• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
in ဆောင်းပါး
A A
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

89.2k
VIEWS
Share on FacebookShare on Twitter

စစ်ဗိုလ်များထဲတွင် မင်းသားနှစ်ဦး၏ နာမည်ပေးခံရသော စစ်ဗိုလ်ချုပ်တဦး ရှိသည်။ ဒုဗိုလ်ဘဝမှ ဗိုလ်ချုပ် ဖြစ်သည်အထိ စစ်တပ်ထဲတွင် ရုပ်ရှင်မင်းသားလို နေထိုင်ခဲ့ရသည့်အတွက် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား “နေတိုး” သို့မဟုတ် “ပြေတီဦး” ဟု စစ်ဗိုလ်ချုပ်အချို့က နာမည်ပြောင် ပေးထားကြခြင်း ဖြစ်သည်။

ထို့အပြင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လက်ရှိ စစ်ခေါင်းဆောင်များ အလွန်တွင် စစ်တပ်ကို ဦးဆောင်မည့်သူဟုလည်း ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်တာဝန်တို့ကို ပူးတွဲတာဝန်ယူထားရသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
190
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
728
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.8k

စစ်တက္ကသိုလ်အပတ်စဉ်- ၃၅ (DSA-35) ကျောင်းဆင်း ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အရာရှိ ငယ်ဘဝက မကြာသေးခင်က လာဘ်စားမူဖြင့် ဖမ်းဆီးထောင်ချခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ် မောင်အေး၏ ကိုယ်ရေးအရာရှိ လုပ်ခဲ့သူလည်း ဖြစ်သည်။

“မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖို့ နယ်ကို ဆင်းရတဲ့အခါ ဒု ချုပ် (ဗိုလ်ချုပ် မောင်အေး) ကိုယ်ရေးအရာရှိနေရာကို ကျော်စွာလင်းကို ထားခဲ့တာ” ဟု စစ်ရေးလေ့လာသူတဦးက ဆိုသည်။

“မိုးမြင့်ထွန်းက ဗိုလ်ကြီးကနေ ဗိုလ်မှူးအပွင့်တင်ဖို့ နယ်ကို ဆင်းရတဲ့အခါ ဒု ချုပ် (ဗိုလ်ချုပ် မောင်အေး) ကိုယ်ရေးအရာရှိနေရာကို ကျော်စွာလင်းကို ထားခဲ့တာ” ဟု စစ်ရေးလေ့လာသူတဦးက ဆိုသည်။

ဗိုလ်ကြီးဘဝတွင် စစ်ရုံးချုပ်၏တာဝန် ထမ်းဆောင်ခဲ့ပြီး တပ်ရင်းမှူးဖြစ်သည့် အခါတွင်လည်း နေပြည်တော် ပျဉ်းမနားအနီးရှိ ခမရ (၄၁၁) တွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ပျဉ်းမနားမြို့အနီးတွင်ရှိသော နေပြည်တော် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၄၁၁) တပ်ရင်းသည် ရှေ့တန်းထွက် စစ်တိုက်ရသည့် တပ်ရင်းမျိုး မဟုတ်ပေ။ နေပြည်တော်လုံခြုံရေးကိုသာ တာဝန်ယူရသည့် မြို့စောင့်တပ်သာ ဖြစ်သည်။

ထိုမှတဆင့် ဗိုလ်မှူးကြီးရာထူးတိုးကာ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တာချီလိတ်တွင် ဗျူဟာမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က တိုင်းမှူးမှာ လက်ရှိ နေပြည်တော်ကောင်စီဥက္ကဋ္ဌတာဝန် ယူထားသော ဦးသန်းထွန်းဦး ဖြစ်သည်။

“တသခ (တြိဂံဒေသတိုင်းစစ်ဌာနချုပ်) မှာ ဗျူဟာမှူးဖြစ်တဲ့အချိန်ကလည်း ဘာတိုက်ပွဲမှ မရှိတဲ့အချိန် RCSS (ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ) နဲ့ အချို့နေရာတွေမှာ ဆိုင်ထားရတာလောက်ပဲ ရှိတယ်” ဟု CDM ဗိုလ်ကြီးတဦးက ဆိုသည်။

တာချီလိတ်ဗျူဟာမှူးရာထူးသည် လာဘ်လာဘများစွာ ရရှိသောနေရာ ဖြစ်သည်။ ဗျူဟာမှူးသည် မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်သွယ်မူနှင့် ကာစီနိုလုပ်ငန်းများမှ လာဘ်လာဘများစွာရရှိကြသည်။

ထို့မှတဆင့် နေပြည်တော်၊ ပျဉ်းမနားမြို့အနီးရှိ သဲဖြူကျေးရွာ အခြေစိုက် အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်တွင် ဌာနချုပ်မှူး (တပ်မမှူး) တာဝန် ထမ်းဆောင်ခဲ့သည်။ အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမူဌာနချုပ်သည် နေပြည်တော်မြို့ လုံခြုံရေးကိုသာ အဓိက တာဝန်ယူရသည့် တပ်မတခုဖြစ်သည်။

တပ်မမှူး ဗိုလ်မှူးကြီးရာထူးမှ ဗိုလ်မှူးချုပ်ရာထူး တိုးသည့်အခါ နေပြည်တော် စစ်ရုံးချုပ်တွင် စစ်ဦးစီးဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တပ်ထဲတွင် သက်သောင့်သက်သာနှင့် ဝင်ငွေကောင်းသော နေရာများတွင်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး မင်းသားလို စစ်တပ်ထဲ နေခဲ့ရသူဖြစ်သည်။

စစ်ဦးစီးဗိုလ်မှူးချုပ် ဖြစ်လာသော ဗိုလ်မှူးချုပ် ကျော်စွာလင်းသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဟိုဟင်ဂျာအရေးတွင် မြေပြင်တပ်များအား အမိန့်ပေးခဲ့သူများအနက် တဦးဖြစ်သည်။

စစ်ဦးစီးဗိုလ်မှူးချုပ် ဖြစ်လာသော ဗိုလ်မှူးချုပ် ကျော်စွာလင်းသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးတွင် မြေပြင်တပ်များအား အမိန့်ပေးခဲ့သူများအနက် တဦးဖြစ်သည်။ စစ်ဦးစီးဗိုလ်မှူးချုပ်ရာထူးသည် တပ်ချုပ်နှင့် ဒုတပ်ချုပ်နှင့် စစ်မြေပြင် တပ်မှူးများကြား ချိတ်ဆက် ဆောင်ရွက်ပေးရသူဖြစ်သည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားသော ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအရေးတွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးတို့အား စစ်ခေါင်းဆောင်က အရေးယူခဲ့သည်။ သို့သော် ထိုအချိန်က အမိန့်ပေးသူအဖြစ် တာဝန်ရှိခဲ့သူ ဗိုလ်မှူးချုပ် ကျော်စွာလင်းမှာ အရေးယူခြင်း မခံရပေ။

“တကယ်အမိန့်ပေးတဲ့အထဲမှာ ကျော်စွာလင်းလည်း ပါတယ်။ မင်းအောင်လှိုင်က သူ့လူရင်းဖြစ်လို့ ထင်တယ်၊ အရေးမယူတဲ့အပြင် ရခိုင်အရေးပြီးတော့ ရာထူးပါ တိုးပေးလိုက်တယ်” ဟု ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေး စာတမ်းပြုစုသူတဦးက ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ မေလက တပ်ချုပ် မင်းအောင်လှိုင်ကို စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (အလယ်) က ကိုဗစ်ကာကွယ်ရေး PPE ဝတ်စုံများထုတ်လုပ်မှု ပြသနေစဉ်

ဗိုလ်ချုပ် ကျော်စွာလင်းသည် ၂၀၁၈ ခုနှစ်တွင် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ် ကျော်စွာလင်း တိုင်းမှူးဖြစ်သည့်အချိန်တွင် ပြင်ဦးလွင်မြို့ရှိ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) အား တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည်။

တိုင်းမှူးတာဝန်ဖြင့် နှစ်နှစ်ခန့် ထမ်းဆောင်ပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီးရာထူး တိုးပေးကာ စစ်ထောက်ချုပ် တာဝန်ပေးခဲ့သည်။ မြန်မာစစ်တပ်တွင် တိုင်းမှူးတဦးသည် အနည်းဆုံး သုံးနှစ်ခန့် တာဝန်ထမ်းဆောင်ကြသည်။ သို့သော် ဗိုလ်ချုပ် ကျော်စွာလင်း တဦးသာ တိုင်းမှူးတာဝန် နှစ်နှစ်တာဝန်ထမ်းဆောင်ပြီး ဒု ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

“သူ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) က ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး (ပါတီ) နိုင်ရင် သူ သမ္မတ လုပ်မယ်၊ အဲဒီအချိန်မှာ တပ်ချုပ်အတွက် မိုးမြင့်ထွန်း၊ ဒု တပ်ချုပ်အတွက် ကျော်စွာလင်းကို လျာထားတော့ ကျော်စွာလင်းကို ၂ နှစ်တည်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ပေးလိုက်တာ” ဟု စစ်ရေးလေ့လာသူတဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နဝတ ခေတ်တွင် ဒုဗိုလ်ချုပ်ကြီး စဖြစ်သည့်အချိန်က ဒု ဗိုလ်ချုပ်ကြီးများထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်။ အလားတူ ဗိုလ်ချုပ် ကျော်စွာလင်းသည်လည်း သူ ဒု ဗိုလ်ချုပ်ကြီးဖြစ်သည့် အချိန်တွင် အသက်အငယ်ဆုံး ဒု ဗိုလ်ချုပ်ကြီး ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်ခေါင်းဆောင်နှင့် သူ့မိသားစု အကျိုးစီးပွားအတွက် အဓိက လုပ်ဆောင်ပေးသူ ဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောကျခြင်း ဖြစ်သည်။ ထူးချွန်သည့် အရည်အချင်း မရှိသော်လည်း စစ်ခေါင်းဆောင် ခိုင်းသည့်အတိုင်း လုပ်ပေးသူလည်းဖြစ်သည်။

စစ်ထောက်ချုပ်ရာထူးသည် စစ်တပ်တွင် စီးပွားရေးအခွင့်အလမ်း အများဆုံးနေရာဖြစ်သည်။ စစ်တပ်နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် စစ်ထောက်ချုပ်နှင့် အဓိက ဆက်ဆံကြရသည်။ ထို့ကဲ့သို့သောနေရာမျိုးအား စစ်ခေါင်းဆောင်အဆက်ဆက် သူတို့ယုံကြည်ရသူများကိုသာ ခန့်အပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန် ကြံရွယ်ခဲ့သူဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတလုပ်ရန် ရည်ရွယ်ထားသည့်အတွက် စစ်တပ်တွင် သူ့အရိုက်အရာ ဆက်ခံမည့်သူများအား ၂၀၂၀ ပြည့်နှစ်တွင် လျာထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူသမ္မတဖြစ်သည့်အခါ တပ်ချုပ်အဖြစ် ဗိုလ်ချုပ် မိုးမြင့်ထွန်းကို လျာထားပြီး ဒု တပ်ချုပ်အဖြစ် ဗိုလ်ချုပ် ကျော်စွာလင်းကို လျာထားခဲ့သည်ဟု စစ်ရေးလေ့လာသူအများက ယုံကြည်ထားကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူသမ္မတဖြစ်သည့်အခါ တပ်ချုပ်အဖြစ် ဗိုလ်ချုပ် မိုးမြင့်ထွန်းကို လျာထားပြီး ဒု တပ်ချုပ်အဖြစ် ဗိုလ်ချုပ် ကျော်စွာလင်းကို လျာထားခဲ့သည်ဟု စစ်ရေးလေ့လာသူအများက ယုံကြည်ထားကြသည်။ သို့သော် စစ်ခေါင်းဆောင်၏ အရိုက်အရာကို ဆက်ခံရန် လျာထားသော ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား မကြာသေးခင်က အဂတိမှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်သည်။

စစ်ခေါင်းဆောင်သည် သူ၏ညာလက်ရုံးဖြစ်သော ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား ဖယ်ရှားပြီးနောက် မည်သူကိုမှ မယုံကြည့်တော့သည့် အခြေအနေ ဖြစ်လာသည်ဟု ဧရာဝတီသတင်းရင်းမြစ်များက ဆိုသည်။ ထို့ကြောင့်လည်း သူအရိုက်အရာကို ဆက်ခံမည်သူအား ရွေးချယ်ရ ခက်ခဲနေခဲ့သည်။

လစ်လပ်သွားသော စစ်တပ်ထိပ်တန်းရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးအတွက် အခုချိန်အထိ မခန့်နိုင်သေးပေ။ လောလောဆယ်တွင် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်ထောက်ချုပ်နှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးအား ပူးတွဲတာဝန်ပေးထားခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ကြည်းတပ်၏ နံပါတ် ၄ ခေါင်းဆောင်ဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးကို ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်ခဲ့ပါက သူသည် လက်ရှိ စစ်ခေါင်းဆောင်အလွန်တွင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။

You may also like these stories:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဝန်ကြီးချုပ် သို့မဟုတ် မင်းအောင်လှိုင်ကို ပါရမီဖြည့်သူများ

စစ်ကောင်စီဝင် သားသမီးများ ပြည်ပတွင် ဆန္ဒပြခံနေရ

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

Your Thoughts …
Tags: TNLAUSDPကျော်စွာလင်းစစ်ကောင်စီစစ်ထောက်ချုပ်စစ်အာဏာသိမ်းမှုနဝတမိုးမြင့်ထွန်းရခိုင်ပြည်နယ်ရိုဟင်ဂျာရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

Next Post
နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို တရုတ်တိုက်တွန်း

နယ်စပ်တည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာကို တရုတ်တိုက်တွန်း

တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate