• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
in ဆောင်းပါး
A A
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

46.5k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက တပြည်လုံးအနှံ့အပြားမှ တော်လှန်ပုန်ကန်ခဲ့၏။ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ လှုပ်ရှားစစ်ကြောင်းများအား တိုက်ခိုက်သည့်တိုက်ပွဲ၊ မြို့ပြပြောက်ကျားတိုက်ပွဲ စသည့် တိုက်ပွဲပေါင်းများစွာကို ပြီးခဲ့သည် နှစ်နှစ်ခွဲကျော်အတွင်း တွေ့ခဲ့ရသည်။

ထိုများပြားသည့် တိုက်ပွဲများထဲက စစ်တပ်အာဏာသိမ်းသည့် ရက် ၁,၀၀၀ ပြည့်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ဆင်နွှဲသည့် ၁၀၂၇ စစ်ဆင်ရေးသည် ရိုက်ချက်အပြင်းဆုံး ဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ အာရုံစိုက်ခဲ့ကြရသည့် စစ်ဆင်ရေးတရပ် ဖြစ်သည့်အပြင် ပြိုကျနေသော စစ်ကောင်စီတပ်၏ သရုပ်မှန်ကို မြင်တွေ့ခဲ့ရ၏။

စစ်အင်အားစုစည်းမှု

၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးအရ အားသာချက်များအနက် ပထမအချက်မှာ လှုပ်ရှားစစ်အင်အား စုစည်းမှုဖြစ်၏။ နွေဦးတော်လှန်ရေးတွင် အကြီးမားဆုံး တော်လှန်ရေးတပ်ဖွဲ့ အင်အားစုစည်းမှု ဖြစ်၏။ ဤစစ်ဆင်ရေးတွင် AA ၏ တပ်ရင်း ၁၀ ရင်း အင်အား မှာ ၃,၀၀၀ ခန့်၊ TNLA ၏ အင်အားမှာ တပ်မဟာ ခုနစ်ခု အင်အား ၈,၀၀၀ ခန့်နှင့် MNDAA ၏ အင်အား တပ်မဟာ လေးခု အင်အား ၅,၀၀၀ နှင့်အထက် ပါဝင်သည်ဟု ခန့် မှန်းရသည်။

ထို့ပြင် MNDAA တပ်မဟာ ၆၁၁ နှင့် တွဲဖက်ထားသော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ရင်း နှစ်ရင်း၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) စစ်ကြောင်းနှင့် အညာ PDF တပ်ရင်း နှစ်ရင်းတို့သည်လည်း စုစုပေါင်း အင်အား ၁,၀၀၀ ခန့်ရှိမည်ဖြစ်၏။

ဤစစ်ဆင်ရေးတွင် AA ၏ တပ်ရင်း ၁၀ ရင်း အင်အား မှာ ၃,၀၀၀ ခန့်၊ TNLA ၏ အင်အားမှာ တပ်မဟာ ခုနစ်ခု အင်အား ၈,၀၀၀ ခန့်နှင့် MNDAA ၏ အင်အား တပ်မဟာ လေးခု အင်အား ၅,၀၀၀ နှင့်အထက် ပါဝင်သည်ဟု ခန့် မှန်းရသည်။

နောင်ချိုဘက်တွင် မန္တလေး PDF တပ်ရင်း ခုနစ်ရင်း အင်အား ၁,၂၀၀ ခန့်၊ မိုးကုတ် PDF တပ်ရင်း သုံးရင်း အင်အား ၄၀၀ ခန့်တို့ စစ်ဆင်ရေး ၁၀၂၇ တွင် ပူးပေါင်းပါဝင်လျက် ရှိ၏။ သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေးတွင် အင်အား ၂၀,၀၀၀ ခန့် စုစည်းပါဝင်သည့် စစ်ဆင်ရေးဖြစ်သည်ကို တွေ့ရ၏။

ဒုတိယအချက်မှာ လက်နက်ခဲယမ်း တပ်ဆင်မှု၊ စုစည်းမှု ဖြစ်၏။ မြောက်ပိုင်းသုံးဖွဲ့အနေနှင့် ၁၀ နှစ်ကျော်ကြာ တည်ဆောက်လာသည့် တပ်ဖွဲ့များဖြစ်ရာ လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ပြီး ဖြစ်သည်။ ထို့ပြင် တပ်မဟာ ၆၁၁ နှင့်တွဲထားသော PDF, PLA, BPLA တို့အားလည်း အပြည့်အဝ လက်နက်တပ်ဆင်ပေးထားနိုင်၏။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The Kokang)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ မန္တလေး PDF တပ်ရင်းများသည်လည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားနိုင်သည့်အပြင် မိုးကုတ် PDF တပ်အင်အား အများစုအားလည်း လက်နက်တပ်ဆင်ထားနိုင်သည်ဟု သိရ၏။

ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးတွင် အသုံးပြုရန် လိုအပ်သည့် ခဲယမ်းစုပုံမှုအား အချိန်ယူ၍ ပြင်ဆင်ထားခဲ့သည်ကို လက်တွေ့ စစ်မြေပြင်တိုက်ပွဲများတွင် ကျည်သုံးစွဲနိုင်မှုက သက်သေပြနေ၏။ မြေပြင်တိုက်ပွဲများတွင် လိုအပ်သည့် လက်နက်ကြီးတပ်ဖွဲ့အပြင် ဒရုန်းတပ်ဖွဲ့ကိုလည်း ကောင်းစွာ ပြင်ဆင်ဖွဲ့စည်းထားသည်ကို တွေ့ရ၏။

စစ်ဆင်ရေး ၁၀၂၇ ၏ စစ်မျက်နှာများ

မြောက်ပိုင်းသုံးဖွဲ့သည် စစ်အင်အားစုနိုင်သည့် အခြေခံပေါ်ကနေ၍ စစ်မျက်နှာ ကျယ်ကျယ်ပြန်ပြန့် ဖွင့်လိုက်နိုင်သည်ကို တွေ့ရ၏။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ချုပ်နှင့် ယင်း၏ လက်အောက်ခံ အခြေချစစ်ဗျူဟာ (စဗခ) များ၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁)၊ စကခ (၁၆)၊ တပ်မ (၉၉)၊ စကခ (၁၂)၊ စကခ (၁၇) တပ်များ ထိန်းချုပ်ရာ နယ်မြေများသာမက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ရှိ မိုးကုတ် စဗခ ဧရိယာအထိပါ စစ်မျက်နှာဖွင့်ခဲ့သည်ကို တွေ့ရ၏။

ရမခ စစ်တိုင်းနယ်မြေအတွင်း တန့်ယန်း စဗခ ဧရိယာဖြစ်သည့် တန့်ယန်း၊ မန်မန်းရှန်ဒေသနှင့် ဟိုပန်၊ ပန်လုံဒေသများသာ မပါဝင်သေးသည်ကို တွေ့ရ၏။ သို့သော်လည်း ဟိုပန် ကူးသည့် နမ့်တိန်တံတားအား ချိုး၍လည်းကောင်း၊ လားရှိုး-တန်းယန်းလမ်းအား နန့်ပေါင်တွင် ဖြတ်တောက်၍လည်းကောင်း ပိတ်ဆို့ထားသည်။

မြောက်ပိုင်းသုံးဖွဲ့သည် စစ်ဆင်ရေး စတင်သည်နှင့် ချင်းရွှေဟော်မြို့နှင့် ပတ်လည်ရှိ စစ်စခန်းများအား သိမ်းပိုက်ပြီး စစ်ဆင်ရေး ဒုတိယရက်တွင် ချင်းရွှေဟော်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့၏။ ဟိုပန်ကူးသည့်လမ်းအား ထိန်းချုပ်ခဲ့ပြီး နမ့်တိန်တံတားကို ‌ဖျက်ဆီးခဲ့သည်။ ထိုသို့ ချင်းရွှေဟော်အား ထိန်းချုပ်လိုက်သဖြင့် ကွန်လုံနှင့် လောက်ကိုင်ကြား၊ ကွန်လုံနှင့် ဟိုပန်၊ ပန်လုံကြား ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်နိုင်ခဲ့၏။

စစ်ဆင်ရေးစသည့်နေ့တွင်ပင် လားရှိုးရှိ စစ်စခန်းများအား ဦးတည်ခြိမ်း‌ခြောက် တိုက်ခိုက်ပြီး လားရှိုး ရမခ စစ်ဌာနချုပ်အား ထိန်းချုပ်ခဲ့သည်။ လားရှိုးအရှေ့ဘက် သံလွင်မြစ်ဘေးမှ တိန်းတန်စခန်းအား သိမ်းပိုက်ခဲ့၏။ မုန်းကျက်စခန်းအားလည်း တိုက်ခိုက်နေဆဲ ဖြစ်၏။ လားရှိုးနှင့် တန့်ယန်းလမ်းပေါ်ရှိ နန့်ပေါင်စခန်းအား တိုက်ခိုက်ပြီး လားရှိုး-တန့်ယန်းလမ်းအား ဖြတ်တောက်ထားခဲ့၏။

မြောက်ပိုင်းသုံးဖွဲ့သည် စစ်ဆင်ရေး စတင်သည်နှင့် ချင်းရွှေဟော်မြို့နှင့် ပတ်လည်ရှိ စစ်စခန်းများအား သိမ်းပိုက်ပြီး စစ်ဆင်ရေး ဒုတိယရက်တွင် ချင်းရွှေဟော်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့၏။

သိန္နီမြို့အား ထိန်းချုပ်ပြီး ရဲနှင့် အုပ်ချုပ်ရေးယန္တယားများကို ဖျက်ဆီးခဲ့၏။ မြို့ပြင်ရှိ ခလရ (၆၉) နှင့် စကခ (၁၆) ဌာနချုပ်စခန်းများကို ဝိုင်းထားပြီး ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့၏။ နန့်ဆလပ်ရှိ ရဲစခန်းအား တိုက်ခိုက်ခဲ့၏။ သိန္နီတံတားအား ချိုးပြီး လမ်းများဖျက်ဆီးခဲ့၏။ လားရှိုး-သိန္နီ-ကွန်လုံ ကားလမ်း၊ လားရှိုး-သိန္နီ-ကွတ်ခိုင် ကားလမ်းတို့ကို ဖြတ်တောက်ခဲ့၏။ လာရှိုးနှင့် နမ္မတူကြားရှိ စခန်းများအား တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် လားရှိုး၊ နမ္မတူ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားခဲ့၏။

စစ်ဆင်ရေးစသည့်နေ့တွင်ပင် နမ့်ခမ်းနှင့် နန့်ဖတ်ကာကြား စခန်းသုံးခုအား သိမ်းပိုက်ပြီး ဆက်သွယ်ရေးလမ်းကို ဖြတ်တောက်နိုင်ခဲ့၏။ နန့်ဖတ်ကာနှင့် မူဆယ်ကြားရှိ နန့်ခိုင်တံတားကို တိုက်ခိုက်ပြီး ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ခဲ့သည်။ ထို့ပြင် နောင်ချို၊ အုမ္မတီး၊ ဂုတ်တွင်းတို့တွင် ဝင်ရောက်တိုက်ခိုက် နေရာယူပြီး ပြင်ဦးလွင်နှင့် ကျောက်မဲကြား ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ခဲ့၏။ ရှမ်းပြည်မြောက်ပိုင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများအား အပိုင်းပိုင်း ဖြတ်တောက်ထားနိုင်ခဲ့၏။ ထို့ပြင် မိုးကုတ်ဝန်းကျင်တွင် တိုက်ခိုက်ပြီး မိုးကုတ်ဒေသအား ခြိမ်းခြောက်ထားနိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

ထို့နောက် ချင်းရွှေဟော်ရှိ မြောက်ပိုင်းအဖွဲ့များသည် ကွန်လုံမြို့နှင့် ဟိုက်ကမ်းပါးစခန်းအား ဆက်လက် တိုက်ခိုက်နေခဲ့၏။ ကြူကုတ်၊ ၁၀၅ မိုင်၊ မုန်းကိုးဒေသများအား ဆက်လက် တိုက်ခိုက်ပြီး ဖောင်းဆိုင်ဒေသနှင့် မုန်စီး၊ နမ့်ကျွမ်းဒေသများကို တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ကိုးကန့် လောက်ကိုင်ဒေသ၏ တောင်ဘက် ချင်းရွှေဟော်နှင့် ကိုးကန့်၏အနောက်ဘက် သံလွင်အနောက်ခြမ်းရှိ ဖောင်းဆိုင်၊ နမ့်ကျွမ်းတို့ကို သိမ်းပိုက်သဖြင့် ကိုးကန့်ဒေသတခုလုံးကို ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်သွား၏။

မြောက်ပိုင်းသုံးဖွဲ့၏ တိုက်စစ်အဟုန်သည် လျင်မြန်သည်။ အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၆၇ ခု သိမ်းပိုက်ခဲ့၏။ အောက်တိုဘာ ၃၀ ရက်နေ့တွင် အနည်းဆုံးစခန်း ရှစ်ခုခန့် ထပ်မံသိမ်းပိုက်ခဲ့ရာ လေးရက်အတွင်း အနည်းဆုံး စခန်းပေါင်း ၇၅ ခုခန့် (စိစစ်အတည်ပြုဆဲ) သိမ်းပိုက်နိုင်ခဲ့၏။ လက်နက်ခဲယမ်း အမြောက်အများ ရရှိခဲ့၏။ တိုက်ခိုက်သော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိသည့် စခန်းများလည်း ရှိသေးရာ လေးရက်အတွင်း စခန်းနေရာပေါင်း ၁၀၀ ခန့်အား တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။

ပြိုနေသည့် မြန်မာစစ်တပ်

ဤသို့ တပ်အင်အား၊ လက်နက်ခဲယမ်းအင်အား စုစည်းပြီး စစ်မျက်နှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လိုက်သဖြင့် စစ်ကောင်စီတပ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်ကို တွေ့ရ၏။ ရိုက်ချက်ပြင်းသည့် ၁၀၂၇ စစ်ဆင်ရေးကို တိုင်းမှူး၊ ကစထမှူးများအား ဘေးဖယ်ပြီး နေပြည်တော်က တိုက်ရိုက်ကွပ်ကဲသည်ဟု သိရ၏။

မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေး စပြီးနောက် ချင်းရွှေဟော်သို့ တပ်ရင်းတရင်း လေကြောင်းဖြင့် စစ်ကူပို့သည်။ ဖားကန့်တွင် စစ်ဆင်ရေးတာဝန်ကျသည့် တပ်မ (၃၃) မှ နောက်တန်းတွင် နားနေသည့် တပ်ရင်းတရင်းအား စစ်ကူလွှတ်ရာ လူ ၈၀ ခန့်ပါသည့် တရင်းလုံး မြောက်ပိုင်းအဖွဲ့များ၏ ချေမှုန်းခြင်းခံခဲ့ရ၏။ ဤသို့ ဒရောသောပါး စစ်ကူလွှတ်လိုက်သည့် တပ်ရင်းတရင်း ချေမှုန်းခံရပြီးနောက် စစ်ကောင်စီတပ်သည် စစ်ကူအမြန် ထပ်မပို့ရဲတော့။

မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေး စပြီးနောက် ချင်းရွှေဟော်သို့ တပ်ရင်းတရင်း လေကြောင်းဖြင့် စစ်ကူပို့သည်။ ဖားကန့်တွင် စစ်ဆင်ရေးတာဝန်ကျသည့် တပ်မ (၃၃) မှ နောက်တန်းတွင် နားနေသည့် တပ်ရင်းတရင်းအား စစ်ကူလွှတ်ရာ လူ ၈၀ ခန့်ပါသည့် တရင်းလုံး မြောက်ပိုင်းအဖွဲ့များ၏ ချေမှုန်းခြင်းခံခဲ့ရ၏။

တဖက်ကလည်း ရှမ်းမြောက် ဆက်သွယ်ရေးလမ်းကြောင်းအားလုံး အပိုင်းပိုင်း ဖြတ်တောက်ခံထားရသည်ဖြစ်ရာ ကားလမ်းဖြင့် ပို့၍မရတော့ပေ။ လေကြောင်းဖြင့်သာ ပို့၍ရတော့မည်။ တဖက်ကလည်း နေရာအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည်ဖြစ်ရာ တပ်ထုတ်နုတ်ရန်အတွက်လည်း အခက်အခဲရှိသည်။ ထို့ပြင် AA ကလည်း ကချင် စစ်မျက်နှာ၊ ရှမ်းမြောက် စစ်မျက်နှာတို့တွင်သာမက စစ်ကိုင်းတိုင်းတွင်ပါ ဝင်ရောက်တိုက်ခိုက်နေရာ ရခိုင်တွင်လည်း အချိန်မရွေး တိုက်ပွဲဖော်နိုင်သဖြင့် စစ်ကောင်စီတပ်အတွက် အကျပ်အတည်းဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တိုက်ခိုက်ခံရသည့် မည်သည့်စခန်းကိုမှ စစ်ကောင်စီတပ် စစ်ကူပေးပို့နိုင်ခြင်း မရှိတော့ပေ။ လေကြောင်းနှင့် လက်နက်ကြီး၊ ဒုံးပစ်ကူများ ပစ်ပေးနေသော်လည်း တစခန်းပြီးတစခန်း ကျနေ၏။ မြေပြင်စစ်ကူ မလာသဖြင့် စစ်ဆင်ရေး လေးရက်မြောက်နေ့တွင် မြန်မာစစ်တပ်ဘက်မှ လက်နက်ချသူ များလာသည်ကို တွေ့ရ၏။ လက်နက်ခဲယမ်း ဂိုဒေါင်အပြည့်ဖြင့် မဆုတ်တမ်း ခံစစ်စခန်းများ မြောက်ပိုင်းအဖွဲ့၏ လက်တွင်း ရောက်သွား၏။

စစ်ကောင်စီတပ်က အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ စစ်တပ်လေယာဉ် လေးစီးခန့်ဖြင့် လားရှိုးသို့ စစ်ကူပို့ပေးပြီး စက်တင်ဘာ ၃၁ ရက်နေ့တွင် သိန္နီသို့ စတင် စစ်ကူစေလွှတ်သည်ဟု သိရသည်။ ထိုအင်အားမျှနှင့်ဆိုလျှင် သိန္နီကို ပြန်ထိန်းရန်ပင်လျှင် အချိန်ကြာမြင့်ပေဦးမည်ဖြစ်ရာ ရှမ်းမြောက်တခုလုံးကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်ရန် အချိန်များစွာ ပေးရတော့မည်ဖြစ်သကဲ့သို့ လက်ရှိအင်အားနှင့် အားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The Kokang)

၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသည့် စစ်ကောင်စီတပ်၏ တိုက်ရည်ခိုက်ရည်မှာ လွန်စွာကျဆင်းနေပြီး ပြိုကျနေသည်ဟု ဆိုရမည်။ လေးရက်အတွင်း စခန်း ၇၀ ကျော် အသိမ်းခံလိုက်ရပြီး အလောင်းများ ပုံသွားသည့် စစ်တပ်၏ အရည်အချင်းသည် သမိုင်းတွင် အညံ့ဖျင်းဆုံးဖြစ်၏။

မြန်မာပြည် ပြည်တွင်းစစ်သမိုင်းတွင် လေးရက်အတွင်း စခန်းပေါင်း ၇၀ ကျော် သိမ်းပိုက်ခံရပြီး ရှမ်းမြောက် ဆက်သွယ်ရေး ကွန်ရက်တခုလုံး ပြတ်တောက်သွားသည်မှာ မှတ်တမ်းသစ်တခု၊ စံချိန်သစ်တခု ဖြစ်၏။ စခန်းတခုကို စစ်တပ်မှ ပျမ်းမျှ ၁၀ ယောက်နှုန်း သေလျှင်ပင် အနည်းဆုံး ၇၀၀ ကျော် သေကြေဒဏ်ရာရသည်ဟု ဆိုရမည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်လိုက်သည့် စစ်ကောင်စီသံချပ်ကာကားတစီး (ဓာတ်ပုံ- The Kokang)

ထို့ပြင် ချင်းရွှေဟော်တွင် သံချပ်ကာ နှစ်စီး၊ ဖောင်းဆိုင်တွင် သံချပ်ကာ နှစ်စီး စုစုပေါင်း သံချပ်ကာ လေးစီးကို မြောက်ပိုင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့၏။ စစ်ကောင်စီတပ်၏ သံချပ်ကာကားများသည် စစ်ရေးပြကွင်းတွင် ဟန်ရေးပြရန်နှင့် လက်နက်မဲ့ပြည်သူများ၏ ဆန္ဒပြပွဲများအား ခြိမ်းခြောက်ဖြိုခွဲရန်သာ အသုံးဝင်သည်ကို တွေ့ရ၏။ စစ်တပ်သည် အစဉ်အလာအရ ဟိတ်တလုံး၊ ဟန်တလုံးနှင့် နေနေသော်လည်း ခပ်ပြင်းပြင်း ထိုးနှက်ခံရလျှင် မိုးထဲရေထဲတွင် ခံနိုင်ရည်မရှိဘဲ ပြိုဆင်းသည်ကို တွေ့ရ၏။

စစ်ဆင်ရေး ၁၀၂၇ ၏ သက်ရောက်မှု

စစ်ဆင်ရေး ၁၀၂၇ ၏ ရှမ်းမြောက် မြေပြင်သက်ရောက်မှုမှာ ပြင်းထန်၏။ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သွားသည်။ ချင်းရွှေဟော်ဂိတ်က မဟာမိတ်များက သိမ်းပိုက်၍ ပိတ်သွား၏။ မူဆယ် ၁၀၅ မိုင်ဂိတ်ကမူ တိုက်ပွဲစဖြစ်သည့် နေ့ကတည်းက နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ ရဲစသည့် စစ်ကောင်စီ၏ non-cdm ဝန်ထမ်းများ အလုပ်မဆင်းရဲတော့သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်သွား၏။ တရုတ်နယ်စပ် ကုန်သွယ်ရေး၏ အခွန်ငွေသည် စစ်ကောင်စီ ‌တနေ့အသုံးစားရိတ်၏ ၈၀ ရာခိုင်နှုန်းရှိရာ စစ်ကောင်စီအား ဘဏ္ဍာရေးအရ အထိနာစေခဲ့၏။ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေ လျော့ကျသွား၏။

သိန္ဒီ ရဲစခန်းအား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းယူအပြီး (ဓာတ်ပုံ- The Kokang)

ချင်းရွှေဟော်အား သိမ်းပိုက်သည့်အပြင် စကခ ၁၆ နှင့် တပ်ရင်းများ အခြေစိုက်သည့် သိန္နီမြို့ကိုပါ မြောက်ပိုင်းအဖွဲ့များက ထိန်းချုပ်ထားရာ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နောင်ချို၊ ကျောက်မဲမြို့များ အားလုံးရှိ ရဲနှင့် ဝန်ထမ်းအားလုံး ကြောက်ရွံ့ထိတ်လန့်နေကြ၏။

ချင်းရွှေဟော်အား သိမ်းပိုက်သည့်အပြင် စကခ ၁၆ နှင့် တပ်ရင်းများ အခြေစိုက်သည့် သိန္နီမြို့ကိုပါ မြောက်ပိုင်းအဖွဲ့များက ထိန်းချုပ်ထားရာ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နောင်ချို၊ ကျောက်မဲမြို့များ အားလုံးရှိ ရဲနှင့် ဝန်ထမ်းအားလုံး ကြောက်ရွံ့ထိတ်လန့်နေကြ၏။

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်ဖြစ်ရာ စစ်ကောင်စီ လက်အောက်ရှိ ဝန်ထမ်းများသည်လည်း တုန်လှုပ်၍ ခိုကိုးရာမဲ့နေသည်ကို တွေ့ရသည်။ ကျောက်မဲရှိ စစ်ကောင်စီ လက်အောက်ခံရုံးများက ဆိုင်းဘုတ်များ ဖြုတ်ချထားသည်ကို ရုပ်ပျက်ဆင်းပျက် တွေ့ရ၏။ ရဲများကို မြို့တွင်း မတွေ့ရတော့။ ရှမ်းမြောက်မြို့ပြများရှိ စစ်ကောင်စီ ယန္တယား ရပ်ဆိုင်းသွား၏။

ထို့ပြင် စစ်ဆင်ရေး ၁၀၂၇ သည် တပြည်လုံးရှိ တိုက်ပွဲပြည်သူများအားလည်း စိတ်ဓာတ်တက်ကြွစေသည်ကို တွေ့ရ၏။ AA တပ်ဖွဲ့များကလည်း စစ်ကိုင်းတိုင်း၊ မင်းဝံတောင်ကြောတွင် ကချင် KIA, PDF, ပကဖ, ကျောင်းသားတပ်မတော် ABSDF တို့နှင့် ပူးတွဲ၍ ၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေသည်ကို တွေ့ရသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
113
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့ ဖြစ်သည်။ သို့သော် စစ်ဆင်ရေး၏ အစမျှသာ ရှိသေးသည်ဟု သုံးသပ်ရပေသည်။ ရှမ်းမြောက်တွင် မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်နိုင်သော နယ်မြေများ ထွက်ပေါ်လာမည် ဖြစ်သကဲ့သို့ ပြည်မနှင့် ကျန်‌ဒေသများသို့လည်း ကြီးမားစွာ သက်ရောက်ပေလိမ့်မည်။ ထို့ပြင် အာဏာသိမ်းပြီးနောက် ပြိုကျလာနေသည့် စစ်ကောင်စီတပ်၏ သရုပ်သကန်ကိုလည်း စစ်ဆင်ရေး ၁၀၂၇ တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပေသည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAABPLAMNDAANUGPDFPLASliderTNLAကိုးကန့်ချင်းရွှေဟော်စစ်ကောင်စီတအာင်းဒရုန်းတပ်ဖွဲ့နွေဦးတော်လှန်ရေးမြောက်ပိုင်းသုံးဖွဲ့ရခိုင်ရှမ်းပြည်နယ်လေကြောင်းပစ်ကူ
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာလုပ်သား ၂၀၀ ကျော် လုပ်ခမရ၍ တောင်းဆိုရာ အလုပ်ထုတ်ခံရ

မြန်မာလုပ်သား ၂၀၀ ကျော် လုပ်ခမရ၍ တောင်းဆိုရာ အလုပ်ထုတ်ခံရ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved