အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား အားပြိုင်မှု ပြင်းထန်လာသောအခါ အရှေ့တောင်အာရှ နိုင်ငံများသည် ကြီးထွားလာနေသည့် အာဏာယှဉ်ပြိုင်မှုမှ ဖောက်ထွက်ရန် လိုအပ်လာသည်။ ထိုစိန်ခေါ်မှုသည် ခိုင်မာသော အုပ်ချုပ်ရေးနှင့် တည်ငြိမ်မှုရှိသည့် နိုင်ငံများအတွက်ပင် ကြောက်မက်စရာကောင်းကြောင်း ပြသနေသည်။
အာဏာသိမ်း စစ်အုပ်စု၊ လူမှုပဋိပက္ခနှင့် ခုခံတော်လှန်ရေး အင်အားစုများ၏ လျော့တိလျော့လျဲ မဟာမိတ်ဖွဲ့စည်းမှုသည် လေးနှစ်အတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံ တော်လှန်ရေးအတွက် အမေရိကန်-တရုတ် အားပြိုင်မှုမှ ဖောက်ထွက်ရန် တစုတစည်းတည်း မဖြစ်နိုင်သည့်သဘော ဆောင်နေသည်။
မြန်မာ၏ ပြည်တွင်းမတည်ငြိမ်မှုသည် အမေရိကန်-တရုတ် အားပြိုင်မှု၏ ပိုမိုကျယ်ပြန့်သော အခင်းအကျင်းတွင် မြန်မာ၏ အခန်းကဏ္ဍကို လေ့လာရန် မည်သည့်အတွက် အရေးကြီးကြောင်း ပြသနေသည်။
သို့သော် မြန်မာ၏ ပြည်တွင်းမတည်ငြိမ်မှုသည် အမေရိကန်-တရုတ် အားပြိုင်မှု၏ ပိုမိုကျယ်ပြန့်သော အခင်းအကျင်းတွင် မြန်မာ၏ အခန်းကဏ္ဍကို လေ့လာရန် မည်သည့်အတွက် အရေးကြီးကြောင်း ပြသနေသည်။
ထိုသို့ ထိလွယ်ရှလွယ်သည့် အခြေအနေတွင် မြန်မာသည် တရုတ်ကဲ့သို့သော အိမ်နီးချင်း၏ ကြီးမားသော သြဇာကို မတွန်းလှန်နိုင်ပေ။ ၎င်း၏ စီးပွားရေး အကျိုးစီးပွားများနှင့် အိန္ဒိယ သမုဒ္ဒရာ အသုံးပြုခွင့်ကို အကာအကွယ်ပေးလျှင် စစ်ကောင်စီကို ဖြစ်စေ၊ မကြာသေးမီကဆိုလျှင် နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖြစ်စေ မည်သူကိုမဆို ထောက်ခံရန် စိတ်အားထက်သန်ကြောင်း တရုတ်က ပြသနေသည်။
တရုတ်သည် မြန်မာနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်လျှင် အကျိုးရှိသည်ဟု မြင်ပါက မြန်မာသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားထက် တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများအတွက် ပေးဆပ်ရမည် ဖြစ်သည်။ တည်ငြိမ်သော ဒီမိုကရက်တစ် အနာဂတ် အမြစ်တွယ်စေရန် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့က မြန်မာ့လက်ရှိ ပဋိပက္ခကို မည်သို့ မြင်ကြသည်နှင့် တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် အရပ်သား အုပ်ချုပ်ရေး ပြန်လည် ပေါ်ပေါက်ရန် လုပ်ဆောင်စဉ် ထိုအခြေအနေကို ၎င်းတို့အကျိုးအတွက် မည်သို့ အသုံးချနိုင်သည်ကို နားလည်ရန် အရေးကြီးသည်။
မြန်မာရှိ တရုတ်နှင့် အမေရိကန် အကျိုးစီးပွားများ
လက်ရှိအချိန်တွင် တရုတ်နှင့် အမေရိကန်တို့သည် မြန်မာနှင့် ပတ်သက်လျှင် ဦးစားပေးသည့် အရာများ အကြီးအကျယ် ကွဲပြားနေသည်။ တရုတ်သည် မြန်မာတွင် ကြီးမားသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ရှိသည်။ ထိုစီးပွားရေး ရင်းနှီးမြှုပ်နှံမှု နယ်ပယ်သည် ကြီးမားလွန်းသောကြောင့် မြန်မာသည် တရုတ်ပြည်နယ် တခုသဖွယ် သို့မဟုတ် တရုတ် ထိန်းချုပ်ခံ နိုင်ငံငယ်တခု ဖြစ်လာမည့် အန္တရာယ်ရှိသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှု အများအပြားသည် အိန္ဒိယ သမုဒ္ဒရာကို အတားအဆီးမဲ့ အသုံးပြုနိုင်သည့် နေရာတခုအဖြစ် မြန်မာ၏ ပထဝီ သေနင်္ဂဗျူဟာ အရေးပါမှုမှ လာသည်။ တရုတ်သည် ဒေသတွင်းတွင် ၎င်း၏သြဇာ အသိုက်အဝန်း တိုးချဲ့ရေးအတွက် ထိုရင်းနှီးမြှုပ်နှံမှုများ အတိုင်းအတာနှင့် တည်နေရာကို အသုံးချရန် မျှော်မှန်းပြီး တရုတ်အတွက် သေနင်္ဂဗျူဟာ အသာရစေမည့်ကိစ္စ ဖြစ်သည်။
နယ်စပ်ဒေသများမှ သဘာဝ သယံဇာတများကို အသုံးပြုခွင့်ပေးခြင်းနှင့် ၎င်း၏ သေနင်္ဂဗျူဟာ စီးပွားရေး အကျိုးစီးပွား ရှေ့တန်းတင်ရေးအတွက် အပြန်အလှန်အနေဖြင့် တရုတ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၎င်း၏ ဗီတိုအသုံးပြုခွင့်ကို သုံးပြီး မြန်မာ စစ်အုပ်စုအဆက်ဆက်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် အရေးယူပိတ်ဆို့မှုများမှ အကာအကွယ်ပေးသည်။
တရုတ်၏ ချဉ်းကပ်ပုံ နည်းလမ်းနှင့် မတူဘဲ အမေရိကန်အစိုးရသည် ဒီမိုကရေစီအင်အားစုများကို ထောက်ခံမှုပေးပြီး မြန်မာမှ စစ်အုပ်စုအမျိုးမျိုးကို အရေးယူပိတ်ဆို့မှုများ ချမှတ်သည့် ရှည်လျားသောသမိုင်းကြောင်း ရှိသည်။
တရုတ်၏ ချဉ်းကပ်ပုံ နည်းလမ်းနှင့် မတူဘဲ အမေရိကန်အစိုးရသည် ဒီမိုကရေစီအင်အားစုများကို ထောက်ခံမှုပေးပြီး မြန်မာမှ စစ်အုပ်စုအမျိုးမျိုးကို အရေးယူပိတ်ဆို့မှုများ ချမှတ်သည့် ရှည်လျားသောသမိုင်းကြောင်း ရှိသည်။
၂၀၁၁ ခုနှစ်က အရပ်သားအစိုးရအတုအောက်တွင် မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ အမေရိကန် ပြည်ထောင်စုသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကြိုဆိုသည်။ ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရလာပြီးနောက် အမေရိကန် ပြည်ထောင်စုသည့် ဆယ်စုနှစ် နှစ်ခုကျော် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးသည်။ အမေရိကန် အစိုးရသည် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နယ်ပယ်များတွင်လည်း ဒီမိုကရေစီအင်အားစုများကို ထောက်ပံ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များအတွက် မြန်မာတွင် ကြီးထွားနေသည့် တရုတ်သြဇာသည် အဓိက စိုးရိမ်မှုတခု ဖြစ်သည်။
အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် မြန်မာ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီ ဒီမိုကရေစီကာလအတွင်း NLD အစိုးရသည် တရုတ်၏ သြဇာ၊ မြန်မာ၏ တရုတ်အပေါ် မှီခိုမှုနေရမှုနှင့် ပတ်သက်၍ အကျိုးစီးပွားများကို တခုနှင့် တခု ထိန်းကြောင်းရေးအတွက် အခြားနိုင်ငံများအား ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်းဖြင့် ချိန်ညှိရန်ကြိုးစားသည်။
ထို့ပြင် NLD အစိုးရသည် မြန်မာ့ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဖွံ့ဖြိုးတိုးတက်ရေး စံနှုန်းများဖြင့် အရည်အသွေး အကဲဖြတ်ရန် မူဘောင်တခု ချမှတ်ရေးလည်း ကြိုးစားသည်။
NLD အစိုးရခေတ်အတွင်း တရုတ်သည် မြန်မာမှ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများကို တွန်းအားပေးနေဆဲ ဖြစ်သော်လည်း လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ထိခိုက်ခံရသည့် လူမှုအသိုက်အဝန်းများသည် တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကြောင့် ဖြစ်လာသည့် ဆိုးကျိုးများကို ထုတ်ဖော်ပြောဆိုနိုင်ကြသည်။
သို့သော် အာဏာသိမ်းပြီးနောက် မြန်မာသည် ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်တခုမှ လုံးဝ နောက်ကြောင်းပြန်လှည့်ပြီး စီးပွားရေးကျဆင်းမှု၊ ရာဇဝတ်မှုများပြားမှုနှင့် လုံခြုံရေး စိုးရိမ်ပူပန်မှုများကြောင့် နိုင်ငံကို ကျဆုံးနိုင်ငံအဆင့်သို့ ရောက်သွားစေသည်။
စစ်ကောင်စီအောက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပေါများပြီး နိုင်ငံတော်က လုပ်ဆောင်သည့် အကြမ်းဖက်မှုသည် ယခင်မကြုံတွေ့ဖူးသော နိုင်ငံအလယ်ပိုင်း အညာဒေသအထိ ရောက်လာသည်။ တချိန်တည်းတွင် အတိုက်အခံ အင်အားစုများသည် နိုင်ငံအစိတ်အပိုင်း အများအပြားတွင် စစ်ကောင်စီကို တိုက်ခိုက်မှု တိုးလာပြီး မကြာသေးမီ လများအတွင်း စစ်ကောင်စီသည် တပ်ပျက်သော ဆုံးရှုံးမှုများ ခံစားလာရသည်။
ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းပြီး ကောင်းမွန်သော အုပ်ချုပ်ရေးသို့ ပြန်မသွားပါက မြန်မာသည် အင်အားကြီးမားသော ပြည်ပသြဇာကို ခုခံနိုင်မည့် အခြေအနေမရှိပေ။
ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းပြီး ကောင်းမွန်သော အုပ်ချုပ်ရေးသို့ ပြန်မသွားပါက မြန်မာသည် အင်အားကြီးမားသော ပြည်ပသြဇာကို ခုခံနိုင်မည့် အခြေအနေမရှိပေ။ သို့သော် စစ်ကောင်စီ အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေး ထူထောင်မည့် အလံတော်အောက်တွင် အမျိုးမျိုးသော တော်လှန်ရေး အင်အားစုများ ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ပါက တည်ငြိမ်မှု ပြန်လည်ထူထောင်ရန် ဖြစ်နိုင်သလို အမေရိကန်-တရုတ် အားပြိုင်မှုကို မြန်မာ့အကျိုးအတွက်ပင် အသုံးချနိုင်မည်ဖြစ်သည်။
အာဏာသိမ်းမှုကို မည်သို့တုံ့ပြန်သနည်း
အာဏာသိမ်းသည့် အချိန်မှ စတင်ပြီး အမေရိကန်အစိုးရသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့သည့် စနစ်ကို ပြန်လည် စတင်ခဲ့ပြီး ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံမှု ပြသသည်။ မြန်မာအတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့သည် တရားဝင်အစိုးရ ဖြစ်သည်ဆိုသည့် အချက်ကို အသိအမှတ်ပြုရန် တောင်းဆိုသည်ကို အမေရိကန်အစိုးရက တရားဝင် အသိအမှတ် မပြုသေးသော်လည်း ၂၀၂၃ ခုနှစ်အစောပိုင်းက NUG သည် ဝါရှင်တန် ဒီစီတွင် ဆက်ဆံရေးရုံးကို တရားဝင်ဖွင့်လှစ်သည်။
အာဏာသိမ်းမှုအပြီးတွင် တရုတ်နိုင်ငံသည် သတိထားတုံ့ပြန်သည့် နည်းလမ်းကို ကျင့်သုံးပြီး သာမန်ပြည်သူများအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် တိုးမလာစေရန် စစ်ကောင်စီနှင့် ခပ်ကင်းကင်းနေသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်းတွင် စစ်ကောင်စီနှင့် သံတမန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို ပြန်လည်စတင်သည်။
စီးပွားရေး စာမျက်နှာတွင် တရုတ်နိုင်ငံသည် CMEC စီမံကိန်းကို ဆက်လက်တွန်းအားပေးပြီး ယခုအခါ စစ်ကောင်စီသည် အလားအလာရှိသော စီမံကိန်းဆိုးကျိုးများကို ကန့်ကွက်မည့် လူမှုအခြေပြု အဖွဲ့အစည်းများအတွက် နယ်ပယ်ကို ပိတ်ပင်ထားပြီးဖြစ်သည်။ သို့သော် စီစဉ်ထားသည့် CMEC စီမံကိန်းတလျှောက်တွင် တိုက်ပွဲများကြောင့် ထိုစီမံကိန်းများ အကောင်အထည်ဖော်ရေးသည် ဆက်လက် မရေမရာ ဖြစ်နေသည်။
ထိုတရားဝင် စီမံကိန်းများ အကောင်အထည်ဖော်မှု ရပ်ဆိုင်းနေသော်လည်း တရုတ်ဦးဆောင်သည့် တရားမဝင် စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်း (မြေရှားသတ္တုတူးဖော်ခြင်း) သည် တရုတ်-မြန်မာနယ်စပ်တွင် ပိုမိုများပြားလာပြီး ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်နှင့် အသက်မွေးဝမ်းကြောင်းများကို ထိခိုက်စေသည်။
သို့သော် ထိုအချက်သည် မြန်မာနှင့် ပတ်သက်သည့် တရုတ်၏ ချဉ်းကပ်မှု ပြောင်းလဲသွားသည့် တခုတည်းသော နည်းလမ်း မဟုတ်ပေ။ မြန်မာမှ မတည်ငြိမ်မှုများ တရုတ်သို့ ပျံ့နှံ့မလာရေးသည် အဓိကစိုးရိမ်မှု ဖြစ်လာသည်။ မြန်မာ-တရုတ်နယ်စပ်သည် ဝင်ထွက်လွယ်သောကြောင့် တရုတ်သည် နယ်စပ်ဒေသများတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်များ အပါအဝင် မြန်မာမှ ပိုမိုကျယ်ပြန့်များပြားသည့် အဖွဲ့များကို သြဇာသက်ရောက်ရန် လုပ်ဆောင်ရသည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ် ပါဝင်ပတ်သက်မှုသည် ရှုပ်ထွေးပြီး တရုတ်သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ထောက်ခံနေသောကြောင့် အငြင်းပွားဖွယ် ဖြစ်နေသည်။
ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ် ပါဝင်ပတ်သက်မှုသည် ရှုပ်ထွေးပြီး တရုတ်သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုပါ ထောက်ခံနေသောကြောင့် အငြင်းပွားဖွယ် ဖြစ်နေသည်။
ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန် ပြည်ထောင်စုက မြန်မာ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်နက် မဟုတ်သော အကူအညီပေးရန် ပြဋ္ဌာန်းချက်ပါဝင်သည့် Burma Act အား ၂၀၂၂ ခုနှစ်တွင် အတည်ပြုလိုက်ခြင်း၏ တုံ့ပြန်မှု တစိတ်တပိုင်းဖြစ်သည်။ ထိုအချက်ကြောင့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်များကို အမေရိကန် သြဇာလွှမ်းမိုးမှု အလားအလာနှင့် ပတ်သက်ပြီး တရုတ်တွင် စိုးရိမ်သောက ဖြစ်စေသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရုတ်က ထိတွေ့ဆက်ဆံရခြင်း၏ အခြားကြောင်းရင်းတခုမှာ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှ ထိန်းချုပ်မရတော့သည့် ဆိုက်ဘာ ငွေကြေးလိမ်လည်မှုများ ဖြစ်သည်။ ထိုငွေကြေးလိမ်လည်မှုဂိုဏ်းများတွင် တရုတ်လူဆိုးဂိုဏ်များ ပါဝင်ပတ်သက်သော်လည်း ၎င်းတို့သည် စစ်ကောင်စီ၏ မဟာမိတ် နယ်ခြားစောင့်တပ်များ၊ ပြည်သူစစ်များနှင့်သာမက စစ်ကောင်စီနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုဂိုဏ်းများသည် တရုတ်အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ဒေသများ တည်ငြိမ်ရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သည်ဟု တရုတ်က ယူဆသည်။ တရုတ်အရာရှိများနှင့် မြန်မာစစ်ကောင်စီအကြား အဆင့်မြင့် အစည်းအဝေး အများအပြား ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီသည် ထိုရာဇဝတ်လုပ်ငန်းများကို ဖြိုခွဲရန် ပျက်ကွက်ခဲ့သည်။
တရုတ်အတွက် နောက်ဆုံး သည်းမခံနိုင်တော့သည့် ကိစ္စသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီ မဟာမိတ် ကိုးကန့် နယ်ခြားစောင့်တပ်က စီမံအုပ်ချုပ်သည့် ဆိုက်ဘာရာဇဝတ်မှု ခြံဝင်းတွင် တရုတ်နိုင်ငံသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ၎င်း၏ သက်ရောက်မှုများ
ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး တပတ်အကြာ ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်များက ၁၀၂၇ စစ်ဆင်ရေးကို စတင်သောအခါ တရုတ်၏ ထောက်ခံမှု ရှိခဲ့ပုံရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ စစ်ဆင်ရေးသည် စစ်ကောင်စီကို နယ်စပ်မှ သုတ်သင်ရေးနှင့် အွန်လိုင်း ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးကိုပါ လုပ်ဆောင်သည်။
ထို့နောက် ရက်သတ္တပတ်များအတွင်း၊ လများအတွင်း စစ်ကောင်စီသည် လွန်စွာများပြားသည့် နယ်မြေများကို ဆုံးရှုံးပြီး တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများကို ခွန်အား၊ စိတ်ဓာတ်နှင့် အရှိန်အဟုန်ရစေသည်။
အတိုက်အခံများသည် တရုတ်၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများနှင့် စစ်ကောင်စီအပေါ် စိတ်မရှည်တော့ခြင်းကို အသုံးချရန် စိတ်အားထက်သန်ခြင်းနှင့် အသုံးချနိုင်စွမ်းရှိခြင်းကို တွေ့ရသည်။
အတိုက်အခံများသည် တရုတ်၏ လုံခြုံရေး စိုးရိမ်ပူပန်မှုများနှင့် စစ်ကောင်စီအပေါ် စိတ်မရှည်တော့ခြင်းကို အသုံးချရန် စိတ်အားထက်သန်ခြင်းနှင့် အသုံးချနိုင်စွမ်းရှိခြင်းကို တွေ့ရသည်။ ယင်းအချက်ကို စစ်မျက်နှာ အမျိုးမျိုးတွင် စစ်ကောင်စီအား ညှိနှိုင်းတိုက်ခိုက်နိုင်သည့် ခုခံတော်လှန်ရေး အင်အားစုများ၏ စွမ်းရည်က ပြသနေသည်။ တနည်းအားဖြင့် ဆိုရပါက ရာဇဝတ်ဂိုဏ်းများကို သုတ်သင်ရန် တရုတ်၏ဆန္ဒသည် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ အမြစ်ဖြတ်ရေး အစီအစဉ်ကို အားဖြည့်ပေးသည်ဟု ဆိုရမည်။
သို့သော် တရုတ်က ဆွေးနွေးပွဲများ ကြားဝင်ဆောင်ရွက်ပေးပြီးနောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များသည် အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်သည်။ ထိုဖြစ်ရပ်သည် စစ်ဖြစ်နေသော အဖွဲ့များ ထုတ်ပြန်ကြေညာထားသည့် ရည်မှန်းချက်များထက် မြောက်ပိုင်းဒေသများမှ တရုတ်အကျိုးစီးပွားများကို အကျိုးပြုရေး စစ်ဖြစ်နေသောအဖွဲ့များအပေါ် တရုတ်၏ သြဇာကျင့်သုံးနိုင်စွမ်းကို ပြသနေသည်။
ထို့နောက် ရက်ပိုင်းအတွင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လိုက်သဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များအပေါ် တရုတ်၏ လက်ရှိဖိအားနှင့် ထိန်းချုပ်မှု အကန့်အသတ်ကိုလည်း ဖော်ပြနေသည်။
ထိုသို့ သြဇာ အပြည့်အဝ မသက်ရောက်ခြင်းကြောင့် ဒေသတွင်းမှ တရုတ်စီးပွားရေး အကျိုးစီးပွားများ၊ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် CMEC စီမံကိန်းများ၏ အနာဂတ်ကို မရေမရာဖြစ်စေသည်။ သို့သော် ထိုကိစ္စသည် တရုတ်၏သြဇာ မည်မျှအထိ ခရီးပေါက်နိုင်သည်ဆိုသည်နှင့် ပတ်သက်သည့် မေးခွန်းကိုလည်း ဖြစ်စေသည်။ ဥပမာအားဖြင့် ဆိုရပါက တရုတ်သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ၏ ၁၀၂၇ စစ်ဆင်ရေး မူလရည်မှန်းချက်များအနက် တခုဖြစ်သည့် တော်လှန်ရေး အစီအစဉ်ကို ဖျက်သိမ်းအောင် ဖိအားပေးနိုင်ပါသလားဟု မေးရမည်။
မြန်မာ့တော်လှန်ရေး မည်သို့ ခရီးဆက်မည်နည်း
ထိုသို့သော အကန့်အသတ်များ ရှိစေကာမူ စစ်ကောင်စီနှင့် NUG နှစ်ဖက်လုံးသည် ၎င်းတို့၏ အသီးသီးသော ရည်မှန်းချက်များ အောင်မြင်ရေး တရုတ်သြဇာကို အသုံးပြုနေသောကြောင့် မြန်မာမှ တရုတ်သြဇာသည် ဆက်လက် ကြီးထွားနေဖွယ် ရှိသည်။
၁၀၂၇ စစ်ဆင်ရေး အပြီး တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကနဦးတွင် လှုံ့ဆော်ခဲ့ပြီး ဒီမိုကရေစီ အင်အားစုများကို အမေရိကန် ထောက်ခံမှုအား လူသိရှင်ကြားဝေဖန်ကာ တရုတ်ဘက်သို့ လမ်းကြောင်း ပြောင်းပေးခဲ့သော်လည်း စစ်ကောင်စီသည် တရုတ်ကို ကြာကြာ မဝေဖန်ရဲပေ။ ၎င်းတို့ကို နိုင်ငံတကာတွင် အကာအကွယ်ပေးရန် အင်အားကြီး အိမ်နီးချင်းနိုင်ငံကို မှီခိုရမည်ကို စစ်ခေါင်းဆောင်များ သိပြီး စစ်ကောင်စီသည် တရုတ်တနိုင်ငံတည်းမူ (One China Policy) ကို လူသိရှင်ကြား ထောက်ခံခြင်းဖြင့် တရုတ်ကို မကြာသေးမီက သစ္စာခံသည်။
၎င်းတို့သည် ဖက်ဒရယ် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို လိုလားကြပြီး ၎င်းတို့၏ တော်လှန်ရေး အားထုတ်မှုများအပေါ် တရုတ်၏ မည်သည့်ထောက်ခံမှုကိုမဆို တရုတ်၏ အကျိုးစီးပွားကို အထောက်အကူ ပြုသည်ဆိုလျှင်ပင် လက်ခံမည်ဖြစ်သည်။
တချိန်တည်းတွင် မြန်မာပြည်သူများသည် စစ်အုပ်ချုပ်ရေး အဆက်ဆက်တွင် ကာလကြာမြင့်စွာ ဒုက္ခရောက်နေသည်။ ၎င်းတို့သည် ဖက်ဒရယ် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို လိုလားကြပြီး ၎င်းတို့၏ တော်လှန်ရေး အားထုတ်မှုများအပေါ် တရုတ်၏ မည်သည့်ထောက်ခံမှုကိုမဆို တရုတ်၏ အကျိုးစီးပွားကို အထောက်အကူ ပြုသည်ဆိုလျှင်ပင် လက်ခံမည်ဖြစ်သည်။ NUG ကလည်း တရုတ်အပေါ် ထောက်ခံမှုကို လူသိရှင်ကြား ကြေညာချက် တစောင်တွင် ထပ်မံ အတည်ပြုသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းတွင် တော်လှန်ရေး အားထုတ်မှုများ အရှိန်ရလာသောအခါ မြန်မာပြည်သူများ၊ တော်လှန်ရေး ခေါင်းဆောင်များနှင့် အင်အားစုများသည် မည်သည့်ထောက်ခံမှုကိုမဆို တရုတ်အကျိုးစီးပွား ကာကွယ်ရေးဖြင့် တုန့်ပြန်ရမည်ဆိုသည့် တရုတ်၏ မျှော်မှန်းချက်ကို သတိထားရန် လိုအပ်သည်။
တရုတ်၏ ကာလတိုထောက်ခံမှုကို လက်ခံခြင်းထက် တော်လှန်ရေးတွင် ပါဝင်သူများသည် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အန္တိမ ရည်မှန်းချက်အောက်တွင် စည်းလုံးညီညွတ်မှု ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် အခြားပြည်ပ အကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်မည်ဖြစ်ပြီး တရုတ်ထောက်ခံမှုကို ဘေးကင်းစွာ အသုံးချနိုင်မည် ဖြစ်သည်။
ထိုအန္တိမရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ရာတွင် တော်လှန်ရေး ခေါင်းဆောင်များသည် အမေရိကန်-တရုတ် အားပြိုင်မှုကိုလည်း အသုံးချနိုင်သည်။ တရုတ်နိုင်ငံ၏ အကြွင်းမဲ့ သြဇာအောက်သို့ မြန်မာကျရောက်သွားသည်ကို အမေရိကန် ပြည်ထောင်စု မမြင်လိုပေ။ အာဏာမသိမ်းမီခေတ်က NLD အစိုးရ လုပ်ခဲ့သည့်အတိုင်း တနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အခြားတနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် တေ့ဆိုင်ပေးခြင်းသည် မြန်မာကဲ့သို့သော နိုင်ငံငယ်တခုအနေဖြင့် ကစားကွင်းကို ညီမျှအောင်လုပ်နိုင်ပြီး ပိုမိုကောင်းမွန်သော သေနင်္ဂဗျူဟာပတ်ဝန်းကျင်တွင် မိမိ၏ ရည်မှန်းချက်များ အောင်မြင်အောင် လုပ်နိုင်စေသည်။
ထို့အပြင် အမေရိကန်-တရုတ် အားပြိုင်မှုမှ ပိုမိုကောင်းမွန်စွာ ဖောက်ထွက်ရေးအတွက် မြန်မာကို တားဆီးနေသည့် ပြဿနာများအနက် တခုမှာ အုပ်ချုပ်ရေး အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည့် သဘောသဘာဝပင် ဖြစ်သည်။
စစ်ကောင်စီသည် အမေရိကန် ပြည်ထောင်စု၏ အပြင်းအထန် အရေးယူပိတ်ဆို့မှု ခံနေရဆဲဖြစ်သည်။ NUG ကို ကျယ်ပြန့်သည့် နိုင်ငံတကာထောက်ခံမှု ရှိသော်လည်း နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်သည့်ကိစ္စကို ထည့်မတွက်လျှင်ပင် ၎င်း၏ အုပ်ချုပ်နိုင်သည့် စွမ်းရည်သည် တရားဝင် အသိအမှတ်ပြုမှု မရသောကြောင့် အကြီးအကျယ် အဟန့်အတားဖြစ်နေသည်။
တော်လှန်ရေး ခေါင်းဆောင်များအတွက် လတ်တလော ရည်မှန်းချက် တခုမှာ NUG ကို တရားဝင် အစိုးရအဖြစ် အမေရိကန် အသိအမှတ်ပြုမှု ရရှိရေးဖြစ်ပြီး တရုတ်၏ အသိအမှတ်ပြုမှုရရှိရေးသည်ပင် ဖြစ်နိုင်သည်။
တော်လှန်ရေး ခေါင်းဆောင်များအတွက် လတ်တလော ရည်မှန်းချက် တခုမှာ NUG ကို တရားဝင် အစိုးရအဖြစ် အမေရိကန် အသိအမှတ်ပြုမှု ရရှိရေးဖြစ်ပြီး တရုတ်၏ အသိအမှတ်ပြုမှုရရှိရေးသည်ပင် ဖြစ်နိုင်သည်။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးသည် မည်သည့် ထောက်ခံမှုကိုမဆို အမိအရ ဆုပ်ကိုင်ရမည် ဖြစ်သည်။ သို့သော် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးခြင်းသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ တည်ငြိမ်မှုနှင့် ဒွန်တွဲလာစေရန် တော်လှန်ရေးတွင် ပါဝင်သူများသည် မြန်မာနိုင်ငံသားများ နစ်နာမည့် ပြည်ပအကျိုးစီးပွားများကို ငြင်းပယ်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ရန် လိုအပ်သည်။
အမေရိကန်-တရုတ် အားပြိုင်မှုနှင့် ရင်ဆိုင်ရသောအခါ အလွယ်တကူ ရနိုင်သည့် အောင်မြင်မှု မရှိပေ။ အောင်မြင်ရန်အတွက် အမျိုးမျိုးသော တိုင်းရင်းသား အုပ်စုများနှင့် တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေး ဆွေးနွေးမှုများနှင့် အဓိကအင်အားကြီးနိုင်ငံ နှစ်ခု၏ အကျိုးစီးပွားများကို တခုနှင့်တခု တေ့ဆိုင်ပေးရန် ခိုင်မာသည့် ဆုံးဖြတ်ချက် လိုသည်။
(USIP ပါ ဖြူနှင်း၏ How A Fractured Myanmar is Navigating U.S.-China Rivalry ကို ဘာသာပြန်သည်။ ဖြူနှင်းသည် မြန်မာပဋိပက္ခကို လေ့လာနေသည့် လွတ်လပ်သော သရုပ်ခွဲလေ့လာသူနှင့် သုတေသီဖြစ်သည်။ ဤဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)
You may also like these stories:
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး
တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး
မြန်မာကို ရှုတ်ချရန် တရုတ်ကို အမေရိကန်တိုက်တွန်း
တရုတ် – အမေရိကန် တင်းမာမှုတွင် ရှေ့တန်းစစ်မျက်နှာသစ် မြန်မာ