• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

by ဧရာဝတီ
8 January 2026
in သတင်း
A A
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

လွတ်လပ်ရေးနေ့ကြေညာချက် ထုတ်ပြန်ပြီးနောက် နာရီအတန်ကြာတွင် ရန်ကုန်မှ အမေရိကန် သံရုံး Facebook စာမျက်နှာတွင် မင်းအောင်လှိုင်ကိုလည်း အလားတူ အရေးယူရန် မှတ်ချက်များဖြင့် ပြည့်နေသည်။

2.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရကို အာဏာသိမ်းပြီးနောက် နိုင်ငံအား ပြည်တွင်းစစ်အတွင်း ကျရောက်စေသည့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝါရှင်တန်က ဖမ်းဆီးပေးရန် အမေရိကန်သံရုံး Facebook စာမျက်နှာပေါ်တွင် ရေးသားတောင်းဆိုကြသည်။

ဇန်နဝါရီ ၃ ရက် အမေရိကန် တပ်များ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို ဗုံးကြဲပြီး အာဏာရှင် နီကိုလပ်စ် မာရူဒိုနှင့် သူ့ဇနီးအား ဝင်ဖမ်းပြီး တရားရင်ဆိုင်ရန် နယူးယောက်သို့ ပို့ဆောင်သည်။

မြန်မာ့ လွတ်လပ်ရေးနေ့ ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ကြေညာချက် ထုတ်ပြန်ပြီး သံရုံး Facebook စာမျက်နှာတွင် မင်းအောင်လှိုင်ကိုလည်း အလားတူ အရေးယူရန် မှတ်ချက်များဖြင့် ပြည့်နေသည်။ သူ၏ စစ်အုပ်စုသည် အရပ်သားများကို ကျယ်ပြန့်သော စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
118
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
971
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
67

တနင်္လာနေ့ညနေအထိ ထိုပို့စ်တွင် မှတ်ချက် ၄၇၀၀ ကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့်က မြန်မာစစ်ဗိုလ်ချုပ်များအား ခိုင်ခိုင်မာမာ အရေးယူရန် အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းကြသည်။

“မြန်မာပြည်သူတွေက အမေရိကန်ပြည်ထောင်စုကို အရင်လိုပဲ ရိုးသားစွာ ကျေးဇူးတင်တယ်” ဟု မှတ်ချက်တခုတွင်ရေးထားသည်။ “ဒါပေမဲ့ စစ်အုပ်စုက စကားလုံးသက်သက်ကို မတုန့်ပြန်ဘူး။ ခိုင်မာထိရောက်တဲ့ အရေးယူမှုကိုမှ နားလည်တယ်” ဟု ထိုမှတ်ချက်တွင် ဆက်လက်ဖေါ်ပြထားသည်။

“ဘိန်းဘုရင် ငွေလိမ်ဂိုဏ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း လာဖမ်းပါ” ဟု အခြားတယောက်က ရေးသားသည်။

အခြားသူများကလည်း မြန်မာသည် စစ်အာဏာရှင်အောက်မှ လွတ်မြောက်မှသာ လွတ်လပ်နိုင်မည်ဟု ရေးသားပြီး လွတ်လပ်ရေးနေ့သည် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြောင့် ခါးသီးသော အရသာကို ပေးသည်ဟုလည်း ဆက်လက်ရေးသားသည်။

စစ်အုပ်စုကို အရေးယူရန် မှတ်ချက်များ မြင့်မားလာခြင်းသည် ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူများ၏ ကျယ်ပြန့်သော စိတ်ပျက်မှုကို ထင်ဟပ်နေသည်။ လူအများအပြားအတွက် လူမှုကွန်ရက်သည် ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးမှ နိုင်ငံတကာအကာအကွယ်တောင်းရန် နောက်ဆုံးနေရာ ဖြစ်နေသည်။

သို့သော် တရားစီရင်ပိုင်ခွင့်နှင် ပထဝီနိုင်ငံရေး အကန့်အသတ်များကြောင့် အမေရိကန် တိုက်ရိုက်စွက်ဖက်မှု ဖြစ်ဖွယ်မရှိကြောင်း လေ့လာသူများပြောသည်။

လုံခြုံကြွယ်ဝချမ်းသာသော အင်ဒို-ပိစိဖိတ် ဒေသအတွက် မြန်မာအကျပ်အတည်း အဆုံးသတ်ရေး မရှိမဖြစ် လိုအပ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်က ရေးသားခြင်းသည် ဝါရှင်တန်၏ ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာ စိုးရိမ်ပူပန်မှု လက္ခဏာဟု အချို့က ထောက်ပြကြသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် ရှုတ်ချရန်နှင့် မြန်မာ့အရေး အမေရိကန် အားထုတ်မှုများကို ဦးဆောင်ရန် အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး တဦးခန့်ထားရန် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန် လွှတ်တော်အမတ်များက ထရမ့်အစိုးရကို တိုက်တွန်းသည်။

စစ်အုပ်စု၊ ၎င်း၏ မဟာမိတ် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ အကာအကွယ်ဖြင့် လုပ်ကိုင်နေသည့် မြန်မာနယ်စပ် ငွေလိမ်ခြံဝင်းများ အပါအဝင် အရှေ့တောင်အာရှတဝန်းမှ ငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်ရန် အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ထိုမတိုင်မီတပတ်က ဝါရှင်တန်ကြေညာသည်။

ထိုအစီအစဉ် တစိတ်တပိုင်းအဖြစ် ဝါရှင်တန်သည် DKBA ခေါင်းဆောင်များကို အရေးယူပိတ်ဆို့ပြီး FBI ထောက်လှမ်းရေးများကို ထိုင်းတွင် ထားကာ ငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သည့် ဝက်ဆိုက်များကို ပိတ်သိမ်းသည်။

“အချုပ်အခြာအာဏာအပြင် ကြားဝင်စွက်ဖက်မှုနဲ့ပတ်သက်တဲ့ နိုင်ငံရေးအရ အရေးပါမှုကို ကျနော် နားလည်ပေမဲ့ မင်းအောင်လှိုင်နဲ့ အခြားစစ်ခေါင်းဆောင်တွေကို ဘယ်နိုင်ငံက ဖမ်းဖမ်း ကျနော်ကြိုဆိုတယ်” ဟု နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPMM) မှ ကိုသိုက်ထွန်းဦးပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ မင်းအောင်လှိုင် စစ်အုပ်စုသည် သိမ်းကြုံးတိုက်ခိုက်မှုများတွင် လူ ၇၆၀၀ ကျော် သတ်ဖြတ်ထားပြီး အတိုက်အခံ ၃၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံ၏ ရွေးကောက်ခံ ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် လူ ၂၂၀၀၀ ကျော် သံတိုင်များနောက်တွင် ဆက်လက်ရှိနေသည်။

“စစ်တပ်ဟာ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားပြီး နိုင်ငံပြိုကွဲအောင် လုပ်နေတယ်” ဟု ကိုသိုက်ထွန်းဦးပြောသည်။ “အာဏာရှင်စနစ်ကို စုပေါင်းတော်လှန်မှုနဲ့သာ ဖယ်ရှားနိုင်မယ်။ ဒါကြောင့် ကျနော်တို့အဆုံးထိ တိုက်ရမယ်” ဟု သူပြောသည်။

ထိုအခါမှသာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ပြီး စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တရားဥပဒေအတိုင်း ရင်ဆိုင်ရမည်ဟုလည်း သူ ပြောသည်။

“သူတို့ ဥပဒေနဲ့တာဝန်ယူမှုနဲ့ ရင်ဆိုင်ရအောင် ကျနော်တို့ တော်လှန်ရေးကတဆင့် ကျနော်တို့ လုပ်ရမယ်” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Envious Myanmar Netizens Seek U.S. Action on Min Aung Hlaing After Maduro Arrestကို ဘာသာပြန်သည်။)

You may also like these stories:

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

စစ်ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲက ဟန်ပြ အရပ်သားအစိုးရ အတုသာ ပေါ်ထွက်လာမည်

Your Thoughts …
Tags: နီကိုလပ်စ် မာရူဒိုမင်းအောင်လှိုင်မြန်မာအင်တာနက်လွတ်လပ်ရေးနေ့ကြေညာချက်အမေရိကန်သံရုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

Next Post
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved