အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ပြီး Walk For Peace ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း ခရီးစဉ်မှာ မြန်မာဆရာတော် ဦးသီလာနန္ဒ လည်းပါဝင်လာခဲ့ပါတယ်။
ဒီငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို အမေရိကန််ပြည်ထောင်စု Texas ပြည်နယ်၊ Fort Worth မြို့ကနေ ၀ါရှင်တန်ဒီစီမြို့အထိ မိုင်ပေါင်း ၂၃၀၀ လျှောက်လှမ်းကြမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ကစတင်ခဲ့ကြတာပါ။
ဒီခရီးစဉ်ဟာ ၄ လကြာမယ်လို့ ခန့်မှန်းထားပြီး ရွှေဘုန်းပွင့်ဆရာတော်လို့ လူသိများတဲ့ ဦးသီလာနန္ဒ ဟာ လမ်းလျှောက်ခရီးစဉ်တဝက်ပါ ပါဝင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် တပါတ်ကျော်ရှိလာပါပြီ။
ဆရာတော်ကို ခရီးစဉ်မှာပါဝင်ဖြစ်တဲ့အကြောင်းနဲ့ ခရီးစဉ်တလျှောက်ကြုံတွေ့ရတာတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ငြိမ်းချမ်းရေး #ရွှေဘုန်းပွင့်ဆရာတော် #WalkForPeace













