• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
in ဆောင်းပါး
A A
ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

၂၀၁၅ ခုနှစ်က နေပြည်တော်ရှိ ရုံးတွင် တွေ့ရသည့် ဦးရဲထွဋ်

41.9k
VIEWS
Share on FacebookShare on Twitter

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ယခုအခါ အင်းစိန်ထောင်သို့ ရောက်နေပြီဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဘဝက သူသိကျွမ်းဖူးသော သတင်းသမားများနှင့် တွေ့ဆုံရန် အခွင့်အလမ်းရစေမည့် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။ ယခုအခါ အချင်းချင်း ပြောပြစရာ ဇာတ်လမ်းများ ဝေငှနေနိုင်သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သော ဒုဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်သည် သူ၏ Facebook လူမှုကွန်ရက်တွင် သတင်းမှား ရေးသားဖြန့်ချိခြင်းဖြင့် ရာဇဝတ်မှု ပုဒ်မ ၅၀၅ (က) ကို ချိုးဖောက်သောကြောင့် ဖမ်းဆီးလိုက်သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။ ပုဒ်မ ၅၀၅ (က) သည် လှုံ့ဆော်မှုနှင့် သတင်းမှားအတွက် ထောင် ၂ နှစ်မှ ၃ နှစ်အထိ ချနိုင်သည့် ကျယ်ပြန့်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှု အားနည်းသည့် နိုင်ငံတော်ဆန့်ကျင်မှု ပြဋ္ဌာန်းချက်ဖြစ်သည်။

ရှေ့နောက်မညီသည်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဦးရဲထွဋ်သည် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆယ်ပေါင်းများစွာသော သတင်းသမားများ မရသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရခဲ့ခြင်းဖြစ်သည်။

မြန်မာသည် သတင်းသမားများကို ဖမ်းဆီးမှု တတိယ အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အကျဉ်းသားစာရင်း ကောက်ယူစဉ်က မြန်မာသတင်းသမား အနည်းဆုံး ၄၂ ယောက် ထောင်ကျနေသည်။ ကိုယ့်အလုပ်ကိုယ် လုပ်သည့်အတွက် ထောင်ချခံရသည့် သတင်းသမား အများစုကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုသည်။

ဖတ်ရှုသူ ၇ သိန်းကျော်ရှိသော ဦးရဲထွဋ်၏ Facebook စာမျက်နှာသည် အငြင်းပွားဖွယ်ရာ မှတ်ချက်များကို ဖော်ပြပြီး ပြည်သူလူထုနှင့် သဘောထား တိုက်ဆိုင်ပုံရသည်။ ဦးရဲထွဋ်သည် ဟာသဇာတ်လမ်းများ အသုံးပြုပြီး အတိတ်မှ စစ်အုပ်စုများ၏ ဇာတ်လမ်းဟောင်းများကို ပြန်လည်ဖော်ထုတ်ပြီး လက်ရှိ စစ်ကောင်စီကို ဝေဖန်ကာ နှစ်နှစ်ကျော်ကြာအောင် စစ်ကောင်စီကို သိမ်မွေ့စွာ လှောင်ပြောင်ခဲ့သည်။

စစ်ကောင်စီ သစ္စာခံများက သဘောမကျဘဲ ဒေါသပင် ထွက်ကြသည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ဦးရဲထွဋ်သည် လူသိများသော သတင်းသမားတဦးကို ဖုန်းဆက်ပြီး သူ၏ဖုန်းကို စောင့်ကြည့်ထောက်လှမ်းခံနေရကြောင်းနှင့် အာဏာသိမ်းမှုသည် ကပ်ဆိုးတခု ဖြစ်ကြောင်း ပြောသည်။

ဖတ်ရှုသူ ၇ သိန်းကျော်ရှိသော ဦးရဲထွဋ်၏ Facebook စာမျက်နှာသည် အငြင်းပွားဖွယ်ရာ မှတ်ချက်များကို ဖော်ပြပြီး ပြည်သူလူထုနှင့် သဘောထား တိုက်ဆိုင်ပုံရသည်။

ဦးရဲထွဋ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ စင်ကာပူရှိ ISEAS-Yusof Ishak အင်စတီကျုမှ ဝါရင့် ဧည့်သုတေသီ ဖြစ်ပြီး “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” ကို ရေးသားသူ ဖြစ်သည်။

ယေဘုယျ အမြင်အရ ဆိုပါက ဦးရဲထွဋ်သည် အရေးယူ မခံရနိုင်သူဖြစ်သည်။ သူသည် ၁၉၇၇ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်ပြီး သူနှင့် အပတ်စဉ်တူများတွင် နောင် သြဇာကြီးမားလာသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ ပါဝင်သည်။

ယခုအခါ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ကောင်စီ ဒုခေါင်းဆောင်နှင့် ကြည်းတပ်ဦးစီးချုပ်ဖြစ်ပြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်သည် ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။ ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရတွင် ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။ ကံကြမ္မာ အလှည့်အပြောင်းတွင် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်သည် ဦးရဲထွဋ်အမှုကို ကိုင်တွယ်နေရသည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
96
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.7k

လက်ရှိအခြေအနေက ဖော်ပြလာသည့်အတိုင်း ဆိုပါက ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဦးရဲထွဋ်ကို ကာကွယ်ပေးသည်ဆိုသည့် အများအပြား၏ ယူဆချက်သည် မမှန်တော့ပေ။

ရန်ကုန်အခြေစိုက် သံတမန်များ၏ ယူဆချက်တခုမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံ နှစ်ဦး အဂတိ လိုက်စားမှုဖြင့် မကြာသေးမီက ဖမ်းဆီးခံရသည့် ကိစ္စတွင် ဒု စစ်ခေါင်းဆောင် စိုးဝင်း ပါဝင်ပတ်သက်သည်ဟု ယူဆပြီး လက်စားခြေရန်အတွက် မင်းအောင်လှိုင်နှင့် သစ္စာခံများက ဦးရဲထွဋ်ကို ဖမ်းဆီးရန် ဆုံးဖြတ်သည်ဆိုသည့် အယူအဆ ဖြစ်သည်။

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် / ဧရာဝတီ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် သူ၏လက်ထောက် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ၎င်းတို့နှင့် ပတ်သက်သည့် စီးပွားရေးသမားများနှင့်အတူ စစ်ဆေးမေးမြန်းပြီး အဂတိလိုက်စားမှုအတွက် ဖမ်းဆီးခဲ့သည်။

စစ်တပ်တွင် ဆဋ္ဌမ အာဏာအကြီးဆုံး ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မြန်မာ့စီးပွားရေးကို ကြီးကြပ်ပြီး စစ်ကောင်စီ ထိန်းချုပ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေး ကော်မတီ (FESC) ဥက္ကဋ္ဌ ဖြစ်သည်။ FESC ဒေါ်လာ မလုံလောက်မှုကို တုံ့ပြန်ရန် စစ်ကောင်စီက ဖွဲ့စည်းသည့်အဖွဲ့ဖြစ်ပြီး မြန်မာဗဟိုဘဏ်ကို ထိန်းချုပ်သည်။

သူသည် စစ်ကောင်စီတွင် အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီထိန်းချုပ် MIC နှင့် FESC တွင် အကျိုးအမြတ်များသော ရာထူးများ ရယူထားသည်။ သို့သော် သူ၏ အဂတိလိုက်စားမှုသည် မသမာမှု လွှမ်းမိုးသည့် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းကပင် သည်းမခံနိုင်အောင် ဖြစ်ခဲ့သည်။

ရန်ကုန်နှင့် နေပြည်တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားသည့် ဇာတ်လမ်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ အဂတိလိုက်စားမှုများကို စတင် ဖော်ထုတ်သည်ဆိုသည့် ဇာတ်လမ်းဖြစ်သည်။ မင်းအောင်လှိုင်သည် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ကိစ္စနှင့် ပတ်သက်၍ သတိပေးမှုများကို လျစ်လျူရှု၊ အရေးယူခြင်းလည်း မရှိခဲ့ဘဲ နောက်ဆုံး ရွေးစရာ မရှိတော့သည့် အချိန်အထိ ထိုသတင်းများကို မသိချင်ယောင်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို အဂတိလိုက်စားမှုများ၏ နက်ရှိုင်းမှုသည် အခြား စစ်ကောင်စီ ခေါင်းဆောင်များကဲ့သို့ပင် အကျင့်ပျက်ခြစားသည်ဟု ကျော်ကြားသည့် မင်းအောင်လှိုင်နှင့် သူ့မိသားစု အပါအဝင် ထိပ်တန်း ခေါင်းဆောင်များကို တုန်လှုပ်စေသည်ဟု ဆိုသည်။

ရန်ကုန်နှင့် နေပြည်တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားသည့် ဇာတ်လမ်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ အဂတိလိုက်စားမှုများကို စတင် ဖော်ထုတ်သည်ဆိုသည့် ဇာတ်လမ်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏လူယုံ မိုးမြင့်ထွန်းနှင့် ပတ်သက်သည့် အရှုပ်တော်ပုံကြောင့် အရှက်ကွဲရသည်။ မိုးမြင့်ထွန်းသည် မင်းအောင်လှိုင်ကို ဆက်ခံမည့်သူအဖြစ် တခါက ခန့်မှန်းချက်များ ဖြစ်ခဲ့သော်လည်း ယခုအခါ သူသည် ထောင် တသက်တကျွန်း ကျနေပြီဖြစ်သည်။

ထို့နောက် နောက်ထပ် ထိုးနှက်ချက်အဖြစ် မင်းအောင်လှိုင်၏ အခြားလူယုံ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ခုံရုံးက အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ပြီး လွန်ခဲ့သောအပတ်က ထောင် ၅ နှစ် ချမှတ်သည်။

စိုးထွဋ်သည် မြန်မာကုမ္ပဏီများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် လက်အောက်ငယ်သားများကို အမိန့်ပေးပြီး အာဏာအလွဲသုံးသည်ဟု စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြသည်။

သူသည် လာဘ်စားပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်းကို ချိုးဖော်က်သည်ဟုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာက ရေးသားသည်။

မင်းအောင်လှိုင်၏ လူယုံများ ကျဆုံးရခြင်း နောက်ကွယ်တွင် စိုးဝင်းရှိနေသည်ဟု ရန်ကုန်မှ သံတမန်အချို့က ခန့်မှန်းသည်။ လက်တွေ့တွင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မင်းအောင်လှိုင်ကို ထိုသို့လုပ်ရန် သတ္တိရှိသူ မဟုတ်ဘဲ လက်ရှိနှင့် လက်ဟောင်း ဝါရင့် ဗိုလ်ချုပ်များအုပ်စု တခုသည် ထိုအမှုများ နောက်ကွယ်တွင် ရှိနေသည်။

အကျင့်ပျက်ခြစားသော ဗိုလ်ချုပ်များကို ဖယ်ရှားပြီး မင်းအောင်လှိုင်က သူသည် သူ့လူယုံများ အပါအဝင် မည်သူ့ကိုမှ မျက်နှာသာ မပေးကြောင်း ပြသသည်ဟု စီးပွားရေးသမားများက ပြောသည်။ ထိုသို့ လုပ်သောကြောင့် ထိပ်တန်းခေါင်းဆောင်များအကြား တုန်လှုပ်စေသည်။ မိုးမြင့်ထွန်းကို စုံစမ်းစစ်ဆေးသောအခါ များစွာသော လုပ်ငန်းရှင်များကိုလည်း စုံစမ်းစစ်ဆေးရန် ဧည့်ဂေဟာများတွင် ခေါ်ယူထားခဲ့သည်။ အချို့မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

မင်းအောင်လှိုင်၏ လူယုံများ ကျဆုံးရခြင်း နောက်ကွယ်တွင် စိုးဝင်းရှိနေသည်ဟု ရန်ကုန်မှ သံတမန်အချို့က ခန့်မှန်းသည်။

မင်းအောင်လှိုင်သည် လုံခြုံရေး အပါအဝင် နိုင်ငံရေးရာများကို နေ့စဉ် သတင်းတင်ပြခံသည်ဟု သိရသည်။

မည်သို့ဆိုစေကာမူ မြန်မာမှ လူမုန်းများသည့် အာဏာသိမ်း စစ်တပ်ကို ဝေဖန်သူ မဟုတ်သည့် ဦးရဲထွဋ် ဖမ်းဆီး ထောင်ချခံရသည်။

(ဦး) ရဲထွဋ်၊ စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့အား ထောင်သွင်းအကျဉ်းချသည်ကို တွေ့ပြီးနောက် စစ်ကောင်စီထိပ်တန်း ခေါင်းဆောင်များသည် “နောက်တခါ မည်သူ့အလှည့်လဲ” ဟု မေးနေကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ What Happened to Ye Htut? Intrigue in Myanmar’s Corridors of Power ကို ဘာသာပြန်သည်။)

You may also like these stories:

“ကျနော်တို့တုန်းက ဘယ်သူကမှ မယုံဘူး”လို့ ပြောတဲ့ ဦးရဲထွဋ်

အကဲဖြတ်ပဲ လုပ်တော့မယ့် ဦးရဲထွဋ်နဲ့ တွေ့ဆုံခြင်း

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အဂတိမှုဖြင့် စစ်ဆေးနေ

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

Your Thoughts …
Tags: ၅၀၅ (က)CPJMICဂျာနယ်လစ်စစ်ကောင်စီစိုးထွဋ်စိုးဝင်းဗဟိုဘဏ်မင်းအောင်လှိုင်မိုးမြင့်ထွန်းလာဘ်စားမှုသတင်းမီဒီယာအကျင့်ပျက်ခြစားမှုအဂတိလိုက်စားမှုဦးရဲထွဋ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved