• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

by Lorcan Lovett
18 May 2024
in ဆောင်းပါး
A A
နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

မြန်မာ့တော်လှန်ရေးတွင် ဝင်ရောက် တိုက်ခိုက်နေသည့် အမေရိကန် နိုင်ငံသား အဇက် (ဝဲဘက်) / PDF Zoland

6.8k
VIEWS
Share on FacebookShare on Twitter

ဗြိတိန် စစ်သားဟောင်းတဦးနှင့် အမေရိကန် တိုက်ခိုက်ရေးသမား တဦးတို့သည် မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို လေ့ကျင့်ပေးပြီး အတူတကွ တိုက်ခိုက်နေသည့် နိုင်ငံခြားသားများတွင် ပါဝင်သည်။

လွန်ခဲ့သော သုံးနှစ်ကျော်က ဗိုလ်ချုပ်များ အာဏာသိမ်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်ပြီးနောက် အရှေ့တောင်အာရှတွင် အရက်စက် အကြမ်းကြုတ်ဆုံးနှင့် လက်နက်တပ်ဆင်မှု အကောင်းဆုံး စစ်တပ်များအနက် တခုကို ရင်ဆိုင်တိုက်ခိုက်နေသည့် မြန်မာ့ခုခံတော်လှန်ရေး လှုပ်ရှားမှုကြောင့် ၎င်းတို့ စိတ်အားထက်သန်လာကြောင်း ထိုစေတနာ့ ဝန်ထမ်းများက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်ပြီး ဗြိတိန်စစ်တပ်တွင် ခြေလျင်စစ်သား လေးနှစ်ကြာလုပ်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် ၇ လ တာဝန်ထမ်းဆောင်ဖူးသည့် ဂျေဆင်က သူသည် မြန်မာနိုင်ငံအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာများတွင် ၈ ပတ်ကြာနေထိုင်ပြီး ဧပြီလ နှောင်းပိုင်းတွင် ပြန်လာကြောင်း ပြောသည်။

တော်လှန်တိုက်ခိုက်ရေးသမားများသည် စစ်တပ်ကို ဆန့်ကျင်သော ၎င်းတို့၏ အကုန်ရလျှင်ရ၊ မရလျှင် ချသည့် စစ်ပွဲတွင် ခုခံတော်လှန် တိုက်ခိုက်ရေးသမားများသည် ၎င်းတို့ အရေးတော်ပုံအတွက် အသက်စွန့်ရန် အသင့်ရှိကြောင်း လုံခြုံရေးအရ အမည်ပြောင်းထားသည့် ဂျေဆင်က ပြောသည်။

“ဒါက ကျနော်တိုက်ခိုက်ခဲ့ဖူးတဲ့ အခြားနေရာတွေနဲ့ မတူဘူး။ အဲဒီနေရာတွေက မျက်လုံးတွေထဲမှာ အကြောက်တရားကို တွေ့နေရတယ်။ သူတို့တွေက ရဲရင့်တဲ့လူတွေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အဓိကအားဖြင့် နယ်စပ်ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး တခါတရံ ပြည်ပ စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် တိုက်ခိုက်ကြသည်။

သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ရက်စက် ကြမ်းကြုတ်မှုများသည် ဝေးလံသော ဒေသများမှ အလယ်ပိုင်းဒေသများသို့ ပျံ့နှံ့လာသည်။ ရုရှားလုပ် ဂျက်တိုက်လေယာဉ် အများအပြားရှိသော စစ်တပ်သည် အရပ်သားများကို ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ ကျေးရွာများကို မီးရှို့ပြီး ထိုလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများ ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂနှင့် လူအခွင့်အရေးအဖွဲ့များက ပြောသည်။

သို့သော် ဗိုလ်ချုပ်များသည် ထိုပုန်ကန်မှုများကို နှိမ်နင်းနိုင်ခြင်း မရှိပေ။ ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် ရုရှားနှင့် တရုတ်က ရောင်းချထားသည့် ဒေါ်လာ ဘီလီယံချီတန်သည့် လက်နက်များကိုင်ဆောင်သော စစ်တပ်ကို လေးခွနှင့် လေသေနတ်များဖြင့် စတင်တိုက်ခိုက်ပြီး စစ်ကောင်စီကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေကာ နယ်မြေများကိုလည်း သိမ်းပိုက်လာသည်။

တိုင်းရင်းသား တပ်မတော်များ၊ အများပြည်သူလှူဒါန်းမှုနှင့် လွန်ခဲ့သောနှစ်က ၁၀၂၇ စစ်ဆင်ရေးတွင် လက်နက်သိမ်းဆည်းရရှိမှုများ၏ တစိတ်တပိုင်းကြောင့် ခုခံတော်လှန်ရေး အင်အားစုသည် လက်နက်ပစ္စည်း ပိုမိုကောင်းမွန်လာစေရန် တံခါးပွင့်လာပြီး ပြည်ပ စစ်ရေးအကူအညီ မရသည့်တိုင် စစ်တပ်၏ တည်ဆဲအာဏာကို စိန်ခေါ်လာသည်။

မြန်မာသည် ယူကရိန်း သို့မဟုတ် ဆီးရီးယား ပဋိပက္ခများတွင် တွေ့ရသကဲ့သို့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းများ ဝင်ရောက်လာသည်ကို မကြုံဖူးဘဲ နိုင်ငံခြားသား စစ်သားများကို စုဆောင်းသည့် ညှိနှိုင်းဆောင်ရွက်ရန် အားထုတ်မှုလည်း မရှိပေ။

မြန်မာသည် ယူကရိန်း သို့မဟုတ် ဆီးရီးယား ပဋိပက္ခများတွင် တွေ့ရသကဲ့သို့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းများ ဝင်ရောက်လာသည်ကို မကြုံဖူးဘဲ နိုင်ငံခြားသား စစ်သားများကို စုဆောင်းသည့် ညှိနှိုင်းဆောင်ရွက်ရန် အားထုတ်မှုလည်း မရှိပေ။ ထို့ပြင် မြန်မာတွင် တနိုင်ငံလုံး ပြန့်ကျဲနေသည့် အလွန်များပြားသည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိနေသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို PDF Zoland နှင့် ပူးတွဲတိုက်ခိုက်နေသည့် ဗြိတိန်နိုင်ငံသား / PDF Zoland

သို့သော် သီးခြားလွတ်လပ်စွာ လုပ်ကိုင်နေသည့် ပြည်ပ တိုက်ခိုက်ရေးသမားများသည် ၎င်းတို့ မိခင်နိုင်ငံများတွင် တရားစွဲဆို ခံရနိုင်သည့် အန္တရာယ်ကို စွန့်စားပြီး လျှို့ဝှက်မှုဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်းသို့ သွားရောက်ကြပြီး လက်ရှိအချိန်အထိ လျှို့ဝှက်ထားကြသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ခုခံတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ခိုက်နေသည့် ဂျေဆင်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ၊ ဓာတ်ပုံများကို Al Jazeera က တွေ့ခဲ့ရသည်။ သတင်းရင်းမြစ် နှစ်ခုကလည်း သူ့ကို မြေပြင်တွင် ကိုယ်တိုင်တွေ့ဖူးသည်။

ထို ဗြိတိန်စစ်ပြန်သည် ယူကရိန်းစစ်ပွဲ စတင်ပြီး မကြာမီက ယူကရိန်းတွင် တိုက်ခိုက်ဖူးပြီး ထိုနိုင်ငံတွင် တနှစ်ခွဲနေထိုင်ဖူးကြောင်း ပြောသည်။

“ကျနော်က ကြေးစားစစ်သား မဟုတ်ဘူး။ ကျနော်က ကျနော် မှန်တယ် ထင်တဲ့ဘက်အတွက် လုပ်ပေးတာသက်သက်ပဲ” ဟု ဂျေဆင်က ပြောသည်။

ယူကရိန်းတွင် မလေ့ကျင့်ရသေးသည့် အတွေ့အကြုံ မရှိသော နိုင်ငံခြားသားများကို တွေ့ခဲ့ပြီးနောက် မြန်မာတွင် အလားတူ အခြေအနေမျိုး သူ မလိုချင်တော့ပေ။

“ကြောင်တောင်တောင်တွေ ရောက်လာပြီး မြန်မာဟာ နောက်ထပ် ယူကရိန်း ဖြစ်လာမှာကို အမြဲတမ်း စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။ သူသည် သူ့ကို စစ်ဆေးလက်ခံသည့် အမည်မဖော်လိုသော တော်လှန်ရေး အင်အားစုနှင့် ပူးပေါင်းခဲ့ကြောင်း ပြောသည်။

ယခုအခါ သူသည် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် သြစတြေးလျမှ စစ်သားဟောင်း ခြောက်ဦးမှ ၁၀ ဦးအထိပါသည့် အဖွဲ့တခုဖွဲ့စည်းပြီး မြန်မာတော်လှန်ရေး အင်အားစုများကို ကူညီရေးအတွက် ပြန်သွားရန် အစီအစဉ်များ ရှိနေသည်။

“သူတို့ကို သင်ကြားပေးဖို့ အသုံးပြုနိုင်မယ့် မတူညီတဲ့ စစ်တပ် လေးခုက အသိပညာတွေ ကျနော်တို့မှာ ရှိတယ်။ မြန်မာနိုင်ငံက ကျနော့် အတွေ့အကြုံကြောင့် သူတို့ကို ကူညီဖို့ ကျနော့်ဆန္ဒက ပိုမိုခိုင်မာစေတယ်။ သူတို့က သူတို့ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုချင်တာ သက်သက်ပဲ” ဟု ၎င်းက ပြောသည်။

“သူတို့ကို သင်ကြားပေးဖို့ အသုံးပြုနိုင်မယ့် မတူညီတဲ့ စစ်တပ် လေးခုက အသိပညာတွေ ကျနော်တို့မှာ ရှိတယ်။ မြန်မာနိုင်ငံက ကျနော့် အတွေ့အကြုံကြောင့် သူတို့ကို ကူညီဖို့ ကျနော့်ဆန္ဒက ပိုမိုခိုင်မာစေတယ်။ သူတို့က သူတို့ရဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုချင်တာ သက်သက်ပဲ” ဟု ၎င်းက ပြောသည်။

သူသည် ယခုနှစ်နှောင်းပိုင်း တချိန်ချိန်တွင် မြန်မာသို့ ရောက်လာမည်ဟု မျှော်လင့်ရသည့် သူ၏ နိုင်ငံတကာတပ်ဖွဲ့ကို အမည်တခုပေးရန် စိတ်အားထက်သန်ခြင်း မရှိပေ။

“ကျနော်တို့အဖွဲ့က လူဖြူကယ်တင်ရှင်တွေ မဖြစ်ချင်ဘူး။ ကျနော်တို့က ကျနော်တို့ သီးခြားအဖွဲ့ထက် သူတို့ရဲ့ စနစ်ထဲကနေပဲ လုပ်ကိုင်ချင်တာ” ဟုလည်း ၎င်းကပြောသည်။

“ကျနော်တို့က အဲဒါတွေ အားလုံးကို အခမဲ့ လုပ်ကိုင်ပေးမယ်။ သူတို့တွေ နားချိန် ယူဖို့ လိုတယ်” ဟု ဂျေဆင်က ပြောသည်။

အားလုံးက တိုက်ပွဲတခုတည်းကို တိုက်နေ

မြန်မာနိုင်ငံ၏ အခြားတဖက် အိန္ဒိယနယ်စပ် တောင်တန်းထူထပ်သော ချင်းပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် ဇိုလန်း (PDF Zoland) အဖွဲ့သည် ပြည်ပ စေတနာ့ဝန်ထမ်း နှစ်ဦးဖြစ်သော အမေရိကန် တောင်ပိုင်းမှ အဇက်နှင့် ဗြိတိန် စေတနာ့ဝန်ထမ်းတဦးကို ပြသသည့် ဓာတ်ပုံတပုံကို လူမှုကွန်ရက်တွင် မေလ ၁၁ ရက်နေ့က ဖော်ပြသည်။ ထိုဗြိတိန် စေတနာ့ဝန်ထမ်းက တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်သည်။

အဇက်က သူသည် စနိုက်ပါနှင့် ခြေလျင်သင်တန်းများ ပို့ချနေပြီး ထောက်လှမ်းရေးနှင့် အခြား စစ်ဘက်တာဝန်များ ထမ်းဆောင်ကြောင်း ပြောသည်။

“စစ်ကောင်စီက မြို့တွေဆီကို ဆုတ်ခွာသွားပြီ” ဟု ချင်းပြည်နယ်မှ ဖုန်းဖြင့် ၎င်းက ပြောသည်။ “ကျေးလက် ဒေသတခုလုံး လွတ်မြောက်နေပြီ။ မကြာခင် တော်လှန်ရေးက လူဦးရေ ထူထပ်တဲ့ နေရာတွေကို သိမ်းယူတော့မယ်” ဟုလည်း ပြောသည်။

PDF Zoland က Al Jazeera သို့ မှတ်ချက်ပေးရန် ငြင်းဆန်သည်။

အဇက်က သူသည် ဆီးရီးယားမြောက်ပိုင်း ကာ့ဒ်ဦးဆောင်သည့် YPG (ပြည်သူ့ကာကွယ်ရေးတပ်များ) နှင့် စေတနာ့ဝန်ထမ်း လေးနှစ်လုပ်ခဲ့သော “လက်ဝဲ နိုင်ငံတကာဝါဒီ” အဖြစ် ဖော်ပြသည်။

သူသည် အမေရိကန် ပြည်ထောင်စုမှ ကဖေးဆိုင်တခုတွင် အလုပ်လုပ်ရင်း နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း အသက် ၂၄ နှစ်အရွယ် အဇက်က ပြောသည်။ သူသည် မြန်မာ့တော်လှန်ရေးကို မောင်းနှင်နေသည့် သူ၏ ဂျန်ဇီ (Gen Z) ရဲဘော်များကဲ့သို့ပင် စစ်တပ်တွင် တာဝန်ထမ်းဆောင်ဖူးခြင်း မရှိပေ။

သူ၏ တော်လှန်ရေးတပ်မှူးသည် သူ့ထက် အသက် နှစ်နှစ်ခန့်သာကြီးပြီး ထိုစစ်သား အများအပြားသည် ယခင်က ကျောင်းသားများဖြစ်ကြောင်း ၎င်းက ပြောသည်။

အဇက်သည် မြန်မာတော်လှန်ရေးနှင့် ယူကရိန်း၏ ရုရှားကျူးကျော်စစ် ကာကွယ်ရေး အပါအဝင်ဖြစ်သော ကမ္ဘာ့တိုက်ပွဲ၏ အစိတ်အပိုင်းအဖြစ် ဆီးရီးယားမြောက်ပိုင်းမှ ကာ့ဒ်များ၊ အာရပ်များ၊ ခရစ်ယာန်များနှင့် အခြားလူနည်းစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲကို တွေ့ကြုံခဲ့သူဖြစ်သည်။

မြန်မာစစ်ကောင်စီနှင့် ရုရှားအကြား နီးကပ်သော ဆက်ဆံရေးကို ကိုးကားပြီး အဇက်က “အားလုံးက တခုတည်းသော တိုက်ပွဲပဲ” ဟု ပြောသည်။ မြန်မာစစ်ကောင်စီနှင့် ရုရှားတို့သည် လက်နက်များကို အပြန်အလှန် လွှဲပြောင်းပေးနေကြောင်း သုတေသီများက ပြောသည်။

ထိုင်းနယ်စပ်အနီး မြဝတီတွင် စစ်စခန်းတခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဝင်ရောက်သိမ်းပိုက်စဉ် / Athit Perawongmetha / Reuters

သူ့အတွက် မြန်မာတွင် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရခြင်းသည် “မိမိတို့၏ တိုက်ပွဲများ အားလုံး ဆက်စပ်နေသည်ကို သဘောပေါက်သည့် တရားဝင် သွေးစည်းချစ်ကြည်မှု ဖလှယ်ခြင်း” ဖြစ်ကြောင်း ပြောသည်။

သူသည် ချင်းပြည်နယ်သို့ ရောက်နေသည်မှာ သုံးလကျော်ပြီဖြစ်ပြီး တော်လှန်ရေးသည် ကျေးလက် ပြောက်ကျားမှ မြို့ပြဒေသများသို့ ပြောင်းလာသောကြောင့် မြန်မာသို့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းများ ထပ်မံရောက်လာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

သူသည် ချင်းပြည်နယ်သို့ ရောက်နေသည်မှာ သုံးလကျော်ပြီဖြစ်ပြီး တော်လှန်ရေးသည် ကျေးလက် ပြောက်ကျားမှ မြို့ပြဒေသများသို့ ပြောင်းလာသောကြောင့် မြန်မာသို့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းများ ထပ်မံရောက်လာမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“တော်လှန်ရေး အင်အားစုတွေ အခြေအနေ ခိုင်မာလာတော့၊ နိုင်ငံထဲကို ဝင်ထွက်တဲ့နည်းလမ်းတွေ ပိုမိုလွယ်ကူလာတော့၊ သယ်ယူပို့ဆောင်ရေး ပိုကောင်းလာတော့ နောက်ထပ် လူတွေရောက်လာမှာ သဘာဝပဲ” ဟု ၎င်းကပြောသည်။

မြန်မာမှ တော်လှန်ရေးသည် စစ်ကောင်စီနေရာတွင် ဆိုရှယ်လစ်စနစ် အစားထိုးရန် မဟုတ်သော်လည်း မြန်မာ့တော်လှန်ရေးသည် ထိုသို့အလားတူသည့် “၂၁ ရာစု ပြည်သူ့တော်လှန်ရေးသစ်” ဖြစ်ကြောင်း အဇက်က ပြောသည်။

“ဘာမှ မရှိသလောက်ကနေ အချိန်တိုအတွင်း စစ်ကောင်စီကို တွန်းလှန်နိုင်တဲ့ တပ်ဖွဲ့တခု ဖွဲ့စည်းနိုင်ခဲ့တဲ့ ဒီလူတွေအကြောင်း သိရတာ အရမ်းကို စိတ်အားတက်ကြွစရာ ကောင်းတယ်” ဟု ၎င်းကပြောသည်။

“လူတွေက မယုံနိုင်လောက်အောင် ရဲရင့်ပြီး စခန်းတွေကို ရှင်းလင်းတဲ့အခါ သူတို့ကိုယ်သူတို့ မယုံကြည်နိုင်လောက်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကြတယ်” ဟုလည်း ပြောသည်။

နိုင်ငံခြားသား လူပုဂ္ဂိုလ်များအပြင် ခရစ်ယာန် လူသားချင်းစာနာမှုအဖွဲ့ ဖြစ်သည့် Free Burma Rangers (FBR) သည် စစ်အုပ်စုကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလူနည်းစုများရှိရာ မြန်မာနိုင်ငံအရှေ့ပိုင်းမှ တိုင်းရင်းသားပြည်နယ်များသို့ ပြည်တွင်းပြည်ပ စေတနာ့ဝန်ထမ်းများ ပို့ပေးရာတွင် ၁၉၉၀ ဝန်းကျင်ကတည်းက ကျော်ကြားသည်။

ထိုအဖွဲ့၏ စေတနာ့ဝန်ထမ်းများသည် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီများပေးကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်သည်။ ထိုအဖွဲ့က ၎င်းတို့ ရိန်းဂျားများသည် ၎င်းတို့ လုပ်ကိုင်ရသည့် အန္တရာယ်များသော ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်နှင့် စစ်ဘေးရှောင်များကို ကာကွယ်ရန် လက်နက်များ ကိုင်ခဲ့ကြောင်း ယခင်က ဝန်ခံခဲ့ဖူးသည်။

“လိုချင်တဲ့သူတွေ အားလုံးအတွက် လူသားချင်းစာနာမှု သင်တန်းတွေပေးတယ်။ စစ်သင်တန်း မဟုတ်ဘူး” ဟု FBR တည်ထောင်သူနှင့် အမေရိကန် အထူးတပ် စစ်သားဟောင်း ဒေးဗစ်ယူဘန့်က Al Jazeera သို့ ပြောသည်။”ကျနော်တို့က ပြည်သူ့စစ် မဟုတ်သလို ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ အစိတ်အပိုင်းမှလည်း မဟုတ်ဘူး။ ကျနော်တို့က ရှေ့တန်းစစ်မျက်နှာပြင် ကယ်ဆယ်ရေးအဖွဲ့ပဲ” ဟု ၎င်းက ပြောသည်။

တချိန်တည်းတွင် စစ်ကောင်စီသည်လည်း သေးငယ်ပြီး အင်အားကြီးမားသည့် ပြည်ပ အထောက်အကူ ရနေသည်။ စစ်ကောင်စီအရာရှိများသည် တိုက်ခိုက်ရေးဒရုန်းများ ဝယ်ရန် ရုရှားနှင့် တရုတ်သို့ သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက ဧပြီလတွင် ပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတ ဗလာဒီမာ ပူတင်ကို ဗလာဒီဘော့စတော့တွင် လွန်ခဲ့သောနှစ်က တွေ့ဆုံပြီး ရုရှားအရာရှိများကိုလည်း အထူးဧည့်သည်တော်များအဖြစ် နှစ်စဉ် မတ်လတွင် ကျင်းပသည့် တော်လှန်ရေးနေ့ စစ်ရေးပြသို့ ဖိတ်သည်။

ရုရှားစစ်တပ်နည်းပြများသည် မြန်မာသို့ သွားရောက်ပြီး မြန်မာစစ်သားများကို ရုရှားလက်နက်များအတွက် လေ့ကျင့်ပေးသည်ဟု သတင်းများတွင် ဖော်ပြသည်။

ရုရှားစစ်တပ်နည်းပြများသည် မြန်မာသို့ သွားရောက်ပြီး မြန်မာစစ်သားများကို ရုရှားလက်နက်များအတွက် လေ့ကျင့်ပေးသည်ဟု သတင်းများတွင် ဖော်ပြသည်။ ရှေ့တန်း စစ်မျက်နှာအနီးမှ စစ်ကောင်စီတပ်များကို လေ့ကျင့်ပေးသည့် ရုရှားများရှိသည်ဆိုသည့် သတင်းများ မကြာခဏ ပျံ့နှံ့နေကြောင်း မြန်မာနိုင်ငံအရှေ့ပိုင်းမှ တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။ သို့သော် ထိုသတင်းများကို Al Jazeera က သီးခြား အတည်မပြုနိုင်ပေ။

ရုရှားစစ်ဘက်နည်းပြနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းကို ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံရှိ သူ၏ စစ်ဆင်ရေး ဒေသတွင် လွန်ခဲ့သော လေးလနီးပါက ရခဲ့ကြောင်း အမည်မဖော်လိုသည့် မြန်မာတော်လှန်ရေး တပ်မှူးတဦးက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

“ဒါပေမယ့် အဲဒီက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှု ပြင်းထန်လာတော့ သူ့ကို လေကြောင်းက ပြန်ခေါ်သွားတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

(Al Jazeera ပါ Lorcan Lovett ၏ Western volunteers join the battle against Myanmar’s military regime ကို ဘာသာပြန်သည်။)

You may also like these stories:

မေတ္တာတရား၊ စစ်နှင့် ဖရီးဘားမားရိန်းဂျားများ

Free Burma Ranger Karenni အဖွဲ့ခေါင်းဆောင်နှင့် ဆက်သွယ်မေးမြန်းချက်

ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်

ရခိုင် “ပုံမှန်အခြေအနေသစ်”

လေကြောင်း အကြမ်းဖက်မှုများရှိနေစဉ် စစ်ကောင်စီနှင့် အိန္ဒိယလေတပ်အရာရှိ တွေ့ဆုံ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးFBRFree Burma RangersGen ZPDF ZolandSliderခုခံတော်လှန်ရေး အင်အားစုချင်းပြည်နယ်စစ်ကောင်စီစစ်ဘေးရှောင်စစ်ရာဇဝတ်မှုစစ်ရေးအကူအညီစစ်အာဏာသိမ်းမှုစေတနာဝန်ထမ်းတရုတ်တိုင်းရင်းသား လက်နက်ကိုင်ပြည်ပ တိုက်ခိုက်ရေးသမားယူကရိန်းရုရှားလေကြောင်းတိုက်ခိုက်မှု
Lorcan Lovett

Lorcan Lovett

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရှိန်မြှင့်‌နေသည့် တိုင်းရင်းသား ပြည်နယ်များ (ရုပ်/သံ)

စစ်ရှိန်မြှင့်‌နေသည့် တိုင်းရင်းသား ပြည်နယ်များ (ရုပ်/သံ)

ဗိုလ်ချုပ်က သူ့ကျန်းမာရေးနဲ့ တော်လှန်ရေးကို လဲခဲ့တဲ့သူပါ (ရုပ်/သံ)

ဗိုလ်ချုပ်က သူ့ကျန်းမာရေးနဲ့ တော်လှန်ရေးကို လဲခဲ့တဲ့သူပါ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved