တရုတ်နိုင်ငံသည် အိမ်နီးချင်း မြန်မာတွင် အထူးသဖြင့် ဆိပ်ကမ်းများ၊ ရထားလမ်းများမှသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အပါအဝင် အခြေခံအဆောက်အအုံကဏ္ဍတွင် နှစ်ပေါင်းများစွာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံလှုပ်ခါနေသည့်အချိန်တွင်ပင် ဆက်လက်မြှုပ်နှံသည်။
တရုတ်သည် ရေနံတင်သွင်းရာတွင် ကျဉ်းမြောင်းသော မလက္ကာရေလက်ကြားကို မှီခိုမှု လျှော့ချရန် ကြိုးစားနေသောကြောင့် မြန်မာသည် တရုတ်၏ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုရေး ရည်မှန်းချက်များတွင် အဓိကကျသည့်အခန်းမှ ပါဝင်သည်။
မြန်မာစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ရှည်ကြာသော ပြည်တွင်းစစ်က ပိုမိုပြင်းထန်လာစဉ် တရုတ်အစိုးရသည် စစ်ဖြစ်နေသောမြန်မာတွင် ထိပ်တန်း ကြားဝင်ဆောင်ရွက်ပေးသူ ဖြစ်လာပြီး ၎င်း၏ ပထဝီသေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အားပေးသည်။
တရုတ်နယ်စပ်အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ မဟာမိတ်ထံ စစ်ကောင်စီတပ်က အကြီးအကျယ် ဆုံးရှုံးပြီးနောက် မကြာသေးမီ သီတင်းပတ်များက သံတမန်ရေးလှုပ်ရှားမှု အများအပြားတွင် တရုတ်အစိုးရသည် လက်ရှိနှင့် အငြိမ်းစား စစ်ခေါင်းဆောင်များကို ထိတွေ့ဆက်ဆံသည်။
အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် ငြိမ်းချမ်းရေး အဆင်ပြေချောမွေ့အောင် လုပ်ပေးသည့် တရုတ်၏ မကြာသေးမီက အားထုတ်မှုများနှင့်မတူဘဲ တရုတ်၏ မြန်မာမှ ပြန်လည်သင့်မြတ်ရေး အားထုတ်မှုကို အားကြီးသော လုံခြုံရေးစိုးရိမ်မှုများက မောင်းနှင်နေကြောင်း ထင်ရှားသည်။
အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် ငြိမ်းချမ်းရေး အဆင်ပြေချောမွေ့အောင် လုပ်ပေးသည့် တရုတ်၏ မကြာသေးမီက အားထုတ်မှုများနှင့်မတူဘဲ တရုတ်၏ မြန်မာမှ ပြန်လည်သင့်မြတ်ရေး အားထုတ်မှုကို အားကြီးသော လုံခြုံရေးစိုးရိမ်မှုများက မောင်းနှင်နေကြောင်း ထင်ရှားသည်။ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် တရုတ်၏ အကန့်အသတ်ဖြင့် ပါဝင်ပတ်သက်မှုသည် အများအားဖြင့် သေနင်္ဂဗျူဟာဆန်ပြီး ရေရှည်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ မြန်မာတွင် အရှိန်မြှင့်တင်လိုက်သည့် အခန်းကဏ္ဍသည် တရုတ်နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးကို တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်လိုက်ခြင်းက အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များအပေါ် အကြီးမားဆုံး အောင်ပွဲတခုရသောကြောင့် ဖြစ်သည်ဟု ဝါရှင်တန်ရှိ စတင်ဆန် စင်တာမှ တရုတ်အစီအစဉ် ဒါရိုက်တာနှင့် အရှေ့အာရှအစီအစဉ် ပူးတွဲဒါရိုက်တာ မစ္စ ယွန်ဆန်းက ပြောသည်။
“ဒါဟာ ပဋိပက္ခ ပိုမိုဖြစ်ပွားစေမယ့် အရေးကြီးတဲ့ဖြစ်ရပ် ဖြစ်တယ်။ တရုတ်ဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အခြားဘယ်နိုင်ငံထက်မဆို၊ ဘယ်ပဋိပက္ခထက်မဆို သြဇာ ပိုမိုကြီးမားတယ်။ ဒါကြောင့် တရုတ်ဟာ ကြားဝင်ပေးဖို့ ခိုင်မာတဲ့ အနေအထားရှိတယ်။ မေးစရာ မေးခွန်းက ဘယ်လိုကြားဝင်မလဲဆိုတာပဲ” ဟု ၎င်းက ပြောသည်။
တရုတ်သည် ၎င်း၏နယ်စပ်အနီး ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲများပြုလုပ်ရန် နှစ်ဖက်လုံးကို တွန်းအားပေးနေပြီး စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် မြန်မာနယ်စပ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် တွေ့ဆုံပြီးနောက် ဇန်နဝါရီလတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် သြဂုတ် ၁၄ ရက်နေ့တွင် မြန်မာသို့ သွားရောက်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံသည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိ ဖြစ်လာသည်။

မစ္စတာ ဝမ်ယိသည် မြန်မာခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံ၌ မဲခေါင်မြစ်နိုင်ငံများ ဒေသတွင်း အစည်းအဝေး တက်ရောက်သည်။ မစ္စတာ ဝမ်ယိ၏ ခရီးမတိုင်မီ လွန်ခဲ့သော နှစ်ပတ်က တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် တရုတ်အစိုး၏ သံအမတ်သစ် မစ္စ မာကျား မြန်မာသို့ ရောက်လာသည်။
ဘေဂျင်းတွင် မစ္စတာ ဝမ်ယိသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဂျူလီဘိရှော့ကို ဩဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ဆုံသည်။ မြန်မာပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် အပြုသဘော အခန်းကဏ္ဍမှပါဝင်ရာတွင် ကုလသမဂ္ဂကို တရုတ်က ထောက်ခံကြောင်း မစ္စတာ ဝမ်ယိက မစ္စ ဘိရှော့ကို ပြောသည်။ မစ္စ ဘိရှော့သည် တရုတ်နိုင်ငံက ဖိတ်ခေါ်သောကြောင့် သွားရောက်ခြင်း ဖြစ်သည်။
မကြာသေးမီက တရုတ် လှုပ်ရှားမှုများ၊ အထူးသဖြင့် ဝမ်ယိ၏ မြန်မာခရီးစဉ်သည် တည်ငြိမ်မှုရရေးနှင့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံကြောင်း ပြသရန် ရည်ရွယ်သည်ဟု မစ္စ ယွန်ဆန်က ပြောသည်။ ရွေးကောက်ပွဲသည် ထွက်ပေါက်ဖြစ်သည်ဟုလည်း တရုတ်က မြင်သည်။
မကြာသေးမီက တရုတ် လှုပ်ရှားမှုများ၊ အထူးသဖြင့် ဝမ်ယိ၏ မြန်မာခရီးစဉ်သည် တည်ငြိမ်မှုရရေးနှင့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံကြောင်း ပြသရန် ရည်ရွယ်သည်ဟု မစ္စ ယွန်ဆန်က ပြောသည်။ ရွေးကောက်ပွဲသည် ထွက်ပေါက်ဖြစ်သည်ဟုလည်း တရုတ်က မြင်သည်။
“စီးပွားရေး စီမံကိန်းတွေသာမက တရုတ်က သူ့နယ်စပ်မှာ မတည်မငြိမ် စစ်ဖြစ်နေတဲ့ နိုင်ငံတော်တခုကို မမြင်လိုဘူး။ အထူးသဖြင့် ဖရိုဖရဲနဲ့ မင်းမဲ့ဝါဒဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကျမတို့တွေ့ခဲ့ရတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေလိုကတဆင့် တရုတ်အတွက် လုံခြုံရေး ခြိမ်းခြောက်မှုကို ဖန်တီးပေးတယ်” ဟု မစ္စ ယွန်ဆန်က ပြောသည်။
သို့သော် ငြိမ်းချမ်းရေးကို အလွယ်တကူ ရမည်မဟုတ်ကြောင်း၊ အထူးသဖြင့် စစ်တပ်က အပေးအယူ လုပ်ရန် ငြင်းဆန်နေကြောင်း ၎င်းက သတိပေးသည်။
တရုတ်သည် ကုန်းမြေနယ်နိမိတ် မိုင်ပေါင်း ၁,၂၄၃ မိုင် ထိစပ်နေသည့် တောင်ပိုင်းအိမ်နီးချင်း မြန်မာမှ တရုတ်၏ အကျိုးစီးပွားများသည် စီးပွားရေးစီမံကိန်းများသာမကပေ။ တရုတ်သည် ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းမှ စတင်ပြီး မြန်မာစစ်တပ်အတွက် အသက်သွေးကြောလည်း ဖြစ်သည်။
တရုတ်က အဓိက အာရုံစိုက်သည့်အရာမှာ မြန်မာမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ကာကွယ်ရန် ဖြစ်ကြောင်း၊ ထိုစီမံကိန်းအများစုသည် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင်တည်ရှိကြောင်း အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှ မြန်မာသုတေသီ ဦးအမရာသီဟက ပြောသည်။

“ပဋိပက္ခဒေသတွေက ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ တရုတ်မှာ ယန္တရားတွေရှိပေမယ့် တရုတ်နယ်စပ်နဲ့ နီးကပ်နေတော့ မြန်မာဟာ ထူးခြားတဲ့ စိန်ခေါ်မှုတွေကို ဖြစ်စေတယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာတွင် တရုတ်အတွက် အန္တရာယ်ကျရောက်နိုင်သည်မှာ ကျယ်ပြန့်သော ပထဝီ စီးပွားရေး အကျိုးစီးပွားများသာမက တရုတ်စွက်ဖက်မှု သံသယ၊ မယုံကြည်မှုအကြား စစ်ကောင်စီနှင့် ဆက်ဆံရေးလည်း ပါဝင်ကြောင်း ဘေဂျင်းအခြေစိုက် သုတေသနလုပ်ငန်း တိုင်ဟီး အင်စတီကျုမှ မြန်မာ့ရေးရာ သုတေသီ ယင်ယီဟန်က ပြောသည်။
“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးကို စစ်ကောင်စီ ဆုံးရှုံးပြီးနောက် စစ်တပ်ရဲ့အရှိန်အဟုန်နဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုကို အဓိက စိန်ခေါ်မှုဖြစ်စေပြီး မြန်မာက လက်ရှိအခြေအနေမှာ အရေးပါပြီး ရှုပ်ထွေးတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အစိုးရသည် စစ်ကောင်စီကို တရားဝင် အသိအမှတ် မပြုသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီ အာဏာသိမ်းမှုကို ရှုတ်ချရန် ငြင်းဆန်ကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု ခံရချိန်တွင် အဓိက လက်နက်ရောင်းသည့် နိုင်ငံအဖြစ် ဆက်လက် ရှိနေသည်။
ဇန်နဝါရီလတွင် တရုတ်ကြားဝင် ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေး ဇွန်လတွင် ပြိုလဲပြီးနောက် တိုက်ပွဲကြီးများ ပြန်လည်ဖြစ်ပွားချိန်မှ စတင်ပြီး တရုတ်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း သံတမန်ရေး လှုပ်ရှားမှု အများအပြားဖြင့် စစ်ဖြစ်နေသည့်အဖွဲ့များကို စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ပြန်လည် ခေါ်ဆောင်ရန် ကြားဝင်စေ့စပ်ရေး အားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်သည်။
ဇန်နဝါရီလတွင် တရုတ်ကြားဝင် ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေး ဇွန်လတွင် ပြိုလဲပြီးနောက် တိုက်ပွဲကြီးများ ပြန်လည်ဖြစ်ပွားချိန်မှ စတင်ပြီး တရုတ်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း သံတမန်ရေး လှုပ်ရှားမှု အများအပြားဖြင့် စစ်ဖြစ်နေသည့်အဖွဲ့များကို စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ပြန်လည် ခေါ်ဆောင်ရန် ကြားဝင်စေ့စပ်ရေး အားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်သည်။
မြန်မာသို့ သူ၏ ခရီးစဉ် အပြီးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံအခြေအနေသည် စိုးရိမ်စရာဖြစ်ကြောင်း ပြောသည်။
မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ သြဂုတ်လ ၁၆ ရက်နေ့က ပြောကြားရာတွင် မစ္စတာ ဝမ်ယိက တရုတ်သည် မြန်မာစစ်ကောင်စီ၏ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေး လုပ်မည့် စီမံကိန်းနှင့် ရွေးကောက်ပွဲမှတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ထောက်ခံကြောင်း ပြောကြားသည်။
သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် မစ္စတာ ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လွတ်လပ်မျှတသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲများ ကျင်းပရေးနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ကြောင်း စစ်ကောင်စီက ဖော်ပြသည်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ကြန့်ကြာနေသည့် ရွေးကောက်ပွဲများအကြောင်း ပါဝင်ခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ် ကတိပြုပြီး နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လတွင် ကတိပြုထားသည်။
ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေဖြင့် တရုတ်သည် မြန်မာမှ ဖရိုဖရဲအခြေအနေ၊ ပဋိပက္ခကို ဆန့်ကျင်ကြောင်း၊ မြန်မာ့အရေးတွင် ပြင်ပအင်အားစုများ စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင်လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန်ပြောဆို လုပ်ကြံ တိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိကပြောသည်ဟု ဆင်ဝှာသတင်းဌာနက ကိုးကားဖော်ပြသည်။
ပဋိပက္ခ၏ နှစ်ဖက်လုံးသို့ ရည်ရွယ်သည့် သတင်းစကားတခုတွင် မစ္စတာ ဝမ်ယိက ပဋိပက္ခမြင့်မားလာခြင်း၏ ခြိမ်းခြောက်မှုအောက်မှ တရုတ်အနေဖြင့် ငွေကြေးစိုက်ထုတ်သည့် စီမံကိန်းအများအပြား၊ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး တောင်းဆိုသည်။
ပဋိပက္ခ၏ နှစ်ဖက်လုံးသို့ ရည်ရွယ်သည့် သတင်းစကားတခုတွင် မစ္စတာ ဝမ်ယိက ပဋိပက္ခမြင့်မားလာခြင်း၏ ခြိမ်းခြောက်မှုအောက်မှ တရုတ်အနေဖြင့် ငွေကြေးစိုက်ထုတ်သည့် စီမံကိန်းအများအပြား၊ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး တောင်းဆိုသည်။
နယ်စပ်ဖြတ်ကျော် ပိုက်လိုင်းများ ထိရောက်စွာလည်ပတ်ရေး ထိန်းသိမ်းရန် မစ္စတာ ဝမ်ယိ၏ ပြောကြားချက်သည် တရုတ်အကျိုးစီးပွားများနှင့် စီမံကိန်းများကို စစ်ကောင်စီက ကာကွယ်နိုင်သည့် စွမ်းရည်နှင့်ပတ်သက်ပြီး တရုတ်၏ မြင့်မားနေသည့် စိုးရိမ်မှုကို မီးမောင်းထိုးပြနေကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဂျေဆင်တာဝါက ပြောသည်။
တရုတ်၏ အနောက်တောင်ပိုင်း ပြည်နယ်များသည် စစ်ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၈၀၀ ရှည်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို မှီခိုနေရသည်။ ထိုစီမံကိန်းသည် ၂၀၀၉ ခုနှစ်က မြန်မာသို့ ခရီးစဉ်အတွင်း ထိုစဉ်က ဒုသမ္မတ ရှီ လက်မှတ်ရေထိုးခဲ့သည့် စီမံကိန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်သည်။
“ပိုက်လိုင်းတွေ ဖြတ်သန်းတဲ့ ပထဝီသေနင်္ဂဗျူဟာ စင်္ကြံတလျှောက် လွန်ခဲ့သောနှစ်အတွင်း မြန်မာစစ်တပ် အလျင်အမြန် ပြိုကွဲခြင်းနဲ့ စစ်မြေပြင်မှာ အကြိမ်ကြိမ် ဆုံးရှုံးခြင်းတွေကြောင့် တရုတ်အတွက် အဓိကကျတဲ့ လုံခြုံရေး စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်” ဟု မစ္စတာ တာဝါက ပြောသည်။
ဖြစ်ပေါ်တိုးတက်မှုများသည် တရုတ်ကို ပဋိပက္ခလမ်းကြောင်းအပေါ် သြဇာသက်ရောက်ရန် ကြိုးစားရာတွင် ပိုမိုနက်ရှိုင်းစွာပါဝင်ရန် တွန်းအားပေးကြောင်းလည်း ၎င်းက ပြောသည်။

စစ်ကောင်စီသည် တရုတ်နှင့် မြန်မာအကြား အရေးပါသည့် ကုန်သွယ်ရေး စင်္ကြံတလျှောက် ပိုင်နက်နယ်မြေ စတုရန်းမိုင် ၁၁,၈၅၃ ကျော်ကို ဇွန်လနှောင်းပိုင်းနှင့် သြဂုတ်အစောပိုင်းအကြား တလကျော်အတွင်း ဆုံးရှုံးကြောင်း မစ္စတာ တာဝါက ပြောသည်။
လားရှိုးကျသွားပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ကောင်စီအကြား စစ်ရေးချိန်ခွင်လျှာသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်သို့ သိသိသာသာ ပြောင်းသွားပြီး တရုတ်သည် ယခုအခါတွင် ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် တည်ငြိမ်မှုရရန် တော်လှန်ရေးအင်အားစုများကို များစွာပိုမို မှီခို အားထားရန် လိုအပ်လာစေသည်ဟု ၎င်းကပြောသည်။
“အဲဒီ ဖြစ်ပေါ်တိုးတက်မှုတွေက တရုတ်ကို ပဋိပက္ခလမ်းကြောင်းအပေါ် သြဇာသက်ရောက်အောင်နဲ့ တရုတ်ရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားတွေ ကြားမညပ်စေဖို့ စစ်ဖြစ်နေတဲ့အဖွဲ့တွေကို ဖိအားတိုးမြှင့်အောင် ကြိုးစားရာမှာ များစွာ ပိုမို နက်ရှိုင်းစွာ ပါဝင်အောင် တွန်းအားပေးနေတယ်” ဟုလည်း မစ္စတာ တာဝါက ပြောသည်။
တရုတ်၏ မြန်မာနှင့် အစိုးရချင်း ရင်းနှီးမြှုပ်နှံမှုများသည် ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် တည်ရှိခြင်းကြောင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများထက် ပိုထိခိုက်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ဒါရိုက်တာ မစ္စ ဗစ်ကီဘိုးမင်းက ပြောသည်။
တရုတ်၏ မြန်မာနှင့် အစိုးရချင်း ရင်းနှီးမြှုပ်နှံမှုများသည် ပဋိပက္ခဖြစ်ပွားသည့်ဒေသများတွင် တည်ရှိခြင်းကြောင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများထက် ပိုထိခိုက်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ဒါရိုက်တာ မစ္စ ဗစ်ကီဘိုးမင်းက ပြောသည်။
“ဒါပေမယ့် အဲဒီ ရင်းနှီးမြှုပ်နှံမှုအများစု၊ အထူးသဖြင့် အဆိုပြုဆည်၊ ဆိပ်ကမ်းနဲ့ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ စီမံကိန်းတွေက ဖြစ်နိုင်ခြေ စမ်းသပ်မှုအဆင့်မှာပဲ ရှိသေးတယ်။ အဲဒါတွေက အာဏာမသိမ်းခင်ကကို နှောင့်နှေးနေပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာ။ ဒါကြောင့် ပိုက်လိုင်းစီမံကိန်းက လွဲလို့ ကျန်လုပ်ငန်း ပိုင်ဆိုင်မှုတွေကို သက်ရောက်မှု နည်းတယ်” ဟု ၂၀၂၂ ခုနှစ်အထိ ရန်ကုန်တွင် အခြေစိုက်ခဲ့သော ဗြိတိန်သံအမတ်ဟောင်း မစ္စ ဘိုးမင်းက ပြောသည်။
စီးပွားရေးအရ ပိုမိုအရေးပါသည်မှာ နယ်စပ်ကုန်သွယ်ရေးတွင် အတားအဆီးဖြစ်နေသည့် မြန်မာမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သဘာဝ သယံဇာတများ တင်ပို့ခြင်းနှင့် တရုတ်မှ ထုတ်ကုန်များ တင်သွင်းခြင်းဖြစ်သည်ဟု မစ္စ ဘိုးမင်းက ပြောသည်။
“ဒါက နှစ်နိုင်ငံလုံးက ပုဂ္ဂလိက ကဏ္ဍကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်” ဟု ၎င်းကပြောသည်။
သို့သော် မစ္စတာ ဝမ်ယိ၏ ခရီးစဉ်သည် မင်းအောင်လှိုင် စစ်ကောင်စီကို တရားဝင်မှုပေးပြီး စစ်ကောင်စီကို အခြေခံအားဖြင့် ချုပ်ကိုင်ထားသည့် အာဏာပိုင်အဖြစ် တရုတ်က ဆက်လက်ရှုမြင်ကြောင်း မြန်မာ့တော်လှန်ရေးအဖွဲ့များနှင့် အိမ်နီးချင်းနိုင်ငံများသို့ လေးလေးနက်နက် အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု မစ္စတာ တာဝါက ပြောသည်။
သို့သော် မြန်မာတွင် နက်ရှိုင်းစွာရှိနေသည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်အလယ် တရုတ်နှင့် စစ်ကောင်စီအကြား တင်းမာမှုများကိုလည်း ထိုခရီးစဉ်က ဖော်ပြသည်။
မစ္စတာ ဝမ်ယိ၏ ခရီးစဉ် မတိုင်မီတွင် တရုတ်သည် မင်းအောင်လှိုင် လူသိရှင်ကြားပြောကြားသည့် စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ထင်ရှားသည်။ ထိုစကားတွင် မင်းအောင်လှိုင်က အတိအကျ မဖော်ပြသည့် “ပြည်ပ” ရင်းမြစ်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို လက်နက်တပ်ဆင်ပေးနေကြောင်း စွပ်စွဲခဲ့သည်။
တရုတ်က ဝင်ရောက်စွက်ဖက်မှုသည် သူ၏စစ်တပ် ရှုံးနိမ့်စေသည်ဟု မင်းအောင်လှိုင်က သွယ်ဝိုက် ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ ဆိုလိုခြင်းဖြင့် သူသည် စစ်တပ်ကို ရှမ်းပြည်မှ မောင်းထုတ်ရာတွင် အဓိကကျသည့် တရုတ်စကားပြော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ပစ်မှတ်ထားသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လှုံ့ဆော်ရာတွင် သုံးသည်ဟု မစ္စတာ တာဝါက ပြောသည်။
“တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် မလှုံဆော်ဖို့ ဝမ်က စစ်ကောင်စီကို ထပ်မံသတိပေးလိုက်ပြီး တရုတ်ဘက်က တရားဝင်ထုတ်ပြန်တဲ့ အဲဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ မြန်မာရှိ တရုတ်စီးပွားရေး အကျိုးစီးပွားများကို လုံခြုံရေးပေးဖို့ လိုအပ်ချက်ကို အလေးထားပြောပြီး အဲဒီလို ကာကွယ်နိုင်မယ့် မြန်မာ စစ်တပ်ရဲ့ စွမ်းရည်ကို တရုတ်အစိုးရက မယုံကြည်တော့ဘူးလို့ သွယ်ဝိုက်ပြောခဲ့တယ်”
“တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် မလှုံဆော်ဖို့ ဝမ်က စစ်ကောင်စီကို ထပ်မံသတိပေးလိုက်ပြီး တရုတ်ဘက်က တရားဝင်ထုတ်ပြန်တဲ့ အဲဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ မြန်မာရှိ တရုတ်စီးပွားရေး အကျိုးစီးပွားများကို လုံခြုံရေးပေးဖို့ လိုအပ်ချက်ကို အလေးထားပြောပြီး အဲဒီလို ကာကွယ်နိုင်မယ့် မြန်မာ စစ်တပ်ရဲ့ စွမ်းရည်ကို တရုတ်အစိုးရက မယုံကြည်တော့ဘူးလို့ သွယ်ဝိုက်ပြောခဲ့တယ်” ဟုလည်း ၎င်းက ပြောသည်။
ပြင်ပစွက်ဖက်မှုကို တရုတ်က ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်များကဲ့သို့ တော်လှန်ရေးအင်အားစုအချို့ကို သတိပေးခြင်းဖြစ်ကြောင်း အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှ ဦးအမရာသီဟက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်များသည် အမေရိကန် ပြည်ထောင်စု၊ အခြား အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။
“တရုတ်က ဒီဖြစ်ပေါ်တိုးတက်မှုတွေဟာ သူတို့ နယ်စပ်တလျှောက် အလားအလာရှိတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။
မစ္စတာ ဝမ်၏ ခရီးစဉ်နောက်ပိုင်း မကြာမီ အမေရိကန်အရာရှိများနှင့် မြန်မာစင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား ဗီဒီယို အစည်းအဝေးတခုအတွင်း ဝါရှင်တန်က ဒီမိုကရေစီ လိုလားသော အတိုက်အခံကို ထောက်ခံကြောင်း ပြောပြီး စစ်ကောင်စီကို ဆက်လက် ဖိအားပေးရန် ကတိပြုသည်။
“တရုတ်က မြန်မာအရေး ပြင်ပပတ်သက်သူ အားလုံးထဲမှာ စီးပွားရေးအရနဲ့ နိုင်ငံရေးအရ အကြီးမားဆုံး သြဇာသက်ရောက်မှု ပိုင်ဆိုင်ထားတယ်။ တရုတ်ရဲ့ တက်ကြွတဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေ၊ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေက အဲဒီသြဇာကို မီးမောင်းထိုးပြနေတယ်” ဟု မြန်မာတွင် တွေ့ဆုံဆွေးနွေးရေး အတွေ့အကြုံရှိသူ ဦးအမရာသီဟက ပြောသည်။
သို့သော် တရုတ်က လွန်စွာ ဂုဏ်ယူသည့် စီးပွားရေးဖိအား၊ သြဇာနှင့် ညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် လွှမ်းမိုးမှုအပေါ် မြန်မာမှ အမြင်သည် တရုတ်ကို ဘက်မလိုက် ကြားနေသည့် ငြိမ်းချမ်းရေး အဆင်ပြေအောင် လုပ်ပေးသူအဖြစ်မြင်အောင် ကြိုးစားရာတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ၎င်းကပြောသည်။
မြန်မာတွင် ပြည်တွင်းစစ် သုံးနှစ်ကြာပြီးနောက် ထိုပဋိပက္ခတွင် တရုတ်၏အခန်းကဏ္ဍ မည်သို့ရှိသနည်း။
တရုတ်က မကြာခဏ ထုတ်ဖော်ကြေညာသည့် ၎င်းတို့ နိုင်ငံခြားရေးမူဝါဒ အဓိက စည်းမျဉ်းဖြစ်သော အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေးသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် စနစ်အပြောင်းအလဲများကို လှုံ့ဆော်နိုင်သည့် စွမ်းရည်ကို အကန့်အသတ် ဖြစ်စေကြောင်းလည်း ၎င်းကပြောသည်။
စစ်ကောင်စီနှင့် တရုတ်အကြား တင်းမာမှုများ ရှိသော်လည်း တရုတ်သည် မြန်မာစစ်ကောင်စီကို စွန့်လွှတ်ဖွယ် မရှိကြောင်း တိုင်ဟီး အင်စတီကျုမှ ယင်ယီဟန်က ပြောသည်။
“မြန်မာစစ်တပ်က စစ်မြေပြင်မှာ ဘယ်လောက်ညံ့ညံ့ အရေးမကြီးဘူး။ မြန်မာပြဿနာ ဖြေရှင်းရေးကို စစ်တပ်နဲ့ ခွဲခြားလို့ မရနိုင်ဘူး။ မင်းအောင်လှိုင်နဲ့ အခြား စစ်ခေါင်းဆောင်တွေကို ဖယ်ထားလို့ရတယ်။ ဒါပေမယ့် စစ်တပ်တခုလုံးကိုတော့ ဖယ်ထားလို့မရဘူး” ဟု ၎င်းကပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်သြဇာက တကယ်တော့ သိပ်မကြီးမားဘူး။ သူတို့ မတိုက်ခိုက်ဖို့ ကျနော်တို့ ပြောတယ်။ သူတို့ နားမထောင်ဘူး။ အခု တရုတ်က နှစ်ဖက်လုံးကို ကျေနပ်အောင် လုပ်ပေးဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်နေတယ်”
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် တရုတ်သြဇာက တကယ်တော့ သိပ်မကြီးမားဘူး။ သူတို့ မတိုက်ခိုက်ဖို့ ကျနော်တို့ ပြောတယ်။ သူတို့ နားမထောင်ဘူး။ အခု တရုတ်က နှစ်ဖက်လုံးကို ကျေနပ်အောင် လုပ်ပေးဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်နေတယ်” ဟု ယင်ယီဟန်က ပြောသည်။
မစ္စတာ ဝမ်ယိ၏ ခရီးစဉ်သည် တိုင်းရင်းသားလက်နက်ကိုင်များက တရုတ်နှင့် နယ်စပ်တခုလုံးကို ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ ကျဆုံးခါနီး အလွန်အရေးကြီးသည့်အချိန်တွင် ပေါ်ပေါက်လာကြောင်း အမေရိကန်ရှိ ဝါရှင်တန် အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် အရှေ့တောင်အာရှ ကျွမ်းကျင်သူ ဒေါက်တာ ဇာကာရီ အဘူဇာက သဘောတူသည်။
“တရုတ်ဟာ သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားကို ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ စွမ်းဆောင်ရည် ကင်းမဲ့မှုတွေနဲ့ စစ်မြေပြင် ရှုံးနိမ့်မှုတွေကို စိတ်ပျက်တာ သံသယရှိစရာ မလိုဘူး” ဟု ၎င်းကပြောသည်။
သို့သော် တရုတ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သစ် ချုပ်ဆိုရန် တောင်းဆိုပြီး အချိန်နှင့် ကြိုးစားအားထုတ်မှု ရင်းနှီးမြှုပ်နှံခြင်းကြောင့် တရုတ်ကို အသိအမှတ်ပြုရမည် ဖြစ်သော်လည်း တရုတ်သည် မြေပြင် အမှန်တရားများကို လက်မခံသေးဘဲ တရုတ်သေနင်္ဂဗျူဟာ ကျဆုံးမည်ဖြစ်ကြောင်း ပြောသည်။
“တရုတ် ကြားဝင်စေ့စပ်မှုတွေကို ကျနော်အရမ်း သံသယရှိတယ်။ ဘေဂျင်းက ရွေးကောက်ပွဲတခုကို စစ်ကောင်စီအတွက် ဖြတ်လမ်းအဖြစ် တွန်းအားပေးနေသေးတယ်။ ဒါပေမယ့် ဒါဟာ အရမ်းရိုးအတဲ့ မူဝါဒပဲ” ဟု ပါမောက္ခ အဘူဇာက ပြောသည်။
“မင်းအောင်လှိုင်က ရွေးကောက်ပွဲကို သဘောတူမယ်လို့ တရုတ်က ယူဆတယ်။ အဲဒီ ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲ ကျင်းပလို့ရမယ်လို့ တရုတ်က ယူဆတယ်။ ဒါပေမယ့် အတိုက်အခံတွေက နိုင်ငံထက်ဝက်ကို ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲကို မလိုလားဘူး” ဟု ၎င်းကပြောသည်။
သို့သော် တရုတ်သည် စစ်ကောင်စီကို ထောက်ခံရင်း တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်တပ်ဆင်ပေးခြင်းဖြင့် မြန်မာတွင် နှစ်ဖက်လုံးမှ ကစားကာ ထိန်းချုပ်မှုနှင့် သြဇာအချို့ ပြန်ရအောင် လုပ်နေသည်။
“တရုတ်ဟာ ပြည်တွင်းစစ် အဆုံးသတ်ဖို့ နိုင်ငံရေး ဖြေရှင်းချက် အရမ်းလိုအပ်နေတယ်။ အဲဒီလိုမှ မဟုတ်ရင် မြန်မာအတွက် သုံးတဲ့အရာရာကို ဖြုန်းတီးတာပဲ ဖြစ်နေမယ်” ဟုလည်း ပါမောက္ခ အဘူဇာက ပြောသည်။
(South China Morning Post ပါ Shi Jiangtao ၏ Does China risk losing it all as it plays both sides in Myanmar’s lengthy civil war? ကို ဘာသာပြန်သည်)
You may also like these stories:
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
ရမခ ကျပြီးနောက် စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်အရာရှိ ယူနန်တွင် တွေ့ဆုံ
တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ














