• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

by ဧရာဝတီ
8 January 2026
in သတင်းတို
A A
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်/ CINCDS

1.6k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲအပိုင်း(၁)အပြီး စစ်တပ်ထိပ်ပိုင်းရာထူးများ ဆက်တိုက်ပြောင်းလဲလျက်ရှိရာ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်ရာထူးများအား စစ်ခေါင်းဆောင်လူရင်းများဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောသည်။

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းအား ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ် ခန့်အပ်ကာ စစ်ထောက်ချုပ်တာဝန် ထမ်းဆောင်နေသော ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်း (DSA-38)ကို စစ်ရေးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ကာ စစ်ထောက်ချုပ်နေရာတွင် မကြာသေးမီက ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ စစ်ဘက်သို့ ပြန်ခေါ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား ခန့်အပ်လိုက်ကြောင်း သိရသည်။

ယခင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အား စစ်ဘက်ရာထူးမှ အနားပေးကာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ၎င်းသည် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူ ဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စိုးမင်းသည် စစ်တက္ကသိုလ်အပတ်စဥ် ၃၉ ကျောင်းဆင်းတဦးဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာ၀န်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

စစ်ရေးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်းမှာ စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသကဲ့သို့ စစ်ထောက်ချုပ် ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်မှာလည်း စစ်ခေါင်းဆောင်နှင့်အတူနေခဲ့ဖူးသော လူရင်းတဦး ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ သမ္မတလုပ်ရန် သေချာနေသည့်အတွက် စစ်ဘက် အရေးကြီးနေရာများအား ၎င်း၏လူရင်းများဖြင့် အစားထိုးရွှေ့ပြောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက သုံးသပ်သည်။

RelatedPosts

ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
826
ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ

ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ

6 January 2026
215

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးအားလည်းကောင်း၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်စိုးညွန့်အား လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်တိုင်းမှူးနေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်အား အစားထိုးခန့်အပ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို ခန့်အပ်လိုက်သည်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကာကွယ်ရေး ဦးစီးချုပ်နေရာဆက်ခံခဲ့သော် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များသည် စစ်တပ် စတုတ္ထမျိုးဆက် ဖြစ်လာနိုင်ကြောင်း ISP Myanmarက ခန့်မှန်းသည်

လစ်လပ်သွားသည့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူး ချုပ်အောင်ဌေးအား ခန့်အပ်ခဲ့ပြီး လစ်လပ်သွားသော တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနေရာ၌ ပခုက္ကူ အခြေစိုက်တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထက်အား ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် တပ်မ ၁၀၁ တပ်မမှူးနေရာတွင် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၈) ဗိုလ်မှူးချုပ် သန့်လွင်စိုးအား ခန့်အပ်လိုက်သည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းက ဖောက်ထွက်ရန်လုပ်မည့် ရွေးကောက်ပွဲအပြီး အနာဂတ် စစ်တပ် ခေါင်းဆောင်များ ဘယ်သူဖြစ်လာမလဲဆိုသည်ကို ထိုင်းအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က သုံးသပ်ချက်စစ်တမ်းတစောင် ပြီးခဲ့သည့်နှစ် သြဂုတ် ၂၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

ထိုစာတမ်းတွင် “ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် စစ်တပ် စတုတ္ထမျိုးဆက်ဆိုသူတွေဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အုပ်ထိန်းသူတွေလို့ ခံယူတဲ့နေရာမှာ ရှေ့မျိုးဆက်တွေနဲ့ မကွာခြားသလို တပ်မတော် ပြန်လည်ခေါင်းထောင်လာနိုင်ဖို့၊ ဗမာ အမျိုးသားရေးစိတ်နဲ့ ပြန်လည်ရှင်သန်ဖို့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစွမ်းကုန်သစ္စာခံဖို့ဆိုတာမျိုးလောက်ကိုသာ တွေ့နေရပြီး ဒီဂရီရေချိန် အပြောင်းအလဲသာကွာမယ် အနှစ်သာရကတော့ သိပ်ပြောင်းလဲဖွယ်မရှိဘူး” ဟု သုံးသပ်ဖော်ပြခဲ့ သည်။

You may also like these stories:

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

Your Thoughts …
Tags: စစ်ခေါင်းဆောင်လူရင်းစစ်တပ်ထိပ်ပိုင်းရာထူးရွေးကောက်ပွဲအပြောင်းအလဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved