• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

by ဧရာဝတီ
9 January 2026
in သတင်း
A A
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

၂၀၁၆ စက်တင်ဘာလအတွင်းက တွေ့ရသည့် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်း / ဧရာဝတီ

144
VIEWS
Share on FacebookShare on Twitter

စစ်ကော်မရှင်၏ ဗဟိုဘဏ်က စီးပွားရေးလုပ်ငန်းရှင်များထံမှ ဖြတ်တောက်နေသော ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းအစား ယခု ဇန်နဝါရီ ၁ ရက်မှစတင်၍ ၁၅ ရာခိုင်နှုန်းသာ ဖြတ်တောက်တော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်၌ ပြုလုပ်သော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အသင်းသားစုံညီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံမှုအပြီး ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း လျှော့ချပေးရန် ဗဟိုဘဏ်က ထုတ်ပြန်လာခြင်း ဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပို့ကုန်သမားများထံမှရရှိသော ဒေါ်လာငွေကို ဗဟို ဘဏ် သတ်မှတ်ဈေး ၁ ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ၅၀ ရာခိုင်နှုန်း ဖြတ်ယူနေရာမှ ၃၅ ရာခိုင်နှုန်း၊ ထိုမှတဆင့် ၂၅ ရာခိုင်နှုန်း၊ ယခုအခါ ၁၅ ရာခိုင်နှုန်းသာ ဖြတ်တောက်ရန် လျှော့ချသတ်မှတ်လာခြင်းဖြစ်ပြီး ကျန်ရှိသည့် ၈၅ ရာခိုင်နှုန်းကို ဈေးကွက် ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ဒီကနေ တင်ပို့နေတဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန် တင်ပို့ကုန်တွေအပေါ်မှာ ၁၅ ရာခိုင်နှုန်းပဲ ဖြတ်တော့ မယ်ဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ ခုသာခံသာရှိသွားတာပေါ့။ သွင်းကုန်မှာတော့ ကန့်သတ်ချက်တွေများတော့ အခုလျှော့ ပေးတာက နိုင်ငံငွေလည်း ပိုထွက်လာတဲ့အတွက် သွင်းကုန်လိုင်စင်တွေ ပါမစ်ပိုရဖို့ ရှိမယ်ထင်တာပေါ့” ဟု ပြောသည်။

ဗဟိုဘဏ်သည် ပို့ကုန်လုပ်ငန်းရှင်များထံမှ သတ်မှတ်ဈေး ၂,၁၀၀ ကျပ်ဖြင့် ဖြတ်တောက်နေခြင်းကို စစ်ခေါင်းဆောင်က ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက်ဟုဆိုကာ ဖြေလျှော့ပေးလာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လအတွင်းက ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကို ပြောင်းလဲခဲ့ရာမှ ယခု တနှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ၁၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လာခြင်း ဖြစ်သည်။

ပြည်တွင်းရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “သူတို့ ဖြေလျှော့ပေးတော့ ဒေါ်လာဈေးကွက်တော့ နည်းနည်းသက်ရောက်မှုရှိတာပေါ့။ ဒါပေမယ့် အရမ်းကြီးမရှိဘူး။ ဘာလို့လဲဆို ပို့ကုန်က ပြည်ပကို ထင်သလောက် မထွက် ကြဘူး။ ဝယ်လိုအားရောင်းလိုအားကလည်း သွင်းကုန်လိုင်စင်တွေ ချမပေးတဲ့အတွက် ဝယ်လိုအားလည်းမရှိဘူး။ သတင်း လေးထွက်တဲ့အတွက် နည်းနည်းပါးပါး ကစားတာလောက်တော့ရှိတာပေါ့။ မနေ့က ဒေါ်လာဈေးက ၃,၉၉၀ ကျော်၊ ဒီနေ့ တော့ ၄,၀၀၀ ကျပ် စွန်းစွန်းလေးဖြစ်လာတယ်။ ဒီလောက်ပဲ” ဟု ဈေးကွက်အခြေအနေကို ရှင်းပြသည်။

စစ်ကော်မရှင်က ပို့ကုန်ရငွေနှင့် ပတ်သက်ပြီး ထပ်မံဖြေလျှော့ပေးသော်လည်း ဈေးကွက်အတွင်း ထိန်းချုပ်ကန့်သတ်ချက် များရှိနေခြင်း၊ သွင်းကုန်လိုင်စင်များကို တင်းကျပ်ထားခြင်းတို့ကြောင့် ယခင်လို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မရသဖြင့် ပုံမှန်လည်ပတ်နိုင်သည့် အခြေအနေမရှိကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။

ဗဟိုဘဏ်မှ အမေရိကန် တဒေါ်လာလျှင် ၂,၁၀၀ ကျပ် သတ်မှတ်ထားပြီး ဘဏ်များသို့ ရောင်းချသည့် Online Trading ဈေးမှာ တဒေါ်လာလျှင် ၃,၇၀၀ ကျပ် ဝန်းကျင်သာရှိကာ ပြင်ပဒေါ်လာဈေးမှာမူ တဒေါ်လာလျှင် ၄,၀၀၀ ကျပ်ကျော်ရှိသော ကြောင့် ကုန်သည်များသည် စစ်ကော်မရှင်ဈေးဖြင့် ဖြတ်တောက်ခံရပါက တဒေါ်လာ ၁,၉၀၀ ကျပ်ကျော် ဆုံးရှုံးနေကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့ပါက တလအတွင်း ပို့ကုန်ရငွေပြန်ဝင်ရန်နှင့် အာရှ ပြင်ပ အနောက်နိုင်ငံများသို့ တင်ပို့ပါက နှစ်လအတွင်း ပို့ကုန်ရငွေပြန်ဝင်ရန် သတ်မှတ်ထားပြီး မလိုက်နာသော ကုမ္ပဏီများ နှင့် ပို့ကုန်လုပ်ငန်းရှင်များအား အမည်ပျက်စာရင်းသွင်းကာ ပို့ကုန်ရငွေဝင်ရောက်ရေး တင်းကျပ်စွာလုပ်ဆောင်နေကြောင်း လည်း လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် စစ်ကော်မရှင်က ပို့ကုန်ရငွေ ဝင်ရောက်သည့် တန်ဖိုးအတိုင်းသာ သွင်းကုန် တင်သွင်းခွင့်ပေးခြင်းနှင့် သွင်းကုန်တင်သွင်းမှုများကိုလည်း တင်းကျပ်ပိတ်ဆို့ထားသဖြင့် ပြည်တွင်း၌ ကုန်ပစ္စည်းပြတ်လပ် ခြင်း၊ ရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ ကြုံတွေ့နေရသည်။

You may also like these stories:

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
34
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
875
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
55

စက်သုံးဆီလုပ်ငန်းရှင်များကို စစ်ကော်မရှင် နစ်နာကြေးတောင်း

ကျောက်ကုန်သည်များ တော်လှန်ရေးနှင့် မပတ်သက်ဖို့ သတိပေး

မြန်မာ-ဘီလာရုစ် ကုန်သွယ်ရေးစာချုပ်များ အလုပ်ဖြစ်မလား

Your Thoughts …
Tags: စစ်ကော်မရှင်စီးပွားရေးလုပ်ငန်းရှင်ပို့ကုန်ရငွေဖြတ်တောက်ဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

by ဧရာဝတီ
17 October 2023
23.4k

လတ်တလော ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် စက်သုံးဆီလုပ်ငန်းရှင်များ နှင့် အမေရိကန်ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်သူ အများအပြားပါဝင်နေသောကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်း ထားမှုများအတွက် ငွေပေးချေမှုများ နောက်ကျမည်ကို စိုးရိမ်လျက်ရှိကြကြောင်း

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

Next Post
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved