ဒေးဗစ်ယူဘန့်သည် သင်၏ဖုန်းကို ဖြေကြားမည် ဖြစ်သော်လည်း ဖုန်းအဆက်အသွယ်ကို ဖြတ်တောက်မည့် ဒုံးကျည်များလည်း ရှိနိုင်သည်။
အသက် ၆၁ နှစ် ရှိပြီဖြစ်သော ယူဘန့်သည် မြန်မာမှ တိုင်းရင်းသားလူနည်းစုများနှင့် သူပုန်များကို ကူညီရန် အမျိုးမျိုးသော ဦးတည်ချက်များဖြင့် ရောက်လာသည့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းများ၏ ဖရီးဘားမား ရိန်းဂျားအဖွဲ့ကို တည်ထောင်သူနှင့် ခေါင်းဆောင် ဖြစ်သည်။ ၁၉၉၆ ခုနှစ်မှ စတင်ပြီး ထိုအကျိုးအမြတ် မယူသော အဖွဲ့အစည်းသည် မြန်မာနိုင်ငံတဝန်းမှ ဒေသခံခေါင်းဆောင်များ၏ ထောက်ခံမှုဖြင့် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ပြီး လူသားချင်းစာနာမှု အကူအညီများပေးနေသည်။
ယူဘန့်သည် သူ၏အဖွဲ့အစည်း မကြာသေးမီက ဝင်ရောက်ခဲ့သည့် ယူကရိန်းနိုင်ငံ၊ လတ်စ်ခ် မြို့ပြင်တွင် ကားမောင်းရင်း The Globe သို့ ဖြေကြားနေသည်။ လမ်းသည် တုန်ခါနေပြီး အဆက်အသွယ်များ ပြတ်တောက်နေစဉ် ယူဘန့်က ယူကရိန်းမှ ပြင်းထန်သော တိုက်ပွဲများ အကြောင်းပြောကာ ရာစုနှစ် နှစ်ခုနီးပါးကြာသည့် တက္ကဆက်နှင့် အယ်လ်လာမိုမှ လွတ်လပ်ရေး သင်္ကေတအကြောင်း ပြောသည်။
“ဒီနေ့အထိ လွတ်လပ်မှုကိစ္စ အလုံးစုံကို ကျနော် ယုံကြည်တယ်” ဟု ၎င်းကပြောသည်။
ဒေးဗစ် ယူဘန့်နှင့် သူ့ဇနီး ကာရင်ယူဘန့်တို့သည် ဘာသာရေး ယုံကြည်မှုနှင့် မိသားစုကို ၎င်းတို့ ပေါင်းသင်းဆက်ဆံမှု၏ ဗဟိုချက်အဖြစ် သတ်မှတ်ထားပြီး အမေရိကန် ရိန်းဂျားနှင့် အထူးတပ်ဖွဲ့များတွင် လုပ်ကိုင်ခဲ့သည့် ဒေးဗစ်၏ အတွေ့အကြုံကိုလည်း အခြေခံသည်။
ယူဘန့်သည် ထိုင်းနိုင်ငံတွင် သာသနာပြုမိဘ နှစ်ပါးက ပြုစုပျိုးထောင်ထားသည့် ဘာသာတရား ကိုင်းရှိုင်းသော ခရစ်ယာန်တဦး ဖြစ်သည်။ သူနှင့် သူ့ဇနီး ကာရင်ယူဘန့်တို့သည် ဘာသာရေး ယုံကြည်မှုနှင့် မိသားစုကို ၎င်းတို့ ပေါင်းသင်းဆက်ဆံမှု၏ ဗဟိုချက်အဖြစ် သတ်မှတ်ထားပြီး အမေရိကန် ရိန်းဂျားနှင့် အထူးတပ်ဖွဲ့များတွင် လုပ်ကိုင်ခဲ့သည့် ဒေးဗစ်၏ အတွေ့အကြုံကိုလည်း အခြေခံသည်။
ထိုဇနီးမောင်နှံသည် ပဋိပက္ခဇုန် အများအပြားတွင် ကလေး သုံးဦးကို လူလားမြောက်အောင် မွေးဖွားခဲ့သည်။ ယခုအခါ လူလားမြောက်ကာစဖြစ်ပြီး ၎င်းတို့ သုံးဦးသည် တက္ကသိုလ် အားလပ်ရက်များတွင် မိသားစု အစီအစဉ်ကို ကူညီနေသည်။

ယူဘန့်၏ စစ်ပွဲအတွက် လေ့ကျင့်ထားသည့် ပရဟိတသမား၊ နှစ်ခြင်းမင်္ဂလာနှင့် အခြားဘာသာရေး အစဉ်အလာများ စီရင်ပေးသည့် ဘာသာရေးခေါင်းဆောင်ဆိုသည့် အခန်းကဏ္ဍ နှစ်ခုကြောင့် သူ့ကို သရုပ်ဖော်ရန် ခက်သည်။
“အကြောက်တရားကိုဖြစ်စေ၊ စည်းစိမ်ချမ်းသာကိုဖြစ်စေ၊ မာန်မာနကိုဖြစ်စေ၊ ရန်သူခြိမ်းခြောက်မှုကိုဖြစ်စေ အညံ့မခံသင့်ဘူး” ဟု ယူဘန့်က ပြောပြီး မေတ္တာတရားနှင့် ဘုရားသခင်ကိုသာ အညံ့ခံသင့်ကြောင်း ပြောသည်။
မြန်မာတွင် ဆယ်စုနှစ်ပေါင်းများစွာကြာသော ပြည်တွင်းစစ်နှင့် နိုင်ငံတကာ အထီးကျန်ခြင်းသည် လူသားချင်းစာနာမှု အကူအညီများအတွက် ဆိုးရွားသော အတားအဆီးများ ဖြစ်စေခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နောက်ထပ် စစ်အုပ်စုတခုက ကျယ်ပြန့်သော အကြမ်းဖက်မှုနှင့် တရားဥပဒေကင်းမဲ့မှုကို ဖြစ်စေသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုစိန်ခေါ်မှုများသည့် အခြေအနေကို ပိုမိုဆိုးရွားစေသည်။
နိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားသော စစ်တပ်က ဆင်နွဲသည့် မြေလှန်မီးရှို့ စစ်ဆင်ရေးအကြား ယူဘန့်၏ ရိန်းဂျားများသည် လူမှုဝန်ဆောင်မှုပေးခြင်းနှင့် သတင်းစုဆောင်းခြင်း ဟာကွက်ကို ဖြည့်ဆည်းရန် အထူးသင့်တော်နိုင်သည်။
အဖွဲ့ကို စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး သေဆုံးသူ ရိန်းဂျား ၅၉ ဦးရှိကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အချို့သူများသည် ရောဂါကြောင့် သေဆုံးခြင်းဖြစ်သော်လည်း အများစုသည် မြန်မာစစ်တပ်၏ သေနတ်ဖြင့်ပစ်ခတ်မှု၊ မော်တာဖြင့် တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အခြားလုပ်ရပ်များကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။
သာသနာ့ဝန်ထမ်းတပိုင်း ဖြစ်သော်လည်း ကွဲပြားခြားနားသည့် ၎င်းတို့၏ လူသားချင်းစာနာမှုအဖွဲ့သည် မည်သည့် လုံခြုံရေးစည်းကမ်းမှမရှိဘဲ လုပ်ငန်းဆောင်ရွက်ကြောင်း ယူဘန့်က ပြောသည်။ ထိုအဖွဲ့ကို စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး သေဆုံးသူ ရိန်းဂျား ၅၉ ဦးရှိကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အချို့သူများသည် ရောဂါကြောင့် သေဆုံးခြင်းဖြစ်သော်လည်း အများစုသည် မြန်မာစစ်တပ်၏ သေနတ်ဖြင့်ပစ်ခတ်မှု၊ မော်တာဖြင့် တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် အခြားလုပ်ရပ်များကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။
ရိန်းဂျားများသည် အဓိကနယ်ပယ် သုံးခုကို အာရုံစိုက်ကြောင်း ယူဘန့်က ပြောသည်။ ထိုနယ်ပယ်များမှာ အစားအစာ၊ အမိုးအကာ၊ အဝတ်အထည်နှင့်ဆေးဝါး အကူအညီစသည့် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ခြင်း၊ မီဒီယာမှ ဖြန့်ချိရန် တွေ့ဆုံမေးမြန်းခြင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အရေးပေါ် ဆေးဝါးကုသမှုမှသည် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် စစ်မြေပြင် ဆက်သွယ်ရေးအတွက် နည်းဗျူဟာ ညွှန်ကြားချက်များ ဖြစ်နိုင်သည့် ထောက်ပံ့ရေးအထိ သင်တန်းအမျိုးမျိုး ပေးခြင်းတို့ ဖြစ်သည်။
“လူမျိုးစု ၁၆ ခုကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံ အစိတ်အပိုင်း အသီးသီးမှာ ဖြန့်ကြက်ထားတဲ့ အဖွဲ့ပေါင်း ၁၅၀ လောက် ရှိတယ်” ဟု ယူဘန့်က ပြောသည်။ “ဘာ ဘာသာတရားမှ ကိုးကွယ်စရာ မလိုဘူး။ ဒီအလုပ်ကို မေတ္တာတရားအတွက် လုပ်နေသရွေ့၊ ထွက်မပြေးသမျှ၊ သတင်းထုတ်ပေးဖို့ ဘာသာစကားနည်းနည်း ရေးတတ်ပြောတတ်ရင် ရိန်းဂျားလုပ်လို့ရတယ်” ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ထိုအဖွဲ့ အဓိက အာရုံစိုက်သည့် နေရာဖြစ်သော်လည်း ၎င်းတို့ ဝက်ဘ်ဆိုက်နှင့် သတင်း အများအပြား ဖော်ပြထားသည့် လူမှုကွန်ရက် ချန်နယ်များတွင် အခြား ပြည်ပလုပ်ငန်းများကိုလည်း ဖော်ပြထားသည်။
အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို စပရင်းမှ လိပ်စာဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် စာတိုက်ပုံး ဖွင့်ထားသော ရိန်းဂျားများက ၎င်းတို့ကိုယ် ၎င်းတို့ “မြန်မာ၊ အီရတ်နှင့် ဆူဒန်ရှိ ပဋိပက္ခဇုန်များမှ ပြည်သူများအတွက် အကူအညီ၊ မျှော်လင့်ချက်နှင့် မေတ္တာတရား ဆောင်ယူပေးရန် လုပ်ကိုင်နေသည့် လူမျိုးစုံ လူသားချင်းစာနာမှု ဝန်ဆောင်သည့် လှုပ်ရှားမှု” ဟု ဖော်ပြသည်။
ဖိနှိပ်ခံများ လွတ်မြောက်ရေး Free the Oppressed ဟု အမည်ပေးထားသည့် ၎င်းတို့အဖွဲ့အစည်းသို့ အခွန်ကင်းလွတ်သော အများပြည်သူ လှူဒါန်းမှုများ ပြုလုပ်သည့် အများအားဖြင့် တသီးပုဂ္ဂလများ၊ ဘုရားကျောင်းများနှင့် အဖွဲ့အစည်းများ ပါဝင်သော အလှူရှင် ၂,၈၀၀ ခန့်ရှိကြောင်း ရိန်းဂျားများ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လွန်ခဲ့သော ဘဏ္ဍာရေးနှစ်တွင် ထိုအဖွဲ့အစည်းသည် ဆေးဝါးမှသည် ကင်မရာများအထိနှင့် သမ္မာကျမ်းစာမှသည် ရိန်းဂျားတံဆိပ် တီရှပ်များအထိ အရာရာအတွက် ဒေါ်လာ ၇ သန်းကျော် ရရှိသည်။
မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အတွင်း အဖွဲ့၏ အကျိုးအမြတ် မယူသော ဝင်ငွေသည် သုံးဆနီးပါး တိုးလာသည်။
မြန်မာစစ်တပ်ကလည်း ထိုအဖွဲ့အစည်းကို “ဗီယက်နမ် စစ်ပြန်များ”က ထူထောင်ထားပြီး စစ်တပ်စခန်းများကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လေ့ကျင့်ပေးသည့် “စစ်သွေးကြွများ”ဖြစ်သည်ဟု ပြောသည်။
မှတ်တမ်းများအပြင် ရိန်းဂျားများ၏ ဝက်ဘ်ဆိုက်တွင် မြန်မာစစ်တပ်က ကျူးလွန်သည်ဆိုသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဓာတ်ပုံများ အပါအဝင် အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပြင်းထန်သော ပြည်တွင်းစစ် နောက်ဆုံးသတင်းများကို ပုံမှန်တင်သည်။ မြန်မာစစ်တပ်ကလည်း ထိုအဖွဲ့အစည်းကို “ဗီယက်နမ် စစ်ပြန်များ”က ထူထောင်ထားပြီး စစ်တပ်စခန်းများကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လေ့ကျင့်ပေးသည့် “စစ်သွေးကြွများ”ဖြစ်သည်ဟု ပြောသည်။
ယူဘန့်ကလည်း ထိုစွပ်စွဲချက်များကို ငြင်းဆန်ပြီး သူ၏ အဓိက အာရုံစူးစိုက်မှုမှာ ပြည်သူလူထုကို ကာကွယ်ရန်သာဖြစ်ပြီး စစ်တပ်နှင့် ထိပ်တိုက်တွေ့ရန် မဟုတ်ကြောင်း ပြောသည်။
“ဟုတ်တယ် ကျနော် ဒေါသထွက်တယ်။ ကျနော်က စစ်တပ်ကို ဆန့်ကျင်ပြီး ပြည်သူတွေကို ထောက်ပံ့တယ်။ ဒါပေမယ့် ကျနော်က သူတို့နှလုံးသားတွေ ပြောင်းလဲပါစေလို့လည်း ဆုတောင်းပေးနေတယ်” ဟု ၎င်းကပြောသည်။

ထိုင်းဘာသာစကားသည် ယူဘန့် ကလေးဘဝက ပထမဆုံး ဘာသာစကား ဖြစ်သော်လည်း သူ့ကို အမေရိကန် ပြည်ထောင်စုတွင် မွေးဖွားကာ နောက်ပိုင်းတွင်လည်း တက္ကသိုလ်တက်ရန် တက္ကဆက်သို့ ပြန်သည်။ ထို့နောက် သူသည် အမေရိကန် တပ်မတော်သို့ ဝင်ရောက်ပြီး အထူးတပ်ဖွဲ့များသို့ မဝင်ရောက်မီ ဗဟိုနှင့် တောင်အမေရိကတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်အတွက် ကြည်းတပ် ရိန်းဂျား ထောက်လှမ်းရေး တပ်စုခေါင်းဆောင် ဖြစ်လာသည်။
ယူဘန့်သည် ၁၉၉၂ ခုနှစ်တွင် စစ်တပ်မှထွက်ပြီးနောက် ကျမ်းစာသင်ကျောင်း တက်သည်။ သူပြောသည့် အတိုင်းဆိုပါက နောက်တနှစ်ကြာသောအခါ ထိုင်းနှင့် တရုတ်နယ်စပ်တလျှောက် မြန်မာမှ အင်အားကြီးမားသည့် ဒေသ နှစ်ခုကို ချုပ်ကိုင်ထားသည့် ဝ ပြည်သူများ၏ ကိုယ်စားလှယ်များက သူ၏ အကူအညီကို တောင်းရန် ယူဘန့်၏ သာသနာပြုဖခင်ကို ဆက်သွယ်သည်ဟု သိရသည်။
ထိုလုပ်ငန်းသည် ၎င်းတို့မိသားစု၏ မြန်မာမှ လုပ်ငန်းအစ ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် စတင် တည်ထောင်ချိန်ကပင် ဖရီးဘားမားရိန်းဂျားများသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အနီးကပ် လုပ်ကိုင်သည်။ ထိုအဖွဲ့အစည်းများက ရိန်းဂျားများကို ကာကွယ် စောင့်ရှောက်ကြပြီး ရိန်းဂျားအများစုသည်လည်း ထိုအဖွဲ့အစည်းများနှင့် တူညီသော တိုင်းရင်းသား နောက်ခံရှိသည်။
အပြန်အလှန်အားဖြင့် ရိန်းဂျားများကလည်း စစ်မြေပြင် ဆေးပညာ ကျွမ်းကျင်မှုနှင့် လေ့ကျင့်သင်တန်းပေးမှုကို ပြုလုပ်ပေးသည်။ ရိန်ဂျားများသည် လက်ရှိအချိန်အထိ လူပေါင်း ၇,၀၀၀ ကျော်ကို လေ့ကျင့်ထားပြီး ဖြစ်သည်။ ယူဘန့်က ၎င်းတို့အဖွဲ့သည် ၎င်းတို့အဖွဲ့ဝင်များကို ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်များကို ဖြစ်စေ လက်နက်နှင့် စစ်သင်တန်း မပေးသော်လည်း မည်သူမဆို သေနတ်ကိုင်ဆောင်သည်ကို မတားမြစ်ကြောင်း ပြောသည်။
“ကျနော်တို့က လက်နက်ကိုင် ဒါမှမဟုတ် စစ်တပ် မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့က ရွှေပြည်အေး သမားတွေ မဟုတ်ဘူး” ဟု ယူဘန့်က ပြောသည်။
“ကျနော်တို့က လက်နက်ကိုင် ဒါမှမဟုတ် စစ်တပ် မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့က ရွှေပြည်အေး သမားတွေ မဟုတ်ဘူး” ဟု ယူဘန့်က ပြောသည်။ “ခင်ဗျားမှာ သေနတ်ရှိရင် ခင်ဗျား သေနတ်ကိုင်နိုင်တယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကလွဲရင် အသုံးပြုခွင့်မရဘူး” ဟုလည်း သူက ရှင်းပြသည်။
ခရစ်ယာန် ထုတ်လုပ်ရေး စတူဒီယိုတခုမှ ရိန်းဂျားများအကြောင်း မှတ်တမ်းရုပ်ရှင်တခုတွင် ၂၀၁၇ ခုနှစ်က အီရန်နိုင်ငံ၊ မိုဆူးမြို့ လွတ်မြောက်ရေးတိုက်ပွဲအတွင်း ယူဘန့်ကိုယ်တိုင်လည်း အစ္စလမ်စစ်သွေးကြွ ISIS တိုက်ခိုက်ရေးသမားများကို တိုက်ရန် လက်နက်ကိုင်ထားသည့် ပုံကို ရိုက်ကူးထားသည်။
ထိုတိုက်ပွဲတွင် ဒဏ်ရာရသည့် ရိန်းဂျားတဦးက ယူဘန့်သည် လက်မောင်းတွင် ကျည်ဆံထိမှန်ထား သော်လည်း ISIS တိုက်ခိုက်ရေးသမား သုံးဦးကို သတ်ခဲ့ကြောင်း ပြောသည်။
မြန်မာတွင် ယူဘန့်၏ မူဝါဒမှာ စစ်မြေပြင်နှင့် အနီးကပ်နေသော်လည်း စစ်တပ်ကို ရှောင်ရှားရန် ဖြစ်သည်။
သို့သော် ရိန်းဂျားများသည် မြန်မာမှ တိုင်းရင်းသား သူပုန်များအတွက် လက်နက်မှောင်ခို လုပ်ပေးနိုင်သည့် အလားအလာရှိသည်ဆိုသည့် သံတမန်ရေး စိုးရိမ်ပူပန်မှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်နှင့် ဘန်ကောက်ရှိ အမေရိကန် သံရုံးများသို့ ပေးပို့သည့် ပေါက်ကြား ကြေးနန်းများတွင် မှတ်တမ်းတင်ထားသည်။
ဖြစ်ရပ်တခုတွင် ယူဘန့်သည် ရှမ်းအမျိုးသားနေ့ လူထုစုဝေးပွဲတွင် အမေရိကန် စစ်ဝတ်စုံ တစိတ်တပိုင်း ဝတ်ဆင်ထားသည်ကို ကင်မရာတွင် ရိုက်ကူးထားခဲ့သည်။ ထိုအခမ်းအနားသည် ရှမ်းနိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုသည့် နှစ်စဉ်ကျင်းပသော အခမ်းအနား ဖြစ်သည်။ အထက်ပါ ကြေးနန်းစာအရ ရိန်းဂျားတို့သည် ရှမ်းပြည်တပ်မတော်ကို လက်နက်များ ထောက်ပံ့နေသည်ဟု ယူဆမှုများ ဖြစ်စေသည်။

ထိုကြေးနန်းတွင် အထက်ပါဖြစ်ရပ်နှင့် ယူဘန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအကြား ထိုင်းဒုက္ခသည် မူဝါဒအပေါ် သဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရိန်းဂျားများနှင့် အဆက်အသွယ်ကို ကန့်သတ်ထားရန် ဖြစ်စေပြီး ယူဘန့်အနေဖြင့် အမေရိကန် ကြည်းတပ် အရန်တပ်မှ နုတ်ထွက်ရန် ညွှန်ကြားသည်။ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ယူဘန့် အမေရိကန် စစ်ဝတ်စုံ ဝတ်ထားသော ဓာတ်ပုံသည် အမေရိကန်စစ်တပ်က ရှမ်းစစ်သွေးကြွများနှင့်အတူ လုပ်ကိုင်နေသည့် အထောက်အထား ဖြစ်သည်ဟုဆိုကာ ထိုကိစ္စအတွက် ရန်ကုန်မှ အမေရိကန် စစ်သံမှူးကို ဆင့်ခေါ်သည်။
ရိန်းဂျားများသည် သူပုန်များအတွက် လက်နက်ထောက်ပံ့သည့် အထောက်အထား မရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးသူများက ၎င်းတို့၏ ကြေးနန်းတွင် မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ဝယ်ယူရာတွင် ကူညီနေသည့် အခြားလူပုဂ္ဂိုလ်များရှိကြောင်း၊ ထိုသူများအနက် အချို့သည် အမေရိကန် စစ်မှုထမ်းဟောင်းများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ရိန်းဂျားများသည် သူပုန်များအတွက် လက်နက်ထောက်ပံ့သည့် အထောက်အထား မရှိသော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးသူများက ၎င်းတို့၏ ကြေးနန်းတွင် မြန်မာမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက်ဝယ်ယူရာတွင် ကူညီနေသည့် အခြားလူပုဂ္ဂိုလ်များရှိကြောင်း၊ ထိုသူများအနက် အချို့သည် အမေရိကန် စစ်မှုထမ်းဟောင်းများ ဖြစ်ကြောင်း ဖော်ပြထားသည်။ သူ၏ လုပ်ငန်း သဘောသဘာဝအရ ယူဘန့်သည် ထိုသူများ မည်သူတို့ဖြစ်သည်နှင့် ၎င်းတို့မည်သည်တို့ လုပ်နေသည်ကို အတိအကျ သိနိုင်သည်။
ယေဘုယျအားဖြင့် ဆိုရပါက ကမ္ဘာတဝန်း ပြည်ပပဋိပက္ခများ၌ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နေသော အမေရိကန် စစ်မှုထမ်းဟောင်း အသိုက်အဝန်းငယ်များကြောင့် လူ့အခွင့်အရေး သုတေသီဟောင်း ဒေးဗစ် စကော့ မက်သီဆန်ကဲ့သို့သော အချို့သူများက မြန်မာကဲ့သို့သော စစ်ဇုန်များသည် စွန့်စားသူများ၊ စိတ်ကူးယဉ်သမားများနှင့် စိတ်ဝေဒနာကြောင့် ကြမ်းရမ်းသူများကို စွဲဆောင်သည့် နေရာဖြစ်နေကြောင်း ပြောစရာ ဖြစ်စေသည်။ ယူဘန့်နှင့် ဖရီးဘာမား ရိန်းဂျားများကို ထိုသို့ အမည်များသာမက အခြားအမည်များလည်း တပ်ခဲ့ကြသည်။
သို့သော် ထိုအုပ်စု၏ ဘာသာရေးအခြေခံသော လူသားချင်းစာနာမှု အလုပ်ကို အမြင်မကြည်သူများ အနေဖြင့် ရိန်းဂျားများသည် ထိရောက်မှု မရှိဟု မပြောနိုင်ကြောင်း မက်သီဆန်က အသိအမှတ်ပြုသည်။
ရှေ့တန်းစစ်မျက်နှာများတွင် အလျင်အမြန် လှုပ်ရှားပြီး ယူဘန့်သည် သူ့လုပ်ငန်း၏ ရုပ်ပကတိ အခြေအနေများကို ပစ်ပယ်ခြင်း မရှိပေ။ မေတ္တာတရားနှင့် လက်စားချေခြင်းတို့ကို ချိန်ညှိခြင်းအကြောင်း မေးသည့်အခါ သူက မေတ္တာတရားက ဖြစ်စေသည့် အပြစ်ပေးရန် လိုအပ်သော တရားမျှတမှု ပုံစံတခုအကြောင်း ပြောသည်။
“တစုံတယောက်က အမှားအယွင်း တစုံတခု လုပ်တဲ့အခါ အပြစ်ပေးတာက မေတ္တာတရားဖြစ်ဖို့ လိုတယ်။ တရားမျှတမှုမှာ မေတ္တာတရားရှိရမယ်” ဟု ယူဘန့်က ပြောသည်။ “ဒါက သူတို့ရဲ့နည်းလမ်းတွေရဲ့ အမှားကို သူတို့မြင်နိုင်အောင် လုပ်ပေးတဲ့ ထောင်ဒဏ် သို့မဟုတ် အခြားဘယ် အပြစ်ပေးမှုမဆို ဖြစ်နိုင်တယ်။ သူတို့ကို ပစ်သတ်ရင်လည်း သတ်ရမယ်။ သူတို့သေရင်လည်း သေနိုင်တယ်။ ဒါပေမယ် သူတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ သတ်ရမယ် ဝိညာဉ်ကို မသတ်ရဘူး။ အဲဒါက တခြားသူတွေနဲ့ သူတို့ကိုယ်တိုင်ကို ဖျက်စီးစေဖို့ ဒီအတိုင်းဆက်သွားဖို့ သူတို့ကို ခွင့်ပြုတာထက် ပိုကောင်းတယ်” ဟု ၎င်းက ပြောသည်။
(Southeast Asia Globe ပါ Coby Hobbs ၏ Love, war and the Free Burma Rangers ကို ဘာသာပြန်သည်။)
တပ်မတော်က လက်မခံတဲ့ Free Burma Rangers
အမေရိကန် Free Burma Rangers အဖွဲ့ ရခိုင်သို့ အဝင်မခံဟု တပ်မတော် ပြော
Free Burma Rangers အဖွဲ့ဝင်များ အီရတ်မှာ သွားကူညီ
ဆီးရီးယားတွင် FBR မြန်မာဆေးဝန်ထမ်း သေဆုံး














