ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်က ဓာတုဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
တပ်မ (၅၅)၊ တပ်မ (၄၄) တို့ အပါအဝင် မြေပြင်၊ ဝေဟင် စစ်ဆင်ရေး ပြုလုပ်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ ဧပြီလ ၁၈၊ ၁၉၊ ၂၀ ရက်နေ့တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အခုလိုကြုံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့ အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ဓါတုဗုံးကို အသုံးပြုခဲ့တဲ့အတွက် ရဲဘော်တရာနီးပါးဆေးကုသမှုခံနေရပြိး တဦးသေဆုံးသွားတယ်လို့ကျားဖြူစစ်ကြောင်းကအတည်ပြုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR