• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒမတ်စကတ်နှင့် နေပြည်တော်မှ ကျဆုံးစစ်အုပ်စုများကို ထောက်ခံခြင်း၏ အန္တရာယ်

by မီမီဝင်းဘတ်
21 December 2024
in သူ့အတွေး သူ့အမြင်
A A
ဒမတ်စကတ်နှင့် နေပြည်တော်မှ ကျဆုံးစစ်အုပ်စုများကို ထောက်ခံခြင်း၏ အန္တရာယ်

ဆီးရီးယားမှ ဘာရှား အယ်လ် အာဆတ် အစိုးရပြုတ်ကျခြင်းသည် မြန်မာတော်လှန်ရေးအင်အားစုများ အကြားတွင် မျှော်လင့်ချက် မြင့်မားစေသည် /AFP

3.2k
VIEWS
Share on FacebookShare on Twitter

ဆီးရီးယားမှ ဘာရှား အယ်လ် အာဆတ် အစိုးရပြုတ်ကျခြင်းသည် မြန်မာတော်လှန်ရေးအင်အားစုများ အကြားတွင် မျှော်လင့်ချက် မြင့်မားစေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် ရက်စက်ကြမ်းကြုတ်ပြီး ပိုမို လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် စစ်တပ်ကို တဖြည်းဖြည်း အောင်ပွဲရလာသည်။

တခါက လှုပ်ခါမရသည့်အာဏာဟု မြင်ကြသည့် စစ်ကောင်စီသည် နိုင်ငံပိုင်နက် ထက်ဝက်ကျော်ကို ထိန်းချုပ်မှု ဆုံးရှုံးသည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့ မဟာမိတ်များက နယ်စပ်ဒေသများကို လွှမ်းမိုးထားသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအဖြစ် စတင်ခဲ့သောဖြစ်ရပ်ကို စစ်ကောင်စီက ရက်စက်စွာ နှိမ်နင်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။ ဆန္ဒပြသူများသည် အကြမ်းဖက်မှုနှင့် ရင်ဆိုင်ရပြီး ရွေးကောက်ခံ ခေါင်းဆောင်များသည် ဖိနှိပ်မှုနှင့် ထောင်သွင်းအကျဉ်းချခြင်းကို ခံရသည်။

ကနဦးတွင် နိုင်ငံတကာသုတေသီ အများအပြားနှင့် စစ်ကောင်စီသစ္စာခံများက လက်နက်ကိုင်တော်လှန်ရေးသည် အချည်းနှီးသာဖြစ်သည်ဟု ပယ်ချပြီး စစ်တပ်သည် “မကျဆုံးနိုင်လောက်အောင် ကြီးမားသည်” ဟုပြောသည်။

မြန်မာစစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု အတိုင်းအတာကို ၎င်းတို့ လျှော့တွက်ခဲ့သည်။ ထိုအကျင့်ပျက်ခြစားမှု အတိုင်းအတာသည် အာဆတ်၏ တပ်များကို စွမ်းဆောင်မှု ကင်းမဲ့စေခြင်းနှင့် အလွန်တူသည်။

မြန်မာစစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု အတိုင်းအတာကို ၎င်းတို့ လျှော့တွက်ခဲ့သည်။ ထိုအကျင့်ပျက်ခြစားမှု အတိုင်းအတာသည် အာဆတ်၏ တပ်များကို စွမ်းဆောင်မှု ကင်းမဲ့စေခြင်းနှင့် အလွန်တူသည်။

ထိုမျှအတိုင်းအတာရှိသော အဂတိလိုက်စားမှုသည် ကျင့်ဝတ်ပျက်ကွက်ခြင်းသာမကဘဲ သေနင်္ဂဗျူဟာ ထိခိုက်လွယ်မှုလည်း ဖြစ်သည်။ ထိရောက်သော စစ်ဆင်ရေးများကို မြန်မာ စစ်ကောင်စီ မလုပ်နိုင်ခြင်းသည် ထိုပကတိအခြေအနေကို မီးမောင်းထိုးပြသည်။

အဓိကကျသော နယ်မြေများနှင့် တိုင်းစစ်ဌာနချုပ်များ တော်လှန်ရေးအင်အားစုများထံ ကျဆုံးသည်။ မြေပြင်တိုက်ပွဲများကို ဆက်တိုက်ရှုံးပြီး ဘက်ပြောင်းမှု မြင့်မားလာကာ စစ်သားများအကြား စိတ်ဓာတ် ထိုးစိုက်ကျဆင်းသည်။

ပစ်အားရှိသော်လည်း စစ်ကောင်စီသည် ပြိုလဲလုနီးပါး ဒယိမ်းဒယိုင်ဖြစ်နေသည်။ လေကြောင်းအင်အားသည် ၎င်း၏ နောက်ဆုံးအမာခံဖြစ်လာပြီး ကျောင်းများ၊ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို ဗုံးကြဲခြင်းဖြင့် အရပ်သားများကို ပိုမိုပစ်မှတ်ထားရန် အသုံးပြုသည်။ ထိုရက်စက်ကြမ်းကြုတ်မှုများသည် စစ်တပ်အပေါ် ပြည်သူများ၏ အမုန်းတရားနှင့် ဆန့်ကျင်မှုကို ပိုမိုနက်ရှိုင်းစေသည်။

တရုတ်က မြန်မာစစ်ကောင်စီကို ထောက်ခံမှု တိုးမြှင့်ခြင်းသည် စစ်ကောင်စီ၏ ထိခိုက်လွယ်မှုကို အကြီးအကျယ် သက်သာစေသည်။ တရုတ်သည် မြန်မာတွင် တည်ငြိမ်စေရန် ကြိုးစားသော်လည်း ဒီမိုကရေစီ အခြားနည်းလမ်းများထက် အာဏာရှင်စစ်ကောင်စီကို ကျောထောက်နောက်ခံပေးရန် ပိုမို စိတ်အားထက်သန်ပုံရသည်။

သမိုင်းအရကြည့်ပါက စစ်ကောင်စီသည် မတည်ငြိမ်မှုဖြစ်စေသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။ စစ်တပ်၏အမွေမှာ သွေးကွဲစေခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖိနှိပ်ခြင်းတို့ဖြစ်သည်။ အခြားမည်သည့်အဖွဲ့မှ ထိုမျှအတိုင်းအတာအထိ ဖျက်ဆီးနိုင်သည့်စွမ်းရည် မရှိပေ။

သို့သော် သမိုင်းအရကြည့်ပါက စစ်ကောင်စီသည် မတည်ငြိမ်မှုဖြစ်စေသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။ စစ်တပ်၏အမွေမှာ သွေးကွဲစေခြင်း၊ ဖျက်ဆီးခြင်းနှင့် ဖိနှိပ်ခြင်းတို့ဖြစ်သည်။ အခြားမည်သည့်အဖွဲ့မှ ထိုမျှအတိုင်းအတာအထိ ဖျက်ဆီးနိုင်သည့်စွမ်းရည် မရှိပေ။

တရုတ်၏ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် တွက်ချက်မှုမှားကြောင်း ပြသနေသည်။ စစ်ကောင်စီအထက်လွှာနှင့် ဆက်ဆံရေးပျိုးထောင်ခြင်းသည် မြန်မာလူ့အဖွဲ့အစည်းကို ပုံဖော်နေသည့် ပိုမိုကျယ်ပြန့်သောအရွေ့ကို မမြင်ပေ။

တရုတ်၏ အာဏာရှင် လက်စွဲစာအုပ်တွင် အမြစ်တွယ်နေသည့် အထက်လွှာဗဟိုပြု ချဉ်းကပ်ပုံနည်းလမ်းကြောင့် တရုတ်သည် မြန်မာပြည်သူများအကြား နက်ရှိုင်းသည့် မုန်းတီးမှုကို မမြင်ပေ။ မဟာမိတ်ဟောင်းများကပင် မလိုလားတော့သည့် စစ်ကောင်စီကို ထောက်ခံခြင်းဖြင့် တရုတ်သည် မြန်မာနိုင်ငံတဝန်းတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို မီးထိုးပေးသည်။

အပြောတခြား အလုပ်တခြား ဖြစ်နေသည်မှာ စစ်ကောင်စီသည် အာဏာချုပ်ကိုင်ရေးအတွက် တရုတ်ကို ဓားစာခံထားခြင်း ဖြစ်သည်။ တရုတ်သည် သူတို့ကိုယ်တိုင် ပြုလုပ်ထားသည့် နွံအိုင်တွင် သူတို့ဘာသာသူတို့ နစ်နေသည်ကို တွေ့ရနိုင်သည်။

ဆီးရီးယားနှင့်တူသော ဖြစ်ရပ်များသည် ထင်ရှားသည်။ ရုရှားသည် အာဆတ်၏ အင်အားချိနဲ့နေသည့် အစိုးရနှင့် ပတ်သက်သကဲ့သို့ပင် တရုတ်သည်လည်း မြန်မာတွင် အလားတူအကျပ်အတည်းကို ရင်ဆိုင်ရနိုင်သည်။ တရုတ်သည် အကျင့်ပျက်ခြစားပြီး အထီးကျန် အာဏာရှင်နိုင်ငံတခုကို ထောက်ခံရသည့် အန္တရာယ်များကို တွေ့ကြုံရနိုင်သည်။ တရုတ်က မြန်မာစစ်ကောင်စီကို ကျားကန်ပေးသကဲ့သို့ပင် ဆီးရီးယားတွင် ရုရှားကြားဝင်ခြင်းသည် အာဆတ်၏ အင်အားချိနဲ့နေသော အစိုးရကို ကျားကန်ပေးရန် ရည်ရွယ်သည်။

ထိုအင်အားကြီး နှစ်နိုင်ငံသည် ၎င်းတို့ထောက်ခံသည့် စစ်အုပ်စုများ၏အင်အားကို ပိုပိုသာသာ တွက်ခဲ့ကြပြီး အတိုက်အခံအင်အားစုများ၏ ခံနိုင်ရည်ကို လျှော့တွက်သည်။ ဆီးရီးယားတွင် ရုရှား၏ အာဆတ်အတွက် ကတိကဝတ်သည် နိုင်ငံတကာအသိုက်အဝန်းအများစုကို ပစ်ပယ်ပြီး ၎င်း၏ဒေသတွင်းသြဇာကို ထိခိုက်စေသည်။

အလားတူစွာပင် တရုတ်က မြန်မာစစ်ကောင်စီကို မတွန့်မဆုတ် ထောက်ခံခြင်းသည် အရှေ့တောင်အာရှနှင့် အခြားဒေသများတွင် ၎င်း၏ ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာ အကျိုးစီးပွား ထိခိုက်စေမည့် အန္တရာယ်ရှိသည်။

ဆီးရီးယားမှ ရုရှားနှင့် မြန်မာမှ တရုတ် နှစ်နိုင်ငံလုံးသည် အကျင့်ပျက်ခြစားသော အာဏာရှင်အုပ်စုများက ဖန်တီးသည့် ရေရှည်ပဋိပက္ခများတွင် ပါဝင်ပတ်သက်ကြသည်။ ထိုသို့ ပါဝင်ပတ်သက်ခြင်းအတွက် ပေးဆပ်ရသည့် ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် ဂုဏ်သတင်းတန်ဖိုး ဆက်လက်မြင့်မားနေသည်။

ဆီးရီးယားမှ ရုရှားနှင့် မြန်မာမှ တရုတ် နှစ်နိုင်ငံလုံးသည် အကျင့်ပျက်ခြစားသော အာဏာရှင်အုပ်စုများက ဖန်တီးသည့် ရေရှည်ပဋိပက္ခများတွင် ပါဝင်ပတ်သက်ကြသည်။ ထိုသို့ ပါဝင်ပတ်သက်ခြင်းအတွက် ပေးဆပ်ရသည့် ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် ဂုဏ်သတင်းတန်ဖိုး ဆက်လက်မြင့်မားနေသည်။

အာဆတ်၏ တပ်များကဲ့သို့ပင် မြန်မာစစ်ကောင်စီသည် ၎င်းကို ကျောထောက်နောက်ခံပေးသည့် တရုတ်နိုင်ငံက လိုအပ်သည့် တည်ငြိမ်မှုကိုပေးရန် စွမ်းရည် ပိုမိုကင်းမဲ့လာပုံရသည်။ တည်ငြိမ်မှုအစား ထိုစစ်အုပ်စုများသည် ၎င်းတို့ကို စောင့်ရှောက်သည့်နိုင်ငံများကို မတည်ငြိမ်မှုနှင့် ရန်လိုမှုကွန်ရက်အတွင်း ပိုမိုနက်ရှိုင်းစွာ ဆွဲချပြီး ပြည်တွင်းနှင့် နိုင်ငံတကာ ဆန့်ကျင်မှုကို ကျယ်ပြန့်စေသည်။

သင်ခန်းစာသည် ရှင်းလင်းသည်။ နက်ရှိုင်းစွာ အကျင့်ပျက်ခြစား အထီးကျန်သော အာဏာရှင်ကို ထောက်ခံခြင်းသည် သေနင်္ဂဗျူဟာ အသာစီး မရစေဘဲ ရှည်ကြာသော ပြဿနာများကိုသာ ဖြစ်စေသည်ဆိုသည့် သင်ခန်းစာဖြစ်သည်။

(The Diplomat ပါ မီမီဝင်းဘတ်၏ From Damascus to Naypyidaw: The Perils of Backing Failing Regimes ကို ဘာသာပြန်သည်။ ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye အာရှ-ပစိဖိတ် လုံခြုံရေးလေ့လာမှုဌာန (APCSS) မှ ပါမောက္ခဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။)

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.2k
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.2k

You may also like these stories:

ဒမတ်စကတ်မှ နေပြည်တော်သို့ တော်လှန်ရေးသင်ခန်းစာများနှင့် မျှော်လင့်ချက်

Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

မြန်မာသည် “ပြိုကွဲ” နိုင်ငံ ဖြစ်မည်မဟုတ်

တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်စခန်းစစ်အာဏာသိမ်းမှုဆီးရီးယားတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုဘက်ပြောင်းမှုဘာရှား အာဆတ်ရုရှားလက်နက်ကိုင်တော်လှန်ရေးလေကြောင်းတိုက်ခိုက်မှုအကျင့်ပျက်ခြစားမှုအဂတိလိုက်စားမှုအရပ်သားပစ်မှတ်
မီမီဝင်းဘတ်

မီမီဝင်းဘတ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တောင်ကိုရီးခေါင်းဆောင်သစ် ဖြစ်နိုင်တဲ့ လက်ဝဲနိုင်ငံရေးသမား လီဂျေမြောင်

တောင်ကိုရီးခေါင်းဆောင်သစ် ဖြစ်နိုင်တဲ့ လက်ဝဲနိုင်ငံရေးသမား လီဂျေမြောင်

Toyota က ထိုင်းမှာ Hybrid ကား ထုတ်လုပ်နိုင်ရေး ဘတ် ၅၅ ဘီလီယံ ရင်းနှီးမယ်တဲ့

Toyota က ထိုင်းမှာ Hybrid ကား ထုတ်လုပ်နိုင်ရေး ဘတ် ၅၅ ဘီလီယံ ရင်းနှီးမယ်တဲ့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved