• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
in ဆောင်းပါး
A A
တရုတ် ဘာဖြစ်ချင်နေသလဲ

မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့ တပ်ဖွဲ့ဝင်များ

19.4k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး မကြာမီ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အချိန်တိုအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့၏။ လားရှိုးမြို့တွင်း စစ်ရှိန်မြင့်နေစဉ် တရုတ်ပါတီ ကွန်ဂရက်ဟုဆိုကာ ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က အပစ်ရပ်ပေးခဲ့ရသည်။

တဖန် ဇူလိုင်လ ၁၉ ရက်နေ့တွင် လားရှိုးမြို့တွင်း ပြန်လည် စစ်ရှိန်မြှင့် တိုက်ခိုက်နေစဉ်မှာပင် တရုတ်တို့၏ တောင်းဆိုချက်အရ ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ MNDAA ဖက်မှ တဖက်သတ် အပစ်ရပ်မည်ဟု ကြေညာပေးခဲ့ရ၏။

သို့သော် လားရှိုးမြို့တွင်း၌ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တဖက်သတ် အပစ်ရပ်ရန် မဖြစ်နိုင်ပေ။ တရုတ်တို့က လားရှိုးမြို့တွင်း အပစ်ရပ်ရန် တိုက်တွန်းဖိအားပေးမှုသည် လက်တွေ့ မကျပေ။ စစ်ကောင်စီတပ်ဖက်ကလည်း ရပ်တန့်မည် မဟုတ်ရာ အပစ်ရပ် ကြေညာသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့၏။

ဤသို့အပစ်ရပ် ကြေညာပေးရခြင်းသည် သက်‌ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ သဘောထားများကြောင့် မဟုတ်ဘဲ တရုတ်တို့၏ အတင်းဖိအားပေးမှုကြောင့် ဖြစ်ကြောင်း တွေ့ရ၏။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး မကြာခင် MNDAA နှင့် TNLA တို့ ချုပ်ကိုင်ထားသည့် နယ်စပ်ဂိတ် အားလုံးကို ပိတ်လိုက်ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ တင်သွင်းခွင့် ရပ်ဆိုင်းကာ အကျပ်ကိုင်ခဲ့၏။ ထို့ပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့၏။ ပြောရလျှင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ဖြတ်လေးဖြတ် ပြုလုပ်သကဲ့သို့ တရုတ်တို့ကလည်း တထပ်တည်း ပြုမူဆောင်ရွက်ခဲ့၏။

သို့သော် MNDAA နှင့် TNLA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ခြောက်လခန့် ပြင်ဆင်ထားခဲ့ရာ ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေများကို တွက်ချက်ရာတွင် တရုတ်တို့၏ ပိတ်ဆို့နိုင်မှုကိုလည်း ထည့်သွင်းတွက်ချက်ထားရာ တရုတ်တို့၏ ပိတ်ဆို့မှုသည် ချက်ချင်းလက်ငင်း ထိရောက်မှု မရှိပေ။

ဤသို့သော အခြေအနေတွင် တရုတ်အာဏာပိုင်တို့က တဆင့်တိုး၍ MNDAA ခေါင်းဆောင်များအား ဖမ်းဆီးမည်၊ လားရှိုးမြို့ မကျရန် လက်နက်ကြီးအကူအညီများ စစ်ကောင်စီကို ပေးအပ်မည်ဟု ခြိမ်းခြောက်ပြောဆို ဖိအားပေးခဲ့သည်ဟု နယ်စပ်ဒေသရှိ ခိုင်လုံသော သတင်းအရင်းအမြစ်များထံမှ သိရှိရ၏။

လားရှိုးမြို့ သုံးထောင့်အောက်နား ဇူလိုင် ၁၁ ရက်ညနေက လက်နက်ကြီးကျပေါက်စဉ် / CJ

ဤသို့ တရုတ်တို့ အတင်းအကျပ် ဖိအားပေး ဆောင်ရွက်လာခြင်းသည် အောက်ပါ အကြောင်းအချက်များကြောင့် ဖြစ်ပုံရ၏။

ပထမအချက်မှာ ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်နှင့် ဥရောပတို့သည် မြန်မာ့အရေးနှင့် ပတ်သက်၍ လက်တွေ့ စွမ်းဆောင်နိုင်ခြင်းမရှိရာ တရုတ်သာလျှင် စစ်ကောင်စီအား ဖိအားပေး ဖြေရှင်းနိုင်မည်ဟု ယုံကြည်လွှဲအပ်ထားခြင်း ခံထားရ၍ ဖြစ်၏။

ပထမအချက်မှာ ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်နှင့် ဥရောပတို့သည် မြန်မာ့အရေးနှင့် ပတ်သက်၍ လက်တွေ့ စွမ်းဆောင်နိုင်ခြင်းမရှိရာ တရုတ်သာလျှင် စစ်ကောင်စီအား ဖိအားပေး ဖြေရှင်းနိုင်မည်ဟု ယုံကြည်လွှဲအပ်ထားခြင်း ခံထားရ၍ ဖြစ်၏။ သို့ဖြစ်ရာ တရုတ်၏ ဆောင်ရွက်ချက်ကို အမေရိကန်အပါအဝင် မည်သည့်နိုင်ငံကမှ မြန်မာအရေးအား ဝင်ရောက်စွက်ဖက်သည်ဟူ၍ စွပ်စွဲပြစ်တင်မှု ပြုလုပ်မည် မဟုတ်သဖြင့် တရုတ်တို့ ရဲရဲတင်းတင်း ပြုလုပ်နိုင်ခဲ့သည်။

ဒုတိယအချက်မှာ စစ်ကောင်စီ၏ တိုးလျှိုးတောင်းပန်မှုကြောင့် ဖြစ်ပုံရ၏။ ဘက်မလိုက်ညီလာခံ အထိမ်းအမှတ်ပွဲသို့ တက်ရောက်သည့် သမ္မတဟောင်း ဦးသိန်းစိန်ကို အထူးလေယာဉ်ဖြင့် ပို့ဆောင်ပြီး တခမ်းတနား အကြိုအပို့ ပြုလုပ်ပေးသော မင်းအောင်လှိုင်သည် တရုတ်တို့က ရှမ်းမြောက်စစ်ပွဲ ရပ်တန့်ပေးပါရန် ဦးသိန်းစိန်မှတဆင့် စကားပါးသည်ဟု ဆိုကြ၏။

ထို့ပြင် စစ်ကောင်စီ ဒုခေါင်းဆောင် တရုတ်ရှိ သာမန်ပွဲတပွဲသို့ သွားရောက်ခြင်းသည် နောက်ကွယ်၌ စစ်လက်နက် ဝယ်ယူခြင်း၊ ရှမ်းမြောက်စစ်ပွဲ ရပ်တန့်စေရန် တရုတ်ထံမှ အကူအညီတောင်းခြင်းတို့ ပြုလုပ်နိုင်သည်ဟု အများက ယူဆကြ၏။

တတိယအချက်မှာ တရုတ်တို့ကိုယ်တိုင်က စစ်ကောင်စီ ပြိုကွဲလျှင် မြန်မာပြည် ထိန်းမနိုင်သိမ်းမရသည့် အခြေအနေ ပေါ်ပေါက်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နိုင်သည့်အပြင် တရုတ်တို့၏ ရေရှည် စီမံကိန်းများ ထိခိုက်နိုင်သည်ဟု တရုတ်အကျိုးစီးပွား အခြေခံပေါ်မှ ကြည့်မြင်ကြသည်။ သို့ဖြစ်ရာ မြန်မာပြည်ပြဿနာကို စစ်မတိုက်ဘဲ ဆွေးနွေးဖြေရှင်းရန် လိုသည်ဟု တရုတ်တို့ ကြည့်မြင်ကြပြီး လက်တွေ့လည်း လုံးပမ်း‌နေသည်ကို တွေ့ရ၏။

ပြီးခဲ့သောကာလက တရုတ်နှင့် စစ်ကောင်စီကြားတွင် အခြေခံ ကွဲလွဲမှုရှိ၏။ စစ်ကောင်စီ ခေါင်းဆောင်က တရုတ်ကိုဖြစ်စေ၊ ရုရှားကိုဖြစ်စေ စီးပွားရေးအခွင့်အလမ်းများ ပေးမည်။ အပြန်အလှန်အားဖြင့် ကျန်နိုင်ငံရေးကိစ္စများ ညှိနှိုင်းမှု မပြုသည့်ပုံစံဖြင့် ဖော်ပြသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းဂျိုင့်စီမံကိန်းကို တရုတ်တို့အား ခွင့်ပြုပေးသည်။ တဖန် ယခုနှစ်ပိုင်းတွင် မြစ်ဆုံစီမံကိန်းအား ပြန်လည် ခွင့်ပြုမည်ဟု အသံထုတ်သည်။ သို့သော် တရုတ်တို့ဘက်က ထိုစီမံကိန်းများနှင့် ပတ်သက်၍ ဘာသံမထွက်ပေ။

တရုတ်အထူးသံတမန်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားသော်လည်း မင်းအောင်လှိုင်က ခွင့်မပြုခဲ့ပေ။ တရုတ်တို့က ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် နှစ်ကြိမ် တောင်းဆိုသော်လည်း တွေ့ခွင့်မရခဲ့ပေ။ သို့ဖြစ်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွန်း နောက်ဆုံးအခေါက် လာရောက်စဉ်က မင်းအောင်လှိုင်နှင့်ပင် မတွေ့ခဲ့ပေ။

သို့ဖြစ်ရာ ဤအကြိမ်တွင် မြောက်ပိုင်းစစ်ပွဲ ရပ်တန့်ရေးတွင် အပေးအ‌ယူအဖြစ် တရုတ်တို့၏ လိုလားချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည့် အတိုက်အခံအင်အားစုနှင့် စစ်ကောင်စီကြား ညှိနိုင်းပေးရေးကို ဦးတည်ပြီး မြန်မာပြည်ပြဿနာကို စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းပြီး စစ်ပွဲကို ရပ်တန့်ရန် ဖြစ်ပုံရသည်။

သို့ဖြစ်ရာ ဤအကြိမ်တွင် မြောက်ပိုင်းစစ်ပွဲ ရပ်တန့်ရေးတွင် အပေးအ‌ယူအဖြစ် တရုတ်တို့၏ လိုလားချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည့် အတိုက်အခံအင်အားစုနှင့် စစ်ကောင်စီကြား ညှိနိုင်းပေးရေးကို ဦးတည်ပြီး မြန်မာပြည်ပြဿနာကို စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းပြီး စစ်ပွဲကို ရပ်တန့်ရန် ဖြစ်ပုံရသည်။

တရုတ်သတင်းဌာနတခု၏ သုံးသပ်ချက်တွင် ဦးသိန်းစိန်၏ ဘေဂျင်း ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင် နုတ်ထွက်ပေးပြီး ကြားဖြတ်အစိုးရတခု တက်၍ ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ဤသတင်းမည်မျှ မှန်ကန်ခြင်း ရှိ၊ မရှိ အတည်ပြု၍ မရသော်လည်း လက်ရှိ စစ်တပ်ထောက်ခံသူများကလည်း ဦးသိန်းစိန် ကြားဖြတ်အစိုးရအဖြစ် ဆောင်ရွက်ပါက စစ်တပ်သည် လက်ရှိအကျပ်အတည်းက ရုန်းထွက်နိုင်မည်ဟု ယူဆနေကြသည်ကို တွေ့ရ၏။

တရုတ်တို့ မြန်မာပြဿနာ တွေ့ဆုံဖြေရှင်းရေးတွင် တွေ့ရသည့်အချက်တခုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းရေး၊ စစ်တပ်ကို ဗဟိုပြုဖြေရှင်းရေးကို ဆုပ်ကိုင်ထားခြင်း ဖြစ်၏။ ဤတွင် တွေ့ရသည့် ပြဿနာတခုမှာ အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလတွင် တွေ့ကြုံခဲ့ရသည့် အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဖမ်းဆီးစစ်ဆေးစဉ် စစ်ကြောရေးတွင် ညှဉ်းပန်းသတ်ဖြတ်မှုများ၊ မြို့ရွာအိမ်ခြေအဆောက်အအုံ ၈ သောင်းကျော် မီးရှို့ဖျက်ဆီးမှု စသည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသည့် မင်းအောင်လှိုင်၊ ထိပ်တန်းတာဝန်ရှိသူ အချို့နှင့် ပတ်သက်သည့် ပြဿနာကို မည်သို့ ဖြေရှင်းမည်ဆိုခြင်း ဖြစ်သည်။ ဤစစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ခေါင်းခံတာဝန်ယူမည့်သူ မရှိဘဲ ကျော်လွှားရန် မဖြစ်နိုင်ပေ။

လားရှိုးမြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများကို ဇူလိုင်လ အစောပိုင်းက တွေ့ရစဉ် / CJ

နောက်ပြဿနာတခုမှာ တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်ထားသည်မှာ မမှားသော်လည်း ယခုအခါ သူတဦးတည်းနှင့် မပြီးတော့ပေ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ ပါဝင်ရန် လိုအပ်သည်ကို အသိမှတ်ပြုရမည် ဖြစ်၏။ ဤအချက်ကို ငြင်းပယ်ပါက တွေ့ဆုံဆွေးနွေးဖြေရှင်းရန် မဖြစ်နိုင်ပေ။ လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့ပေါ် ဒီမိုကရက်တစ် လူထုသာမက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လက်နက်ကိုင်အင်အားစုနှင့် ထောက်ခံသည့်လူထုသည် အင်ကြီးအားကြီးနှင့် ပေါ်ပေါက်နေပြီဖြစ်၏။

တရုတ် တာဝန်ရှိသူများသည် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံရာတွင် PDF များ မပူးပေါင်းရန် ပြောသကဲ့သို့ NUG, PDF များကို အမေရိကန်လူဟု စွပ်စွဲပြောဆိုမှုရှိသည်ကို ကြားသိရ၏။ ထို့အတူ PDF များကို အားပေးသည့် တိုင်းရင်းသား ခေါင်းဆောင်တဦးအားလည်း အမေရိကန်လူဟု စွပ်စွဲသည်ကို တွေ့ရ၏။

အမေရိကန်သည် မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုကို အတိအလင်း ထောက်ခံအားပေးသော်လည်း နွေဦးလက်နက်ကိုင် တော်လှန်ရေးအား အားပေးထောက်ခံမှု၊ တိုက်ရိုက်ကူညီမှု မရှိပေ။ အမေရိကန်အစိုးရ၏ ဘားမားအက်ဥပဒေ ဆိုသည်မှာလည်း လက်နက်ကိုင်တော်လှန်ရေးကို အားပေးကူညီခြင်း မဟုတ်ပေ။ ထို့ပြင် ထိုဘာမားအက်ဥပဒေဖြင့် လာသည့်အကူအညီ ဆိုသည်မှာလည်း လွန်စွာနှေးကွေးသည်ကို မြင်တွေ့နိုင်၏။ လက်ရှိ NUG, PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများသည် ကိုယ့်အားကိုယ်ကိုး၍ စစ်ကောင်စီကို တော်လှန်ပုန်ကန်နေခြင်း ဖြစ်၏။

တရုတ်တို့ သတိပြုရန်မှာ တရုတ်က အကူအညီအထောက်အပံ့ဖြင့် ရပ်တည်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် တရုတ်ဩဇာခံ ဖြစ်ခဲ့သော်လည်း နွေဦးတော်လှန်ရေး အင်အားစုများသည် ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်တိုက်ပွဲဝင် နေကြသူများဖြစ်သည်။ မည်သူ့ဩဇာခံ၊ မည်သူ့အထောက်အပံ့ခံ မဟုတ်ပေ။ ထို့ပြင် တရုတ်တို့ ထောက်ပံခဲ့သည့် ‌တရုတ်ဩဇာခံ ဗကပသည် လူထုအများစု၏ ထောက်ခံမှု မရရှိသော်လည်း လက်ရှိ နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများသည် လူထုထောက်ခံမှု အများစု ရရှိထားသည်ကို သတိပြုရန် လိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

တရုတ်တို့ အလေးထားသည့် အချက်တခုမှာ တရုတ်ဆန့်ကျင်ရေးပတ်ဝန်းကျင် ဖြစ်၏။ မြန်မာလူထု ယခင်က တရုတ်တို့အား ဆန့်ကျင်သည်မှာ တရုတ်တို့က စစ်အာဏာရှင်များနှင့် ပူးပေါင်း၍ အကာအကွယ်ပေး၍ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့်ကာလတွင် တရုတ်နှင့် အပြုသဘောဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုရှိပြီး လူထုကြား တရုတ်ဆန့်ကျင်ရေး လေထု အားပျော့သွားသည်ကို တွေ့ရ၏။ အကယ်၍ စစ်တပ်သာ အာဏာမသိမ်းခဲ့လျှင် NLD အစိုးရ ဒုတိယ သက်တမ်းတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးသည် ပိုမိုအားကောင်းလာပေလိမ့်မည်။ သမ္မတ ရှီကျင့်ဖျင်၏ မြန်မာခရီးစဉ်သည်လည်း ဤသည်ကို ရည်စူးခဲ့သည်ဟု ဆိုရပါမည်။

ထို့ပြင် လက်ရှိ တရုတ်ဆန့်ကျင်ရေးလူထုကို ဖန်တီးလှုံ့ဆော်နေသည်မှာ စစ်ကောင်စီ ဖြစ်သည်။ လက်ရှိ မြောက်ပိုင်း စစ်ဆင်ရေးများသည် တရုတ်လက်ချက်ဖြစ်ပြီး ရေနံပိုက်လိုင်းနှင့် မြောက်ဘက်ခြမ်းကို တရုတ်သိမ်းရန် ကြံနေသည်ဟု မြေပုံနှင့်တကွချပြပြီး တရုတ်ဆန့်ကျင်ရေးကို သွေးထိုး လှုံ့ဆော်နေကြသည်။

ထို့ပြင် လက်ရှိ တရုတ်ဆန့်ကျင်ရေးလူထုကို ဖန်တီးလှုံ့ဆော်နေသည်မှာ စစ်ကောင်စီ ဖြစ်သည်။ လက်ရှိ မြောက်ပိုင်း စစ်ဆင်ရေးများသည် တရုတ်လက်ချက်ဖြစ်ပြီး ရေနံပိုက်လိုင်းနှင့် မြောက်ဘက်ခြမ်းကို တရုတ်သိမ်းရန် ကြံနေသည်ဟု မြေပုံနှင့်တကွချပြပြီး တရုတ်ဆန့်ကျင်ရေးကို သွေးထိုး လှုံ့ဆော်နေကြသည်။

သို့သော် မြန်မာလူထုသည် စစ်တပ်၏ သွေးထိုးလှုံ့ဆော်မှုကို စိတ်ဝင်စားခြင်း၊ လက်ခံခြင်း မရှိပေ။ စစ်တပ်လော်ဘီ လူနည်းစုကြားတွင်သာ ပြောဆိုနေသည်ကို တွေ့နိုင်၏။ လက်ရှိတွင် လားရှိုးနှင့် ရမခ စစ်တိုင်းဌာနချုပ် ကျဆုံးပါက စစ်တပ်အတွင်း ဂယက်ရိုက်မှုကြီးပြီး စစ်တပ်ပြိုကွဲနိုင်သဖြင့် တရုတ်ကို တောင်းပန်ခယနေသည့် စစ်‌ကောင်စီသည် တဖက်ကလည်း တရုတ်ဆန့်ကျင်ရေး ပြုလုပ်နေသည်။

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်ကို တရုတ်တို့ ရှင်းလင်းစွာ မြင်ရန်လိုသည်။

တရုတ်တို့၏ မြန်မာပြည်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှုအား ဆန့်ကျင်ရန် အကြောင်းမရှိပါ။ သို့သော် တရုတ်တို့၏ ဤကြိုးပမ်းမှုသည် ပြိုကွဲကျဆုံးလာနေသည့် မြန်မာစစ်တပ်ကို အသက်ဆက်မပေးရန် လို၏။

လက်ရှိ တပြည်လုံး စစ်ရေးအခြေအနေတွင် ရှမ်းမြောက်သာမက တပြည်လုံးတွင် စစ်ကောင်စီ အကျပ်အတည်း ဆိုက်နေသည်။ တပြည်လုံးတွင် မြို့ပေါင်း ၇၂ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီး ခြေလျင်၊ ခြေမြန်၊ အမြောက်တပ်ရင်း၊ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်းဌာနချုပ်ပေါင်း ၉၀ ခန့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) သုံးခုနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု စစ်အင်္ဂါစဉ်ထဲက လုံးဝပျောက်သွားပြီ ဖြစ်၏။

ကျန် တိုင်းတပ်၊ တပ်မနှင့် စကခ တပ်များသည်လည်း အထိနာနေသည်ကို တွေ့နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် စစ်ကောင်စီခေါင်းဆောင်များက နေပြည်တော်နှင့် ရန်ကုန်တွင် ဟန်မပျက် သရုပ်ဆောင်ပြနေသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် အထိနာနေသည့် မြန်မာစစ်တပ်ကို ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် မကယ်တင်ရန် လိုအပ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုသည်မှာ အပစ်ရပ်ပြီး ဆွေးနွေးရန် မလိုအပ်ပါ။ စစ်တိုက်နေရင်းနှင့်လည်း ဆွေးနွေး၍ ရပါသည်။ စစ်ကောင်စီ စစ်ရေးအသာရနေစဉ် ကာလကလည်း အပစ်ရပ်ပြီး မဆွေးနွေးခဲ့ပါ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဟိုင်ဂင်သဘောတူညီချက်ဖြင့် ဖိအားပေး အပစ်ရပ်ခိုင်းခဲ့ခြင်းကြောင့် စစ်တပ် အသက်ရှူပေါက်ချောင်ခဲ့၏။ ယခုတဖန် အပစ်အခတ်ရပ်ဆိုင်းရန် ခက်ခဲသည့် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနေစဉ်မှာပင် မြောက်ပိုင်းအဖွဲ့များကို ဖိအားပေး၍ အပစ်ရပ်ခိုင်းခြင်းသည် ဖြစ်သင့်သည့် ကိစ္စမဟုတ်ပေ။ ဖြစ်နိုင်သည့်ကိစ္စလည်း မဟုတ်ခဲ့ပေ။

မြန်မာပြည်ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာ၍ ရပါသည်။ သို့သော် စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ထားပြီး အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်သည့် စစ်ကောင်စီအား အသက်ဆက်မပေးရန် လိုအပ်သည်။ စစ်ကောင်စီ သက်ဆိုးရှည်လေ မြန်မာပြည် တည်ငြိမ်မှုဝေးလေဖြစ်သည်ကို တရုတ်တို့ မှန်မှန်ကန်ကန် မြင်ကြရန်လိုပါသည်။

မပြတ်စောင့်ကြည့်ရန် လိုအပ်

လက်ရှိအချိန်တွင် တရုတ်တို့ အတင်းအကျပ် ဖိအားပေးပြီး ရှမ်းမြောက်တွင် စစ်ပွဲရပ်ခိုင်းခြင်းသည် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေးအတွက် အပေး အယူပြုလုပ်ရန် တရုတ်တို့၏ တောင်းဆိုမှုကို စစ်ကောင်စီဘက်က လက်ခံ၍ ရပ်ခိုင်းသည်ဟု ခန့်မှန်းသုံးသပ်ရ၏။

တရုတ်တို့ စစ်ပွဲရပ်ရန် အတင်းဖိအားပေးခြင်းမှာ တရုတ်တို့က မြန်မာ့အရေးနှင့် ပတ်သက်၍ အဆိုပြုချက်တရပ်ကို စစ်ကောင်စီထံ ပေးပို့ထားပြီး ဇူလိုင် ၃၁ ရက်နေ့တွင် သက်တမ်းတိုးရန်ရှိသည့် စစ်ကောင်စီက ၎င်းတို့၏ အခိုင်အမာ လုပ်ဆောင်မှုများ၊ ခြေလှမ်းများကို ထုတ်ပြန်မည်ဟု သတင်းများ ထွက်ပေါ်နေ၏။

တရုတ်တို့က လားရှိုးတိုက်ပွဲအား ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်ထိ အပစ်ရပ်ခိုင်းထားသည့်အပြင် ဇူလိုင်လ ၃၁ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် တရုတ်တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု နယ်စပ်ဒေသရှိ သတင်းရင်းမြစ်များထံမှ သိရှိရရာ တရုတ်တို့ ချိန်ကိုက်လှုပ်ရှားရန် ကြိုးစားနေသည်လောဟူ၍ စောင့်ကြည့်ရန် လို၏။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး တရုတ်တို့ ဘာဖြစ်ချင်နေသနည်း ဆိုသည်ကို အပြတ်ပြောရန် ခက်ခဲနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း တရုတ်အား အပေးအယူလုပ်၍ အသက်ဆက်ရန် ကြိုးစားနေသည်ဖြစ်ရာ မပြတ်စောင့်ကြည့် အကဲဖြတ်ရန် လိုအပ်ပေလိမ့်မည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး တရုတ်တို့ ဘာဖြစ်ချင်နေသနည်း ဆိုသည်ကို အပြတ်ပြောရန် ခက်ခဲနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း တရုတ်အား အပေးအယူလုပ်၍ အသက်ဆက်ရန် ကြိုးစားနေသည်ဖြစ်ရာ မပြတ်စောင့်ကြည့် အကဲဖြတ်ရန် လိုအပ်ပေလိမ့်မည်။

ပါဝင်သင့်သူအားလုံး ပါဝင်သည့် ဆွေးနွေးညှိနှိုင်းအဖြေရှာရေးကို ဦးတည်ပါက မြန်မာပြည် ပြဿနာဖြေရှင်းရေးအတွက် တိုင်းပြည်အတွက် အကျိုးရှိမည်။ တရုတ်အကျိုးစီးပွားကို ရှေးရှုပြီး စစ်ကောင်စီတပ် အသက်ဆက်ရေးကို ဦးတည်သည်ဆိုပါက တိုင်းပြည်အတွက် အကျိုးရှိမည် မဟုတ်ပေ။

တရုတ်အဆိုပြုချက်နှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီ မည်သည့်ခြေလှမ်း လှမ်းမည်ကို မသိရသေးသော်လည်း လောလောဆယ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးပါ ရယူခြင်း၊ ဦးမြင့်ဆွေ ကျန်းမာရေး စတင် ဆိုးရွားစဥ်ကတည်းက ဒုသမ္မတ တဦးဖြစ်သူ ဦးဗန်ထီးယူအား ကြိုတင်ဖယ်ရှားခဲ့ပြီး သူ ယာယီသမ္မတ တာဝန်ပါယူရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ၂၀၀၈ အခြေခံဥပဒေနှင့် ညီနေခြင်းတို့ကို ပြည်သူများက လှောင်ပြောင်သရော်နေသည့်အပြင် စစ်တပ်ထောက်ခံသူများပင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို တွေ့ရပေသည်။

(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ

တရုတ်ရပ်ခိုင်းလို့ ရှမ်းမြောက်စစ်ပွဲ ရပ်သွားမလား

တရုတ်ဆီက စစ်ကောင်စီ လက်နက်များ ဝယ်ယူ

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ

၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးMNDAANLDNUGPDFTNLAငြိမ်းချမ်းရေးစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးဖြတ်လေးဖြတ်ဗကပဘားမားအက်ဥပဒေရင်းနှီးမြှုပ်နှံမှုရွေးကောက်ပွဲအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
သက်ထားမောင်

သက်ထားမောင်

မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ

စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

နော်စီဖိုးရာစိန် ကွယ်လွန်ခြင်း KNU နှင့် NUG ဝမ်းနည်းကြေကွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved