• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
in သူ့အတွေး သူ့အမြင်
A A
စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်က မြင်ရစဉ်/AFP

43.1k
VIEWS
Share on FacebookShare on Twitter

ယခုရက်ပိုင်းမှာ အထူးရေပန်းစားနေတဲ့ သတင်းကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညာလက်ရုံးအဖြစ် လူသိများပြီး လက်ရှိစစ်တပ်ရဲ့ အင်္ဂါစဉ် နံပါတ် ၆ မှာ ရှိနေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တယောက် အဂတိမှုနဲ့ နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ကျောင်းဆင်း ဖြစ်တဲ့ မိုးမြင့်ထွန်းဟာ အသက် ၄၉ နှစ်အရွယ် ၂၀၁၇ ခုနှစ်က စတင်ပြီး ဒု ဗိုလ်ချုပ်ကြီးရာထူး စတင်ရရှိခဲ့သလို စစ်ခေါင်းဆောင်ရဲ့ တပ်ချုပ်သက်တမ်း ဒုတိယ ၅ နှစ်တလျှောက် အရှင်မွေးလို့ နေ့ချင်းကြီး ဆိုသလို ရာထူးအတက် မြန်ခဲ့သူလည်း ဖြစ်ပါတယ်။

RelatedPosts

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.1k
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
430
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
807

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်စဉ်အတွင်း သမ္မတအိမ်တော် ဝင်ရောက်စီးနင်းမှုကို ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်အဖြစ် နာမည်ကျော်ကြားတဲ့ ဒု ဗိုလ်ချုပ်ကြီးဟာ အာဏာသိမ်းမှုဖြစ်စဉ် အပြီးမှာတော့ အထူးမြှောက်စားခံခဲ့ရပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုပါ ရရှိလာခဲ့ပါတယ်။

အခုအခါမှာတော့ မိုးမြင့်ထွန်းတယောက် အဆိုပါရာထူးတွေက အနားပေးခံခဲ့ရပြီး အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရကာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုတော့ ယခုလက်ရှိ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တာဝန်လွှဲပြောင်းရယူလိုက်ပါတယ်။ အခုလို အရေးယူမှု၊ တာဝန်လွှဲပြောင်း ပေးအပ်မှုတွေနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီအတွင်း အာဏာအားပြိုင်မှုနဲ့ နိုင်ငံရေးကစားပွဲအပေါ် ခန့်မှန်းသုံးသပ်စရာတွေလည်း ရှိလာပါတယ်။

အခုလို အရေးယူမှု၊ တာဝန်လွှဲပြောင်း ပေးအပ်မှုတွေနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီအတွင်း အာဏာအားပြိုင်မှုနဲ့ နိုင်ငံရေးကစားပွဲအပေါ် ခန့်မှန်းသုံးသပ်စရာတွေ ရှိလာပါတယ်။

ပထမဆုံးအနေနဲ့ တွေးတောစရာ ဖြစ်တန်ချေက အခုလို အဂတိမှုနဲ့ အရေးယူခြင်းဟာ စစ်ခေါင်းဆောင်တယောက် သူ့ရဲ့ အာဏာကို စုစည်းမှုလားဆိုတဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ပြန်ကြည့်ရင် အာဏာရှင်ခေါင်းဆောင်တချို့ဟာ သူတို့ရဲ့ အာဏာကိုစုစည်းဖို့ ယခုလို ဖြုတ်ထုတ်ရှင်း ကိစ္စတွေကို ဆောင်ရွက်လေ့ရှိကြပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား ကစထ (၂) မှူး အဖြစ် တာဝန်ထမ်းချိန် နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ချိတ်ဆွဲထားသော / ဧရာဝတီ

အနီးဆုံး ဥပမာအနေနဲ့ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာလည်း ဗိုလ်နေဝင်းရဲ့ သစ္စာခံဗိုလ်ချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်တို့လို ပုဂ္ဂိုလ်တွေကို အဂတိမှုနဲ့ အရာချပြီး သူ့ရဲ့တပ်တွင်းအာဏာ ကျစ်လျစ်ခိုင်မာရေးကို လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိဖြစ်စဉ်မှာ အရေးယူခံရသူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင်ကို ပုခုံးချင်းယှဉ်မယ့်သူ မဟုတ်ဘဲ ညာလက်ရုံးသဖွယ် အားကိုးအားထားပြုရသူမို့ ယခု ဖြစ်စဉ်ကို အာဏာစုစည်းမှု၊ ဖြုတ်ထုတ်ရှင်းကိစ္စအဖြစ် ရှုမြင်ဖို့ ခက်ပါတယ်။

နောက်ထပ် သုံးသပ်နိုင်တာ တခုက အခုလို အဂတိမှုနဲ့ အရေးယူတာတွေဟာ စစ်ခေါင်းဆောင်အနေနဲ့ အဂတိလိုက်စားမှုကို ဆန့်ကျင်သူအဖြစ် ပုံရိပ် တည်ဆောက်လာမှုလား ဆိုတာပဲ ဖြစ်ပါတယ်။ ယခုကာလမှာ သူ့ရဲ့လူယုံ မိုးမြင့်ထွန်းကို ဖမ်းဆီးအရေးယူသလို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း သူ့ရဲ့လူရင်းလို့ သတ်မှတ်ကြတဲ့ လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်ကို အရာချခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒါတွေဟာ စစ်ခေါင်းဆောင်အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရလို အဂတိတိုက်ဖျက်ရေးကို နိုင်ငံရေးလက်နက်အနေနဲ့ အသုံးချနေတယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ရှီကျင့်ဖျင် အစိုးရရဲ့ အသုံးချပုံနဲ့ စစ်ကောင်စီတွင်းက အဂတိအရေးယူမှုတွေ မတူညီတာက တရုတ်ကွန်မြူနစ်ပါတီတွင်း အဂတိ အရေးယူမှုတွေဟာ သမ္မတ ရှီရဲ့ နိုင်ငံရေးအာဏာကို ယှဉ်ပြိုင်လာနိုင်သူတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီထိပ်ပိုင်းက အဂတိအရေးယူခံရမှုတွေမှာတော့ စစ်ခေါင်းဆောင်ရဲ့ အနီးဆုံးလူယုံတွေ ပါဝင်နေတာမို့ ဆန်ရင်းနာနာဖွပ် ပြချင်တဲ့ သဘောလား ဆိုတာလည်း စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အရေးယူခံရချိန်မှာ သူတာဝန်ယူခဲ့တဲ့ အဓိက စီးပွားရေးကော်မရှင် သုံးခုကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်ယူမယ့် ကိစ္စနဲ့ပတ်သက်ပြီးလည်း စစ်ကောင်စီအတွင်း နိုင်ငံရေးအားပြိုင်မှုတွေ ရှိလာတာလား

အခုလို ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အရေးယူခံရချိန်မှာ သူတာဝန်ယူခဲ့တဲ့ အဓိက စီးပွားရေးကော်မရှင် သုံးခုကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်ယူမယ့် ကိစ္စနဲ့ပတ်သက်ပြီးလည်း စစ်ကောင်စီအတွင်း နိုင်ငံရေးအားပြိုင်မှုတွေ ရှိလာတာလား ဆိုတဲ့ တွေးတောစရာတွေ ရလာပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အတူ တွေ့ရသော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ တချိန်က စစ်တပ်ရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ယူခဲ့ရပြီး စစ်တပ်ရဲ့ နံပါတ် ၃ အဖြစ် ရှိခဲ့သူဖြစ်ပါတယ်။ စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်တို့ ပြီးတဲ့နောက် တပ်ချုပ်ရာထူး ဆက်ခံမယ့်သူ၊ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျာထားခဲ့သူအဖြစ် အခြေသတင်းကြီးတဲ့ ဗိုလ်ချူပ်ကြီး မြထွန်းဦးဟာ စစ်အာဏာသိမ်းမှု ဖြစ်စဉ်မှာတော့ ညှိ/ကွပ် ရာထူးကနေ ဖယ်ရှားခံရပြီး ကာကွယ်ရေးဝန်ကြီး ရာထူးသာ ပေးအပ်ခံခဲ့ရပါတယ်။

ဒါဟာ ယခင် စစ်ခေါင်းဆောင်ဟောင်း လက်ထက်က စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ခင်ညွန့်ကို ဝန်ကြီးချုပ် ရာထူးပေးပြီး တပ်နဲ့ဝေးရာ ပို့ပစ်တဲ့ဖြစ်စဉ်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တလကျော်အတွင်းမှာတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဒီလို ခန့်အပ်တာဟာ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး တက်ရောက်ခွင့် မရအောင် ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး

အာဏာသိမ်း ကာလတလျှောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ချောင်ထိုးခဲ့တာတွေနဲ့ ဆက်စပ်ပြီး လေ့လာတဲ့အခါမှာ စစ်ခေါင်းဆောင်ရဲ့ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းတလျှောက် အာဏာ တည်ဆောက်ခဲ့ပုံကိုပါ လေ့လာရမှာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ရာထူး စတင်ဆက်ခံစဉ်က ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဗိုလ်ချုပ်ကြီး လှဌေးဝင်း စတဲ့ ယခင်စစ်အုပ်စု ခေါင်းဆောင်များရဲ့ လက်သပ်မွေးတပည့် ဗိုလ်ချုပ်ကြီးများနဲ့ ဝန်းရံထားခဲ့ပြီး ကာလရှည်ကြာလာတာနဲ့အမျှ အဆိုပါ စစ်ခေါင်းဆောင်တွေရဲ့ နေရာမှာ သူ့သစ္စာကိုခံတဲ့ သူ့ရဲ့ စစ်တက္ကသိုလ်ဂျူနီယာ စစ်ဗိုလ်ချုပ်များ (ဥပမာ – ဒု ဗိုလ်ချုပ်ကြီး ညိုစော) ကို နေရာပေးလာခဲ့ပြီး သူ့ရဲ့ တပ်တွင်းဩဇာကို တည်ဆောက်ခဲ့ပါတယ်။

မကြာသေးမီ နှစ်ကာလတွေ အတွင်းမှာတော့ စစ်တပ်ရဲ့ထိပ်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရာထူးတွေမှာ သူ့ထက် အသက်အရွယ်၊ အပတ်စဉ်များစွာငယ်တဲ့၊ သူ့ကိုသစ္စာခံမယ့် ငယ်ရွယ်တဲ့အရာရှိကြီးတွေကို နေရာပေးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။

မကြာသေးမီ နှစ်ကာလတွေ အတွင်းမှာတော့ စစ်တပ်ရဲ့ထိပ်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရာထူးတွေမှာ သူ့ထက် အသက်အရွယ်၊ အပတ်စဉ်များစွာငယ်တဲ့၊ သူ့ကိုသစ္စာခံမယ့် ငယ်ရွယ်တဲ့အရာရှိကြီးတွေကို နေရာပေးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအထဲမှာ ထင်ရှားတာက ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စစ်ထောက်ချူပ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့ပဲ ဖြစ်ပါတယ်။ ဒီလို ခန့်အပ်မှုတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ထိပ်ပိုင်းအတွင်း ယခင် စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ သြဇာတိက္ကမကို လျှော့ချပြီး သူ့လက်သူ့ခြေ အာဏာတရပ် တည်ဆောက်တာလို့ ရှုမြင်နားလည်နိုင်ပါတယ်။

ဦးသန်းရွှေ အငြိမ်းစားမယူမီမင်းအောင်လှိုင်၊ သူရရွှေမန်းတို့နှင့်အတူ

ဒါ့အပြင် စစ်ရေးအရ အရေးပါတဲ့ စစ်တိုင်းမှူး ခန့်အပ်မှုတွေမှာလည်း သူ့ရဲ့ တပ်ချုပ် ဒုတိယသက်တမ်းအတွင်း သူ့စိတ်ကြိုက် ယုံကြည်ရမယ့် စစ်တိုင်းမှူးတွေကိုသာ ရွေးချယ်ခန့်အပ်ခဲ့တာက စစ်တပ်အတွင်း အာဏာချုပ်ကိုင်မှု ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲ ဆိုတာကိုပါ မီးမောင်းထိုးပြနေပါတယ်။

ဒီနေရာမှာလည်း ယခင် နအဖ စစ်အုပ်စုနဲ့ မတူညီတာက စစ်တိုင်းမှူး ခန့်အပ်မှုတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးကြား အာဏာခွဲဝေမှု အတိုင်းအတာတခုအထိ ရှိခဲ့ပြီး ဒီလိုရှိခဲ့တဲ့ အတွက်ကြောင့်ပဲ ဦးသန်းရွှေလူ၊ ဦးမောင်အေးလူ စတဲ့ ကင်ပွန်းတပ်မှုတွေ တပ်တွင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။

အရာကျနေတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး အနေနဲ့ စီးပွားရေးကော်မရှင်တွေကို ပြန်လည် ဦးစီးတာက စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲလို့ သုံးသပ်နိုင်ပါတယ်။

ဒါကြောင့်လည်း လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ရာထူးခန့်အပ်မှုတွေဟာ သူဘယ်လောက်အထိ အာဏာချုပ်ကိုင်ထားနိုင်ခဲ့ပြီး တခြား ထိပ်သီးစစ်ခေါင်းဆောင်တွေ အာဏာလက်မဲ့ ဖြစ်နေလဲ ဆိုတာကို ပြသနေပါတယ်။

ဒီလိုအခြေနေမျိုးမှာ အရာကျနေတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး အနေနဲ့ စီးပွားရေးကော်မရှင်တွေကို ပြန်လည် ဦးစီးတာက စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲလို့ သုံးသပ်နိုင်ပါတယ်။

ဒီလို သုံးသပ်မှုကို ပိုမိုခိုင်မာစေတာက လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဗိုလ်ချုပ်ကြီး မြထွန်းဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူရပေမယ့် အဆိုပါကော်မရှင်မှာ စစ်ခေါင်းဆောင်ရဲ့ လူယုံလို့ ဆိုနိုင်တဲ့ စစ်ခေါင်းဆောင်ရဲ့ အထူးအကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောက အဖွဲ့ဝင်အဖြစ် ပါဝင်နေတာကလည်း အချင်းချင်း စောင့်ကြည့် အကဲခတ်ဖို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အခုလို အာဏာချိန်ခွင်လျှာညှိမှု ကိစ္စတွေဟာ ယခင်က အရိုက်အရာအတွက် လျာထားခံ စစ်ဗိုလ်ချုပ်ကြီးများနဲ့ စစ်ခေါင်းဆောင်ရဲ့ လက်ရင်းတပည့်တွေကြား ပွတ်တိုက်အားပြိုင်မှုအဖြစ် ယူဆနိုင်ရင်တောင် ဒါဟာ တချိန်က နဝတ၊ နအဖ စစ်အုပ်စု အတွင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ (ကကလှမ်း) တို့အကြား ပွတ်တိုက်မှုလို တပ် အင်စတီကျူးရှင်းအလိုက် အားပြိုင်မှုအဖြစ် မြင်တွေ့ရဖို့မရှိဘဲ တပ်ခေါင်းဆောင်တွေအကြား ပုဂ္ဂလိက အားပြိုင်မှုတွေသာ ဖြစ်လို့ တပ်တွင်းထိပ်ပိုင်း အက်ကြောင်းရှိခဲ့ရင်လည်း တပ်တွင်းပြိုကွဲမှုအခြေအနေထိ ဦးတည်ဖို့တော့ မမြင်မိပါဘူး။

You may also like these stories:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအလှည့်ပြီးရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လား

မင်းအောင်လှိုင်ကိုသာ ဖြုတ်လဲပါ

စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ

အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဘုရားလို ကိုးကွယ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

Your Thoughts …
Tags: Sliderကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်နဝတနအဖမိုးမြင့်ထွန်းမောင်အေးမြထွန်းဦးရင်းနှီးမြှုပ်နှံမှုကော်မရှင်သန်းရွှေအဂတိလိုက်စားမှုအာဏာအားပြိုင်မှု
အုန်းညို

အုန်းညို

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate