတဦး၏ အဆိုအရ ပြည်နှင်ဒဏ် ပေးခံရသူအချို့သည် မဲဆောက်လေဆိပ်တွင် စောင့်ဆိုင်းရချိန် နာရီဝက်ပင် မပြည့်ကြောင်း သိရသည်။ ထိုသို့တင်းကျပ်စွာ စီစဉ်လုပ်ကိုင်မှုသည် ၂၀၁၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း ထိုင်းနိုင်ငံတွင် အကြီးမားဆုံး လူသိရှင်ကြား ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ မြဝတီဒေသမှ လောင်းကစားလုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့တွင် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက အတည်ပြုသည်။ ထိုသို့ ပြည်နှင်ဒဏ်ပေးခံရသူများသည် ဆန္ဒအလျောက် နေရပ်ပြန်ရန် သဘောတူကြောင်းနှင့် ပြန်လည်ပို့ဆောင်ရေး ပြီးစီးစေရန် ထိုင်းနိုင်ငံနှင့် လုပ်ကိုင်ရေးအတွက် တရုတ်ရဲတပ်ဖွဲ့ တဖွဲ့ကို စေလွှတ်ခဲ့ကြောင်းလည်း ထိုဝန်ကြီးဌာနက ပြောသည်။

မဲဆောက်သို့ တရုတ်ရဲများ ရောက်နေသည်မှာ အနည်ဆုံး တနှစ်ရှိပြီး သုံးပွင့်ဆိုင် ပြင်ဆင်မှုသတင်းများ လွန်ခဲ့သောအပတ်က ပေါက်ကြားလာသည်ဟု ဘန်ကောက်မှ သံတမန်များက ယူဆသည်။ မြဝတီသည် မဲဆောက်မှ ချစ်ကြည်ရေးတံတား တဖက်တွင်ရှိပြီး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ အဓိက ကာစီနိုနှင့် ငွေကြေး လိမ်လည်ရာ အချက်အခြာနေရာ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံသားဟု ယူဆရသူများကို တွေ့ရစဉ် / Danielle Keeton-Olsen

ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်း ပြီးစီးသည့် နောက်တနေ့ဖြစ်သော မတ်လ ၃ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်က သတင်းထောက်များကို “ဒါဟာ ကျနော်တို့ သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ မြန်မာနဲ့ ထိုင်းအကြား လူသားချင်းစာနာမှု မူအရ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်။ အတင်းအကျပ် လုပ်ခိုင်းခံရတာ မဟုတ်ဘူး” ဟု ပြောသည်။

သူထိုသို့ ထုတ်ဖော်ပြောဆိုသည့် အချိန်သည် သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်ဘန်နိစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် သြစတြေးလျ ဝန်ကြီးချုပ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များအကြား ကျင်းပမည့် သုံးရက်ကြာ ညီလာခံ တက်ရောက်နိုင်ရေးအတွက် ပုံမှန် ကျင်းပရမည့် အစည်းအဝေးမတိုင်ခင် ကြိုတင်ကျင်းပသော အစည်းအဝေးတွင် ချိန်ကိုက် ပြောဆိုခြင်းဖြစ်သည်။

ထိုအစည်းအဝေးသည် အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှု အမည်ရှိ အချက် ၅၅ ချက်ပါ မဲလ်ဘုန်းကြေညာချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် နိဂုံးချုပ်ခဲ့ပြီး ထိုကြေညာချက်တွင် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရေး အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပါဝင်သည်။

သို့သော် ထိုထိပ်သီးဆွေးနွေးပွဲအတွင်းတွင် ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ အများပြည်သူဆွေးနွေးမှု မရှိဘဲ မဲဆောက်မှ ပြည်နှင်ဒဏ်ပေးခြင်းသည် ဒေသအတွင်း အရေးပါသည့် ပြဿနာဖြစ်သော်လည်း လူထုထောက်ခံမှု အနည်းငယ်သာရသည်။ မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှကို ငွေကြေးလိမ်လည်မှု ပြဿနာ လွှမ်းမိုးနေသောကြောင့် အောက်တိုဘာလတွင် ကုလသမဂ္ဂ၏ ခန့်မှန်းမှုအရ ဘဏ္ဍာရေး လိမ်လည်မှု ကိစ္စတွင် လူ ၂၂၀,၀၀၀ နှင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ပါဝင်နိုင်သည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးခြင်းသည် ထိုလုပ်ငန်းများသည် အာဆီယံအတွင်း ထိခိုက်လွယ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေး ပိုမိုကောင်းမွန်သည့် ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေသည်။

ဆန္ဒအရဖြစ်စေ၊ ဆန္ဒမရှိဘဲဖြစ်စေ ပါဝင်ပတ်သက်သူများမှာ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ တခုလုံးနီးပါး ဖြစ်ပြီး ဘရူနိုင်းနိုင်ငံတခုတည်းသာ ခြွင်းချက်ဖြစ်ပုံရသည်။ ထောင်ပေါင်းများစွာသော ထိုင်းနှင့် အင်ဒိုနီးရှားများသည် ကမ္ဘောဒီးယားတွင် ပိတ်မိနေသောကြောင့် သံတမန်ရေး ပွတ်တိုက်မှု ဖြစ်ရသည်။ မလေးရှားနိုင်ငံသား ရာပေါင်းများစွာသည်လည်း ၎င်းတို့၏ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ကျွမ်းကျင်မှုကြောင့် မြန်မာနိုင်ငံ၏ ဝေးကွာသော ဒေသများသို့ လူကုန်ကူးခံရသည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးခြင်းသည် ထိုလုပ်ငန်းများသည် အာဆီယံအတွင်း ထိခိုက်လွယ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေး ပိုမိုကောင်းမွန်သည့် ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေသည်။

ထိုငွေကြေးလိမ်လည်မှုများတွင် ပိတ်မိနေသူ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ နိုင်ငံသားများ ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြသည်။ ထိုစာရင်းတွင် ဘင်္ဂလားဒေ့ရှ်မှသည် ဇင်ဘာဘွေအထိ ပါဝင်သလို ဗြိတိန်နှင့် အမေရိကန် နိုင်ငံသားများလည်း ပါဝင်သည်။

မကြာသေးမီက တရုတ်သို့ ပြည်နှင်ဒဏ်ပေးသူများသည် သောင်ရင်းမြစ်ကမ်း တလျှောက်မှ အမည်ဆိုးကျော်ကြားသည့် ရွှေကုက္ကို မြို့သစ်နှင့် KK Park ရာဇဝတ် ခြံဝန်းများမှလာသော်လည်း ၎င်းတို့၏ မူရင်းဒေသသည် ရှင်းလင်းခြင်း မရှိပေ။ အချို့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ လာသည်ဟု ယူဆရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

“ဘာတွေဖြစ်နေတယ်ဆိုတာကို လုံးဝပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမြောက်ပိုင်းတခုလုံးမှာ တရုတ်က လုပ်နေတဲ့ ဒီလုပ်ငန်းကို ဖြိုခွဲမှုတွေနဲ့ ဆက်စပ်နေတယ်။ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်ဆိုတာ မသိရဘူး။ သူတို့ ဘယ် ရာဇဝတ်ခြံဝန်းက လာတယ်ဆိုတာကို ရည်ရွယ်ချက်ရှိရှိ မှုန်ဝါးအောင် လုပ်ထားတယ်” ဂျက်ကော့ဆင်းမ်က ပြောသည်။

(Nikkei Asia ပါ Dominic Faulder ၏ Thailand’s low-key deportations to China latest scamdemic twist ကို ဘာသာပြန်သည်။)

You may also like these stories:

ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ

သောင်ရင်းမြစ်ဘေးက ငရဲခန်း

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

စစ်ကောင်စီ ဝှက်ပေးထားသော ရာဇဝတ်သားများ တရုတ်ထံ လွှဲပေး

Your Thoughts …
Tags: ကမ္ဘောဒီးယားစစ်ကောင်စီဆိုက်ဘာရာဇဝတ်မှုတရုတ်ထိုင်းရွှေကုက္ကိုလူကုန်ကူးမှုအာဆီယံ
Dominic Faulder

Dominic Faulder

Dominic Faulder သည် Nikkei Asia ၏ တွဲဖက်အယ်ဒီတာ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သံတွဲတိုက်ပွဲ စစ်တပ်အရာရှိအချို့ အပါအဝင် ၆၀ကျော်သေဆုံးဟုဆို

သံတွဲတိုက်ပွဲ စစ်တပ်အရာရှိအချို့ အပါအဝင် ၆၀ကျော်သေဆုံးဟုဆို

မြန်မာ တနိုင်ငံတည်းကသာ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းထားဟု အာဆီယံ ပါလီမန်ကွန်ရက် ပြော

မြန်မာ တနိုင်ငံတည်းကသာ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းထားဟု အာဆီယံ ပါလီမန်ကွန်ရက် ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved