• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

by ဧရာဝတီ
28 October 2023
in Ethnic Issues
A A
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The Kokang)

5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ် တော် (AA) တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီကို စစ်ကြေညာကာ ယမန်နေ့မနက်ကစ၍ တပြိုင်နက် စတင် တိုက်ခိုက်လျက်ရှိသည်။

“Operation 1027” ဟု အမည်ပေးထားသည့် သူတို့၏ စစ်ဆင်ရေးက စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးနှင့် နယ်စပ် ဒေသရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား တိုက်ဖျက်ရန် ရည်ရွယ်သည်ဟု ဆိုထားပြီး လက်ရှိတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်မှသည် လားရှိုး၊ နောင်ချို၊ မိုးကုတ် ဒေသများအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လျက်ရှိသည်။

TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က “စစ်ကောင်စီက လူထုကို ဦးတည်ပြီး လက်နက်ကြီးနဲ့ လေကြောင်း တိုက် ခိုက်မှုတွေ လုပ်နေတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ နယ်မြေထိန်းချုပ် စိုးမိုးမှုကို ပိုပြီးပြု လုပ်နိုင်ဖို့၊ နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုတွေကို ထဲထဲဝင်ဝင်တိုက်ဖျက်နိုင်ဖို့နဲ့ ကျနော်တို့ မျှော်မှန်းနေတဲ့ အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ပြီးမှ စစ်ဆင်ရေးဆောင်ရွက်တာ ဖြစ်တယ်” ဟု ပြောသည်။

စစ်ဆင်ရေးအစတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဖောင်ဆိပ်ရဲစခန်းဂိတ်နှင့် ကွတ်ခိုင်နှင့် မူဆယ်ကြားရှိ ရင်ကွဲတောင်စစ် စခန်းတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် MNDAA နှင့် ပူးပေါင်းတပ်များက ချင်းရွှေဟော်မြို့အား စီးနင်းသိမ်းပိုက် ထားနိုင်ခဲ့သည့်အပြင် ချင်းရွှေဟော်အဝင်လမ်းရှိ နမ့်တိန်ချောင်းကူးတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး လားရှိုး- ချင်းရွှေ ဟော်လမ်းကြောင်းရှိ မြို့အဝင်တံတားတခုကိုလည်း ယနေ့ မွန်းလွန်းပိုင်းတွင် ဖောက်ခွဲခဲ့သည်။

မြို့အား ထိန်းချုပ်ထားစဉ်အတွင်း ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်တဦးဖြစ်သည့် ပယ်ဆောက်ချိန်မိသားစုပိုင် ဟော်တယ်တခုရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းကို MNDAA ဘက်က စီးနင်းကာ ဟိုတယ်ဝန်ထမ်းများအား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ချင်းရွှေဟော်မြို့ကို တိုက်ခိုက်ပြီး MNDAA အလံလွှင့်ထားစဉ် (ဓာတ်ပုံ- CJ)

စစ်ဆင်ရေးသည် ကိုးကန့်ဒေသတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်ပူးပေါင်းစခန်းဂိတ်များအား ချေမှုန်းနိုင်ခဲ့ပြီးနောက် ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်များ အဓိကထိန်းချုပ်ထားရာ အွန်လိုင်းလောင်းကစားမြို့တော် လောက်ကိုင်မြို့ကို လည်း ခြိမ်းခြောက်ထားသည့် အခြေအနေဖြစ်သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
132
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.3k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
76

လောက်ကိုင်မြို့အနီးတွင်လည်း ညီနောင် ၃ ဖွဲ့က စစ်ရေးအရခြိမ်းခြောက်ထားသောကြောင့် လောက်ကိုင်မြို့ပေါ်၌ စားသောက်ကုန်များ အလုအယက် ဝယ်ယူနေကြပြီး၊ အခြေခံစားသောက်ကုန်များ ပြတ်လပ်မည်စိုးသဖြင့် ဆိုင်များက မရောင်းပေးတော့ဘဲ အရောင်းအဝယ် ရပ်သွားကြကြောင်း လောက်ကိုင်ဒေသခံ အမျိုးသားတဦးက ပြောသည်။

“ဆန်၊ ဆီ၊ ဆားတွေ ဝယ်လို့ မရတော့ဘူး။ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ တိုက်ပွဲဖြစ် လာရင် ရိက္ခာပြတ်မှာ စိုးရိမ်နေကြတယ်လေ“ ဟု ၎င်းက ဆိုသည်။

ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိုးမြို့ တို့ရှိ စစ်ကောင်စီ အခြေချတပ်စွဲရာ စစ်ရေးအရ အဓိကကျသောနေရာများအား သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

လားရှိုးမြို့ကတဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားနိုင်ရန် ချင်းရွှေဟော်နှင့် လားရှိုးပြည်ထောင်စုလမ်းမ ကြီးကို အရေးပေါ် ပိတ်လိုက်ကြောင်း MNDAA ဘက်က မြို့သိမ်းတိုက်ပွဲအပြီး ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့အနီးတိုက်ပွဲများကြောင့် လားရှိုးလေဆိပ်အား အရေးပေါ်ပိတ်လိုက်ရပြီး မြို့အထွက်ရှိ တိုးလ်ဂိတ်မှာလည်း တိုက်ခိုက် ဖျက်ဆီးခံခဲ့ရသည်။

MNDAA ၏ ကိုးကန့်ဒေသ စစ်ဆင်ရေးတွင် စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၂ ခုနှစ် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား တပ်မဟာ-၆၁၁ လည်း ပါဝင်နေသည်။ ထိုတပ်မဟာသစ်တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) အပြင် အခြား သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်း ပါဝင်ပြီး စစ်ဆင်ရေးတွင် ပူးတွဲတိုက်ခိုက်လျက်ရှိသည်။

ယနေ့မနက်ဖြစ်ပွားသည့် ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံထားပြီး နယ်စပ်ဖြစ်သည့် ချင်းရွှေဟော်ဒေသတည်ငြိမ်ရေးအား တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လည်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

၎င်းက “ချင်းရွှေဟော်နားက ဖောင်ဆိပ်တို့၊ နမ့်တိန်ချောင်း တံတားတို့နားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ မနက် ၄ နာရီ လောက် မှာ။ ဒရုန်းတွေနဲ့ ဒရော့ဗုံးချပြီးတော့ ဝင်ရောက်တိုက်ခိုက်တာရှိတယ်။ အခုလောလောဆယ်တော့ ဖောင်ဆိပ်နဲ့ တံတားနား လေးက ရဲနဲ့တပ် လုံခြုံရေးအဖွဲ့တွေ ကျဆုံးခဲ့တာရှိတယ်။ ကျနော်တို့အနေနဲ့ အခြေအနေကို ထိန်းသိမ်း နိုင်အောင် ဆောင် ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

ယင်းပြင် MNDAA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဟိုတယ်ဝန်ထမ်းများ ကယ်ဆယ်ရေးနှင့် ပတ်သက်၍လည်း “ဝ” ဒေ သ နမ့်တစ်မြို့ဘက်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည့်အတွက် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်ပါ ညှိနှိုင်းလုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးသည် ကိုးကန့်ဒေသအပြင် ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တို့တွင်ပါ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နောင်ချိုမြို့နယ် သံဘိုကျေးရွာစစ်စခန်းနှင့် နမ့်ခမ်းမြို့နယ် ၁၃ မိုင်တာဝါကုန်း စစ် စခန်းတို့ကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း TNLA ဘက်က ပြောထားသည်။


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- The Kokang)

နောင်ချို- မိုးကုတ်ဒေသတွင် ယခင်ကတည်းက TNLA နှင့်အတူ မန္တလေးတိုင်း PDF တပ်ဖွဲ့များက ပူးတွဲတိုက်ခိုက်နေခြင်း ဖြစ်ပြီး ညီနောင် မဟာမိတ်သုံးဖွဲ့၏ ထိုးစစ်တွင်လည်း “တောင်သမန် စစ်ဆင်ရေး” အနေဖြင့် ပူးပေါင်း ပါဝင်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်း PDF က ကြေညာသည်။

ယမန်နေ့ အောက်တိုဘာ ၂၆ ရက်ကလည်း မိုးကုတ်မြို့နယ်နှင့် ချင်းရွှေဟော်မြို့အနီးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားနေထိုင်ရာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသည့် အတွက် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ယနေ့တွင်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးကြောင့် အထိနာခဲ့သည့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူးများဖြင့် တုံ့ပြန်တိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားရာဒေသများသို့ စစ်ကူများ ပို့ဆောင် လျက်ရှိသည်။

စစ်ကောင်စီအနေဖြင့် သာစည်၊ ကလောတပ်နယ်များမှ တပ်ဖွဲ့ဝင်များအား ကားအစီးရေ တရာကျော်ဖြင့် တိုက်ပွဲပြင်းထန် ရာ ရှမ်းပြည် မြောက်ပိုင်းဒေသသို့ စစ်ကူများ ပို့ဆောင်လျက်ရှိကြောင်းလည်း ဒေသအခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းပြည်နယ်အတွင်းမှ တပ်များအား ထုတ်နုတ်ကာ တိုက်ပွဲပြင်းထန်နေသည့် ကရင်နီဒေသသို့ ပို့ဆောင်ထားသဖြင့် ရှမ်းမြောက်ဒေသအတွင်း မြေပြင်မှ စစ်ကူလိုက်ရန် အခက်အခဲရှိနိုင်ပြီး လေကြောင်းနှင့် လက်နက် ကြီးပစ်ကူကို ပိုမိုအားပြုလာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

၎င်းက “စစ်တပ်ကတော့ လေကြောင်းက ဗုံးကြဲတာ၊ အမြောက်လက်နက်ကြီး၊ အတွဲလိုက်ဒုံးတွေ အားကိုးမှာပဲ၊ ဒါပေမယ့် သူ့ပြဿနာက မြေပြင်တပ်မရှိဘူး။ မြေပြင်တပ် မလိုက်နိုင်ဘူးဆိုရင် ဘယ်လောက်ဗုံးကြဲကြဲ, အမြောက်ကြီးပစ်ပစ် မြေပြင် စခန်းတွေက ကျကုန်မှာပဲ။ ဒီနေ့မနက်တင် နမ့်ခမ်းဘက်က စခန်းတွေ၊ ချင်းရွှေဟော်၊ လားရှိုးဘက်က စခန်းတွေ တော်တော် များများကျသွားပြီ။ စစ်တပ်က မြေပြင်မှာ လိုက်ဖို့ကတော့ ခက်လိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် စစ်ကောင်စီအား ယခုကဲ့သို့ ထိုးစစ်တရားဝင်ကြေညာကာ စစ်ဆင်ရေးစတင်လိုက်သည့် အတွက် အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း စစ်ရေး လှုပ်ရှားမှုများတိုးမြှင့်လာနိုင်ပြီး စစ်ဆင်ရေးမှာ လနှင့်ချီ ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ကြေညာတိုက်ခိုက်ချိန်နှင့်တပြိုင်နက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး၊ ရဲသတင်းတပ်ဖွဲ့ရုံးတို့အား တိုက်ခိုက်ခဲ့သည့်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌လည်း စစ်ကောင်စီစစ်ကြောင်းကို KNLA က ပိတ်ဆို့တိုက်ခိုက် လျက်ရှိသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KNLA တပ်မဟာ- ၆ တာဝန်ရှိသူတဦးက မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့် တပြိုင်နက် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောသည်။

You may also like these stories:

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

စစ်တပ်၏ အင်အားပြခြိမ်းခြောက်မှု ယုံကြည်မှုပျက်ပြားစေနိုင်ဟု AA ဆို

Your Thoughts …
Tags: Operation 1027ညီနောင်မဟာမိတ်တိုက်ပွဲရှမ်းပြည်နယ်မြောက်ပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်

လားရှိုးမြို့အနီး စစ်ကောင်စီတပ် ခံစစ်ပြင်

by မိုင်းခြိူဝ်းဇာရ်
26 March 2024
11.9k

ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချူပ်ရှိရာ လားရှိုးမြို့ မကျစေရေး စစ်ကောင်စီတပ်က မြို့ပတ်ပတ်လည်မှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Next Post
စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး

စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး

၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved