• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
in Politics, ဆောင်းပါး
A A
စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

ဇန်နဝါရီလအတွင်းက နေပြည်တော် အစည်းအဝေးတခုတွင် တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် / MOI

4.1k
VIEWS
Share on FacebookShare on Twitter

မြန်မာမှ ဗိုလ်ချုပ်များသည် တရုတ်အစိုးရက တိုက်တွန်းသည့်အတိုင်း တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် စိတ်အားထက်သန်ခြင်း မရှိသောကြောင့် တရုတ်က မြန်မာစစ်ကောင်စီကို အဓိကပြဿနာအဖြစ် ပိုမိုမြင်လာနိုင်သည်။

မြန်မာတွင် ကတိအတိုင်း လာမည့်နှစ် ရွေးကောက်ပွဲ ကျင်းပလျှင် ထိုရွေးကောက်ပွဲသည် ပြီးပြည်စုံခြင်းမရှိဘဲ “ကိုယ်စားပြုမှုလည်း ရှိမည်မဟုတ်ကြောင်း” လေ့လာသူများက သတိပေးသည်။

မဲစာရင်းအတွက် လူဦးရေအချက်အလက် ကောက်ယူရန် အချိန်ပိုမို လိုသောကြောင့် စစ်ကောင်စီသည် ဇူလိုင်လကုန်တွင် အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးသည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာများက ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကတိ အကြိမ်ကြိမ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများ ရှိသည်ဟု ပြောသည်။ လွန်ခဲ့သောလတွင်မူ လာမည့်နှစ်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်က နိုင်ငံရေး အရေးပေါ်အခြေအနေအောက်တွင် တနှစ်အုပ်ချုပ်ပြီး ထိုအခြေအနေကို ခြောက်လတကြိမ် သက်တမ်းတိုးနေသည်။ တချိန်တည်းတွင် သွေးထွက်သံယို နှိမ်နင်းခံရသော ဆန္ဒပြလှုပ်ရှားမှုသည် လက်နက်ကိုင်ပုန်ကန်မှုအဖြစ် ပြောင်းလဲသွားပြီး ကျယ်ပြန့်လာကာ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှု ဖြစ်လာသည်။

နိုင်ငံအရှေ့မြောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ အရေးပါသည့် စစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်မှ ဒုတိယအကြီးဆုံးမြို့ လားရှိုးရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ တပ်မှူးများနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း စစ်ကောင်စီက ဩဂုတ်လ ၅ ရက်နေ့တွင် ပြောသည်။

ယခုတကြိမ် အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းသည် ခြောက်ကြိမ်မြောက်ဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက်ကို အများက မျှော်လင့်ထားပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာအစီအစဉ် ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။

ယခုတကြိမ် အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းသည် ခြောက်ကြိမ်မြောက်ဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက်ကို အများက မျှော်လင့်ထားပြီးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာအစီအစဉ် ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။

ရှောင်လမ်းတခု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲရှိ ဈေးတခုကို ဇူလိုင်လက တွေ့ရစဉ် / AFP

“ဒါဟာ ရက်အတန်ကြာက မင်းအောင်လှိုင် သူ့ကိုယ်သူ သမ္မတခန့်တဲ့ စဉ်းစားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်” ဟု မစ္စတာ တာဝါက ပြောကြားပြီး မြန်မာစစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲ ကျင်းပရန် ဒေသတွင်းဖိအား အထူးသဖြင့် တရုတ်ဖိအား ခံစားနေရကြောင်း မှတ်ချက်ချသည်။

လွန်ခဲ့သောလတွင် ကျန်းမာရေးကြောင့် ခွင့်ယူထားသည့် ဦးမြင့်ဆွေ နေရာတွင် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် အစားထိုးနေရာယူသည်။

“ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်” ဟု မစ္စတာ တာဝါက ပြောကြားပြီး အငြိမ်းစား သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရမှ မကြာသေးမီက အဆက်အဆံလုပ်ခြင်းသည် မင်းအောင်လှိုင် “ဂီယာပြောင်းရန်” တရုတ်၏ ဆန္ဒကို အခိုင်အမာ ပြသခြင်းဖြစ်ကြောင်း ပြောသည်။

ဇွန်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် မြန်မာကို ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ဦးသိန်းစိန်ကို ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။

“ပကတိအခြေအနေက မင်းအောင်လှိုင်ဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို အသာထား၊ ရွေးကောက်ပွဲအတုတောင်မှ ကျင်းပဖို့ စွမ်းရည်နဲ့ သြဇာမရှိဘူး” ဟု မစ္စတာ တာဝါက ပြောသည်။

“တရုတ်က စစ်ကောင်စီကို ဖိအားပိုပေးလာရင် သူက ဇွတ်တိုး လုပ်မယ်။ ဒါပေမယ့် စစ်မြေပြင် အခြေအနေက မင်းအောင်လှိုင် စစ်ကောင်စီဟာ နောက်ထပ် ခြောက်လ သက်တမ်းတိုးနိုင် မတိုးနိုင် ရှင်းရှင်းလင်းလင်း မရှိတော့ဘူး” ဟုလည်း ၎င်းက ပြောသည်။

လတ်တလောတွင် တရုတ်နိုင်ငံသည် စစ်ပွဲများဖြစ်နေသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ (3BHA) အကြား မေလက ပြိုကွဲသွားသည့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တွန်းအားပေးနေကြောင်းလည်း မစ္စတာ တာဝါက ပြောသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ကို အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြင့် ဖွဲ့စည်းထားသည်။

အောက်တိုဘာလကုန်က အဓိက ထိုးစစ်တခု စတင်ပြီးနောက် ထိုမဟာမိတ်အဖွဲ့သည် စစ်တပ်စခန်း ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ပြီး တရုတ်နယ်စပ်အနီး မြောက်ပိုင်းမှ မြို့အများအပြားကို ထိန်းချုပ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမှ TNLA တပ်ဖွဲ့ဝင်များ / AFP

သို့သော် မင်းအောင်လှိုင်သည် ဆွေးနွေးပွဲများကို ငြင်းဆန်သည်ဟု မစ္စတာ တာဝါက ပြောကြားပြီး စစ်ကောင်စီသည် ဆွေးနွေးပွဲ စားပွဲဝိုင်းသို့လာရန် စိတ်အားထက်သန်မှု မရှိခြင်း၊ လူ ၁၀ ဦး သေဆုံးစေသည့် လွန်ခဲ့သောအပတ်က လောက်ကိုင်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် အပါအဝင် မြန်မာ-တရုတ်နယ်စပ်တွင် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခြင်း၊ တနိုင်ငံလုံးတွင် စစ်တပ်၏ လုံခြုံရေးသြဇာ အားနည်းလာခြင်းတို့ကြောင့် စစ်တပ်သည် အဓိကပြဿနာအဖြစ် တရုတ်အစိုးရက မြင်ကြောင်း ဆက်လက်ပြောသည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲကို မျှော်လင့်နိုင်သော်လည်း ထိုရွေးကောက်ပွဲသည် ပြီးပြည့်စုံခြင်းမရှိဘဲ တနိုင်ငံလုံးမှ ပြည်သူများကို ကိုယ်စားပြုနိုင်မည် မဟုတ်ကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) မှ အရှေ့တောင်အာရှသုတေသီ မစ္စတာ ဟန်တာ မာစတန်က ပြောသည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲကို မျှော်လင့်နိုင်သော်လည်း ထိုရွေးကောက်ပွဲသည် ပြီးပြည့်စုံခြင်းမရှိဘဲ တနိုင်ငံလုံးမှ ပြည်သူများကို ကိုယ်စားပြုနိုင်မည် မဟုတ်ကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ် (ANU) မှ အရှေ့တောင်အာရှသုတေသီ မစ္စတာ ဟန်တာ မာစတန်ကလည်း ပြောသည်။

“စစ်တပ်ဟာ နိုင်ငံပိုင်နက် ထက်ဝက်လောက်မှာတောင် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူး” ဟု မစ္စတာ မာစတန် ပြောသည်။

ရွေးကောက်ပွဲများ လုံခြုံသည့်နေရာများတွင် ဦးစွာကျင်းပမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီသည် အခြား ပဋိပက္ခဇုန်များတွင် “တည်ငြိမ်၊ လုံခြုံအောင်” ကြိုးစားနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ ၇ ရက်နေ့တွင် ပြောသည်။

ရွေးကောက်ပွဲရလဒ်ကို မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုဖွယ် မရှိသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် တရုတ်နှင့် အိန္ဒိယက အသိအမှတ်ပြု လမ်းခင်းပေးနိုင်လျှင် လုံလောက်ကြောင်း မစ္စတာ မာစတန်က ပြောသည်။

“ဒီလုပ်ရပ်ဟာ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ချိုးနှိမ်ခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်အောင် ဖိတ်ခေါ်ဖို့ လုံလောက်ပါလိမ့်မယ်” ဟုလည်း ၎င်းကပြောသည်။

မတည်ငြိမ်သည့် အခြေအနေ အမျိုးမျိုးကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွင်းက ရွေးကောက်ပွဲများကို ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်များ၏ အစိတ်အပိုင်းအချို့တွင် ဖျက်သိမ်းခဲ့သည်။

“မြန်မာနိုင်ငံအတွင်းက အုပ်စုအမျိုးမျိုးရဲ့ ဘယ်လို လက်ခံမှုမဆိုဟာ တော်လှန်ရေး သဘောထားကွဲစေမယ်။ စစ်တပ်က အာဏာရှည်ကြာစွာ ချုပ်ကိုင်စေမယ်။ ဒါဟာ မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက်ပဲ” ဟု မစ္စတာ မာစတန်က ပြောသည်။

ဒိန်းမတ်နိုင်ငံ၊ အားဟပ်စ် တက္ကသိုလ် ဂုဏ်ထူးဆောင် တွဲဘက်ပါမောက္ခ မိုက်ကယ် ဂရေဘာက မင်းအောင်လှိုင်သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ခုခံတော်လှန်ရေး အင်အားစုများ ပါဝင်သည့် ကြားဖြတ်အစိုးရကို သဘောတူလိမ့်မည်ဟု တရုတ်က မျှော်လင့်ကောင်း မျှော်လင့်နိုင်ခဲ့ကြောင်း ပြောသည်။

“ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲသစ် မတိုင်မီ အားလုံးသဘောတူတဲ့ အဲဒီ ကြားဖြတ်အုပ်ချုပ်ရေးမှာ အလားအလာရှိတဲ့ ခေါင်းဆောင်အဖြစ် မြင်နိုင်တယ်” ဟု မစ္စတာ ဂရေဘာက ပြောပြီး နေပြည်တော်မြို့တော် တိုက်ခိုက်ခံရပါက နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအတွက် အန္တရာယ်ရှိကြောင်း ၎င်းကပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
95
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
186
၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ဦးသိန်းစိန် / AFP

နောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် စတင်ခဲ့သော်လည်း တရုတ်သည် ဇန်နဝါရီလက ရှမ်းပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန် ကူညီနိုင်ခဲ့ကြောင်း၊ တရုတ်အစိုးရသည် နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်ပြီး ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ရရန် ကြားဝင်ရေးအတွက် တိုက်တွန်းရန် တရုတ်သံတမန်များသည် ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကြောင်း မစ္စတာ ဂရေဘာက ပြောသည်။

“ဇွန်လမှာ မင်းအောင်လှိုင် မဟုတ်ဘဲ ဦးသိန်းစိန်ကို ဘေဂျင်း ဖိတ်တယ်” ဟု မစ္စတာ ဂရေဘာက ပြောပြီး ဦးသိန်းစိန်သည် ဘေဂျင်းမှ ပြန်လာသောအခါ စောင့်ကြည့်ခံနေရကြောင်း ဆက်လက်ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများကို ကာလတိုအတွင်း ပြန်ရရန် မဖြစ်နိုင်တော့ကြောင်းနှင့် “နောက်ထပ် ပိုမိုဆုံးရှုံးဖွယ်ရှိကြောင်း” သြစတြေးလျနိုင်ငံရှိ ကာတင်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

သြစတြေးလျနိုင်ငံရှိ ကာတင်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများကို ကာလတိုအတွင်း ပြန်ရရန် မဖြစ်နိုင်တော့ကြောင်းနှင့် “နောက်ထပ် ပိုမိုဆုံးရှုံးဖွယ်ရှိကြောင်း” ပြောသည်။

“ရွေးကောက်ပွဲအကြောင်း စကားတွေနဲ့ မြေပြင်အခြေအနေက မကိုက်ညီဘူး” ဟု ၎င်းက ပြောပြီး တော်လှန်ရေးအင်အားစုများ လက်သို့ နယ်မြေများ ကျရောက်နေစဉ် တရုတ်သည် မည်သည့်ဘက်မှ ရပ်ရမည် သို့မဟုတ် ညှိနှိုင်းဆွေးနွေးမှု အရှိန်မြှင့်ရန် မည်သည့်ဘက်သို့ အားပေးရမည်ကို အရေးပေါ် အလေးအနက် ပြန်လည် စဉ်းစားနေနိုင်ကြောင်းလည်း ပြောသည်။

အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ပူးပေါင်းအားထုတ်ရန် လိုအပ်ကြောင်း ဒေါ်ထွေးထွေးသိန်းက ထောက်ပြသည်။

“အခုအချိန်ဟာ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ စစ်ကောင်စီအလွန် မြန်မာနဲ့ အမျိုးသားပြန်လည် တည်ဆောက်ရေး၊ လူသားချင်းစာနာမှုအကူအညီ စီစဉ်ဖို့ ပြင်ဆင်ရမယ့် အချိန်ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

(South China Morning Post ပါ Maria Siow ၏ As Myanmar junta holds out on elections, could China rethink its support? ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ တရုတ်သံအမတ် သွားတွေ့

စစ်ခေါင်းဆောင် သမ္မတလုပ်တာ တရုတ် လက်ခံသလား (ရုပ်/သံ)

တရုတ် ဘာဖြစ်ချင်နေသလဲ

မြန်မာ့ “ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” တည်ဆောက်ရေး တရုတ်နည်း တရုတ်ဟန်

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်အရာရှိ ယူနန်တွင် တွေ့ဆုံ

Your Thoughts …
Tags: AAMNDAANLDNUGTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တော်လှန်ရေးအင်အားစုဒေါ်အောင်ဆန်းစုကြည်နယ်စပ်လုံခြုံရေးနိုင်ငံရေးအကျဉ်းသားနွေဦးတော်လှန်ရေးမဲစာရင်းရင်းနှီးမြှုပ်နှံမှုရမခရွေးကောက်ပွဲလူသားချင်းစာနာမှုအကူအညီလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအရေးပေါ်အခြေအနေ
Maria Siow

Maria Siow

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရုရှား ကယ်ပါ့ ဘုရား

ရုရှား ကယ်ပါ့ ဘုရား

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved