ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ဟာ အသည်းကင်ဆာနဲ့ မေလ ၁၃ ရက်နေ့က လိုင်ဇာဌာနချုပ်က နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၆၂ နှစ်အရွယ် KIA ရဲ့ စစ်ဦးစီးချုပ်ဟာ တိုက်ခိုက်ရေးနဲ့ စစ်ရေးဗျူဟာဘက်မှာ ထူးချွန်သူဖြစ်ပြီး သူမကွယ်လွန်ခင်မှာ ဝိုင်းမော်နဲ့ ဗန်းမော် တလျှောက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း တခုလုံးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကိုခြိမ်းခြောက်နိုင်ခဲ့သလို တခြားပြည်နယ်အတွင်းက စစ်ရေးဗျူဟာ အရ အရေးပါတဲ့ စခန်းကုန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ဒေသ (၁) မှာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး မြေပြင်အထိ ကွင်းဆင်း တာဝန်ထမ်းဆောင်ခဲ့သူပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ KIA ရဲ့ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ သူဟာ နွေဦးတော်လှန်ရေးနဲ့ကချင်တော်လှန်ရေး နယ်ပယ်မှာ အားထားရတဲ့ ခေါင်းဆောင်တဦးအဖြစ် မဟာမိတ် တော်လှန်ရေးတပ်တွေရဲ့ အားကိုးယုံကြည်မှုတွေကို ရရှိခဲ့သူဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း အကြောင်းကို မြေပြင်မှာ အတူလက်တွဲလုပ်ကိုင်ခဲ့တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က အမှတ်တရ ပြန်ပြောထားတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR