ဒီပဲယင်း လက်ယက်ကုန်းရွာက ဘုန်းတော်ကြီးသင် စာသင်ကျောင်း လေကြောင်းဗုံးကြဲ ခံရတဲ့ ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်တွေဟာ အချိန် တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက် ခံစားနေကြရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်း ကျေးရွာက ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ် ၂၅၀ ဝန်းကျင်ရှိရာမှာ ကလေးငယ် ၁၃ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒါဏ်ရာ ရခဲ့ကြတာပါ။
အခုဆိုရင် နိုင်ငံတဝန်းက မြို့ကြီးတွေမှာ အခြေခံပညာကျောင်းတွေ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ပေမယ့်လည်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးငယ်တွေဟာ စာသင်ကြား ခွင့်တွေ ဆုံးရှုံးနေကြ ရပါတယ်။
ဒါပေမယ့် အချို့သော စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာအချို့မှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းက ဆရာတဦးဖြစ်တဲ့ ဒေါ်အေးမာဆွေ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













