• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆီးရီးယားတွင် FBR မြန်မာဆေးဝန်ထမ်း သေဆုံး

by ဧရာဝတီ
5 November 2019
in သတင်း
A A
ဆီးရီးယားတွင် ကျဆုံးသွားသော FBR ၏ ကချင်တိုင်းရင်းသား ဆေးဝန်ထမ်း ဇော်ဆန်းသည်

ဆီးရီးယားတွင် ကျဆုံးသွားသော FBR ၏ ကချင်တိုင်းရင်းသား ဆေးဝန်ထမ်း ဇော်ဆန်းသည်

10.2k
VIEWS
Share on FacebookShare on Twitter

ဓာတ်ပုံဆရာနှင့် ဆေးဝန်ထမ်းအဖြစ် ဆောင်ရွက်နေသော Free Burma Rangers အဖွဲ့ဝင်တဦး ဗုံးဆံထိမှန်သေဆုံးသွားကြောင်း ထိုအဖွဲ့က ကြေညာလိုက်သည်။

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှ အမြောက်များဖြင့်ပစ်ခတ်မှုအတွင်း ဓာတ်ပုံဆရာနှင့် ဆေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော ၎င်းတို့၏အဖွဲ့ဝင် မြန်မာနိုင်ငံသားတဦး သေဆုံးသွားကြောင်း ထိုလူသားချင်းစာနာမှုအဖွဲ့က ကြေညာခဲ့သည်။

တူရကီတပ်များနှင့် ဆီးရီးယားမှ ၎င်းတို့၏ မဟာမိတ်များသည် တူရကီက အကြမ်းဖက်သမား ဟု သတ်မှတ်ထားသော ကာ့ဒ် သူပုန်များကို တိုက်ခိုက်ရန်လွန်ခဲ့သောလက စတင်ပီး ထိုဒေသသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး ဆောင်ရွက်နေသည်။

ကချင်တိုင်းရင်းသား ဆေးဝန်ထမ်း ဇော်ဆန်းသည် တိုက်ပွဲတခုကို ဗီဒီယိုမှတ်တမ်းတင်နေစဉ်အတွင်း သူ၏အနီးတွင် ကျရောက်ပေါက်ကွဲသော မော်တာကျည်မှ ဗုံးဆံ ဦးခေါင်းတွင် ထိမှန်သေဆုံးသွားကြောင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းနှင့် Free Burma Rangers ကို တည်ထောင်သူ ဒေးဗစ် ယူဘန့်က တနင်္ဂနွေနေ့က ဗီဒီယိုတခုတွင်ကြေညာသည်။

ထိုမော်တာကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အီရတ်နိုင်ငံမှ အဖွဲ့ဝင်တဦးလည်း ဒဏ်ရာရကြောင်း ယူဘန့်က ပြောသည်။ ပစ်ခတ်သည့်အဖွဲ့အစည်းမှာ လွတ်လပ်သော ဆီးရီးယားတပ်မတော်နှင့် တာ့ခ်များဖြစ်သည်ဟု သူက ပြောသည်။

“သူ ချက်ခြင်းသေဆုံးသွားလို့ သူ့အလောင်းကို တယ်တန်မာ ကို သယ်လာခဲ့တယ်” ဟု ယူဘန့်က ထို ဗီဒီယိုတွင်ပြောသည်။ ထိုဗီဒီယိုတွင် ဗုံးဆံထိမှန်သည့် ၎င်းတို့အဖွဲ့၏ သံချပ်ကာယာဉ်ကိုလည်း ပြသထားသည်။

တူရကီကာကွယ်ရေးဝန်ကြီးဌာနက အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်ခြင်း မရှိကြောင်း ထိုသတင်းသည် မမှန်ကြောင်း ပြောသည်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော Syrian Observatory for Human Rights ၏ ဆီးရီးယားရှိ သတင်းရင်းမြစ်များ၏ အဆိုအရ ထိုတိုက်ခိုက်မှုသည် ရာရှီဒိုင်ယာကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကာ့ဒ်ပြည်သူ့ကာကွယ်ရေးဌာန (YPG) က ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်များ ကလည်း ပတ်ဝန်းကျင်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောသည်။

တူရကီ YPG သည် တူရကီထံမှ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် ကာ့ဒ်အလုပ်သမားများပါတီ (PKK) ၏ အဖွဲ့ခွဲအဖြစ် သတ်မှတ်သည်။ တူရကီ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က PKK ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရှိသော်လည်း ချိုးဖောက်ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲပြီး မကြာခဏ တိုက်ခိုက်မှုများလည်း ရှိသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
129
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
58

လိုအပ်လျှင် ထိုးစစ်ပြန်လည်စတင်မည်ဟုလည်း တူရကီ သမ္မတက ခြိမ်းခြောက်ထားသည်။

ကိုးကား ။ ။ Free Burma Ranger, Aljazeera

You May Also Like These Stories:

တပ်မတော်က လက်မခံတဲ့ Free Burma Rangers 

အမေရိကန် Free Burma Rangers အဖွဲ့ ရခိုင်သို့ အဝင်မခံဟု တပ်မတော် ပြော

Your Thoughts …
Tags: Free Burma Rangerကချင်တိုင်းရင်းသားကျဆုံးဆီးရီးယားဆေးဝန်ထမ်းဇော်ဆန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ

ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ

by ဧရာဝတီ
11 December 2024
4.3k

"စကားလုံးနဲ့ မဆုံးဖြတ်နဲ့၊ လုပ်ရပ်နဲ့ ဆုံးဖြတ်ပါ" ဟု အယ်လ် ဂိုလာနီက ပြောသည်။

ဒမတ်စကတ်မှ နေပြည်တော်သို့ တော်လှန်ရေးသင်ခန်းစာများနှင့် မျှော်လင့်ချက်

ဒမတ်စကတ်မှ နေပြည်တော်သို့ တော်လှန်ရေးသင်ခန်းစာများနှင့် မျှော်လင့်ချက်

by ဧရာဝတီ
14 December 2024
4.1k

ရုတ်တရက် ပြိုလဲခြင်းသည် အာဏာရှင်အစိုးရတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သော်လည်း မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ပြီး မြန်မာနိုင်ငံသည်လည်း ခြွင်းချက်မဟုတ်ပေ။

စစ်ကောင်စီ ဇာတ်သိမ်းခန်း နီးပြီ

စစ်ကောင်စီ ဇာတ်သိမ်းခန်း နီးပြီ

by နွေနေ
26 December 2024
3.8k

မကြာမီ ၂၀၂၄ ခုနှစ်ဟာ ကုန်ဆုံးပါတော့မယ်။ ၂၀၂၄ ကုန်ဆုံးသွားသလို စစ်ကောင်စီရဲ့ နိဂုံးကလည်း တစစနဲ့ ရုပ်လုံးပေါ်လာနေပါပြီ။

ဒမတ်စကတ်နှင့် နေပြည်တော်မှ ကျဆုံးစစ်အုပ်စုများကို ထောက်ခံခြင်း၏ အန္တရာယ်

ဒမတ်စကတ်နှင့် နေပြည်တော်မှ ကျဆုံးစစ်အုပ်စုများကို ထောက်ခံခြင်း၏ အန္တရာယ်

by မီမီဝင်းဘတ်
21 December 2024
3.2k

တရုတ်၏ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် တွက်ချက်မှုမှားကြောင်း ပြသနေသည်။

ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

by ဝေမင်းထွန်း
21 December 2024
3k

အာဆတ် တကယ်ကျရှုံးသောအခါ အသည်းအသန်ကူညီမှု မပြုတော့ဘဲ လက်ပိုက်ကြည့်နေကြသည်။ မြန်မာစစ်ကောင်စီသည်လည်း ဤကဲ့သို့သော ကံကြမ္မာမျိုးကို မုချကြုံရမည်သာ။

Next Post
"Parasite" ရုပ်ရှင် ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho

အမေရိက ရုံဝင်ငွေစာရင်းမှာ အောင်ပွဲခံနေတဲ့ "Parasite" ရုပ်ရှင်

ကိုတိုး ကာရိုက်တာနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် / Eaindra Kyaw Zin's Facebook

ကျောင်းဆရာ ကိုတိုး ကာရိုက်တာဖြစ်အောင် သေချာ ကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved