• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ

by မိအိသဉ္ဇာမြင့်
25 April 2024
in Military, သတင်း
A A
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်နေသူများ/ CJ

3.6k
VIEWS
Share on FacebookShare on Twitter

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တိုင်းနှင့် ပြည်နယ်အချို့၌ စစ်ကောင်စီက လူသစ်စုဆောင်းရာ ကြိုတင် အကြောင်း မကြားဘဲ အိမ်သို့ ရုတ်တရက် လာရောက်၍ တပါတည်း ခေါ်ဆောင်ခြင်း၊ လမ်းသွားလမ်းလာ လူငယ်များ ကို ဖမ်းဆီး ခြင်းတို့ ရှိကြောင်း ဒေသခံများကဆိုသည်။

အပတ်စဉ် ၁ လူစုဆောင်းစဉ်က စာရင်းကောက်ခံခြင်း၊ အကြောင်းကြားစာပို့ခြင်းများ လုပ်ရာ လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယခုအကြိမ်၌ ကြိုတင်အကြောင်းခြင်းမပြုဘဲ အတင်းအကျပ်လာရောက် ခေါ်ဆောင် နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ်စုဆောင်းမှုများကို သင်္ကြန်ပိတ်ရက်အလွန် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်မှစ၍ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

မကွေးတိုင်း၊ တောင်တွင်း၊ မြို့သစ်၊ အောင်လံ၊ နတ်မောက်၊ ရန်ကုန်တိုင်း ရွှေပေါက်ကံ၊ ပဲခူးတိုင်း၊ ပေါင်းတည် စသည့် မြို့များတွင် လူငယ်အများပြားကို နေအိမ်ပေါ်အထိ အတင်းအကျပ် လာရောက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး မကွေးတိုင်း၊ နတ် မောက်နှင့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့ကြောင်း အဆိုပါ ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် ဖြူးမြို့မှ ဇေယျဝတီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်သော အသက်၂၅ နှစ်အရွယ် အမျိုးသား တဦးပါဝင်ပြီး ဖမ်ဆီးခံရသည့်နေ့မှ ယနေ့အချိန်အထိ မိသားစုနှင့်အဆက်သွယ်မရသေးကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
77
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
92

၎င်း၏ မိသားစုဝင်တဦးက “ကိုကြီးက ဖုန်းဆက်ပြောခဲ့လို့ မိဘတွေသိတာပါ။ နေ့လယ်ပိုင်းမှာ တောင်ငူခေါ်သွားပြီး အခုထိ အဆက်အသွယ်မရသေးတာပါ။ ဆိုင်ကယ်ကိုလည်း သူတို့ ယူထားတယ်။ ဖုန်းကိုလည်း သိမ်းထားတယ်။ သူက စိတ်ဆတ်တော့ တခုခုဖြစ်မှာ စိုးရိမ်နေကြတယ်” ဟု ပြောသည်။

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်ရပ်ကွက်များဖြစ်သော ရန်အောင်မြေရပ်ကွက်နှင့် ဈေးသစ်ရပ်ကွက်များတွင် ဧပြီလ ၂၂ ရက်က စစ်ကောင်စီနှင့် ရဲတပ်သား ၁၀၀ နီးပါးက ရပ်ကွက်အတွင်းသို့ဝင်ရောက်ကာ ပြည်သူ ၁၃ ဦးခန့်ကို ဖမ်းဆီး သွား ကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးဒေသခံတဦးက “ဘာမှအကြောင်းမကြားဘဲ မနေ့တုန်းက အိမ်တွေပေါ်ကိုတက်ပြီး တအိမ်တက်တအိမ်ဆင်း ဖမ်း တယ်။ အလုပ်ထဲထိတောင် လိုက်ခေါ်တယ်” လို့ ပြောသည်။

ထို့ပြင် မကွေးတိုင်း တောင်တွင်း၊ မြို့သစ်နှင့် အောင်လံမြို့နယ်ရှိကျေးရွာများမှ ပြည်သူ ၂၀ နီးပါးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ထိုကဲ့သို့ဖမ်းဆီးထားသော လူငယ်များကို နတ်မောက်မြို့ အရှေ့မြောက် ၁၂ မိုင်အကွာရှိ ရွာမွန်ပင်မ လက်နက်သိုလှောင်ရေးစခန်း (ပပနနတ်မောက်)သို့ ပို့ဆောင်ထားကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတဦးက ပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်နေသူများ/ CJ

အလားတူ ပဲခူးတိုင်း ပေါင်းတည်မြို့ရှိ ကြို့ပင်၊ ပေါက်အိုင်ကြီး၊ ပေါက်တန်း၊ ကြာနီကန်၊ မှတ္တိုင်ကျေးရွာအုပ်စုများနှင့် နွယ်ချိုရပ်ကွက်မှ ပြည်သူ ၅၀ နီးပါးကိုလည်း ဧပြီလ ၁၉ ရက်တွင် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ထမ်းများ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ပဲခူး ဒေသခံတဦးက “သူတို့မှာက သန်းခေါင်စာရင်းက ရှိပြီးသားဆိုတော့ ဘယ်အိမ်မှာဘယ်သူရှိတာလဲဆိုတာ သိကြ တယ်။ အလစ်ဝင်ခေါ်တာလို့ ပြောလို့ရတယ်။ ပထမအပတ်စဉ်တုန်းက ကြိုသိတော့ ပြေးကြတယ်လေ။ အခုကျတော့ တခါထဲပဲ ခေါ်သွားလိုက်တာ။ ကျနော်တို့ကြားရသလောက်တော့ ဆေးရုံတွေမှာ ဆေးသွားစစ်ပြီး သင်တန်းကျောင်း တွေထဲပဲ ခေါ် သွားတယ်လို့ သိရတယ်။ ဘာသတင်းမှ ထပ်မကြားရဘူး” ဟု ပြောသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း၌လည်း လူငယ် ၈၀ ဝန်းကျင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က လမ်းပေါ်သွားလာနေစဉ် ဖမ်း ဆီးခံရပြီး ရဲစခန်းစသည့် နေရာများသို့ မိသားစုများ လိုက်လံ ရှာဖွေသော်လည်း တွေ့ဆုံခွင့်မရကြောင်း ဒေသခံများက ဆိုသည်။

ဖြူးအရှေ့ဘက် အုတ်ဖြတ်လမ်းကြောရှိ တံခွန်တိုင်ရွာတွင် လိုင်စင်စစ်သည်ဟု ဆိုကာ ဂိတ်ချဖမ်းဆီးခဲ့ခြင်းကြောင့် ဖြူးမြို့ အရှေ့ဘက်ကျေးရွာများမှ သွားလာသူ အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်း မကွေးမြို့ပေါ် အောင်စေတနာရပ်ကွက်အတွင်း လမ်းသွားလမ်းလာများနှင့်၊ နတ်မောက်မြို့ရှိ နတ်မောက် – တောင်တွင်းလမ်းတို့မှ လမ်းသွားလမ်းလာများကိုလည်း စစ်ကောင်စီတပ်များက အလားတူ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မကွေးမြို့ ပေါ် အောင်စေတနာရပ်ကွက် လက်ဖက်ရည်ဆိုင်တို့ လမ်းသွားလမ်းလူငယ်တွေကို ဖမ်းခေါ်သွား တာတွေ လည်းရှိတယ်။ ဒီသင်္ကြန်ပြီးထဲကနေဆို ငါးဆယ်လောက်ရှိသွားပြီး။ ရှေ့တန်းပဲ ပို့လိုက်လား။ ဘယ်မှာ ထားထားလဲ မသိရသေးဘူး။ သူတို့မိဘတွေကတော့ လိုက်စုံစမ်းတုန်းပဲ” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၂ တွင် စစ်ကောင်စီအနေဖြင့် ပိုမိုတင်းကျပ်လာပြီး၊ ခြိမ်းခြောက်၊ ဖိအားပေးမှုများလည်း ပိုများ လာကြောင်း စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေးနှင့် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် ဝါဒဖြန့်ချိရေးတို့နှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသည် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က ပြောသည်။

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်နေသူများ/ CJ

“အခုဆိုရင် သူတို့လုပ်တဲ့ပုံစံကိုကြည့်ရင် အပတ်စဉ် ၁ ကထက် ပိုပြီး အတင်းအကျပ်ဆန်လာတယ်လို့ ပြောလို့ရတယ်။ အပတ်စဉ် ၂ မှာတော့ စာရင်းထဲပါတဲ့သူ တော်တော်များများက ရှောင်နေကြတော့ မိဘတွေကို ဖိအားပေးတာတွေ၊ ရပ် ကွက်တွေကို ဖိအားပေးတာ၊ အတင်းအကျပ်ခြိမ်းခြောက်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူအင်အားစုဆောင်းမှုများ စတင်နေပြီး အပတ်စဉ် ၁ ထက် အင်အား ပိုမိုစုဆောင်းရန် စီစဉ်နေသဖြင့် အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းများ ပြုလုပ်လာမည် ဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း သုံးသပ်သည်။

“စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အနုနည်းမရရင် အကြမ်းနည်းနဲ့ခေါ်မှာပဲ။ စစ်တပ်မှာ ဥပဒေတွေက အရေးမကြီး ဘူး။ ပြောရမယ်ဆိုရင် ဒီစစ်တပ်ဟာ အာဏာသိမ်းတဲ့အချိန်ကနေစပြီး ယနေ့အချိန်ထိ သူတို့ပါးစပ်က ပြောတာက ဥပဒေပဲ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံတွင်လည်း ဧပြီလ ၁၉ ရက်က ညသန်းခေါင် အချိန်မတော်တွင် စစ်သားများ၊ အရပ်ဝတ် များနှင့် ရောက်ရှိလာပြီး စစ်မှုထမ်းရန် အသက်ပြည့်သူများကို လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ရွှေပေါက်ကံမြို့ တွင် နေထိုင်သူတဦးက ပြောသည်။

“အခုက အပတ်စဉ် ၁ ကလည်း မပြီးသေးဘူးဆိုတော့ ကလေးတွေက အေးအေးဆေးဆေးပဲ အိမ်မှာ နေနေကြတာ။ ၁၉ ရက် ညသန်းခေါင်ကြီး ကားတွေနဲ့လာပြီး အိမ်စီးကားလည်း ပါတယ်။ ကားအကြီးတွေလည်း ပါတယ်။ စစ် သား တွေရော အရပ်ဝတ်နဲ့က ထွေအုပ်ဘက်ကနဲ့တူတယ်။ ဒီအိမ်မှာ စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့သူရှိလို့ လာခေါ်တာဆို ပြီး ခေါ်သွားကြတာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ကျင့်သုံးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကြေညာခဲ့ပြီးနောက် မတ်လ ၂၇ ရက်မှစတင်ကာ အပတ်စဉ် ၁ အတွက် စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ပြည်သူ ၅ ထောင်နီးပါးကို နိုင်ငံအနှံ့ရှိ သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း BACS ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နေ့ကမူ မန္တလေးခရိုင်အတွင်းရှိ ရွာများတွင် စစ်မှုထမ်းတပတ်စဉ်လျှင် ၂၅ ဦး တာဝန်ထမ်းရမည်ဖြစ်၍ ရပ်ရွာ အနေဖြင့် တအိမ်ထောင်လျှင် ကျပ် ၂ သောင်း ထောက်ပံ့ကြေးအဖြစ် ထည့်ဝင်ရန် စစ်တပ်မှ လာရောက်ပြောကြောင်း သိရသည်။

စစ်ကောင်စီက ရခိုင်၊ ချင်း၊ ကချင်၊ မွန်၊ ကရင်နှင့် ကရင်နီစသည့် နိုင်ငံအနှံ့ရှိ စစ်မျက်နှာအသီးသီးတွင် တိုက်ပွဲများ ရှုံး နိမ့်ပြီး တပ်ဖွဲ့ဝင်ရာနှင့်ချီ လက်နက်ချခြင်း၊ သေဆုံးခြင်း၊ ထွက်ပြေးခြင်းတို့ကြောင့် စစ်အင်အား အကြီးအကျယ် ယိုင်နဲ့ လာနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

၂၀၁၉ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူ အမျိုးသား ၆ သန်းကျော်နှင့် အမျိုးသမီး ၇ သန်းနီးပါး ရှိပြီး စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်သည်ဟုလည်း ဆိုထားသည်။

You may also like these stories:

စစ်မှုမထမ်းလို၍ တော်လှန်ရေးတပ်ဖွဲ့များသို့ လူငယ်များ သောင်းချီ ဆက်သွယ်

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ

Your Thoughts …
Tags: စစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်သားစုဆောင်း
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း

တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း

ကိုးကန့်၊ လောက်ကိုင်တွင်  ပြစ်မှုကျူးလွန်သူ ၁၀ ဦးအနက် ၃ ဦး သေဒဏ်ပေး

ကိုးကန့်၊ လောက်ကိုင်တွင် ပြစ်မှုကျူးလွန်သူ ၁၀ ဦးအနက် ၃ ဦး သေဒဏ်ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved