• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အရပ်သားများကို မြန်မာလေတပ်ဗုံးကြဲမှု ယခုနှစ်တွင် စံချိန်သစ်တင်မည်

by Dominic Faulder
9 July 2024
in ဆောင်းပါး
A A
အရပ်သားများကို မြန်မာလေတပ်ဗုံးကြဲမှု ယခုနှစ်တွင် စံချိန်သစ်တင်မည်

ကရင်နီပြည်နယ်၊ ဖားဆောင်းတွင် စစ်ကောင်စီ လေတပ်က ဗုံးအကြိမ်ကြိမ် ကြဲချမှုကြောင့် အသက် ၇ နှစ်အရွယ် မိန်းကလေး ဒဏ်ရာရရှိသဖြင့် ကုသပေးနေစဉ် / Free Burma Rangers

1.2k
VIEWS
Share on FacebookShare on Twitter

ကျေးလက်ဒေသများမှ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှု အလွန်မြင့်မားလာချိန်တွင် စစ်ကောင်စီ လေယာဉ်ဆီ တင်သွင်းမှုကို တားဆီးရန် အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် အားထုတ်မှု မအောင်မြင်ကြောင်း လွန်ခဲ့သော နှစ်ပတ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာ နှစ်စောင်က အတည်ပြုသည်။

အကျိုးအမြတ် မယူသည့် မြန်မာစောင့်ကြည့်လေ့လာရေးအဖွဲ့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့သည် မြန်မာလေတပ်က ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများကို အသေးစိတ် လေ့လာနေသည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၈၁၉ ခု ပြုလုပ်ကာ အရပ်သား ၃၅၉ ဦး သေဆုံးပြီး ၇၅၆ ဦးဒဏ်ရာရကာ ၎င်းတို့အနက် အများအပြားသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ထိုအဖွဲ့က ဖော်ပြသည်။ ထိုအရေအတွက်သည် ပျမ်းမျှအားဖြင့် တနေ့လျှင် လေကြောင်းတိုက်ခိုက်မှု ခုနစ်ခု ပြုလုပ်ခြင်းပင် ဖြစ်သည်။

ထိုအရေအတွက်အတိုင်း ဆိုပါက ၂၀၂၄ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု ၂,၄၀၀ ကျော် ပြုလုပ်ပြီး လူ ၁,၀၀၀ ကျော် သေဆုံးမည်ဖြစ်သည်။ ထိုအရေအတွက်သည် ၂၀၂၁၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် သုံးနှစ်ပေါင်းထက် ပိုမိုများပြားသော အရေအတွက်ဖြစ်သည်။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် အမျိုးမျိုးသော အစိုးရများသည် လေယာဉ်ဆီ ရောင်းချသူများကို ပစ်မှတ်ထားသည့် အရေးယူမှုများ သိသိသာသာ တိုးချဲ့လာကြောင်း ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးက ဇွန်လ ၂၆ ရက်နေ့တွင် အစီရင်ခံစာတစောင် ထုတ်ပြန်သည်။

“အမေရိကန် ပြည်ထောင်စု လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူမှု နှစ်ခုဖြစ်သည့် “မြန်မာလေယာဉ်ဆီ အရေးယူပိတ်ဆို့မှု သတိပေးချက်” နှင့် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး၏ ဆုံးဖြတ်ချက်တို့သည် မြန်မာသို့ လေယာဉ်ဆီရောင်းချသော ကုမ္ပဏီများ အရေးယူပိတ်ဆို့ခံရနိုင်ပြီး ထိုသို့လုပ်ရန် အမေရိကန် အာဏာပိုင်များအတွက် ဥပဒေကြောင်းအရ အခြေခံဖြစ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

“အမေရိကန် ပြည်ထောင်စု လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူမှု နှစ်ခုဖြစ်သည့် “မြန်မာလေယာဉ်ဆီ အရေးယူပိတ်ဆို့မှု သတိပေးချက်” နှင့် နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး၏ ဆုံးဖြတ်ချက်တို့သည် မြန်မာသို့ လေယာဉ်ဆီရောင်းချသော ကုမ္ပဏီများ အရေးယူပိတ်ဆို့ခံရနိုင်ပြီး ထိုသို့လုပ်ရန် အမေရိကန် အာဏာပိုင်များအတွက် ဥပဒေကြောင်းအရ အခြေခံဖြစ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အရေးယူပိတ်ဆို့မှုများကို သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က ချမှတ်သော်လည်း အပြည့်အဝ ညှိနှိုင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် မဟုတ်ပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သား သေဆုံးမှုများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သား သေဆုံးမှုများ စာရင်း/ ရင်းမြစ် – ဥာဏ်လင်းသစ် သုတေသနအဖွဲ့

“ထိုသို့ အရေးယူပိတ်ဆို့ခြင်းကို နိုင်ငံအနည်းငယ်ကသာ ကုမ္ပဏီအနည်းငယ်အား ပစ်မှတ်ထားပြုလုပ်ခြင်းကြောင့် မြန်မာစစ်တပ်သည် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်သစ်သို့ အလျင်အမြန် ပြောင်းလဲနိုင်ပြီး အရေးယူပိတ်ဆို့မှုများ ရှိသော်လည်း လေယာဉ်ဆီ ဝယ်ယူနိုင်ကြောင်း မိမိတို့၏ တွေ့ရှိချက်အရ သိရသည်” ဟု ဂျနီဗာအခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ဝါရင့် သုတေသီ မွန်ဆီ ဖာရာက Nikkei Asia သို့ ပြောသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်များတွင် မြန်မာသို့ လေယာဉ်ဆီ တင်ပို့သည့် “သေမင်းတမန် ပို့ကုန်” အကြောင်း အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလက ထုတ်ပြန်သည့် ဒုတိယ အစီရင်ခံစာတွင် Jet A1 လောင်စာဆီကို တရုတ်နှင့်မလေးရှားမှ ဝယ်ယူပြီး ဟိုချီမင်းမြို့အနီး ရေနံဆိပ်ကမ်းမှ ရန်ကုန်အနီး သီလဝါဆိပ်ကမ်းသို့ တရုတ်အလံတင် သင်္ဘောတစီးကို သုံးပြီး ပို့ဆောင်သည့် အထောက်အထားများကို ဖော်ပြထားသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ထိုသို့တင်ပို့မှု ခုနစ်ကြိမ်တွေ့ပြီး ယခုနှစ်တွင် နှစ်ကြိမ်တွေ့ရှိထားကာ အာရပ်စော်ဘွားများနိုင်ငံကလည်း တတိယအကြိမ် ထိုသို့ ပို့ဆောင်ခဲ့ပုံရသည်။

“ထိုသို့ လျစ်လျူရှုသည့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ထုတ်သော်လည်း မြန်မာစစ်တပ်သည် လေယာဉ်ဆီတင်သွင်းရန် တူညီသော တရုတ်သင်္ဘောများနှင့် ဗီယက်နမ် ကုမ္ပဏီများကို မှီခိုအားထားနေသည်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အတွင်းရေးမှူးချုပ် အဂ္ဂနိစ် ကော်လာမတ်က ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် တတိယ အစီရင်ခံစာတွင် ဖော်ပြသည်။

“ဒါဟာ အပြစ်ပေးအရေးယူခံရမှု လုံးဝမရှိဘဲ မြန်မာစစ်တပ်က လုပ်နေတာတွေနဲ့ ဗီယက်နမ်၊ တရုတ်နဲ့ စင်ကာပူ အပါအဝင် တာဝန်ရှိတဲ့နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှုကို ပြသလိုက်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ မြန်မာမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုထားသည်။

“ဒါဟာ အပြစ်ပေးအရေးယူခံရမှု လုံးဝမရှိဘဲ မြန်မာစစ်တပ်က လုပ်နေတာတွေနဲ့ ဗီယက်နမ်၊ တရုတ်နဲ့ စင်ကာပူ အပါအဝင် တာဝန်ရှိတဲ့နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှုကို ပြသလိုက်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ မြန်မာမှ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုထားသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက် ညပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရသည့် မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံ / CDF-Mindat

ခေတ်မီ တူးဖော်ရေးနှင့် ချက်လုပ်ရေး စွမ်းရည်မရှိဘဲ လောင်စာဆီတင်သွင်းမှုကို လုံးဝ မှီခိုနေရသည့် မြန်မာသို့ ရေနံကုန်ချောများ အဓိက ရောင်းချသည့်နိုင်ငံမှာ စင်ကာပူဖြစ်သည်။ စင်ကာပူသည် ကမ္ဘာ့ ၁၅ ခုမြောက် အကြီးမားဆုံး ရေနံချက်လုပ်သည့်နိုင်ငံဖြစ်ပြီး မြန်မာ့လောင်စာဆီ လိုအပ်ချက်၏ အနည်းဆုံး ၆၆ ရာခိုင်နှုန်းကို ရောင်းချနေကာ အများစုမှာ ဒီဇယ်နှင့်ဓာတ်ဆီ ဖြစ်သည်။

သို့သော် အမှန်တကယ် Jet A1 လေယာဉ်ဆီ ရောင်းချမှုသည် မြန်မာနှင့် ဘဏ်ငွေပေးငွေယူများကို လွန်ခဲ့သောနှစ်က ကန့်သတ်လိုက်သည့် စင်ကာပူ မဟုတ်တော့ပေ။ ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာသို့ လေယာဉ်ဆီရောင်းချသည့် ထိုင်းကုမ္ပဏီ နှစ်ခုနှင့် ငွေပေးငွေယူလုပ်ပေးသည့် ထိုင်းဘဏ် နှစ်ခုကို ဖော်ပြထားသည်။

ရန်ကုန်တွင် အခြေစိုက်ပြီး ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းတို့တွင်လည်း လုပ်ကိုင်သည့် လောင်စာဆီ ရောင်းဝယ်ရေးလုပ်ငန်း Swan Energy က မြန်မာသို့ လစဉ် လေယာဉ်ဆီ ၁၀,၀၀၀ မက်ထရစ်တန် တင်သွင်းပြီး ဈေးကွက်ဝေစု ၁၀၀ ရာခိုင်နှုန်း ရထားကြောင်း မေလ ၃၀ ရက်နေ့က ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ တွေ့ရှိခဲ့သည်။ ထိုအချိန်မှ စတင်ပြီး Swan Energy က ၎င်းတို့ ဝက်ဘ်ဆိုက်ကို ဖြုတ်ချထားသည်။

မတ်လ ၃၁ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ မြို့မရွှေကျောင်း ဗုံးကြဲခံရပြီးနောက် ဒဏ်ရာရ သေဆုံးနေသည့် စစ်ရှောင်များကို တွေ့ရစဉ် / Free Burma Rangers

“စစ်ကောင်စီက အရပ်သားများကို သိမ်းကြုံး လေကြောင်းတိုက်ခိုက်နိုင်စွမ်းသည် ၎င်း၏ ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းရန် လေယာဉ်ဆီ ရနိုင်စွမ်းအပေါ် တိုက်ရိုက်မူတည်သည်” ဟု ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
86
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
374
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.5k

လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန် မြန်မာစစ်တပ်ကို တောင်းဆိုပြီး မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှု၊ ရောင်းချမှုနှင့် လွှဲပြောင်းမှု ရှောင်ကျဉ်ရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်နေ့တွင် ပြောကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန် မြန်မာစစ်တပ်ကို တောင်းဆိုပြီး မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှု၊ ရောင်းချမှုနှင့် လွှဲပြောင်းမှု ရှောင်ကျဉ်ရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်နေ့တွင် ပြောကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာလေတပ်သည် ကြည်းတပ်၊ ရေတပ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကာ လေကြောင်းစွမ်းအားကို စစ်ဆင်ရေးတွင် ထိရောက်စွာ သုံးနိုင်သောကြောင့် ဂုဏ်ယူသည်ဟု ပြောသည်။ စစ်ပွဲအောင်နိုင်ရေးအတွက် လေတပ်သားများသည် အသက်ကို ရဲရင့်စွာ စွန့်လွှတ်ပြီး လေယာဉ်များနှင့် ရဟတ်ယာဉ်များကို ထိထိရောက်ရောက် စွမ်းအားရှိရှိ သုံးနေသည်ဟု ၎င်းက ပြောသည်။

မြန်မာလေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုရာထူးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထမ်းဆောင်ပြီး စစ်ကောင်စီတပ်များ နယ်မြေဆုံးရှုံးနေသောကြောင့် ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်သည်။ လွန်ခဲ့သော စက်တင်ဘာလတွင် သူသည် အနှစ်သာရကင်းမဲ့ပြီး နိုင်ငံရေး မဆန်သည့် “ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်အတွက် အာဆီယံ လေတပ်များ ပူးပေါင်းဆောင်ရွက်မှု” ဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀ ကြိမ်မြောက် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

စစ်ကောင်စီ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင် (ယာဘက်မှ တတိယမြောက်) ကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ကျင်းပသည့် ၂၀ ကြိမ်မြောက် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံ အစည်းအဝေးတွင် တွေ့ရစဉ်

အာဆီယံ၏ စံပုံစံဖြစ်သော လက်ချင်းချိတ် ဓာတ်ပုံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်မှ လေတပ်အကြီးအကဲများ ပါဝင်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ မတက်ရောက်ပေ။ ထိုညီလာခံကျင်းပသည့် သုံးရက်အတွင်း စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းများတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ကြောင်း လွတ်လပ်သော အာရှအသံ (RFA) က ဖော်ပြသည်။

(Nikkei Asia ပါ Dominic Faulder ၏ Myanmar military’s bombing of civilians set for record year ကို ဘာသာပြန်သည်။)  

You may also like these stories:

လောက်ကိုင်မြို့ခံတချို့ လေကြောင်းရန် ကြောက်၍ ဝနယ်သို့ တိမ်းရှောင်

လေကြောင်းရန်အောက်က စာသင်ကျောင်း (ရုပ်/သံ)

သူရဲဘောကြောင်သည့် လေကြောင်းမှ သတ်ဖြတ်တိုက်ခိုက်ခြင်း

လေကြောင်း အကြမ်းဖက်မှုများရှိနေစဉ် စစ်ကောင်စီနှင့် အိန္ဒိယလေတပ်အရာရှိ တွေ့ဆုံ 

စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ

နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ 

လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ  

Your Thoughts …
Tags: ကုလသမဂ္ဂစင်ကာပူစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ထိုင်းလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီလောင်စာဆီအမေရိကန်အရပ်သားပစ်မှတ်အရေးယူပိတ်ဆို့မှုအာဆီယံဥာဏ်လင်းသစ် သုတေသနအဖွဲ့
Dominic Faulder

Dominic Faulder

Dominic Faulder သည် Nikkei Asia ၏ တွဲဖက်အယ်ဒီတာ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့  

စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့  

ပူတာအိုခရိုင်ရှိ မြို့အချို့တွင် အခြေခံစားကုန် ပြတ်လပ်

ပူတာအိုခရိုင်ရှိ မြို့အချို့တွင် အခြေခံစားကုန် ပြတ်လပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved