• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ

by စောလွင်
8 July 2024
in သတင်း
A A
တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ

လားရှိုးမြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများကို ယနေ့နံနက်ပိုင်းက တွေ့ရစဉ်/ CJ

2.2k
VIEWS
Share on FacebookShare on Twitter

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်နေရာ ယမန်နေ့က ခမရ ၅၀၇ တိုက်ပွဲ၌ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ကူရသည့်အထိ ပြင်းထန်သဖြင့် ယနေ့ မြို့ခံများ ယာဉ်အစီးရေ ထောင်ချီ၍ အလုံးအရင်းထွက်ခွာရာ လမ်းများပိတ်သွားသည်။

ယမန်နေ့ တိုက်ပွဲတွင် MNDAA နှင့် ပူးပေါင်းတပ်များ ခမရ ၅၀၇ တပ်ကို ညပိုင်းတွင် သိမ်းပိုက်နိုင်သော်လည်း နံနက်စောပိုင်း၌ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ဆင်လာ၍ ပြန်လည်ဆုတ်ခွာ ပေးလိုက်ရကြောင်း သိရသည်။

လားရှိုး စစ်ရေးအခြေအနေကို လေ့လာနေသည့် မြို့ခံ အမျိုးသားတဦးက “ကျနော်တို့ ကြားတဲ့သတင်းတွေထဲ ၅၀၇ တပ် မကျသေးဘူးဆိုတဲ့ သတင်းက ပိုမှန်နိုင်ပါတယ်။ မနေ့က ၅၀၇ ကို ထိုးစစ်ဆင်လာတော့ ဂျက်ဖိုက်တာတွေ ဗုံးကြဲပေးလို့ရအောင် စကစ တပ်ဖွဲ့တွေက မီတာ ၃၀၀ ခေတ္တ နောက်ဆုတ်ပေးကြတယ်လို့လည်း ကြားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် စစ်တပ်က ယမန်နေ့၌ ခေတ္တနောက်ဆုတ်ပေးခဲ့သော်လည်း ယနေ့တွင် ပြန်လည် ထိန်းချုပ်နိုင်ကာ အလံလွှင့်ထူနိုင်ခဲ့ကြောင်း ရုပ်သံဖိုင်များ ဖြန့်ဝေထားကြသည်။

စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး အတွဲလိုက်ပစ်ခတ်မှုများလည်းရှိနေသည်ဟု ဒေသခံများက ဆိုသည်။

တိုင်းစစ်ဌာနချုပ်အနီးနေ ဒေသခံအမျိုးသားတဦးက “ဒီနေ့က မနက် ၃ နာရီလောက်တုန်းက အိပ်နေတုန်း လန့်နိုးသွားတယ်။ သူက ၈ လုံးတွဲတွေ တခါတည်းပစ်တာတွေရှိတယ်။ ကျနော်တို့နဲ့ တိုင်းနဲ့က နည်းနည်းလေးနီးတော့ တချက်တချက် ပစ်ရင် အိမ်ခေါင်မိုးတွေပါ တုန်တယ်” ဟု ပြောသည်။

လားရှိုးမြို့မှ စွန့်ခွာတိမ်းရှောင်ကြသူများကို ယနေ့နံနက်ပိုင်းက တွေ့ရစဉ်/ CJ

ယနေ့နံနက်ပိုင်းတွင် မြို့ခံ အများအပြား စစ်ရှောင်ရာ လားရှိုးမြို့လွတ်လပ်ရေး ပန်းခြံမှ မယ်ဟန်စစ်ဆေးရေးဂိတ်အထိ ကားအစီးရေ ၂၀၀၀ ကျော် ပိတ်မိနေပြီး တစီးလျှင် လူ ၅ ဦးနှုန်း တွက်ကြည့်ပါက ယနေ့မနက်ပိုင်းတွင် ထွက်လာကြသည့် လူ ၁၀၀၀၀ ကျော်ထိ ရှိနိုင်သည်ဟု လူမှုကူညီရေးလုပ်နေသူ လားရှိုးမြို့ခံတဦးက ပြောသည်။

လားရှိုးမြို့အပါအဝင် မြို့အနီးနား ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇူလိုင် ၃ ရက်မှစ၍ MNDAAနှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေရာ တိုက်ပွဲများအတွင်းလက်နက်ကြီးကျရောက်မှုများကြောင့် ဇူလိုင် ၇ ရက်အထိ ဒေသခံ ၁၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့နှင့် ဒေသခံများက ပြောသည်။

လားရှိုးတိုက်ပွဲအတွင်း၌ စစ်ကောင်စီက လမ်းတံတားများကို ဖျက်ဆီးထားခြင်းနှင့် တချို့ဂိတ်များ ပိတ်ထားသောကြောင့် စစ်ရှောင်များသည် လမ်းတလျောက်တွင် ရက်ချီကြာအောင် သွားလာနေရကြောင်း သိရသည်။

စစ်ရှောင်ဒေသခံအမျိုးသားတဦးက “လောလောဆယ်လမ်းက ၂ ခုပဲ ပွင့်တယ်လို့ ပြောရမယ်။ စဉ့်အင်ဖောင်ဆိပ်ကနေ ကားတွေ ကူးရတဲ့လမ်းနဲ့ နမ့်လန်လမ်းရယ်ပေါ့။ ဖောင်ဆိပ်လမ်းက ကားတန်းစီရင် တစီးကို အနည်းဆုံး တရက်လောက်စီကြရတယ်။ အဲဒါကို မစောင့်နိုင်တဲ့သူတွေက နမ့်လန်လမ်းကနေ သွားကြတယ်။ ဒါပေမယ့် ဖောင်ဆိပ်လမ်းက လမ်းကောင်းပေမယ့် အရမ်းကြာတယ်။ နမ့်လန်လမ်းကျတော့ တောင်ကြီးဘက်ကို ရောက်တယ်၊ လမ်းကတော့ ရွံ့ထူတယ်” ဟု ပြောသည်။

လားရှိုးမြို့ပေါ်တွင် ပြီးခဲ့သည့် ၂ ရက်လောက်ကတည်းက ရပ်ကွက် ၇ လွယ်ပြေတောင်နှင့် ရပ်ကွက် (၅) အထက်မန်အိုင်ရှိ ခမရ ၅၀၇ တွင် စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

လားရှိုးမြို့တွင် ရမခ တိုင်းတပ်ရင်း ၁၀ ရင်း၊ စကခ ၁ လက်အောက်ခံတပ်ရင်း ၁၀ ရင်း၊ စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၄ တို့အပြင် အမြောက်တပ်များ အစရှိသော တပ်ရင်း ၂၀ ကျော်ဖြင့် အခိုင်အမာချထားသည့်မြို့ကြီးဖြစ်သည်ဟု ဝါရင့်စစ်ရေးသုတေသီတဦးက ပြောသည်။

၎င်းက “လားရှိုးမြို့တွင်းမှာ ရမခ တိုင်းတပ်ရင်းတွေနဲ့ စကခ ၁ လက်အောက်ခံတပ်၊ မြောက်ဘက်မှာ စကခ ၁၄ လက် အောက်ခံ သုံးရင်းတဗျူဟာ၊ အရှေ့ဘက်မှာ စကခ ၁၆ က တဗျူဟာနဲ့ အနောက်ဘက်မှာ စကခ ၄ က တဗျူဟာစီချပြီး အခိုင်အမာခံ စစ်ပြင်ဆင်ထားတယ်” ဟု ပြောသည်။

လားရှိုးမြို့အနီး ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်များကို MNDAA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်ချိန်တွင် တပ်တချို့မှာ မြို့ထဲရှိ တပ်များသို့ ဆုတ်ခွာပူးပေါင်းမှုများရှိခဲ့ရာ လားရှိုးမြို့အရှေ့တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် နမ့်ပေါင်တိုက်နယ်ရှိ ခလရ ၂၉၁ စခန်းကို ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့သည်။

You may also like these stories:

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
154
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
39

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
70

လားရှိုးတိုက်ပွဲ မြို့နှင့် ပိုမိုနီးကပ်လာ

မိုးမိတ်၌ တိုက်ပွဲများ ပြန်ဖြစ်

Your Thoughts …
Tags: MNDAAခမရ ၅၀၇စစ်ရှောင်ရမခလားရှိုး
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဒုက္ခသည်မှ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာသော ကိုဇာနည်

ဒုက္ခသည်မှ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာသော ကိုဇာနည်

အရပ်သားများကို မြန်မာလေတပ်ဗုံးကြဲမှု ယခုနှစ်တွင် စံချိန်သစ်တင်မည်

အရပ်သားများကို မြန်မာလေတပ်ဗုံးကြဲမှု ယခုနှစ်တွင် စံချိန်သစ်တင်မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved