ဘဝအတွက် အလုံးအရင်း ထွက်ပြေးကြရခြင်း ဖြစ်သည်။ လူသားဒိုင်း အဖြစ်ခံမည် သို့မဟုတ် ရှိသမျှအရာရာ (နေအိမ်၊ မိသားစု၊ အလုပ်အကိုင်နှင့် ရင်းနှီးကျွမ်းဝင်သည့်အရာရာ) ကို ဦးတည်ရာမဲ့ ရှုပ်ထွေးသည့်ဘဝအတွက် စွန့်လွှတ်လိုက်ရသည်။
ထိုအခြေအနေသည် စစ်ကောင်စီ၏ အတင်းအကျပ် စစ်မှုထမ်းစေရန် လုပ်ဆောင်မှုကြောင့် မကြာသေးမီက ထွက်ပြေးလာသည့် လူငယ်များ ၎င်းတို့၏ လျင်မြန်ပြီး မျှော်လင့်ချက်ကင်းမဲ့သော ဆုံးဖြတ်ချက်များကို သရုပ်ဖော်ပြသည့် အခြေအနေ ဖြစ်သည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီက အကောင်အထည် မဖော်မီအထိ ကိုသက္ကသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် စဉ်းစားခဲ့ခြင်း မရှိပေ။ သူသည် စီးပွားရေးကောင်းသော ရန်ကုန်တွင် စတိုးဆိုင် ဖွင့်ထားသူ ဖြစ်သည်။ ထို့နောက် မတ်လ ၁ ရက်တွင် သူ၏ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက လူငယ်များ စစ်မှုထမ်းရန်အတွက် စာရင်းပေးရန် ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရမည့် အသက်အရွယ် ကန့်သတ်ချက်အတွင်း ပါဝင်သည့် ကိုသက္ကသည် သူ၏ စတိုးဆိုင်နှင့် သူသိသမျှ အရာရာကို စွန့်လွှတ်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် သေတွင်းသို့ ပို့ခြင်းဖြစ်ကြောင်း အသက် ၂၇ နှစ်အရွယ် ကိုသက္ကကပြောပြီး “ဒါ သေဒဏ်ပေးလိုက်တာ” ဟု ဆက်လက်ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် သေတွင်းသို့ ပို့ခြင်းဖြစ်ကြောင်း အသက် ၂၇ နှစ်အရွယ် ကိုသက္ကကပြောပြီး “ဒါ သေဒဏ်ပေးလိုက်တာ” ဟု ဆက်လက်ပြောသည်။ စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို လူသားဒိုင်းအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဒါကြောင့် ကျနော် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတာ” ဟု ပြောသည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ရုတ်တရက် အကောင်အထည် ဖော်လိုက်သောကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားအားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအားလုံးသည် နှစ်နှစ်ကြာ စစ်မှုထမ်းရန် အကျုံးဝင်သွားသည်။
ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတခုခုရှိသော အမျိုးသားများသည် အသက် ၄၅ နှစ်ထိ အကျုံးဝင်ပြီး ထိုသို့သော အမျိုးသမီးများသည် အသက် ၃၅ နှစ်ထိ အကျုံးဝင်သည်။ ဥပမာအားဖြင့်ဆိုရပါက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ဆိုသည်မှာ အင်ဂျင်နီယာနှင့် ဆေးဘက်ပညာသည်များကို ဆိုလိုသည်။
ထိုကန့်သတ်ချက်ကြောင့် နိုင်ငံလူဦးရေ ၅၄ သန်း၏ ၂၆ ရာခိုင်နှုန်း သို့မဟုတ် လူ ၁၄ သန်း အကျုံးဝင်သည်။
ယင်းဥပဒေ ကြေညာချက်ကြောင့် တုန်လှုပ်ပြီး လူငယ်များနှင့် ၎င်းတို့၏ ဆွေမျိုးများသည် လွတ်မြောက်ရာ လမ်းကြောင်းများ စီစဉ်လာကြသည်။ ရန်ကုန်ရှိ ထိုင်းသံရုံးနှင့် မန္တလေးမှ နိုင်ငံကူးလက်မှတ်ရုံးတွင် ပြည်ဝင်ခွင့်နှင့် ခရီးသွား စာရွက်စာတမ်းများရရန် လူထောင်ပေါင်းများစွာ နေ့စဉ်တန်းစီနေသည်။
အသက် ၂၈ နှစ်အရွယ် ကိုခိုင်သည် မိဘများထံမှ အကူအညီရခဲ့သည်။ သူသည် မတ်လနှောင်းပိုင်းတွင် အသက် ၂၂ နှစ်အရွယ် ညီ၊ အသက် ၁၉ နှစ်အရွယ် ညီမနှင့်အတူ ဘန်ကောက်သို့ ရောက်လာသည်။ သူသည် ရန်ကုန်ရှိ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတခုတွင် လက်ထောက်မန်နေဂျာ လုပ်ခဲ့ဖူးသော်လည်း ပဲခူးတိုင်းမှ လာခြင်းဖြစ်သည်။
မွေးချင်းများနှင့်အတူ သူထွက်ခွာလာခြင်းမှာ ပဲခူးရှိ မိသားစုနေအိမ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး ရောက်လာခြင်းကြောင့် ဖြစ်သည်။ ထိုအုပ်ချုပ်ရေးမှူးသည် ၎င်းတို့ နေအိမ်တံခါးသို့ ရောက်လာပြီး စစ်မှုထမ်းရန် အကျုံးဝင်သူများစာရင်း သွင်းခဲ့သည်။
ကိုခိုင်၏ မိဘများက ၎င်းတို့သားသမီးများကို နိုင်ငံပြင်ပသို့လွှတ်ရန် အလျင်အမြန် ဆုံးဖြတ်လိုက်သည်။ စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများနှင့် ပြင်းထန်လာသည့် စစ်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ၊ ဘက်ပြောင်းမှုများကြောင့် အင်အားကုန်ခမ်းနေကြောင်း ၎င်းတို့ သိသည်။
အာဏာကို တွယ်ဖက်နေသည့် စစ်ကောင်စီကို ကူညီရန် ၎င်းတို့သားသမီးများ၏ ဘဝများကို မစတေးလိုကြပေ။
ထိုသို့ အလုံးအရင်းဖြင့် ထွက်ပြေးလာသူ အများစုကဲ့သို့ပင် ထိုမွေးချင်း သုံးယောက်သည် ထိုင်းနိုင်ငံသို့ ရောက်သွားသည်။
ပိုမိုသွေးချောင်းစီး
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရန်တပ်ဖွဲ့ ဥပဒေကိုလည်း ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းပြီး အငြိမ်းစားစစ်သားများကို စစ်မြေပြင်သို့ ပို့ခွင့်ပြုသည်။
လွန်ခဲ့သောလ တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) က သူ၏မိန့်ခွန်းတွင် ထုံးစံအကြောင်းပြချက်ကိုပင် ဆုပ်ကိုင်ပြီး ထိုဥပဒေနှစ်ခုကို အကောင်အထည်ဖော်ခြင်းသည် စစ်တပ်ကို ပိုမိုအင်အားတောင့်တင်းစေမည်ဟု ပြောသည်။
“နိုင်ငံတော် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို ဆက်လက် အကောင်အထည်ဖော်မယ်” ဟု ပြောသောကြောင့် ယခုနောက်ဆုံး အလုံးအရင်းဖြင့် နိုင်ငံစွန့်ခွာခြင်းကို ဖြစ်စေကြောင်း ထင်ရှားသည်။
ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဘက်သို့ ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ယခု အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် သွေးချောင်းစီးမည်ကိုသာ မြင်ရကြောင်း၊ ပြည်သူများကို တဦးနှင့်တဦး သတ်ဖြတ်ခိုင်းခြင်းသာဖြစ်ကြောင်း ပြောသည်။
ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဘက်သို့ ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ယခု အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် သွေးချောင်းစီးမည်ကိုသာ မြင်ရကြောင်း၊ ပြည်သူများကို တဦးနှင့်တဦး သတ်ဖြတ်ခိုင်းခြင်းသာဖြစ်ကြောင်း ပြောသည်။
“စစ်ကောင်စီက ပြည်သူတွေ တယောက်နဲ့တယောက် သတ်ဖြတ်ခိုင်းနေတယ်။ အရပ်သားတွေကို အကြမ်းဖက် စစ်ဆင်တဲ့အခါ အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေကို အသုံးပြုလိမ့်မယ်။ စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေကို တိုက်ဖို့ သူတို့ကို သုံးလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံကို မစွန့်ခွာလိုဘဲ စွန့်ခွာလာရသူများ
မြန်မာမှ ယခုနောက်ဆုံး အလုံးအရင်းဖြင့် ထွက်ပြေးသူများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က စစ်အာဏာသိမ်းသော်လည်း နိုင်ငံတွင်း ဆက်လက် နေထိုင်နေသည့် လူငယ်များ ပါဝင်သည်။ ၎င်းတို့သည် မည်သည့် အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်ဖြင့်မဆို ဖမ်းဆီးခံရနိုင်သည်။ သို့သော်လည်း ၎င်းတို့သည် နိုင်ငံအတွင်း ဆက်လက် နေထိုင်ခဲ့ကြသည်။
စစ်အာဏာရှင် စနစ်အောက်တွင် ၎င်းတို့သည် လွတ်လပ်မှု၊ ပညာရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်များ ဆုံးရှုံးကြသည်။ ဒီမိုကရေစီအစိုးရ ခဏတာ လမ်းပွင့်လာပြီးနောက် ၎င်းတို့သည် အနာဂတ်အတွက် အိမ်မက်များရှိလာသည့် ပထမဆုံး မျိုးဆက်လည်း ဖြစ်သည်။ ထိုအိပ်မက်များကိုလည်း ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။
မန္တလေးမှ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ သူရက မည်သည့်အတွက် မြန်မာမှ ထွက်ခွာလာသည်ကို ရှင်းပြသည်။ “ကျနော် မသေချင်ဘူး” ဟု ၎င်းက ပြောသည်။
သူ၏ ဒုတိယအကြောင်းပြချက်မှာ အတင်းအကျပ် စစ်သားစုဆောင်ခြင်းကို ဆန့်ကျင်ပါက စစ်ကောင်စီကပေးမည့်ဒုက္ခ ဖြစ်သည်။
ဒေါက်တာ သူရသည် အသက် ၃၅ နှစ် ရှိပြီဖြစ်သော်လည်း ဆရာဝန်ဖြစ်သောကြောင့် ယခုကဲ့သို့သော အရေးပေါ် အခြေအနေတွင် အသက် ၄၅ နှစ် မပြည့်မီ ငါးနှစ်အထိ စစ်မှုထမ်းရနိုင်သည်။
ဒေါက်တာ သူရသည် မန္တလေးတွင် ဆေးခန်းဖွင့်ခဲ့သူ ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်မှု ဆုံးရှုံးခြင်းကို မလိုလားသော်လည်း ဆက်လက်ရှင်သန်ရန် ရုန်းကန်နိုင်ခဲ့သည်။
ထို့နောက် သူသည် အတင်းအကျပ် စစ်သားစုဆောင်းခံရနိုင်သူ စာရင်းတွင် ပါဝင်နေကြောင်း သိလိုက်ရသည်။ သူသည် စစ်ကောင်စီ စစ်သားအဖြစ် မသေလိုပေ။ ထို့ကြောင့် မတ်လအစောပိုင်းတွင် ထိုင်းသို့ အလျင်အမြန် ထွက်ပြေးလာကြောင်း ရှင်းပြသည်။
လက်ရှိအချိန်ထိ အခြေအနေသည် လွယ်ကူခြင်း မရှိသေးပေ။ “ကျနော် ထွက်ပြေး လွတ်မြောက်လာပြီ။ ဒါပေမယ့် ဒီမှာ ဘာလုပ်ရမလဲ မသိသေးဘူး” ဟု ၎င်းကပြောသည်။ သူသည် ဆရာဝန်တဦး ဖြစ်သော်လည်း ယခုအခါ ဝင်ငွေထွက်ငွေ မျှတစေရန် အလုပ်အကိုင် ရှာဖွေနေရသည်။
အဝေးရောက်များသည် စစ်ကောင်စီကို အယုံအကြည် မရှိကြပေ။ နှစ်စဉ်ကျင်းပသည့် သင်္ကြန်ပွဲတော်အပြီး ဧပြီလ အလယ်တွင် ပထမဆုံးအသုတ် စစ်သား စုဆောင်းခံရသူများကို ဆင့်ခေါ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ရန်ကုန်၊ မန္တလေးနှင့် မကွေး၌ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို လွန်ခဲ့သောလကပင် စတင်ပြုလုပ်သည်။
နှစ်စဉ်ကျင်းပသည့် သင်္ကြန်ပွဲတော်အတွင်း အတင်းအကျပ် စစ်သားစုဆောင်းမည့်သူများ ထွက်ပြေးမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ရှေ့တန်းမှတပ်များကို အင်အားဖြည့်တင်းရန် လွန်စွာလိုအပ်နေကြောင်း လေ့လာသူများက ရှင်းပြသည်။
နှစ်စဉ်ကျင်းပသည့် သင်္ကြန်ပွဲတော်အတွင်း အတင်းအကျပ် စစ်သားစုဆောင်းမည့်သူများ ထွက်ပြေးမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ရှေ့တန်းမှတပ်များကို အင်အားဖြည့်တင်းရန် လွန်စွာလိုအပ်နေကြောင်း လေ့လာသူများက ရှင်းပြသည်။
ယုံကြည်ရန် မဖြစ်နိုင်
စစ်ကောင်စီကို ယုံကြည်၍မရကြောင်း အသက် ၂၄ နှစ်အရွယ် မယုယက ပြောသည်။ ကြေညာချက်များအရ သူသည် လတ်တလော အန္တရာယ်မရှိသေးပေ။ ပထမဆုံး အတင်းအကျပ် စစ်သားစုဆောင်းခံရသူများတွင် အမျိုးသမီးများ ပါဝင်မည် မဟုတ်ကြောင်း စစ်ကောင်စီက ပြောသည်။
စစ်ကောင်စီပြောသော စကားများကို မယုယက မယုံကြည်ကြောင်း၊ သူ့ကို ရုတ်တရက် အတင်းအကျပ် စစ်သား စုဆောင်းမည်ကို စိုးရိမ်ကြောင်းနှင့် ထိုသို့စုဆောင်းခံရပါက လူသားဒိုင်း ဖြစ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ထိုဆုံးဖြတ်ချက်သည် သေရေးရှင်ရေး ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်မည်ဟု ကြေညာပြီး မကြာမီ အမေရိကန် ပြည်ထောင်စုတွင် ကျောင်းသားဗီဇာ လျှောက်ထားရန် ရန်ကုန်မှ ဗီယက်နမ်သို့ ထွက်လာခဲ့သည်။
ယခင်က သူသည် ရွေးချယ်စရာနှစ်ခုကြား တွေဝေနေခဲ့သည်။ စီးပွားရေးလုပ်ငန်းစတင်မည် သို့မဟုတ် ပညာ ဆက်လက် သင်ယူမည်ကိုသာ ရွေးချယ်ရန်ရှိသည်။ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် သူ့တွင် ရွေးချယ်စရာ တခုသာရှိတော့ကြောင်း ၎င်းက ပြောသည်။
“စစ်တပ်နဲ့ ပတ်သက်တဲ့လူတွေကို စကားတခွန်းတောင်မှ မပြောချင်ဘူး။ ကျမ သူတို့ကို ရွံမုန်းတယ်” ဟု ဆိုသည်။
သူသည် နိုင်ငံမှ မထွက်ခွာလိုကြောင်း၊ သူ၏မိဘများက သူနှင့်သူ၏ မွေးချင်းများကို ထိုင်းသို့ အတင်း ထွက်သွားခိုင်းကြောင်း ကိုခိုင်က ပြောသည်။
ယခုအခါ သူသည် ညီနှင့်ညီမကို စောင့်ရှောက်မည်ဟု ဆုံးဖြတ်ထားသည်။
“ကျနော်တို့ ဒီမှာ ဘဝသစ် စတင်ရမယ်။ ရွေးစရာမရှိဘူး” ဟု သားအကြီးဆုံးဖြစ်သူ ကိုခိုင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Brian Wei ၏ Reluctant Exiles: Another ‘Life or Death’ Exodus From Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
ရန်ကုန်နှင့်မြို့ ကြီးများ၌ စစ်မှုထမ်းရန် စာရင်းကောက် မဲနှိုက်မှု စတင်
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း
ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)