• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ဆီက စစ်ကောင်စီ လက်နက်များ ဝယ်ယူ

by ဧရာဝတီ
9 July 2024
in သတင်း
A A
တရုတ်ဆီက စစ်ကောင်စီ လက်နက်များ ဝယ်ယူ

လက်ရှိအချိန်တွင် မြန်မာ ဒုတိယစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရုတ်သို့ ရောက်နေသည်

4.7k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသည် ဝိုင်းပတ်ချေမှုန်းခံနေရသော မြန်မာစစ်ကောင်စီထံသို့ အဓိကကျသည့် စစ်လက်နက်ပစ္စည်းနှင့် ခဲယမ်းများ မကြာမီပေးပို့မည် ဖြစ်သည်။ ဝယ်ယူသည့် လက်နက်ခဲယမ်းစာရင်းသည် ရှည်လျားပြီး လက်နက်ခဲယမ်း အများအပြား မြန်မာသို့ တရုတ်က ပို့ရန် လုပ်နေကြောင်း ထိုသတင်းကို သိသည့် နေပြည်တော်နှင့် ထိုင်း-မြန်မာနယ်စပ်မှ သတင်းရင်းမြစ်နှစ်ခုက ပြောသည်။ ၂ ပတ် သို့မဟုတ် တလအတွင်း ရောက်မည်ဟု ၎င်းတို့က ဆိုသည်။

စာရင်းအသေးစိတ်ကို မသိရှိရသော်လည်း ၎င်းတို့အဆို ကြည်းနှင့် လေတပ်သုံး ယန္တရားများ ပါဝင်ကြောင်း သိရသည်။

တရုတ်သည် မြန်မာသို့ လက်နက် အဓိကတင်ပို့သည့် နိုင်ငံ ဆက်လက်ဖြစ်နေပြီး ဂျက်တိုက်လေယာဉ်များနှင့် အဆင့်မြင့်ဒရုန်းများ ဆက်လက်ပေးပို့နေသည်။ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ခိုက်ရန် ထိုစစ်လက်နက်ပစ္စည်းများကို အသုံးပြုသည်။

လက်ရှိအချိန်တွင် မြန်မာ ဒုတိယစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်သို့ သူ၏ ပထမဆုံး တရားဝင်ခရီးအဖြစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အစိမ်းရောင် တိုးတက်မှု ဖိုရမ် တက်ရန် တရုတ်သို့ ရောက်နေသည်။

သို့သော်လည်း ၎င်းလာရောက်လည်ပတ်မှု၏ အဓိကအကြောင်းရင်းမှာ လက်နက်ဝယ်ယူရန် ပိုဖြစ်ပုံရသည်။ မြန်မာ့တပ်မတော်တွင် နိုင်ငံရပ်ခြားမှ လက်နက်ဝယ်ယူမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က ကိုင်တွယ်ဆောင်ရွက်လေ့ရှိပြီး လက်ရှိ ရာထူးကို တာဝန်ယူထားသူမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။

ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ တရုတ်နိုင်ငံခရီးစဉ်သည် စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် စစ်ဆင်လာချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်တပ်၏ အရှေ့ မြောက် စစ်ဌာနချုပ်  ရှမ်းပြည် မြောက်ပိုင်း မြို့တော် လားရှိုးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိပြီး ထောင်နှင့်ချီသော အရပ်သားများ မြို့တွင်းမှ ထွက်ပြေးခဲ့ရသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေး အနီးသို့ပင် တိုက်ပွဲများ ကျယ်ပြန့်လာသည်။ တချိန်တည်းမှာပင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံ၏ အနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင်လည်း ရုန်းကန်နေရဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ အောင်ပွဲအလီလီ ရနေသော အာရက္ခတပ်တော် AA ၏ ဖိအားနှင့် ရင်ဆိုင်နေရသည်။

ယမန်နှစ်နှောင်းပိုင်းတွင် မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားသော မြို့နယ်များနှင့် တရုတ်နယ်စပ်အနီးရှိ စစ်စခန်းများကို တိုင်းရင်းသားတပ်ဖွဲ့များက ကောင်းစွာ ညှိနှိုင်းတိုက်ခိုက်သောအခါ ရှမ်းမြောက်တွင် စစ်တပ်က အရှက်ရစွာ ရှုံးနိမ့်ခဲ့ရသည်။ ဇန်နဝါရီလတွင် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား အပစ်အခတ်ရပ်စဲရေး တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အချိန်၌ စစ်တပ်က မြို့ပေါင်း ၂၀ ခန့် ဆုံးရှုံးခဲ့ပြီး တရုတ်နှင့် အရေးပါသော ကုန်သွယ်မှု လမ်းကြောင်းများကို လက်လွှတ်လိုက်ရကာ လက်နက်ခဲယမ်း၊ သံချပ်ကာယာဉ်များနှင့် တင့်ကားများ ဆုံးရှုံးသွားခဲ့ရသည်။

တနင်္ဂနွေနေ့တွင်  မြန်မာ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုဥက္ကဋ္ဌနှင့် SCO ၏ အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ဥက္ကဋ္ဌ ရှန်ရွယ်ရွယ်နှင့် တွေ့ဆုံကာ နယ်စပ်တည်ငြိမ်ရေး၊ မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှု ပပျောက်ရေး၊ ကုန်သွယ်ရေးနှင့် အဆိုပြု ရွေးကောက်ပွဲအကြောင်း ပြောဆိုကြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ စစ်ကောင်စီက တရုတ်နှစ်သစ်ကူးအား လာမည့်နှစ်မှ စတင်၍ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးမည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။

You may also like these stories:

တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ

သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ

မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်

အာဏာသိမ်းပြီး ပထမဆုံးခရီးစဉ်အဖြစ် ဒုစစ်ခေါင်းဆောင် တရုတ်သို့ သွား

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်

Your Thoughts …
Tags: စစ်လက်နက်ပစ္စည်းတရုတ်ဒုတိယစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းပထမဆုံး တရားဝင်ခရီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

Next Post
စဉ့်ကူး မတ္တရာ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ

စဉ့်ကူး မတ္တရာ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ

စစ်တပ်ကို တရုတ်က လက်နက်တွေ ပေးဖို့ ပြင်နေ  (ရုပ်/သံ)

စစ်တပ်ကို တရုတ်က လက်နက်တွေ ပေးဖို့ ပြင်နေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved