• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
in Politics, သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ရေးလေ့ကျင့်မှုတခုအတွင်း တရုတ်စစ်တပ်က အလံကို လွှင့်တင်နေစဉ်/AFP

19.4k
VIEWS
Share on FacebookShare on Twitter

မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်တို့၏ အကျိုးစီးပွားပေါ်က ကြည့်သည့်အမြင်နှင့် လုပ်ဆောင်ချက် အသစ်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ မြန်မာပြည်ခရီးစဉ်နှင့်အတူ တွေ့မြင်ရ၏။

တရုတ်သဘောထား

စစ်ကောင်စီနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် မစ္စတာ ဝမ်ယိ ပြောကြားသည့် တရုတ်တို့ သဘောထားမှာ “မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အသစ်ကို ဖော်ဆောင်၍ နိုင်ငံရေးပြန် လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်မှုကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကြောင်းရှာဖွေရေးကို အခိုင်အမာ ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်နေခြင်းကို ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုသည့်၊ တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချသည့် မည်သည့် ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း” တို့ ဖြစ်၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက “လက်ရှိတွင် မြန်မာနိုင်ငံ အခြေအနေသည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍ မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်

ထပ်မံ၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ပြုလုပ်သည့် လန်ချန်း-မဲခေါင် ဆွေးနွေးပွဲအတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ကျင်းပခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက “လက်ရှိတွင် မြန်မာနိုင်ငံ အခြေအနေသည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍ မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို တွေ့ရ၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည် သဘောထားများ ထုတ်ဖော်ပြောဆိုသည်နှင့်အတူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဂျူလီဘိရှော့နှင့်၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဘေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3.4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
210
ဩဂုတ်လလယ်တွင် နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇၊ ၂၈ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဂျိတ်ဆူလီဗန်တို့ တွေ့ဆုံခဲ့ရာတွင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မြန်မာ့အရေးသည် အကြောင်းအရာတခု ဖြစ်နိုင်ပါသည်။

တရုတ်တို့သည် ချင်းမိုင်တွင် ထိုင်း၊ လာအို၊ မြန်မာတို့နှင့် အလွတ်သဘော တွေ့ဆုံခြင်း၊ ကုလသမဂ္ဂ အထူးသံတမန်၊ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတို့နှင့် တွေ့ဆုံခြင်းတို့တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်သဘောထားကို အသိပေးခြင်း ဖြစ်သကဲ့သို့ တရုတ်သဘောထားကို ထောက်ခံမှုရယူရန် ကြိုးစားခြင်းလည်း ဖြစ်ပုံရ၏။

လက်တွေ့အနေဖြင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) သည် တရုတ်နှင့် မြန်မာနယ်စပ်ဒေသ၏ တရုတ်ပြည်ပိုင်းတွင် လက်နက်အစစ်ဖြင့် စစ်လေ့ကျင့်မှု ပြုလုပ်သည်။ နှစ်ပတ်လည် လေ့ကျင့်မှု အစီအစဉ်အရ PLA ၏ တပ်ဖွဲ့တဖွဲ့ သည် ယခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ –

၁။ ရွှေလီမြို့၊ ဟူယူရွာ အနီး၊
၂။ ရွှေလီမြို့၊ ဝမ်တိန်မြို့နယ် အနီး၊
၃။ ကျင့်ကန်းခရိုင်၊ မုန်းတွေ့ရွာ အနီး
၄။ ကင်းမား တိုင်လူမျိုးနှင့် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် မုန်းတင်မြို့နယ်အနီး လေးနေရာတွင်ဖြစ်ပြီး ကျည်အစစ်ဖြင့် စစ်လေ့ကျင့်မှု ပြုလုပ်သည်ဟု ဆိုပါသည်။

တရုတ်စစ်လေ့ကျင့်မှုနှင့် လက်တွေ့

သြဂုတ်လ ၂၉ ရက်နေ့က PLA တောင်ပိုင်းစစ်နယ်၏ တရုတ်နှင့် မြန်မာ နယ်စပ်ဒေသ တရုတ်ပြည်ဘက်ပိုင်းတွင် လက်နက်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း PLA တောင်ပိုင်းစစ်နယ်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့၏။

တရုတ်စစ်တပ် စစ်လေ့ကျင့်သည့် နေရာများမှာ နမ့်ခမ်း၊ မူဆယ်အနီးတွင် တနေရာ၊ ကြူကုတ်-ပန်ဆိုင်းအနီးတွင် တနေရာ၊ ကိုးကန့်ဒေသအနီးတွင် တနေရာ၊ ဝနယ်အနီးတွင် တနေရာ ဖြစ်သည်။ ထိုစစ်‌လေ့ကျင့်သည့် နယ်စပ်တလျှောက် မူဆယ်မြို့မှအပ ကျန်ဒေသအားလုံး၊ မိုင်ပေါင်း ထောင်ချီရှည်လျားသည့် တ‌ရုတ်နယ်စပ် မျဉ်းတ‌လျှောက် စစ်ကောင်စီတပ် မရှိတော့ဘဲ တိုင်းရင်းသားတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

တရုတ်စစ်တပ် စစ်လေ့ကျင့်သည့် နေရာများမှာ နမ့်ခမ်း၊ မူဆယ်အနီးတွင် တနေရာ၊ ကြူကုတ်-ပန်ဆိုင်းအနီးတွင် တနေရာ၊ ကိုးကန့်ဒေသအနီးတွင် တနေရာ၊ ဝနယ်အနီးတွင် တနေရာ ဖြစ်သည်။ ထိုစစ်‌လေ့ကျင့်သည့် နယ်စပ်တလျှောက် မူဆယ်မြို့မှအပ ကျန်ဒေသအားလုံး၊ မိုင်ပေါင်း ထောင်ချီရှည်လျားသည့် တ‌ရုတ်နယ်စပ် မျဉ်းတ‌လျှောက် စစ်ကောင်စီတပ် မရှိတော့ဘဲ တိုင်းရင်းသားတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ မူဆယ်သည်ပင် တရုတ်နယ်စပ်နှင့် ကပ်နေ၍ ကျန်နေသည်ကို အားလုံး သိကြပါသည်။

သို့ဖြစ်ရာ တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုသည် ပထမအချက်အနေဖြင့် တရုတ်နယ်စပ်တလျှောက် စစ်ကောင်စီတပ် ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်နောက်တွင် ထိန်းချုပ်သူအသစ်များ ဖြစ်လာသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ထိုနှစ်ခုကို ထောက်ပံ့နေသည်ဟု တရုတ်တို့ ယူဆထားသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အား ထိန်းချုပ်ရန် ကြိုးစားခြင်း၊ အင်အားပြခြင်းဖြစ်သည်။

တချိန်တည်းတွင် နယ်စပ်ဂိတ်များကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့လာသည်ကို တွေ့ရ၏။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့် စကတည်းက TNLA နှင့် MNDAA ထိန်းချုပ်သည့် နယ်စပ်တလျှောက် နယ်စပ်ဂိတ်များကို ပိတ်ဆို့ပြီး ရိက္ခာ၊ လောင်စာ၊ ဆေးဝါးအပြင် ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားပြီး ဖြစ်၏။ စစ်ရေးလေ့ကျင့်သည့် ကာလကစ၍ ကိုးကန့်ဒေသနှင့်နီးပြီး ကိုးကန့်ဒေသသို့ ပစ္စည်းများ အလွယ်တကူ ရောက်နိုင်သည့် ဝဒေသ၊ နန့်တစ်မြို့နယ်တွင်းမှ တရုတ်နယ်စပ်ဂိတ်ပါ ပိတ်လိုက်သည်ကို တွေ့ရ၏။

တချိန်တည်းတွင် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် ဝ နယ် ပန်ဆန်းအနီး တရုတ်ပိုင် စစ်မောင်မြို့တွင် ပေါက်အိုက်ခမ်း (ပေါက်ယူချမ်း၏သား) နှင့် ကျောက်ကော့အန်းတို့ ခေါင်းဆောင်သည့် UWSA ကိုယ်စားလှယ်အဖွဲ့နှင့် ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သကဲ့သို့ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် နယ်စပ်နှင့် နီးသည့် တရုတ်ပိုင် ထိန်ချုံးမြို့၌ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ခေါင်းဆောင်သည့် KIA ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

UWSA ကို TNLA နှင့် ‌အခြားတပ်ဖွဲ့များအား လက်နက်ခဲယမ်းထောက်ပံ့မှု မပေးရန် ဖိအားပေး ပြောဆိုခဲ့ပြီး KIA ကိုမူ အပစ်ရပ်ပြီး စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရန် ဖိအားပေးပြောဆိုခဲ့သည်ဟု သိရ၏။

ဤအကြိမ် ဆွေးနွေးပွဲတွင် တိန့်ရှီကျွန်းနှင့်သာမက တရုတ်နယ်စပ်တွင် တာဝန်ယူနေသည့် ပီကင်းဗဟိုမှ တိုက်ရိုက်ကိုင်တွယ်သည့် အဖွဲ့တခုနှင့်ပါ ဆွေးနွေးခဲ့ပြီး အပစ်ရပ်ရေး ဖိအားပေးခဲ့သည်ဟု သိရ၏။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစောင် ဩဂုတ်လ ၃၀ ရက်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်ကို တွေ့ရ၏။ ထိုစာမှာ တရုတ် ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီ အမည်ဖြင့် TNLA နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ဖြစ်၏။

စာပါအဓိက အကြောင်းအချက်မှာ တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ နယ်စပ်တည်ငြိမ်ရေးကို တရုတ်နှင့် ပူးပေါင်း၍ ထိန်းသိမ်းရန် တောင်းဆိုပြီး လိုက်နာခြင်း မရှိပါက “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့် နည်းလမ်း” ကို အသုံးပြုမည်ဆိုသည့် ခြိမ်းခြောက်သည့် ကြေညာချက်ဖြစ်သည်၊၊

စာပါအဓိက အကြောင်းအချက်မှာ တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ နယ်စပ်တည်ငြိမ်ရေးကို တရုတ်နှင့် ပူးပေါင်း၍ ထိန်းသိမ်းရန် တောင်းဆိုပြီး လိုက်နာခြင်း မရှိပါက “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့် နည်းလမ်း” ကို အသုံးပြုမည်ဆိုသည့် ခြိမ်းခြောက်သည့် ကြေညာချက်ဖြစ်သည်၊၊

ဤကြေညာချက်နှင့် ပတ်သက်၍ မှန်ကန်မှု ရှိ၊ မရှိ သတင်းဌာနများစွာက တရုတ်သံရုံးကို မေးမြန်းသော်လည်း ဩဂုတ်လ ၃၀ ရက်နေ့တွင် ဖြေဆိုခြင်းမပြုဘဲ ဩဂုတ်လ ၃၁ ရက်နေ့တွင်မှ AFP သတင်းဌာန၏ အမေးကို ဖြေဆိုတုံ့ပြန်သည်ကို တွေ့ရ၏။

တရုတ်သံရုံး၏ ဖြေဆိုချက်မှာ “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်း အမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟူ၍ ဖြစ်၏။

တရုတ်သံရုံး၏ ဖြေဆိုချက်သည် ယေဘုယျ တရုတ်သဘောထားကိုသာ ဖော်ပြပြီး အဆိုပါစာ မှားသည်၊ မှန်သည်ကို အတည်ပြုခြင်း မရှိသကဲ့သို့ အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည့် TNLA ကို ခြိမ်းခြောက် ပြောဆိုခြင်းအားလည်း ငြင်းပယ်ခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုလုပ်သည်ကို မတွေ့ရပေ။

တရုတ်-မြန်မာနယ်ခြားစည်းရိုးတနေရာ/Al Jazeera

သို့သော်လည်း UWSA, KIA တို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ်တို့၏ ပြောဆိုချက်များအရ လည်းကောင်း၊ TNLA ၏ အတည်ပြုချက်အရ လည်းကောင်း စစ်ပွဲ မရပ်တန့်ပါက TNLA ကို “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့် နည်းလမ်း” ကို အသုံးပြုမည်ဆိုသည့် ထုတ်ပြန်စာပါ အတွင်းသဘောမှာ မှန်ကန်ကြောင်း တရုတ်နယ်စပ်ဒေသ ခိုင်လုံသော သတင်းရင်းမြစ်များထံမှ အတည်ပြုနိုင်ခဲ့၏။

သတင်းထုတ်ပြန်ခြင်း မရှိသော နယ်စပ်ဒေသ တွေ့ဆုံဆွေးနွေးပွဲများ၌ ပြောဆိုမှုများက ပို၍အရေးပါ ပါသည်။ ပြောရလျှင် ဆွေးနွေးပွဲများတွင် တရုတ်တို့ပြောကြားသည့် ဖိအားပေးမှုများအား အကြောင်းကြောင်းအောက်တွင် အများသိစေရန် ရည်ရွယ်ချက်ဖြင့် အငြင်းပွားဖွယ်ရာ ထုတ်ပြန်စာပုံစံနှင့် ထွက်လာသည်ဟု ဆိုရမည်။

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့်နည်းလမ်း” ဆိုသည့် အသုံးအနှုန်းကို ၁၉၇၉ ခုနှစ်က တရုတ်တို့ ဗီယက်နမ်ကို ဝင်ရောက် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ဖူးသည် အသုံးအနှုန်းဖြစ်သည်။ TNLA အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေခြင်းကို မရပ်တန့်ပါက တရုတ်တို့အနေဖြင့် စစ်အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်း ဖြစ်၏။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် တရုတ်နယ်စပ်တွင် ကျည်အစစ်နှင့် စစ်လေ့ကျင့်နေသည့် တရုတ်တပ်များသည် အသင့်ရှိနေပြီး TNLA အနေဖြင့် အပစ်မရပ်ပါက စစ်အင်အားသုံးမည်ဟု ဗြောင်အတိအလင်း ခြိမ်းခြောက်ခြင်း ဖြစ်၏။ ၂၀၂၄ ခုနှစ် ဟိုင်ဂင်သဘောတူညီချက် ရယူစဉ်ကလည်း မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ ကိုယ်စားလည်များကြား ဆွေးနွေးသဘောတူညီ၍ ရခဲ့သည့် သဘောတူညီချက် မဟုတ်ပေ။

နယ်စပ်အားလုံး ပိတ်ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာ အားလုံးဖြတ်တောက်မည်ဟု တရုတ်တို့က TNLA နှင့် MNDAA ကို ခြိမ်းခြောက်ပြီး သဘောတူ လက်မှတ်ထိုးခိုင်းခဲ့ခြင်း ဖြစ်၏။ ယခုကတော့ နယ်စပ်ဂိတ် ပိတ်ရုံနှင့်မရ၍ စစ်အင်အားသုံးမည်ဟုပါ တဆင့်တိုး ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

နယ်စပ်အားလုံး ပိတ်ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာ အားလုံးဖြတ်တောက်မည်ဟု တရုတ်တို့က TNLA နှင့် MNDAA ကို ခြိမ်းခြောက်ပြီး သဘောတူ လက်မှတ်ထိုးခိုင်းခဲ့ခြင်း ဖြစ်၏။ ယခုကတော့ နယ်စပ်ဂိတ် ပိတ်ရုံနှင့်မရ၍ စစ်အင်အားသုံးမည်ဟုပါ တဆင့်တိုး ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့အခြေအနေနှင့် တရုတ်ကြည့်မြင်မှု

တရုတ်တို့ ဤသို့ ပြုလုပ်ခြင်းသည် လက်ရှိ မြန်မာ့အရေးအား စစ်ရေးအရ မဖြေရှင်းဘဲ ဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် သက်သက် ရည်ရွယ်သည်ဟု ယူဆ၍ မရပေ။ ထို့ပြင် မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းမှသာ လျင်မြန်စွာ ဖြေရှင်းနိုင်မည်ဟု တရုတ်တို့ယူဆ၍ ဤသို့ ဆောင်ရွက်လာခြင်းလည်း ဖြစ်နိုင်ခြေနည်းပါးသည်။

ဤအချက်တွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ တရုတ်တို့၏ စဉ်စားပုံနှင့် သက်ဆိုင်မည်ဟု သုံးသပ်ရသည်။

လက်ရှိ မင်းအောင်လှိုင်နှင့် မြန်မာစစ်ကောင်စီတပ် ခေါင်းဆောင်များသည် အရည်အချင်း မရှိသည့်၊ ညံ့ဖျင်းသည့် ခေါင်းဆောင်များ ဖြစ်သည်ကို တရုတ်တို့ မသိသည်တော့ မဟုတ်ပေ။ ထို့ပြင် စစ်တပ်သည် တိုက်ရည်ခိုက်ရည် မရှိတော့ခြင်း၊ စစ်တပ်ပြိုကွဲနိုင်သည့် အခြေအနေ ဆိုက်ရောက်နေခြင်းတို့က တရုတ်တို့ ကောင်းစွာသိနိုင်သည်။

သို့သော်လည်း စစ်တပ်ပြိုကွဲပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘဲ ပြိုကွဲပါက မြန်မာပြည်သည် ထိန်းမနိုင်သိမ်းမရ အ‌ခြေအ‌နေသို့ ဆိုက်ရောက်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

မြန်မာပြည်ရှိ ရင်းနှီးမြှုပ်နှံမှု သက်သက်သာ ထိခိုက်မည် မဟုတ်ပေ။ အထူးသဖြင့် မြန်မာပြည်ကို ဖြတ်သန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှရသည့် စွမ်းအင်နှင့် လည်ပတ်နေသည့် တရုတ်ပြည်တွင်းမှ လုပ်ငန်းများစွာ၊ အလုပ်အကိုင် သိန်းပေါင်းများစွာ ရပ်တန့်သွားမည့်အရေးကို စိုးရိမ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ တရုတ်တို့သည် တရုတ်အကျိုးစီးပွားကိုသာ ကြည့်ရှုပြီး ပြိုကွဲနေသော၊ ကျရှုံးလုနီးပါးဖြစ်နေသော စစ်ကောင်စီကို ကယ်တင်ရန်အတွက် မြန်မာစစ်တပ်ဘက်က ရပ်တည်ရန် ဆုံးဖြတ်ခဲ့ခြင်း၊ ကြိုးစားခြင်းဖြစ်သည်၊၊

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မကျစေရန် MNDAA နှင့် TNLA ကို ဟိုင်ဂင်သဘောတူညီချက် ဆိုသည်ကို အတင်းအကျပ် ဖိအားပေး လက်မှတ်ထိုးခိုင်းပြီး စစ်ကောင်စီကို အသက်ဆက်ပေးခဲ့၏။ ယခုလည်း ပြင်ဦးလွင်နှင့် မန္တလေးကျခါနီးတွင် စစ်ပွဲကိုရပ်ရန် ဖိအားပေးပြီး စစ်ကောင်စီကို အသက်ဆက်ပေးရန် ကြိုးစားခြင်းဖြစ်၏။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မကျစေရန် MNDAA နှင့် TNLA ကို ဟိုင်ဂင်သဘောတူညီချက် ဆိုသည်ကို အတင်းအကျပ် ဖိအားပေး လက်မှတ်ထိုးခိုင်းပြီး စစ်ကောင်စီကို အသက်ဆက်ပေးခဲ့၏။ ယခုလည်း ပြင်ဦးလွင်နှင့် မန္တလေးကျခါနီးတွင် စစ်ပွဲကိုရပ်ရန် ဖိအားပေးပြီး စစ်ကောင်စီကို အသက်ဆက်ပေးရန် ကြိုးစားခြင်းဖြစ်၏။

မြန်မာပြည်သူများ ဆွဲထားသည့်စည်း

တရုတ်တို့ ဤသို့ ဆုံးဖြတ်ခြင်းအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ပြောဆိုသည့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်းဆိုသည့်အချက်ကို ထိပ်တင်ထားသည့် မြန်မာ့နိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍ မရသော စည်းသုံးခုဆိုသည့် အမြင်မှလာခြင်း ဖြစ်၏။

ရှမ်းပြည်မြောက်ပိုင်းတနေရာတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ/AFP

သို့သော် ပြည်တွင်းစစ် ဖြစ်မရဆိုသည့် စည်းအပါအဝင် မြန်မာ့အရေးတွင် စည်းသုံးစည်းတားသည့် တရုတ်များသည် မြန်မာပြည်သူများ ရေးဆွဲထားသော စည်းကို လျစ်လျူရှုထားသည်။ အထင်မြင်သေးနေသည်။

မြန်မာပြည်သူများသည် တခုတည်းသော “စည်း” ကို အခိုင်အမာ ရေးဆွဲထားကြသည်။

မြန်မာပြည်သူများသည် ထိုစည်းအား မြို့ပြလမ်းမကြီးများတွင် အသက်စွန့်ခဲ့ရသူများ၏သွေးများ၊ အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများတွင် အသက်စွန့်ခဲ့ရသူများ၏ သွေးများ၊ စစ်မြေပြင်တွင် ကျဆုံးခဲ့ရသည့် ရဲဘော်များ၏သွေးများ၊ စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ကျခဲ့ရသည့် လူထု၏သွေးများ၊ အရပ်သားပစ်မှတ်ကို ပစ်ခတ်၍ သေဆုံးခဲ့ကြသည့် ပြည်သူများ၏ သွေးများဖြင့် ရေးဆွဲထားခဲ့သည့် စည်းဖြစ်၏။

ထို့ပြင် မြန်မာပြည်သူများသည် ထိုစည်းအား အကျဉ်းထောင်ထဲတွင် ကျခံနေရသော သောင်းနှင့်ချီသည့် အကျဉ်းသားများ၏ဘဝများ၊ စစ်ပွဲအတွင်း ဒုက္ခိတဖြစ်ခဲ့ရသည့် ရဲဘော်များ၊ ပြည်သူများ၏ ဘဝများ၊ သိန်းနှင့်ချီ၍ မီးရှို့ခံခဲ့ရသည့် အိုးအိမ်များ၊ ရာထောင်နှင့်ချီ၍ ချိတ်ပိတ်ခံရသည့် အိုးအိမ်များ၊ ဝရမ်းပြေးခဲ့ရသည့် ပြည်သူတို့ဘဝများ၊ သန်းနှင့်ချီသည့် စစ်ဘေးဒုက္ခသည်များ၏ ဘဝများနှင့်လည်း ရေးဆွဲထားခဲ့ခြင်းဖြစ်၏။

ဤသို့ မြန်မာပြည်သူများ၏ သွေးများ၊ ဘဝများစွာနှင့် ရေးဆွဲထားသည့် စည်းမှာ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်သည့် စစ်အာဏာရှင်များနှင့် စစ်အာဏာရှင်များကို ဆန့်ကျင်သည့် ပြည်သူများကြား ပြတ်ပြတ်သားသား ရေးဆွဲထားသည့်စည်း ဖြစ်၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်အတွက် စည်း သုံးစည်းဟု တရုတ်အကျိုးစီးပွား အခြေခံအပေါ်က ကြည့်မြင်ပြောဆိုနေချိန်တွင် မြန်မာလူထု၏ သွေးများနှင့် ဘဝများဖြင့် ရေးထားသည့် စည်းအား ပေါ့ပေါ့တန်တန် သဘောထားပြီး ဖြတ်၍မရသည့် စည်းဆိုသည်ကို တရုတ်တို့လည်း သဘောပေါက်ရန်လို၏။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်အတွက် စည်း သုံးစည်းဟု တရုတ်အကျိုးစီးပွား အခြေခံအပေါ်က ကြည့်မြင်ပြောဆိုနေချိန်တွင် မြန်မာလူထု၏ သွေးများနှင့် ဘဝများဖြင့် ရေးထားသည့် စည်းအား ပေါ့ပေါ့တန်တန် သဘောထားပြီး ဖြတ်၍မရသည့် စည်းဆိုသည်ကို တရုတ်တို့လည်း သဘောပေါက်ရန်လို၏။

တရုတ်တို့က ၎င်းတို့၏ပေါ်လစီကို “မုန့်ပြလိုက်၊ တုတ်ပြလိုက်ဖြင့် ချော့တခါ၊ ခြောက်တလှည့် ပေါ်လစီ” ဟု ဆိုကောင်းဆိုမည်ဖြစ်သော်လည်း လက်ရှိ စစ်အာဏာရှင်များကို ပြတ်ပြတ်သားသား စွန့်လွှတ်စွန်းစား ရှေ့တန်းစစ်မျက်နှာတွင် တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထဲမှတဖွဲ့ဖြစ်သည့် TNLA ကို စစ်ကောင်စီနှင့်အတူ တရုတ်တို့က ရိက္ခာ၊ ဆေးဝါး၊ လောင်စာ ဖြတ်တောက်ထားသည်သာမက တရုတ်စစ်တပ်က နောက်က အင်အားသုံး တိုက်ခိုက်မည်ဆိုသည်မှာ သေးနုပ်သိမ်ဖျင်းသည့် ခြိမ်းခြောက်မှုဖြစ်၏။

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်မည်” ဟုဆိုခြင်းမှာလည်း တရုတ်တို့၏ မောက်မာထောင်လွှားမှုကို ပြသခြင်းဖြစ်သည်ဟု ဆိုရမည်။

ထို့အတူ တရုတ်တို့သည် မြန်မာပြည်သူတို့ ရေးဆွဲထားသည့် တခုတည်းသော “စည်း” ကို ဖြတ်လိုက်ပါက ပြိုကွဲလုနီးပါးဖြစ်နေသည့်၊ စစ်ရာဇဝတ်မှု မျိုးစုံကျူးလွန်နေသည့် စစ်အာဏာရှင်များ အသက်ဆက်ရန် ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်သွားပေလိမ့်မည်။ မြန်မာပြည်သူများ တားထားသည့် စည်းတစည်းသာ ရှိပါသည်။ မြန်မာပြည်ပြည်သူတို့၏ ကံကြမ္မာကို မြန်မာပြည်သူများကသာ ဆုံးဖြတ်မည်ဖြစ်ပြီး မြန်မာပြည်အတွက် လိုအပ်သည့်စည်းကို မြန်မာပြည်သူများသာ ရေးဆွဲမည်ဖြစ်၏။

တရုတ်တို့ပြောနေသည့် စည်းသုံးစည်းထဲမှ “မြန်မာ့အရေးအား ပြည်ပစွက်ဖက်မှုကို ခွင့်မပြုခြင်း” ဆိုသည့်အချက်တွင် ပါသည့် “ပြည်ပအင်အားစု” ထဲ၌ တရုတ်တို့လည်း ပါဝင်ပေရာ မြန်မာ့အရေးကို တရုတ်တို့ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် လိုပေလိမ့်မည်။

(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ

မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKIAMNDAAPLATNLAUWSAကုလသမဂ္ဂစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်ရေးလေ့ကျင့်မှုစစ်အာဏာသိမ်းမှုတရုတ်တရုတ်ရင်းနှီးမြှုပ်နှံမှုပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေနံနှင့်သဘာဝဓာတ်ငွေ့ဟိုင်ဂင်သဘောတူညီချက်အမေရိကန်အာဆီယံ
သက်ထားမောင်

သက်ထားမောင်

မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မန္တလေး လပခ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

ဆေးဝါးပြတ်နေချိန် တင်သွင်းခွင့် စစ်ကောင်စီ ကန့်သတ်၍ ပိုမိုရှားပါးနိုင်

ဆေးဝါးပြတ်နေချိန် တင်သွင်းခွင့် စစ်ကောင်စီ ကန့်သတ်၍ ပိုမိုရှားပါးနိုင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved